Thursday, June 20, 2013

International Alert အကြောင်းသိကောင်းစရာ


International Alert သည်ငြိမ်ချမ်းရေးတည်ဆောက်သည့် လုပ်ငန်းများ တွင် ၂၇ နှစ်ကြာအတွေ့အကြုံရှိသည့် လွတ်လပ်သောအဖွဲ့ အစည်းဖြစ်သည်။ ပြင်းထန်သော ပဋိပက္ခဒဏ်ကို တိုက်ရိုက် ခံစာရနိုင်သည့် ပြည်သူများနှင့်အတူ ငြိမ်းချမ်းရေး အလားအလာ ကောင်းများတိုးတက် လာစေရန်လုပ်ဆောင်ပါသည်။ ပဋိပက္ခဖြစ်နိုင်သည့်အန္တရာယ်များ လျှော့နည်းလာစေရန်အတွက် အစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာကုမ္ပဏီများ စသည့်အဖွဲ့ အစည်းများ၏ မူဝါဒများအပေါ်အကျိုးသက်ရောက်မှုရှိစေရန် ရည်ရွယ် လုပ်ဆောင်ပါသည်။


International Alert သည် အာဖရိကအတွင်းရှိနိုင်ငံများ၊ အာရှတောင်ပိုင်းနိုင်ငံများ၊ အာရှအလယ်ပိုင်းနိုင်ငံများ၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် လက်တင်အမေရိကနိုင်ငံများတွင်အလုပ်လုပ်ကိုင်လျှက်ရှိ ပါသည်။ မူဝါဒပိုင်းဆိုင်ရာလုပ်ဆောင်မှုများတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တို့အတွက် အလားအလာကောင်းများအပေါ်သြဇာသက်ရောက်မှု ရှိစေမည့် အဓိကအကြောင်းအရာများဖြစ်သည့် စီးပွားရေး၊ ရာသီဥတု ပြောင်းလဲလာမှု၊ ယောက်ျား မိန်းမကဏ္ဍ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ဖွံ့ဖြိုးမှုအကူအညီများ၏ အကျိုးသက်ရောက်မှုနှင့် အုပ်ချုပ်ရေး ကောင်းခြင်းဆိုးခြင်းများ၏ အကျိုးသက်ရောက်မှု စသောအကြောင်းအရာများအပေါ် အာရုံစိုက်လုပ်ဆောင်ပါသည်။ International Alert အဖွဲ့ ၏လုပ်ဆောင်ချက်များမှာ ပဋိပက္ခကြောင့် သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နှင့်တဖက် မဆွေးနွေးလို၍ ရင်ကြားစေ့မရဖြစ်နေသည့် အုပ်စုများနှင့် လူထုကြားတွင် လုံခြုံစိတ်ချရသောအခြေအနေတစ်ခုဖန်တီးပေးနိုင်ရန် ပါဝင်ပတ်သက်သူ အုပ်စုအားလုံးအတွက် အကူအညီပေးနိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကမ်းလှမ်းကာ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်ပေးပါသည်။

များပြားလှစွာသောအဖွဲ့အစည်းများအား ယင်းတို့၏ နည်းပညာပိုင်း၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များနှင့် သက်ဆိုင်သော အကြောင်းအရာများ အားပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ စွမ်းရည်မြင့်တင်မှုသင်တန်း များကိုလည်းပို့ချပေးပါသည်။

 International Alert အဖွဲ့၏ အဓိကအခြေခံအကျဆုံး လုပ်ငန်းစဉ်များမှာ သုတေသနလုပ်ငန်းများနှင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းတို့ဖြစ်ပြီး ဒေသခံ အဖွဲ့အစည်းများနှင့် အပြန်အလှန်ဆွေးနွေး၍ ရလာဒ်ကောင်းများ ဖော်ထုတ်ခြင်း၊ ပဋိပက္ခဖြစ်နေသောအခြေအနေတွင် အလုပ်လုပ်ကိုင် နေကြသောနိုင်ငံတကာအဖွဲ့အစည်းများအား လိုက်လျှောညီထွေစွာ အလုပ်လုပ်ကိုင်နိုင်ရန်နှင့် ငြိမ်းချမ်းရေးအပေါ်အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်လာစေရန်အတွက် မူဝါဒနှင့် လုပ်နည်းလုပ်ဟန်များ ချမှတ်လုပ်ဆောင်ရန် အကြံပေးသည့်လုပ်ငန်းများ လုပ်ဆောင်ပါသည်။

ကမ္ဘာတလွှားရှိ International Alert အဖွဲ့၏ လုပ်ငန်းဆောင်တာများကို အင်္ဂလန်၊ ဆွီဒင်၊ နော်ဝေ၊ နယ်သာလန်၊ အိုင်ယာလန်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျှနိုင်ငံ အပါအ၀င် အလှူရှင်နိုင်ငံများ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ လန်ဒန်ဌာနချုပ်ရုံးနှင့် အခြားသောနိုင်ငံများရှိ ရုံးပေါင်း ၁၁ ရုံးတွင် ၀န်ထမ်းပေါင်း ၂၀၀ ကျော်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

jaketaw85

အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေးထိခိုက်နိုင်သည်

အမျိုးသမီးများအနေနှင့်အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်တားဆေး
ကဲ့သို့အသုံးပြုလျှင်ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ကြောင်းသိရသည်။

အရေးပေါ်တားဆေးများဖြစ်သော Ecee 2, Pill 72 အစရှိသောဆေးများကို
ပုံမှန်သုံးစွဲနေလျှင်အမျိုးသမီးများတွင် သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊
ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ အစရှိသော
ရောဂါများဖြစ်ပွားနိုင်ကြောင်းသိရသည်။အမျိုးသမီးများ၏ ကျန်းမာရေးကို
ဆိုးဝါးစွာထိခိုက်နိုင်သည့်အကြောင်းကို Health Channel ၏အထွေထွေ
မန်နေဂျာဒေါက်တာသန်းထွဋ်က ပြော ကြားခဲ့သည်။


ပုံမှန်အနေနှင့် သုံးစွဲ၍
ရသော ပဋိသန္ဓေတားဆေး၊ သောက်ဆေး၊ ထိုးဆေးများကို နှစ်ရှည်လများ
သုံးစွဲလာလျှင် သွေးတိုး၊ နှလုံး၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊
သားအိမ်ခေါင်းကင်ဆာရောဂါများရရှိနိုင်ကြောင်းသိရသည်

နှစ်ရှည်လများ ပဋိသန္ဓေတားဆေးများကို သုံးစွဲလျှင်ကလေး မရှိနိုင်၍မြုံသော အခြေအနေ များအထိ ဖြစ်ပွားနိုင်ကြောင်းသိရသည်။


အရေးပေါ်ပဋိသန္ဓေတား ဆေး

သောက်သုံးထားသောအမျိုးသမီးများအနေနှင့်နေရောင်ခြည်ကို တိုက်ရိုက် ထိတွေ့မည်ဆိုလျှင် ခရမ်းလွန်ရောင်ခြည် A ကြောင့်မျက်နှာတွင် အညိုအမည်းကွက်များထွက်လာနိုင် ကြောင်းသိရသည်။

Wednesday, June 19, 2013

Pattern Lock မေ့နေလို့ Android ဖုန်းLock ဖြုတ်နည်း

ပို့စ်ရေးသားသူ- ကိုဇော်သူရိန်ထွန်း
Pattern Lock မေ့နေလို့ Android ဖုန်းပိုင်ရှင်တွေအတွက် Pattern Lock ဖြုတ်နည်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဖြေရှင်းနည်းမရေးခင် သဘောတရားကို အရင်ရှင်းပြပါရစေ။ Android ဖုန်းတွေမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Setting တွေအားလုံးဟာ Database ထဲမှာ သိမ်းထားတာ ဖြစ်ပါတယ်။ Ringtone ကအစ ဘယ်ဖိုင်ကို Ringtone အနေနဲ့သတ်မှတ်ထားတယ်၊ Volume ကို ဘယ်လောက်အထိ တင်ထားတယ်အဆုံး အားလုံးဟာ Database ထဲမှာ ရှိနေပါတယ်။
အခု Pattern Lock ပြဿနာဟာ ဖုန်းရဲ့ Lock Screen ကို Pattern နဲ့ဖွင့်လို့ရအောင် လုပ်မိပြီးကာမှ Pattern ကို မေ့သွားပြီးမှ အခါခါကြိုးစားရင်းနဲ့ မရတဲ့နောက်ဆုံးမှာ ဖုန်းက အလိုလို Lock ချပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ကွယ်မှာ တကယ်တမ်းတော့ ဖုန်းရဲ့ Database ထဲမှာ ရှိတဲ့ lockscreen.lockoutpermanently ရဲ့ တန်ဖိုးဟာ အရင် 0 ကနေ 1 ကို ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲဒီ 1 ကို 0 ပြန်ပြောင်းနိုင်ရင် ပြေလည်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Android ဖုန်းတွေမှာ အဲဒီလို Database အတွင်းပိုင်းကို ပြုပြင်ခွင့်ပေးမထားပါဘူး။ Root လုပ်ထားတဲ့ ဖုန်းတွေမှာသာ ပြုပြင်ခွင့် ရပါတယ်။ ဒါကြောင့် အောက်ပါနည်းလမ်းဟာ Root လုပ်ထားတဲ့ဖုန်းတွေမှာသာ အကျုံးဝင်ပါတယ်။ နောက်ပြီး ADB နဲ့ Command တွေသုံးပြီး ပြုပြင်မှာမို့ ကိုယ့်ဖုန်းဟာ အဲဒီလို ကွန်ပျူတာက Command တွေနဲ့တစ်ဆင့် ခိုင်းစေခွင့်ကို ခွင့်ပြုထားဖို့လိုပါတယ်။ တစ်နည်းအားဖြင့် USB Debugging ကို အမှန်ခြစ် ထားဖို့ လိုပါတယ်။ Lock ကျသွားပြီမှ USB Debugging ကို ဖွင့်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး။ အစကတည်းက USB Debugging ကို ဖွင့်ထားတဲ့
ဖုန်းတွေမှာသာ ရပါလိမ့်မယ်။ ကံကောင်းတာက အတော်များများဟာ USB Debugging ကို ဖွင့်ထားတတ်ကြပါတယ်။
အပေါ်ကအဆင့်တွေနဲ့ ကိုက်ညီပြီဆိုရင် အဆင်ပြေပါပြီ။ အရင်ဆုံး သူ့ရဲ့ settings.db လို့ခေါ်တဲ့ setting database ကြီးကို ကွန်ပျူတာထဲမှာ ကော်ပီကူးယူမယ်။ lockoutpermanently တန်ဖိုးကို 1 ကနေ 0 ပြောင်းမယ်။ ပြီးရင် ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်မယ်။ ဒါလေးပါပဲ။ ဘယ်ဆော့ဖ်ဝဲလ်တွေလိုလဲ
Android Debug Bridge(ADB) လို့ခေါ်တဲ့ Android ဖုန်းတွေကို Command နဲ့ အမိန့်ပေးခိုင်းစေ ပြုပြင်နိုင်တဲ့ Tool တစ်ခုလိုပါတယ် (အဲဒါက Google က
ထုတ်ပေးထားပါတယ်)။ နောက်ပြီး Database ထဲက အချက်အလက်တွေကို ဝင်ပြီးပြင်မှာမို့ Database Management Tool တစ်ခုလည်း လိုပါ့မယ်။ Android
က SQLite Database ကို သုံးထားတာမို့ sqlite ဆိုတဲ့ Database Management Tool တစ်ခု လိုပါတယ်။ နောက်ပြီး ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်နိုင်ဖို့အတွက် ဖုန်းရဲ့ Driver ကို ကွန်ပျူတာထဲမှာ ထည့်သွင်းထားဖို့ လိုပါမယ်။
ဘယ်လိုအရည်အချင်းတွေလိုလဲ
Command Prompt သုံးစွဲနည်းကို သိထားဖို့လိုသလို ADB သုံးစွဲနည်းကို အနည်းငယ်သိထားဖို့လိုပါတယ်။ Database အကြောင်းကိုလည်း တီးမိခေါက်မိ ရှိဖို့လိုပါတယ်။
အောက်က link မှာပေးထားတာကို download အရင်ဆွဲထားပါ။
https://dl.dropboxusercontent.com/u/17993536/adb.zip က zip
Download လုပ်ဆွဲပြီးပြီဆိုရင် ဇစ်ဖိုင်ကို Extract လုပ်ပါ။ အဲဒီထဲမှာ adb ရယ်၊ sqlite ရယ် ပါဝင်ပါတယ်။
ဖြေရှင်းနည်း
၁။ ဖုန်းနဲ့ကွန်ပျူတာ ဆက်သွယ်ပါ။ (Driver မရှိရင်တော့ Driver ကို ကြိုတင်ပြီး Install လုပ်ထားပါ)
၂။ Command Prompt ကိုဖွင့်ပါ။ adb ရှိတဲ့လမ်းကြောင်းဆီသွားပါ။ (ဥပမာ C:\adb) ကိုယ့်ဖုန်းကို adb က သိမသိ စမ်းဖို့လိုပါမယ်။ အဲဒီအတွက် adb devices ဆိုပြီး ရိုက်ထည့်လိုက်ပါ။ devices attached အောက်မှာ ID တစ်ခု ပေါ်လာရင် ဖုန်းကို adb က သိနေပြီ ဖြစ်ပါတယ်။
၃။ adb shell ဆိုပြီး ရိုက်ထည့်ပါ။
၎။ shell@android:/$ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အတွင်းပိုင်းတွေကို ၀င်ပြင်မှာဖြစ်တာမို့ root access ပြောင်းဖို့လိုပါမယ်။ su ဆိုပြီး ရိုက်ထည့်လိုက်ပါ။
၅။ shell@anroid:/# ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒီလိုမပြောင်းရင်တော့ root မလုပ်ရသေးလို့ ဖြစ်နိုင်ပါတယ်။
၆။ ဖုန်းထဲမှာရှိတဲ့ Database တွေသိမ်းထားတဲ့ Folder ဟာ ပုံမှန်အားဖြင့် ဖတ်လို့မရအောင် ကာကွယ်ထားပါတယ်။ ဒါကြောင့်မို့ chmod command ကို
သုံးပြီး Permission ကို ပြောင်းလဲဖို့ လိုပါတယ်။ အောက်က Command သုံးပြီး လုပ်လိုက်ပါ။
chmod 0777 /data/data/com.android.providers.settings/databases
ဒါဆို data/data/com.android.providers.settings ထဲက databasese ဆိုတဲ့ folder က Permission တွေ ပြုတ်သွားပြီဖြစ်ပါတယ်။ ဖျက်ပစ်တာ၊ ကော်ပီကူးယူတာတွေ လုပ်ခွင့်ရှိသွားပါပြီ။ shell ကနေ Control+C နှိပ်ပြီး ထွက်လိုက်ပါ။
၇။ အဲဒီ databases ထဲက settings.db လို့ခေါ်တဲ့ settings database ဖိုင်ကို ကွန်ပျူတာထဲကို ကူးယူပါမယ်။ အဲဒီအတွက် အောက်က command ကို သုံးပါ။
adb pull /data/data/com.android.providers.settings/databases/settings.db C:\adb
ဒါဟာ settings.db ဖိုင်ကို C:\adb ထဲကို ကူးယူလိုက်ခြင်းပဲ ဖြစ်ပါတယ်။
၈။ sqlite ကိုသုံးပြီး settings.db ကို ပြုပြင်ပါတော့မယ်။
sqlite3 settings.db လို့ ရိုက်ထည့်လိုက်ပါ။
command prompt ဟာ sqlite> ဆိုပြီး ပြောင်းလဲသွားပါလိမ့်မယ်။ sqlite စအလုပ်လုပ်နေပါပြီ။ .tables ဆိုပြီး ရိုက်ထည့်ကြည့်ပါ။ settings.db ထဲမှာရှိတဲ့
table တွေရဲ့ နာမည်တွေ တွေ့ပါလိမ့်မယ်။
အဲဒီမှာ pattern lock တန်ဖိုးက secure ဆိုတဲ့ table အထဲမှာ သိမ်းထားပါတယ်။ တစ်ချို့ဖုန်းတွေမှာတော့ system ဆိုတဲ့ table ထဲမှာ သိမ်းထားပါတယ်။
အခု ကျွန်တော်စမ်းသပ်ခဲ့တဲ့ ဖုန်းဟာ secret ဆိုတဲ့ table ထဲမှာ သိမ်းထားတာမို့ အဲဒီ table ထဲမှာရှိတဲ့ lockscreen.lockedoutpermanently ရဲ့ တန်ဖိုးကို 0 လို့ ပြောင်းလဲဖို့အတွက် အခုလို command ကို သုံးလိုက်ပါတယ်။
update secret set value=0 where name=’lockscreen.lockedoutpermanently’;
autolock ဖြစ်နေတာကိုလည်း အခုလို command သုံးပြီး ဖြုတ်ပစ်ပါတယ်။
update system set value=0 where name=’lock_pattern_autolock’;
Database ကို ပြုပြင်ခြင်း ပြီးဆုံးသွားပါပြီ။ .quite လို့ ရိုက်ထည့်ပြီး ထွက်လိုက်ပါ။ အခု ပြုပြင်ထားတဲ့ settings.db ကို ဖုန်းထဲကို ပြန်ထည့်ပါ့မယ်။
အဲဒီအတွက် အောက်ပါ command ကို သုံးလိုက်ပါ။
adb push settings.db /data/data/com.android.providers.settings/databases/
ပြီးဆုံးပါပြီ။ ကိုယ့်ဖုန်းကို restart လုပ်ကြည့်ပါ။ Patter Lock ကျနေတာ ပျောက်ကွယ်သွားပါလိမ့်မယ်။ အဆင်ပြေကြပါစေ။

Tuesday, June 18, 2013

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ကျန်ရှိနေသေးသော တားမြစ်ကန့်သတ်ချက်များအားလုံးကိုရုပ်သိမ်းပေးခဲ့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
June 19th, 2013

“အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ကျန်ရှိနေသေးသော တားမြစ် ကန့်သတ်ချက်များ အားလုံးကိုရုပ်သိမ်းပေးခဲ့ခြင်း”


       မြန်မာနိုင်ငံ၏အဓမ္မစေခိုင်းမှုပပျောက်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်၊ (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံနှင့် ၂၀ဝ၀ ပြည့်နှစ်၊(၈၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံတို့မှ မြန်မာနိုင်ငံအပေါ်တားမြစ် ကန့်သတ်သော ဆုံးဖြတ်ချက်များချမှတ်ခဲ့ပါ သည်။ ယင်းဆုံးဖြတ်ချက်များ အနက်(၈၇) ကြိမ်မြောက်ညီလာခံမှ ချမှတ် ခဲ့သည့် တားမြစ်ကန့်သတ်ချက်များ အားလုံးနှင့် (၈၈)ကြိမ်မြောက်ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက်အချို့ကို ၂၀၁၂ ခုနှစ်၊ဇွန်လတွင်ကျင်းပ ခဲ့သော (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ပါသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၏ သတင်းကြေညာချက်

မလေးရှားနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်ပြီးအကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့အပြီးပြန်လာသော မြန်မာ နိုင်ငံသား အလုပ်သမားများအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်လိုသော ဆန္ဒရှိပါက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်တွင်း၌အလုပ်လုပ်ကိုင်လိုသော အလုပ်သမားများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျသော အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ ဝန်ထမ်းကို ဖြစ်စေ၊ Complaint Mechanism Centre ဖုန်းအမှတ် ဝ၆၇-၄၃၀ဝ၇၉ သို့ ဖြစ်စေဆက်သွယ်ပြီး အလုပ်သမား တစ်ဦးချင်း အလိုက် ကျွမ်းကျင်မှုများဖော်ပြပြီး အလုပ်လုပ်ကိုင်လိုသည့် နေရာ၊ အလုပ်အမျိုးအစားဖော်ပြ၍ သတင်းပေးပို့ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Tuesday, June 11, 2013

ဟက်ကာများ၏လှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းနှင့်မျှဝေခြင်း

နေ့စဉ်နဲ့အမျှ ကြီးထွားလာတဲ့ Internet ထဲမှာ ကျွန်တော်နှင့် စာဖတ်သူတို့ဟာ
ကြီးမားကျယ်ပြောလှတဲ့ သတင်းအချက်အလက် ပင်လယ်ပြင်ကြီးထဲက
ရေပေါက်ငယ်လေးပမာပါပဲ။ ကိုယ်မသိတဲ့ကိစ္စက ကိုယ့်ကိုအမှုမပတ်နိုင်ဘူးလို့
ပြောကြပေမဲ့ အင်တာနက်နှင့်ပတ်သက်လာရင် ဒါကဆန့်ကျင်မှုတစ်ခုပါ။
အင်တာနက်ပေါ်မှာ သန်းပေါင်းများစွာသော ကွန်ပျုတာအသုံးပြုတွေဟာ
ဝင်လိုက်ထွက်လိုက်ရှိနေပါတယ်။ သတင်းအချက်အလက်တွေဟာ ရွာကနေ မြို့အကွာအဝေးကို
နှလုံးခုန်နှုန်းတစ်ချက်မှာ ပို့ပေးနေပါတယ်။

စာဖတ်သူလို သာမန်အသုံးပြုသူတွေ အတွက် မြန်ဆန်လှသော သတင်းအချက်အလက် လမ်းမကြီးပေါ်မှာ
အန္တရာယ်များလှပါပေတယ်။ ၃၀ မှ ၄၀ ရာခိုင်နှုန်း အသုံးပြုသူတွေဟာ
ကွန်ပျုတာတွေရဲ့ နောက်ကွယ်မှာ ဘာတွေအလုပ်လုပ်နေလဲဆိုတာ သတိမထားမိကြပါဘူး။
ကျန်တဲ့ အသုံးပြုသူတွေဟာ မိမိရဲ့ စနစ်ဟာ တိုက်ခိုက်ခြင်း၊
အသုံးပြုခံနေရခြင်းကို ရိုးသားစွာ ဂရုမစိုက်ခြင်း၊ သိရှိနိုင်သော အခြေခံအသိ
မရှိကြပါဘူး

စာဖတ်သူဟာ မိမိရဲ့ အင်တာနက်ပေါ်မှ လွတ်လပ်ခွင့်ကို သိရှိလိုတဲ့အတွက် ဖတ်နေခြင်းလို့ယူဆပါသည်။ ဖြစ်လဲဖြစ်သင့်ပါသည်။
အင်တာနက်ပေါ်မှာ ဘယ်အရာမှ မိမိရဲ့ မျက်စိနဲ့မြင်ရာတဲ့တိုင်းဟာ
မိမိမျက်စိနဲ့မြင်တဲ့အတိုင်းမဟု
တ်ကြပါဘူး။ မသိတဲ့လူကျော်သွားလိုပဲ
မသိရှိတဲ့လူဟာ တိုက်ခိုက်ခြင်းခံရနိုင်ပါသည်။

မိမိသိတဲ့ အချက်အလက်ဟာ ဘယ်တော့မှ မလုံလောက်ပါဘူး သတင်းအချက်အလက်သည် စွမ်းအားဖြစ်သည်နှင့်အမျှ
မိမိဟာသိရှိလေ အင်တာနက်ပေါ်က အတုအယောင်တွေကို ရှောင်နိုင်လေဖြစ်ပါလိမ့်မယ်။

ဒ်ီမှာ ကျွှန်တော်ဟာ စာဖတ်သူကို စိုးရိမ်စေမဲ့ အကြောင်းအရာများကို တင်ပြသွားပါမယ်။
တစ်ချို့အရာတွေဟာ စာဖတ်သူကို ကွန်ပျုတာရှိခြင်းကို ထင်ယောင်ထင်မှား
ဖြစ်ကောင်းဖြစ်စေ နိုင်ပါမယ်။ ဒါပေမဲ့ စိတ်ဓါတ်ကျစရာ မလိုပါဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွှန်တော်  ကမိမိကိုယ်ကို
ဘယ်လိုကွာကွယ်နိုင်တယ်ဆိုတာ ပြောပြသွားမှာပါ။
ဒာင်တာနက်ရဲ့ ဆိုးကျိုးတွေကို ပြောပြရခြင်းဟာ ကျွှန်တော်က ဘာအန္တရာယ်တွေရှိတယ်ဆိုတာ တင်ပြဖို့လိုအပ်တယ် ခံစားရလို့ပါ။

ကျွှန်တော်ဟာ လမ်းပြအနေနှင့် ရေးခြင်းဖြစ်ပါတယ်။ 
စနစ်တစ်ခုကို Hackers တွေဟာ ဘယ်လိုထိန်းချုပ်ခွင့်ရအောင်
စနစ်ရဲ့အားနည်းချက်တွေ၊ Programs တွေသုံးပြီး ယူနိုင်လဲဆိုတာ
ပြောပြခြင်းဖြစ်ပါတယ်။ အကုန်လုံးကို မတင်ပြနိုင်ပါဘူး ဘာလို့လည်းဆိုတော့ကျွန်တော်ကလည်းလေ့လာထားတွေကိုပဲပြန်ပြီးမျှဝေပေးတာပါ
သို့သော်လည်း အခြေခံ နည်းများသိခြင်းဖြင့် အကယ်၍ စာဖတ်သူသည် Hackers
တွေဘာတွေလုပ်လဲ ဘယ်လိုလုပ်လဲ သိရှိပါက မိမိကိုယ်ကို ကွာကွယ်နိုင်ရန်
အနေအထားကောင်းတစ်ခုမှာ ရှိနိုင်ပါသည်။

