ပေါက်မြို့၊ ကမ်းမဖြူဆိပ်ကျောချောင်းအတွင်း
စက်လှေမှောက်ရာတွင် စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း ထပ်မံသိရှိရသည်
ပခုက္ကူဘက်ကမ်းမှ ခရီးသည်နှင့် ဆိုင်ကယ်များ တင်ဆောင် ဖြတ်ကူးလာသော ကူးတို့လှေတစ်စင်းသည် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့သို့သွားရာ ကမ်းမဖြူဆိပ်အနီး ကျောချောင်းလယ်တွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်က တောင်ကျရေကြောင့် နစ်မြုပ်ခဲ့ပြီး ခရီးသည်နှင့် လှေသမားစုစုပေါင်း ၄၁ဦးပါရှိကာ ၁၃ဦးသေဆုံးပြီး ၂၈ ဦး အသက်ရှင် ကယ်ဆယ်ခဲ့ကြောင်း သတင်းရရှိပါသည်။
သေဆုံးသူ ၁၃ဦးတွင် ကျောင်းဆရာမ လေးဦး၊ ခရီးသွားသုံးဦးနှင့် လှေသမား ခြောက်ဦးဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment