Tuesday, January 22, 2013

စာပေပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဟောပြောမည်

ရန်ကုန်မြို့အင်းယားလိတ်ဟိုတယ်မှာ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ မြန်မာနိုင်ငံ မှာပထမဆုံးကျင်းပမယ့် စာပေပွဲတော်ကို နိုင်ငံတကာက စာရေးဆရာ၊ကဗျာဆရာ စတဲ့စာပေ ပညာရှင် ၂၅ရောက်နဲ့အတူ မြန်မာစာပေပညာရှင် ၂၅၀ကျော် တက်ရောက်ဟောပြောမှာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဟောပြော မှာလည်းဖြစ်ပါ တယ်၊
စာပေပွဲတော်အပြင် အနုပညာနဲ့ဆက်စပ်တဲ့ မြန်မာ့ရိုးရာခြင်းလုံး ရုပ်သေးစတဲ့ဖျော်ဖြေမှုတွေပါ အင်းယားလိတ်ဟိုတယ်ရဲ့မြက်ခင်းပြင်ပေါ်မှာ အခမဲ့ ကြည့်ရှု့ရမှာဖြစ်ပြီး စာပေဟောပြောပွဲ နားထောင်မည့်သူများအတွက်ကတော့ သုံးရက်ပေါင်း ကျပ် ၁၅၀၀ တန်လက်မှတ်ကိုဝယ်ယူ ကြရမှာဖြစ်ပါတယ်။

ကိုးကား
အင်တာနတ်

Monday, January 21, 2013

Creating a Web Page

ထိုင်းရောက် မြန်မာ လုပ်သား များ၏ သားသမီးများကို တရားဝင် မှတ်ပုံတင် ခွင့်ပြု

ရန်ကုန်၊ ဇန်န၀ါရီ ၂၀

မြန်မာ အလုပ်သမား နှစ်သန်းကျော် ရှိသော ထိုင်းနိုင်ငံတွင် အဆိုပါ လုပ်သားများ၏ သားသမီးများ တရားဝင် မှတ်ပုံတင် ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက ဇန်နဝါရီ ၁၈ရက် နေ့တွင် သတင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင် နေသော အလုပ်သမား များနှင့် အသက် ၁၅နှစ် အောက် သားသမီး များကို တရားဝင် မှတ်ပုံတင်ခွင့် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ မေ ၁၅ ရက်နေ့ အထိ ထိုင်းနိုင်ငံ အစိုးရက သက်တမ်းတိုး လုပ်ခွင့် ပြုထားသည်။

တရားဝင် မှတ်ပုံတင်ရေး အစီစဉ်တွင် ပထမ အဆင့် အနေဖြင့် ဇန်နဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၅ ထိ အလုပ်ရှင် များမှ တဆင့် နီးစပ်ရာ ထိုင်း အလုပ်သမား ဌာန များတွင် မှတ်ပုံ တင်ရမည် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅မှ မေ ၁၅ ရက်နေ့ အထိကို မှတ်ပုံတင် စခန်း ၁၀ခု တွင် One Stop Service ဖြင့် ထုတ်ပေး သွားမည် ဖြစ်ကြောင်း ယင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

အသက် ၁၅ နှစ်အောက် သား၊ သမီး များကိုပါ ယာယီ နိုင်ငံကူး လက်မှတ် (သို့မဟုတ်) သက်သေခံ အထောက် အထား (Certificate of Identity) ပြုလုပ် စေပြီး မိဘများ နေထိုင်ခွင့် သက်တမ်း အတိုင်း နေထိုင်ခွင့် ဗီဇာ ထုတ်ပေးမည် ဖြစ်ကြောင်း၊ ဗီဇာ တစ်ကြိမ် ပြုလုပ်လျှင် ဘတ် ၅၀၀ ကောက်ခံမည် ဖြစ်ပြီး သက်တမ်း တိုးပါက နောက်ထပ် ဘတ် ၅၀၀ ကောက်ခံမည် ဖြစ်ကြောင်း ထိုင်းအစိုးရ အဖွဲ့က ဇန်နဝါရီ ၁၅ ရက် နေ့တွင် ဆုံးဖြတ် ခဲ့သည်။

မြန်မာနိုင်ငံ အလုပ်သမားများ တရားဝင် မှတ်ပုံတင်ရေး အတွက် သက်တမ်းတိုး တောင်းဆို ခဲ့မှုကို ထိုင်းနိုင်ငံ အစိုးရက ဇွန်လ ၁၄ရက်သို့ တစ်ကြိမ်၊ ဒီဇင်ဘာလ ၁၄ရက်သို့ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် သက်တမ်း တိုးပေးခဲ့ပြီး ယခု သုံးကြိမ်မြောက် သက်တမ်း တိုးခြင်း ဖြစ်သည်။
 

The Voice Weekly 

Monday, January 14, 2013

အလုပ်သမားများကို နည်းပညာအရ မှတ်ပုံတင်၍ အခမဲ့ဆေးကုသခွင့်ရရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် အလုပ်သမားမှတ်ပုံတင်ကတ်ပြားများကို သာမန်စက္ကူကတ်များမှနေ၍ ကွန်ပျူတာနှင့်ဖက်ရူနိုင်သည့် ဒီဂျစ်တယ်ကတ်စနစ်သို့ ပြောင်းလဲအသုံးပြုခဲ့ပြီး အဆိုပါမှတ်ပုံတင် အာမခံလုပ်သားများအတွက် ဆေးရုံ၊ ဆေးခန်းများ၌ အခမဲ့ဆေးကုသခွင့် ရရှိစေရန်စီစဉ်ဆောင်ရွက်နေ သည်ဟုသိရသည်။

““နိုဝင်ဘာလလောက်မှာ စတင်နိုင်မယ်လို့ ခန့်မှန်းထားတယ်။ မှတ်ပုံတင်တားတဲ့လုပ်သားတွေဟာ ကျန်းမာရေးကုသခွင့်၊ မီးဖွားခွင့်၊ သေဆုံးတဲ့အခါ အကျိုးခံစားခွင့်နဲ့ ပင်စင်ရယူခွင့်တို့ကို ရယူပိုင်ဆိုင်နိုင်ဖို့အတွက်ပါ။ အခုဆိုရင်တော့ အလုပ်သမားဆေးရုံ ၃ ရုံနဲ့ ဆေးခန်း ၉၂ ခန်းမှာ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ နောက်ဆိုရင်တော့ ပုဂ္ဂလိကဆေးရုံတွေနဲ့လည်း ကန်ထရိုက်ရယူပြီး လုပ်ကိုင်သွားမှာပါ””ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးယုလွင်အောင်က ပြောသည်။

အစီအစဉ်အတွက် အာမခံလုပ်သားများသည် မိမိလစာ၏ ၁.၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေးသို့လစဉ်ပေးဆောင်ရမည်ဖြစ်ပြီး အလုပ်ရှင်အနေဖြင့် လုပ်သားလစာ၏ ၂.၅ ရာခိုင်နှုန်းကို လူမှုဖူလုံရေး သို့ပေးဆောင်ရန်လိုအပ်သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံ၌ မှတ် ပုံတင်ထားသည့် လုပ်သားဦးရေ ၆ သိန်းခန့်ရှိကြောင်း အဆိုပါလုပ်သားများ၏ အာမခံကတ်ပြားများကို ကွန်ပျူတာဒေတာစနစ်သို့ ကူးပြောင်းပြီး ဒီဂျစ်တယ်ကတ်ပြားများအဖြစ် ထုတ်ဝေပေးခြင်းကို ယခုလ ၇ ရက် နေ့၌ သရုပ်ပြလုပ်ကိုင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
““ကတ်တွေကို ကွန်ပျူတာနဲ့ ပြန်ပြီး အချက်အလက်ဖက်လို့ရအောင် လုပ်ထားတဲ့သဘောပဲ။ လုပ်သားတွေရဲ့ အချက်အလက်ကို ကွန် ပျူတာဒေတာထဲထည့်ရတဲ့ စနစ်ကလည်းအရမ်းလွယ်ကူတဲ့စနစ်ပဲ။ အာမခံကတ်ကိုင်ဆောင်တဲ့လူက လစဉ်ပုံမှန်ကြေးတွေပေးသွင်းထားလား၊ မပေးသွင်းထားဘူးလား။ သူက ဆေးကုသခွင့်ရှိတဲ့လူလား၊ မရှိတဲ့လူလား စတာတွေကို ကွန်ပျူတာစနစ်နဲ့ အဖြေထုတ်ပေးနိုင်အောင် စီစဉ်ပေးထားတာပါ။ ဒီကွန်ပျူတာ စနစ်ကိုလုပ်ကိုင်ပေး နေခဲ့တာကြာပါပြီ။ အခုဆိုရင်တစ်နိုင်ငံလုံးက ဆေးရုံ၊ ဆေးခန်းတွေ အတွက် ကွန်ပျူတာနည်းပညာ သင်ကြားပေးနေတာလည်းရှိတယ်။ ချင်းပြည်နယ်တော့ လောလော ဆယ်မပါသေးဘူး””ဟု လူမှုဖူလုံရေး ၏ အာမခံဒီဂျစ်တယ်လုပ်သား ကတ်စနစ်ကို နည်းပညာပိုင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့် Assembler Computer ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်စိုးမိုးကပြောသည်။

နိုင်ငံတကာ၌ အလုပ်အကိုင်ရှိသည့် လုပ်သားများသည် အာမခံလုပ်သားမှတ်ပုံတင်ကတ်များကို ကိုင်ဆောင်ထားရှိကြသည့်အတွက် ကျန်းမာရေးစောက်ရှောက်မှုများအပြင် အိမ်ယာ၊ တိုက်ခန်းနှင့် အခြားသော အရစ်ကျစနစ်ဝယ်ယူခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်လေ့ ရှိကြောင်း ဦးအောင်စိုးမိုးက နှိုင်းယှဉ်ပြောဆိုခဲ့သည်။

ယခုအကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်သားအာမခံမှတ်ပုံတင်ကတ်စနစ်သည် အစိုးအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် e Government အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါကတ်စနစ်ကို မိမိဝန်ကြီးဌာနတွင် စတင်ထုတ်ဝေပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ၀န်ကြီးဌာနမှ လုပ်သားများနှင့် တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိက၀န်ထမ်းများကို အဆင့်ဆင့်ထုတ်ဝေပေးသွားရန် စီစဉ်ထားရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။

Internet Journal