ကျွန်တော် ကHacker ကို Reference စကားလုံးအနေနဲ့
သုံးစွဲသွားမှာဖြစ်ပါသည်။ Hacker များသည် မီဒီယာများဧ။် ရောင်းကောင်းသော
စကားလုံးတစ်လုံးအနေဖြင့် အသုံးချခြင်းကြောင့် လူတွေသည်
အထင်မှားလျက်ရှိပါသည်။ သို့ပါသော်လည်း Hacker ဆိုသောစကားလုံးကို
စာရေးရာတွင်လွယ်ကူစေရန် အလို့ငှာ သုံးစွဲခြင်းသာဖြစ်ပါသည်။

အောက်ပါ အကြောင်းအရာများသည် တင်ပြသွားမဲ့ အကြောင်းအရာတွေက အနည်းငယ်ပါ။

    Hackers တွေ ဘယ်လို စနစ်တစ်ခုလဲ ဝင်ရောက်လဲ
    ဘယ်လို အရာတွေ အသုံးပြုလဲ
    ဟက်ကာတစ်ယောက်ဟာ စာဖတ်သူဧ။် အိမ်ကို စာဖတ်သူဧ။် ကွန်ပျုတာမှ ဘယ်လိုစောင့်ကြည့်နိုင်ပုံ
 ဒါပေမဲ့
    ဘယ်လိုလုပ်နိုင်လဲဆိုတာ ပြောပြသွားပါမယ်။)
    ဘယ်လို အချက်အလက်တွေကို အခွင့်ရှိပုံ နှင့် စာဖတ်သူဘာကြောင့် ကာကွယ်သင့်ပုံ
    ဘယ်လို သတင်း နှင့် လှည့်ဖျားမှုများ အသုံးခြပုံ
    Antivirus software တစ်ခုထဲနှင့် မလုံလောက်ပုံ
    ဘာတွေကို ဂရုစိုက်ရမလဲ အကယ်၍ စာဖတ်သူဧ။် ကွန်ပျုတာသည် ကျုးကျော်ခံရပါက

ဘယ်လိုအကြောင်းပြချက်နဲ့မှ ကျွှန်တောို အလုံးစုံကာကွယ်မှုပေးမယ်လို့
ရယ်ဖွယ်ကောင်းသော အာမခံချက်ကို မပေးပါ။ ကျွှန်တော် ပြောပြမဲ့
အကြောင်းအရာများကို လေ့လာပြီးတော့်မိမိကိုယ်ရေးအချက်အလက်များကို
တစ်စုံတစ်ရာအထိ ကာကွယ်နိုင်ရန်သာ ရည်ရွယ်ပါသည်။
် အင်တာနက်ကို ၂၄ နာရီ (သို့) ၁၅ မိနစ် ဆက်သွယ်ခြင်းဟာ
မိမိဧ။်စနစ်အန္တရာယ်ရှိမှု မရှိမှုနှင့် မဆိုင်ပါ။ ၁၅မိနစ်တွင်းမှာပင်
 ကိုယ်ပိုင်စနစ်ကပငို ဝင်ခွင့်ပိတ်ထားနိုင်ခြင်း၊
 ဘဏ်အချက်အလက် ၊ ကိုယ်ပိုင်လိပ်စာများ ပါသွားနိုင်ပါသည်။

ကျွှန်တော်သညို စိတ်ချောက်ချားအောင် ပြုလုပ်နေတာမဟုတ်ပါ။
ကျွှန်တော်ပြောနေခြင်းသည် အကယ်၍ူဂရုမစိုက်ပါက မိမိ ကိုယ်တိုင်ပင်
အန္တရာယ်ကို တံခါးဖွင့်ပေးသလိုပါပဲ။် ကျွှန်တော့်ကို
အထင်အလွဲကောင်းလွဲနိုင်ပါသည်။ ကျွှန်တော့်ကို Email
စစ်ခြင်းနှင့် Chat ခြင်းကလွဲရင် ဘာမှမလုပ်တဲ့အတွက်
ဒါတွေမဖြစ်နိုင်ပါဘူးလို့ ပြောဆိုကောင်းပြောဆိုပါလိမ့်မယ်။
ကျွှန်တော်မငြင်းပါ။ တကယ်လဲအဲလိုပါပဲ........ဟဲဟဲ သိတာလေးနဲ့လုပ်စားနေရတာပါ

အခန်း ၁ (ကွန်ပျုတာကို ၁၅ စက္ကန့် အတွင်းထိုးဖောက်ခြင်း)  
-------------------------------------------------------------
အားပါးပါး  အထင်တော့သိပ်မကြီးလိုက်ပါနဲ့ဦး ကျွန်တော်လုပ်တတ်တာမဟုတ်ပါဘူး.....
ကွန်ပျုတာကို ၁၅ စက္ကန့် အတွင်းထိုးဖောက်ခြင်း…
မှန်ပါသည်။ လုပ်လို့ရပါတယ်။ အကယ်၍ သင့် စနစ်သည် တိကျသော
လုံခြုံရေးအားနည်းချက်များ ရှိပါက ၁၅ စက္ကန့်ပိုင်းအတွင်းပင်
ချိုးဖောက်ခံနိုင်ရပါတယ်    
ဒီအခန်းကိုစတင်ဖို့အတွက် ကျွှန်တော် လုပ်ခိုင်းစရာတစ်ချို့ရှိပါသည်။ အကယ်၍် Dial Up အသုံးပြုပါက
ချိတ်ဆက်ဖို့လိုပါလိမ့်မယ်။ DSL (သို့) Cable သုံးပါက ဒီအဆင့်ကိုတခါတည်း
ပြုလုပ်နိုင်ပါသည်။

Windows 2000 ထိ OS များအတွက်
• Start Menu ကိုနှိပ်ပါ
• Run ကိုရှာပြီး နှိပ်ပါ
• Winipcfg ကို Box ထဲတွင် ရိုက်ထဲ့ပြီး Enter နှိပ်ပါ
• ဒီ Windows လေးကို မြင်တွေ့ရပါမယ်

Windows XP အထက် OS များအတွက်
• Start Menu ကိုနှိပ်ပါ
• Run ကိုရှာပြီး နှိပ်ပါ
• cmd ကို Box ထဲတွင် ရိုက်ထဲ့လိုက်ပါ

• Console ပေါ်လာသောအခါ ipconfig ဆိုပြီးရိုက်ပါ (သို့) Network နဲ့ပတ်သက်တဲ့ အချက်အလက်အကုန်တွေ့ချင်ပါက ipconfig /all ရိုက်လို့လဲရပါတယ်
• ဒီအဆင့်ကိုမြင်တွေ့ရပါမယ် ကျွန်တော်လည်း 7ထိပဲသုံးဖူးသေးတော့ ရနေပါတယ် 8တော့ မပြောတတ်ပါဘူး.စမ်းကြည့်လိုက်ပါ..

* For editorial reason the above info has been omitted *
IP Add နေရာမှာ မြင်ရမှာတွေကတော့ ဒီလိုမျိုးဂဏန်းတွေပါ။ 207.66.55.1 (ကွဲပြားနိုင်ပါသည်။)
အကယ်၍ Dial Up အသုံးပြုပါက IP add ကို PPP Adapter အောက်မှာရှာတွေ့မှာပါ။ အကယ်၍ တစ်ခြားနည်းလမ်းများကို အသုံးပြုဆက်သွယ်ပါက IP add တွေကို
 တစ်ခြား Adapter
Name တွေအောက်မှာ ရှာတွေ့မှာဖြစ်မှာပါ။ List တွေကို ဖော်ပြထားသော
မြှားနေရာကို နှိပ်ခြင်းဖြင့် ထပ်တွေ့နိုင်ပါမယ်။

IP Add ကိုသိသောအခါမှာ နောက်ထပ် Console တစ်ခုကိုထပ်ဖွင့်ပြီး Console ထဲမှာ ဒါကိုရိုက်ထဲ့ရမှာပါ။
Nbtstat –A ip add (ဥပမာ nbtstat –A 207.66.55.1) ဒီနေရာမှာတော့ A သည် Capital Letter ဖြစ်ရပါမယ်။ nbtstat commands များကို ထပ်သိချင်တယ်ဆိုရင် ဒါကို
ရိုက်ပြီးလေ့လာနိုင်ပါသည်။ nbtstat /help
ဒီလိုပုံစံ Output လေးကိုတွေ့ရမှာပါ။

NetBIOS Remote Machine Name Table
____________________________________
Name Type Status
-------------------------------------------
J-1 <00> UNIQUE Registered
WORK <00> GROUP Registered
J-1 <03> UNIQUE Registered
J-1 <20> UNIQUE Registered
WORK <1E> GROUP Registered
WORK <1D> UNIQUE Registered
__MSBROWSE__.<01> GROUP Registered

(Again info has been omitted due to privacy reasons)

< > ထဲမှာရှိတဲ့ ဂဏန်းတွေဟာ Hex Code တန်ဖိုးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှာ ကျွှန်တော်စိတ်ဝင်စားတာက <20> တန်ဖိုးပါတဲ့ Hex code ပါ။ အကယ်၍ 20
ကိုမတွေ့ရင်တော့် သတင်းကောင်းပါပဲ။ မဟုတ်ရင်တော့ 
စဉ်းစားစရာတွေ ရှိလာပါလိမ့်မယ်။ ကျွှန်တော်ရေးသားကိုဖတ်ပြီး
စာဖတ်သူနားရှုပ်သွားနိုင်ပါတယ်။
ကဲ ရှင်းပြပါရစေ။ <20> ဆိုသည်မှာ မိမိ ဧ။် ကွန်ပျုတာမှာ File and Printer Sharing ကိုဖွင့်ပေးထားလို့ပဲ
ဖြစ်ပါသည်။ ဒါက ဟက်ကာတစ်ယောက်က မိမိ ကွန်ပျုတာဟာ File and Printer
Sharing ကိုဖွင့်ပေးထားလား သိချင်ရင် လုပ်မဲ့ အဆင့်တွေပါ။ အကယ်၍
ဖွင့်ပေးထားတယ်ဆိုတာကို သိရှိပါက ဟက်ကာတွေက စနစ်ကိုထိန်းချုပ်ခွင့်ရရန်
ဆက်လုပ်သွားမှာပါ။
Note : Console ကထွက်ရန် Exit လို့ရိုက်ပြီး Enter နှိပ်ထွက်နိုင်ပါသည်။

အထက်ပါ အချက်အလက်တွေကိုသုံးပြီး ဘယ်လိုထိန်းချုပ်ခွင့်ရအောင် လုပ်နိုင်လဲဆိုတာ ဒီနေရာကစပြီး ကျွှန်တော်ရှင်းပြသွားပါမယ်။
အလားအလာရှိတဲ့ ဟက်ကာတစ်ယောက်ဟာ IP Add အစုတစ်ခုကို Scan လုပ်ပြီး File and Printer
Sharing ကွန်ပျုတာစနစ်တွေကို ရှာဖွေမှာပါ။ တွေ့ရှိတာနဲ့ချက်ခြင်း
ဘာတွေစက်ပေါ်မှာ မျှဝေထားလဲဆိုတာကို ဒီလိုကြည့်ရှုနိုင်ပါသည်။
ဘယ်လိုလဲဆိုတော့ net view \ <insert the targeted ip address here>
ထို့နောက် ဒီလိုပုံစံကိုရရှိမှာပါ။

Shared resources at \ip_address

Sharename Type Comment
MY DOCUMENTS Disk
TEMP Disk

ဒါက ဟက်ကာကို ဘာဖော်ပြလဲဆိုတော့ သူ့ရဲ့အလားအလာရှိတဲ့ သားကောင်ဟာ သူဧ။် My
Documents နှင့် Temp ဆိုတဲ့ Folders နှစ်ခုကို ကွန်ယက်ပေါ်မှာ
မျှဝေထားပါတယ်။ ထိုအထက်ပါအရာတွေကို လုပ်ပိုင်ခွင့်ရရှိရန် ဟက်ကာသည် ဒီ
command ကို အသုံးချသွားမှာပါ။

Net use x: \<put the targeted ip address here>temp

Folder သည် စကားဝှက်သို့ ခံထားခြင်းမရှိပါက ဟက်ကာသည် လွယ်လွယ်ကူကူပင်
ဝင်ခွင့်ရှိသွားမှာဖြစ်ပါသည်။ ဒီမှာ ကျွှန်တော်မေးချင်တာက
ဒါတွေကိုပြုလုပ်ရန် ဘယ်လောက်များကြာနိုင်ခဲ့လို့လဲ။ 

အကြာကြီးတော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်ဟုတ(ဘန်နီဖြိုးတော့ မဟုတ်ပါဘူး)။ မိမိကို ဘယ်နှစ်ယောက်များက File and
Printer Sharing အကြောင်းမသိပဲနဲ့ ဖွင့်ထားမိပါလဲ။

ဟုတ်ကဲ့ Ladies and Gentlemen။ ဒါကို Netbios Attack(ဘာလဲတော့ ကျွန်တော်လည်း မသိပါဘူး သူများတွေဒီလိုခေါ်လို့ပါ) လို့ခေါ်ပါတယ်။ အကယ်၍ မိမိအိမ်တွင်
အိမ်တွင်းကွန်ရက် ချိတ်ဆက်ထားရင် ဖြစ်နိုင်တာကူ  မိမိဟာ File and Printer
Sharing ကိုဖွင့်ထားနိုင်ပါသည်။ အားလုံးဟာ ဒီလိုလုပ်ထားတယ်လို့
ကျွှန်တော်မဆိုလိုပါ။ ဒါပေမဲ့ လုပ်တဲ့လူတွေအများကြီးပါ။ အကယ်၍ မိမိသည်
ကွန်ရက်ပေါ်မှာ အရင်းအမြစ်တွေကို မျှဝေထားတယ်ဆိုရင် Directory များကို
စကားဝှက်ဖြင့် ကာကွယ်ထားရန် အကြံပေးပါရစေ။ 

မိမိဧ။် ကွန်ပျုတာမှ မျှဝေထားသော အရင်းအမြစ်များကို ရှာဖွေရန် ဒီအဆင့်များပြုလုပ်နိုင်ပါသည်။

Console ကို ဖွင့်လိုက်ပါ။ မသိရင် အပေါ်မှာ ပြန်ရှာဖတ်ကြည့်ပါ။ Console ထဲကို
ရောက်သာအခါ net share ဆိုပြီး ရိုက်ကြည့်ပါ။ net share command သည် မိမိ
မျှဝေထားသော အရာများကို နာမည်နှင့် နေရာပါ ပြသနိုင်ပါသည်။ မျှဝေထားသော
အရာတွေထဲက $ sign ပါသော အရာများသည် Administrative Shares များဖြစ်ပါသည်။
တော်တော်များများကို Windows သည် သူ့ဘာသာသူ Administrative Shares
များအဖြစ်သတ်မှတ်ထားပါသည်။ ပြင်ဆင်ချင်ပါက သေချာအရင် လေ့လာစေချင်ပါသည်။

Netbios သည်ရှေးကျသော စနစ်ကျုးကျော်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ စနစ်များစွာသည်
ပုံမှန် ကာကွယ်ပေးထားသဖြင့် တစ်ချို့သည် သတိမမူမိပဲ သေချာကာကွယ်မှု
အတ်ုင်းအဆများ မလုပ်မိသောကြောင့် နောက်ပိုင်းတွင် Netbios Attack သည်
လုပ်ခံရသော သားကောင်များ ပြန်လည်မြင့်မားလာရသည်။




Saturday, June 8, 2013

သံတွဲမြို့ ပဋိပက္ခဖြစ်စဉ်နှင့် အလားတူဖြစ်စဉ်များ အဆုံးသပ်ရေးပူးပေါင်းဆောင်ရွက်သင့်


သံတွဲမြို့ကိုရှေ့အခါက ဒွါရာဝတီမြို့ဟုခေါ်ပြီး ဦးစွာတည်ထောင်ခဲ့သော မင်းမှာ ၀ဏ္ဏပဏ္ဍ၀မင်းဖြစ်ပါသည်။ ၎င်းမင်း၏မင်းဆက်များစွာ အုပ်စိုးခဲ့ပြီးနောက် ကာလကြာမြင့်စွာမင်းဆက်ပျက်ခဲ့ပါသည်။  ထိုအချိန်တွင် ကောရမ္မတိုင်းပြည်ပျက်စီးသွားသဖြင့် ကောရမ္မမင်းသည် တိုင်းပြည်သစ် ရှာဖွေရာ ဒွါရာဝတီမြို့ဟောင်းအား တွေ့ရှိပြီးမြို့အမည်ကို ဒွါရာဝတီဟုပင် သမုတ်၍ ပထမမင်းစော အမည်ဖြင့် တည်ထောင်အုပ်စိုးခဲ့ ပါသည်။ အဌမမြောက်မင်းစောလက်ထက်တွင် ဘီလူးမအား မိဖုရားမြှောက်မိ၍ သားတော် (၃)ပါနှင့် သမီးတော်(၁)ပါဖွားမြင်ရာ သားတော်ကြီး (၁)ပါးသာ လူအသွင်ရှိ၍ န၀မမြောက်မင်းစောအမည်ဖြင့် ဒွါရာဝတီကိုအုပ်စိုးခဲ့ပါသည်။ ယင်းမင်းစောလက်ထက်တွင်မြို့ကို ရန်သူများသိမ်းပိုက်ရန် ရောက်လာတိုင်း မိခင်မြို့စောင့်ဘီလူးမက ကျောက်မြင်းရုပ်ကိုဟီစေကာမြို့အား မိုးပေါ်သို့ပျံတက်စေသဖြင့် ရန်သူဘေးမှ ကင်းဝေးစေခဲ့သောကြောင့် အာကာပျံဝဲမြို့သံတွဲဟုခေါ်တွင် ခဲ့ပါသည်။ 

နောက်မဇ္ဈိမတိုင်းမှ ကံသအနွယ်ဝင်ဝါသုဒေ၀၊ ဗလဒေ၀ စသောညီနောင်တစ်ကျိတ်တို့သည် ဒွါရာဝတီမြို့ကို သိမ်းယူ၍မရသဖြင့် ဂဏှဒီပရသေ့ထံ အကြံဥာဏ်တောင်းခံပြီး မြို့၏အရပ်လေးမျက်နှာကို သံတံတင်းများစွဲ၍ သံချိတ်များဖြင့် ချိတ်ဆွဲထားရာမြို့မှာပျံတက်၍ မရပဲ မြို့ကိုသိမ်းပိုက်မိသဖြင့် နောက်ပိုင်းတွင်သံတွဲမြို့ဟု အမည်တွင်လာ ပါသည်။ယမမင်းဆက်၏နောက်တွင် သံတွဲမြို့စားများခေတ်အလိုက်အုပ်ချုပ်လာ ခဲ့ရာ တတိယဓည၀တီခေတ်တွင် သိဒ္ဓမင်းမှ မြို့စား(၅) ဦး၊ ဝေသာလီခေတ်တွင် မြို့စား (၁)ဦး၊ လေးမြို့ခေတ်တွင် စည်သဘင်အမတ် မှ (၅) ဦး၊ မြောက်ဦးခေတ်တွင် နရနုအလီခင် (၁)ဦး၊ သုံးရွာစားမင်းမှ (၁၇)ဦးနှင့် ကုန်းဘောင်ခေတ်တွင် ဆီးဒါးဗိုလ် (၆)ဦးအုပ်ချုပ်ပြီး ၁၈၂၅ ခုနှစ်တွင် ကိုလိုနီအုပ်ချုပ်သူ (၅၅) ဦးရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး ၁၉၆၂ ခုနှစ်ထိ ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၆၂ခုနှစ်မှ ၁၉၇၄ ခုနှစ်ထိ တော်လှန်ရေးကောင်စီခေတ်၊ အဆိုပါခေတ်ကာလတွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၉.၁၁.၁၉၇၂ ရက်စွဲပါ စာအမှတ် ၊ ၁၀၃/ ၃၂/ စိတ် ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြေငြာစာဖြင့် သံတွဲမြို့ ဟုသတ်မှတ်ခဲ့သည်။ 

