Showing posts with label opinions. Show all posts
Showing posts with label opinions. Show all posts

Thursday, August 11, 2016

တူးတာ ညောင်မြစ် ၊ ပေါ်တော့ ပုတ်သင်ဥ တစ်ခုခုလုပ်ပါ အလုပ်သမားဝန်ကြီးဌာန

10.8.2016

ဇူလိုင်လ နောက်ဆုံးအပတ် အတွင်း သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်း နိုင်ငံ ခရီးစဉ်အပြီး တွင်ဖြစ်သည်။ တစ်ရက်တည်း တစ်မြို့နယ်တည်း ၂ နာရီသာခြားပြီး ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ နှစ်ခုက ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးကိစ္စနှင့် ပတ် သက်၍ မြန်မာပြည်တွင်း၌ အုန်းအုန်း ကျွက်ကျွက်ဖြစ်စေခဲ့သည်။

Tuesday, August 2, 2016

သားလေးဖတ်ဖို့


-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ
မှတ်ပါ

-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ

-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ

-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ

Sunday, July 31, 2016

ဒုတိယတန်းစားမဟုတ်သည့် TVET ပညာရေး

“နည်းပညာနှင့် သက်မွေးပညာရေးTechnical Vocational Education and Training (TVET)” လို့ ပြောလိုက်မယ်ဆိုရင် ယနေ့ခေတ်လူအများစု တွေးထင်လိုက်တာက နည်းပညာတက္ကသိုလ်တွေကိုပါပဲ။ တကယ်တော့ မြန်မာနိုင်ငံမှာ နည်းပညာနှင့်သက်မွေးပညာရေးကို ဦးစီးဌာနတစ်ခုအနေနဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ ၁၉၇၂ခုနှစ် မတ်လ ၁၅ရက်နေ့ကတည်းက စတင်ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ နည်းပညာ ပြည့်ဝတဲ့ ကျွမ်းကျင်လုပ်သားတွေကို မွေးထုတ်ပေးနိုင်ဖို့အတွက် ရည်ရွယ်တည်ထောင်ခဲ့ခြင်းပါ။နိုင်ငံတစ်နိုင်ဖွံ့ဖြိုးဖို့၊ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ဖို့၊ စဉ်ဆက်မပြတ် ရေရှည် တိုးတက်မှု လမ်းကြောင်းအပေါ်တင်ဆောင်နိုင်ဖို့ဆိုရင် ကျွမ်းကျင်လုပ်အားတွေ အများအပြားလိုပါတယ်။ 
TVET ပညာရေး ဆိုတဲ့သဘောသဘာဝဟာ လူငယ်တွေ ဝါသနာပါရာ စက်မှု လက်မှု နည်းပညာ အတတ်ပညာရပ်များကို စူးနစ် လေ့လာလိုက်စားရင်း ကျွမ်းကျင်ရာ လိမ္မာစေပြီး နိုင်ငံအတွက် သားကောင်း၊ တိုင်းပြည်စီးပွားအတွက် လုပ်အားကောင်းတွေ မွေးထုတ်ပေးနိုင်ခြင်းပါ။ Skill၊ Knowledge နဲ့ Attitude ဆိုတဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ ဗဟုသုတအသိအတတ်ပညာပြည့်စုံတဲ့ ကျွမ်းကျင်လုပ်သားတွေဟာ တိုင်းပြည်ရဲ့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်ကောင်းတွေ ဖြစ်ပါတယ်။
