Saturday, September 29, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌနှင့် အမေရိကန် ကုန်သည် ကြီးများ အသင်းဝင် များအား တွှေ့ဆုံမြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၊ ပြည်သူ အကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးမေးမြန်း



စက်တင်ဘာ ၂၈

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် စက်တင်ဘာ၂၇ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီတွင် အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၌ အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲ အခမ်း အနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဦးစိုးသိန်းနှင့် ဦးခင်ရီ၊ သံအမတ်ကြီး များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Joseph Yun၊ အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌ Mr. Alexander Feldman နှင့် အမှုဆောင်များ၊ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ Senior Vice President Mr. Myron Brilliant နှင့် အသင်းဝင်များ ဖြစ်ကြသည့် Abbot, ACE Group, Chevron, Chartis, Citi, Coca Cola, Deloitte, Dow Chemical, GE, Google, Master Card, Merck စသည့် ကုမ္ပဏီ ကြီးများမှ လုပ်ငန်းရှင်များ တက်ရောက် ကြသည်။
အခမ်း အနားတွင် အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနှင့် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌ တို့က နှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။
ထို့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားသည်။

ယင်းနောက် တက်ရောက် လာကြသည့် အမေရိကန် လုပ်ငန်းရှင်ကြီး များက မြန်မာ နိုင်ငံ၌ လာရောက် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ လာရောက် လုပ်ကိုင်စဉ် မြန်မာနိုင်ငံမှ ပြည်သူများ အတွက် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်မည့် အခြေ အနေများကို ဆွေးနွေး မေးမြန်း ကြရာ နိုင်ငံတော် သမ္မတက ပြန်လည် ရှင်းလင်း ဆွေးနွေးသည်။


 

ရုရှစွမ်းအင်ကုမ္ပဏီ မြန်မာနှင့်ပူးတွဲလုပ်ကိုင်ရန် ပြင်ဆင်နေ



2012-09-28

မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က ဖယ်ရှားလိုက်ပြီးတဲ့နောက် နိုင်ငံ့သဘာဝ အရင်းအမြစ်တွေ ထုတ်ယူရေးအတွက် မြန်မာအစိုးရက လုပ်ငန်းလေလံတွေ ခေါ်ယူနေချိန်မှာ ရုရှားကုမ္ပဏီတွေကလည်း မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ကဏ္ဍတစ်ရပ် ထူထောင်နိုင်ဖို့ တာစူနေပြီလို့ ရန်ကုန်မြို့ ရုရှသံရုံးက ပြောဆိုကြောင်း Bloomberg သတင်းက ဖော်ပြပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် တလျှောက်လုံး ကန့်ကွက်ခဲ့တဲ့ ရုရှနိုင်ငံဟာ အခုလို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ရုရှကုမ္ပဏီတွေဟာ မြန်မာ့စွမ်းအင် ၀န်ကြီးဌာနနဲ့ ဆွေးနွေးနေပြီး သတင်းအချက်အလက်တွေနဲ့ နိုင်ငံခြားရင်းမြှုပ်နှံမှု အခြေအနေတွေကို လေ့လာနေကြကြောင်း၊ ရုရှစွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ OGZD ဟာ မြန်မာနဲ့အတူ ပူးတွဲလုပ်ကိုင်ဖို့ ပြင်ဆင်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။


 

မိုးလေ၀သသတင်း



(၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင်နေရာ ကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာ နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေ သည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။
နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်း ရွာမည်။ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။

လာမည့် စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေ၀သခန့်မှန်းချက်။ ။ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။

Source : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

Wednesday, September 19, 2012

မြန်မာနိုင်ငံအပေါ်သတ်မှတ်ပြဋ္ဌာန်းထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ထပ်မံလျှော့ချပေးရေးကိုဒေါ်အောင်ဆန်းစုကြည် ထောက်ခံအားပေး

မြန်မာနိုင်ငံအပေါ်သတ်မှတ်ပြဋ္ဌာန်းထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ထပ်မံလျှော့ချပေးရေးကို ထောက်ခံအားပေးသည်ဟု အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိနေသည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဘီဘီစီ သတင်းဌာနကရေးသားဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

"ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ကိစ္စကို ကျွန်မ အလေးအနက်ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ ကံကြမ္မာအတွက် ကိုယ့်ဘာသာကိုယ်တာဝန်စတင်ယူနိုင်ပြီ(ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီ)လို့ထင်မြင်မိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဒီမိုကရေစီစနစ်ကို ကျွန်မတို့ထူထောင်ရမှာဖြစ်ပါတယ်" ဟု အမေရိကန်ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုခဲ့ရာ ယခုအခါတွင် နာမည်ကျော် ကိုကာကိုလာ(Coca Cola)၊ ပက်စီ(Pepsi) အပါအဝင် အမေရိကန်စီးပွားရေးလုပ်ငန်းကြီးများ စတင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်ကမူ အနောက်နိုင်ငံများအနေဖြင့် မြန်မာအပေါ်ထားရှိသော ပိတ်ဆို့အရေးယူမှုများအားလုံးကို ဖယ်ရှားပေးရန် တိုက်တွန်းပြောဆိုထားသည်။

နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က၀ါရှင်တန်ဒီစီရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံ




နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က၀ါရှင်တန်ဒီစီရှိ မြန်မာမိသားစုများနဲစက်တင်ဘာလ ၁၈ နေ့မှာတွေ့ ဆုံခဲ့ပါတယ်။

ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည် လက်ရှည် ဖြေကြားသွားတာ တွေ့ ရပါတယ်။

မြန်မာမိသားစုတွေ အဓိကထားမေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ကချင်တိုက်ပွဲ ကိစ္စတွေကို မေးခဲ့တာတွေ့ ရပါတယ်။

ဝန်ကြီး ဦးအောင်မင်း ကလည်း မေးသမျှ မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နာမည်မဲ ကိစ္စနဲ့ ပါတ်သတ်လို့ ဖြေကြားရာမှာ သူတို့ ဆီကို စာရင်းပို့ လာပါက နာမည်မဲ စရင်းက အမြန်ဆုံး ပယ်ဖျက်ပေးမယ်လို့ ဆိုပါတယ်။

ပြည်ပရောက်နေတဲ့ မြန်မာတွေ မြန်မာနိုင်ငံပြန်လားရင် ၅ နှစ်နေထိုင်ခွင့်ကို ဥပဒေပြဒါန်းနိုင်ဖို့စတင် လုပ်ဆောင်နေပြီလို ပြောပါတယ်။

ရိုဟင်ဂျာကိစ္စမှာတော့ ဥပဒေချိုးဖောက်သူကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မယ်လို့ပြော ပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုတော့ ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မယ်
လို့ ယုံကြည်ထားကြောင်း ၀ါရှင်တန် ဒီစီ မြန်မာမိသားစုကို ရှင်းလင်းပြောဆိုသွားပါတယ်။
သစ်ထူးလွင်

Tuesday, September 18, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့အိမ်ဖြူတော်တွင်တွေ့ဆုံ

ဒ်ါအောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့ ယနေ့ ၀ါရှင်တန် စံတော်ချိန် နံနက် ၉ နာရီခန့်က အိမ်ဖြူတော်တွင်တွေ့ဆုံကြစဉ်

 ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၇ ရက်နေ့ တွင် ရောက်ရှိလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် အိမ်ဖြူတော်တွင်ယနေ့ တွေ့ဆုံခဲ့သည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။ဒေါ်အောင်ဆန်းစုကြည် သည် ၁၉.၉.၂၀၁၂ ရက်နေ့ အမေရိကန်ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲသို့ တက်ရောက်မည်  ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် နဝမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် နဝမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ယနေ့ နံနက် (၇) နာရီတွင် နေပြည်တော်မှတရုတ်ပြည်သူ့သမ္မတနိုင်ငံသို့အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းအထူး လေယာဉ်ဖြင့်ထွက်ခွာသွားသည်။

 နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်နှင့် ဦးလှထွန်း၊ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နေပြည်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချူပ်မောင်မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Lu Zhi တို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

 နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးသူရဦးသောင်းလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။ အဖွဲ့ဝင်ဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နန်နင်းမြို့သို့ ကြိုတင် ထွက်ခွာသွားပြီး ဖြစ်သည်။
သမ္မတရုံးဝက်ဆိုက်

ရွှေဝါရောင်တော်လှန်ရေးနေ့ ၅ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား




ရွှေဝါရောင် တော်လှန်ရေး ၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယနေ့ 18/9/2012 ခုနှစ် နံနက် ၁၁ နာရီအချိန်က ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ (၇)ရပ်ကွက်၊ ဖျာပုံလမ်းရှိ တက္ကသီလာ မဟာဇေယျသိဒ္ဓိ ကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်/ကျဉ်း အဖွဲ့သားများ၊ ၈၈မျိုးဆက် ကျောင်းသားများ၊ ဗကသ များနှင့် နိုင်ငံရေးပါတီများမှ ဧည့်ပရိတ်သတ်များ တတ်ရောက်ခဲ့ Ko Nickey မှ သတင်းပေးပို့ ထားပါသည်။


သစ်ထူးလွင်