သံတွဲမြို့၏ ပထ၀ီဝင်အနေအထားအရအရှေ့ဘက်တွင် ရခိုင်ရိုးမ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တောင်ဘက်တွင် ဂွမြို့နှင့် မြောက်ဘက်တွင်တောင်ကုတ်မြို့တို့ရှိသည်။ ကမ်းခြေဒေသတလျှောက် တွင်နေထိုင်ကြသော ရခိုင်လူမျိုးများသည် မိရိုးဖလာလုပ်ငန်းများ ဖြစ်ကြသည့် ပင်လယ်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြု ကြပါသည်။ သံတွဲမြို့သည် ပင်လယ်ဒေသနှင့်လေးမိုင်ခန့်ကွာဝေးပြီး ပတ်ပတ်လည်တွင် တောင်များကာရံထားပါသည်။ နံတော်၊ အံတော်၊ ဆံတော်ဘုရားသုံးဆူ၏အလယ်တွင်တည်ရှိသောကြောင့် အလွန်အေးချမ်းသောဒေသဖြစ်သည့်အပြင် ဘာသာပေါင်းစုံလွတ်လပ်စွာကိုးကွယ်ကြပြီး ဘာသာရေးနှင့်ပတ်သက်သောပဋိပက္ခများ တစ်ကြိမ်တခါမှ မဖြစ်ပွားခဲ့ ဘူးခြင်းမရှိခဲ့ကြောင်းသိရပါသည်။ 

ထိုသို့အေးချမ်းသောဒေသတွင်၂၉.၆.၂၀၁၃ ရက်နေ့တွင် အကျည်းတန် သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ ပါသည်။ ဖြစ်စဉ်မှာ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာ သို့အလည်အပတ်သွားရောက်ပြီး သံတွဲမြို့သို့ လိုင်းကား ဖြင့်ပြန်လည်ရောက်ရှိလာသော မစုစုမွန် သည်သူမဆက်လက်စီးနင်း ရမည့် တောင်ကုတ်မြို့သို့ထွက်ခွာမည့် လိုင်းကားမမှီလိုက်သဖြင့် ယင်းငှား ရမ်းစီးနင်းလာသည့် ဆိုင်ကယ်ကယ်ရီ သမားမှယင်းအဒေါ်အိမ်တွင် လိုက်လံတည်းခိုရန် ဖြားယောင်းခေါ်ဆောင် သွားခဲ့သည်။ ယင်း၏အဒေါ် အိမ်အရောက်တွင် ဖုန်းဆက်ရန်အပြင်သို့ ခဏပြန်ထွက်ခဲ့ကြောင်း၊ ၎င်းနောက် ဘုရားဖူးရန် နံတော်တောင်ဘုရားသို့တက်ခဲ့ရာ ဘုရားတက်လမ်းတစ်ဝက်အရောက်တွင် သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ည ၈နာရီခန့်တွင် ယင်း၏အဒေါ်အိမ်သို့ပြန်လည် ပို့ထားခဲ့ပြီး ၃၀.၆.၂၀၁၃ရက်နေ့တွင် ပြန်လည်ရောက်ရှိလာကာ ယင်းအိမ် အနီးရှိ ဓောဓိကုန်းဆည်အနီးတစ်နေရာတွင် သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် ယင်းကယ်ရီသမားမှ တောင်ကုတ်သို့ လိုက်လံပို့ဆောင်ပေးမည်ပြောသဖြင့်လိုက်လာခဲ့ရာ မစုစုမွန်အားမြို့ပြင်ရှိ ဆီဆိုင်တစ်ဆိုင်အရောက်တွင်ချထားခဲ့ပြီးပြန်ထွက်သွားခဲ့ကြောင်း၊ မစုစုမွန် သည်လမ်းလျှောက်လာခဲ့ရာ သံတွဲမြို့အထွက် ဘာတောင်း တောင်အရောက်တွင် နိုင်သူဆိုသူနှင့် အဓမ္မပြုကျင့်သူနှစ်ဦးရောက်ရှိ လာပြီးပြန်လာခေါ်ရာ ပြန်မလိုက်ဟုပြောသဖြင့် ၎င်းတို့နှစ်ဦး ပြန်သွားခဲ့ကြောင်း၊ သားမယားအဖြစ်အဓမ္မပြုကျင့်သူမှာ သံတွဲမြို့၊ အမှတ်(၂) ရပ်ကွက်၊ သုတိလမ်းတွင်နေထိုင်သူ မင်းနိုင် (ခ) ငပြူးဆိုသူဖြစ်ကြောင်း၊ အားဓမ္မပြုကျင့်သူနှင့် အားပေးကူညီသူနှစ်ဦးအား သံတွဲမြို့ ရဲစခန်းမှ အရေးယူနိုင်ရေးအတွက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၃၀ရက်နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့များတွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး နေအိမ် (၈)လုံးဆုံးရှုံးခဲ့ရ ပါသည်။ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၆၁၆၉၇၅၀ ကျပ်ဖြစ်ကြောင်းသိရပါသည်။

 ထိုသို့ အကြမ်းဖက်မှုဖြစ်စဉ်များမှာ အသိဥာဏ်ကင်းမဲ့သောလူနည်းစု ကြောင့်သာဖြစ်ပြီး ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ရသည့်အတွက် ဈေးရောင်း ဈေးဝယ်နှင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်းနှင့် စိုးရိမ်ကြောင်းကြမှုများကိုသာခံစားခဲ့ကြောင်း၊ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဖြင့် အလားတူဖြစ်ဖြစ်စဉ်များအဆုံးသတ်ရေးကြိုးပမ်းဆောင်ရွက်သွား သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
jaketaw85