ဒီလို ရင်းမြစ်အများစုကို နိုင်ငံတကာမှာ တက္ကသိုလ်တွေက မွေးထုတ်ပေးနေတာမဟုတ်ပါဘူး။ ဒီနိုင်ငံ့ကုန်ထုတ်လုပ်အား ရင်းမြစ်အတွက် စက်မှု၊ နည်းပညာ သင်တန်းကျောင်းတွေက အဓိကပေးနေတာပါ။ စင်ကာပူနိုင်ငံက Plolytechnic ကျောင်းမျိုးနဲ့ သြစတြေးလျနိုင်ငံဆိုရင် Technical and Further Education (TAFE) ကျောင်းလိုမျိုးတွေပါ။
မြန်မာပြည်က လူငယ်များကြား အထက်တန်းအောင်မြင်အပြီးမှာ စင်ကာပူသွားကာ ပိုလီတက္ကနစ် ကျောင်းတက်ဖို့ ရေပန်းစားလာခဲ့တာ ဆယ်စုနှစ်တစ်ခုတောင်ကျော်လာပါပြီ။ ဒါပေမယ့် အလားတူ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတွေ မြန်မာပြည်မှာ အထင်ကရ ရှိခဲ့တယ်၊ ဒီလို ကျောင်းတွေက ဆင်းခဲ့တဲ့ ကျောင်းသားဟောင်း အများအပြားဟာ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ အလုပ်ကောင်း၊ နေရာကောင်းတွေယူသူယူ၊ စက်မှုလက်မှုစီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်သူဖြစ် အများကြီး ရှိခဲ့ပါတယ်။
ဟိုအရင်ကဆို အသက်မွေးပညာရေးကျောင်းတွေ၊ စက်မှုလက်မှု သိပ္ပံ ကျောင်းတွေဟာ လူတန်းစားမရွေးသွားရောက် သင်ကြားလိုတဲ့ နေရာတွေ ဖြစ်ခဲ့ပါတယ်။ စာရေးဆရာ ဒါရိုက်တာ ဆရာ သာဓုသား အဆိုကျော် စာရေးဆရာ ရုပ်ရှင်မင်းသားကြီး သုမောင် တစ်ယောက် သူတို့ ခေတ်အခါ သူငယ်စဉ်က ဝါသနာပါရာ နတ်မောက်လမ်း စက်မှုလက်မှု အထက်တန်းကျောင်းကို တက်ခဲ့ပါတယ်။ စတီရီယိုခေတ်ဦး အဆိုတော်ကြီး မင်းမင်းလတ်ဆိုလည်း အလားတူပါပဲ။
ဒါပေမယ့် အစိုးရအဆက်ဆက် မူဝါဒပြောင်းလဲမှုများစွာနဲ့အတူ နည်းပညာနှင့် သက်မွေးပညာရေးရဲ့ အခြေအနေဟာလည်း ပြောင်းလဲခဲ့ရပါတယ်။ စနစ်မတည်ငြိမ်မှု၊ ချို့ယွင်းမှုနဲ့ အတူ ကျောင်းသားနဲ့မိဘများရဲ့ အမြင်တွေလည်း ပြောင်းလဲကုန်ပါပြီ။
၁၉၉၆ခုနှစ်မှာ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနအောက်ကို ရောက်ရှိခဲ့ပြီးချိန်ကစပြီး TVETပညာရေးရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ရပါတယ်။ဘယ်လောက်အထိလဲဆိုရင်နည်းပညာနှင့် သက်မွေး အထက်တန်းကျောင်းနဲ့ ကောလိပ်အရေအတွက်ဟာ ၁၉၉၆ခုနှစ်ကနေ ၂၀၀၃ခုနှစ်အတွင်း (၆)ကျောင်းသာ ကျန်ခဲ့တော့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
“သင်တဲ့လူတွေရဲ့ အရည်အသွေးကလည်းကျ၊ ခါးဆက်ကလည်းပြတ်သွားတော့ TVET ပညာရေးရဲ့ အခန်းကဏ္ဍက ၁၉၉၆ကတည်းကစပြီး မှေးမှိန်သွားခဲ့ပါတယ်။ TVET ပညာရေးအတွက် ဆရာမွေးထုတ်ပေးတာလည်း မရှိတော့ပဲ၊ ဆရာအများစုဟာ နည်းပညာတက္ကသိုလ်က ဆင်းလာတဲ့ ဆရာတွေများလာတော့ သူတို့မှာ အင်ဂျင်နီယာတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ သင်တာမျိုးဖြစ်လာပါတယ်။ ဒီတော့ ကျောင်းသားတွေရဲ့ အရည်အသွေးကလည်းကျဆင်းသွားရပြီး၊ လုပ်ငန်းရှင်တွေဘက်က GTI ကျောင်းဆင်း THS ကျောင်းဆင်းဆိုတာ မရှိတော့ဘူးလို့တောင် ထင်လာကြပါတယ်” လို့ မျက်မှောက် နည်းပညာအထက်တန်းကျောင်းနဲ့ ကောလိပ်တွေရဲ့ အခြေအနေကို နည်းပညာနှင့် သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲတွင် ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ နည်းပညာနှင့်သက်မွေးပညာကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်က Education Digest ဂျာနယ်ရဲ့ သီးသန့်အင်တာဗျူးပြုလုပ်ရာမှာ ထည့်သွင်းပြောကြားသွားပါတယ်။
နိုင်ငံရဲ့ လက်ရှိစီးပွားရေး၊ လူမှုရေးရာနှင့် အလုပ်သမားဈေးကွက်မှာ အထက်တန်း အင်ဂျင်နီယာတွေချည်း လိုအပ်နေတာမဟုတ်ပါဘူး။ စိုက်ပျိုးရေး၊ အထည်အလိပ်၊ စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် အခြားသော လုပ်ငန်းနယ်ပယ်အသီးသီးမှာပါ နည်းပညာကျွမ်းကျင်လုပ်သားတွေ လိုအပ်နေတာအမှန်ပါ။ ဒါကို ဖြည့်စွမ်းနိုင်ဖို့အတွက် Pyramid ပုံစံပညာရေးကို ဖော်ဆောင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ပစ်ရမစ်ပုံစံပညာရေးဆိုရာမှာ ကျွမ်းကျင်လုပ်သားတွေဟာ အဓိကကျပါတယ်။ အဲ့ဒီကမှတဆင့် သူတို့ကို ကြီးကြပ်ကွပ်ကဲမယ့် လုပ်သားတွေ၊ ဒီထက်တစ်ဆင့်မြင့်ရင် နည်းပညာကျွမ်းကျင်လုပ်သားတွေ၊ ပြီးမှ အင်ဂျင်နီယာတွေ စသည်ဖြင့် အဆင့်ဆင့် အခြေခံကို ခိုင်အောင်မာအောင် ကျုယ်ကျယ်ပြန့်ပြန့် ဇောင်းပေးပြုလုပ်ထားတဲ့ ပစ်ရမစ်ပုံစံပညာရေးကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ပညာရေးတစ်ဖက်ထဲတင် အောင်မြင်အောင် လုပ်ဆောင်နေလို့ မရပါဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လုပ်သားလိုအပ်ချက်တွေကို သိနိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အရပ်ဘက်နှင့် အစိုးရ လက်တွဲညီညီနဲ့ ပြိုင်တူဖွံ့ဖြိုးအောင်လုပ်ရမယ့် ပညာရေးဟာ TVET ပညာရေးဖြစ်ပါတယ်။
သို့သော် လက်တွေ့အခြေအနေမှာတော့ လုပ်သားဈေးကွက်လိုအပ်ချက် ဘယ်လောက်ရှိတယ်ဆိုတာကို ကွင်းဆင်းလေ့လာတာမျိုးတွေလည်းမလုပ်နိုင်ကြတော့သလို၊ လုပ်ငန်းရှင်တွေအတွက် ဘယ်လိုလုပ်သားတွေလိုအပ်တယ်ဆိုတာကို မေးမြန်းမှုတွေလည်း မရှိတော့ဘဲ နည်းပညာနဲ့ သက်မွေးပညာရေးရဲ့ ခါးဆက်ပြတ်လာခဲ့ရပါတယ်လို့ ဒေါက်တာကျော်ကျော်မြင့်က Education Digest ကို ပြောကြားခဲ့ပါတယ်။
လက်ရှိ အစိုးရသစ်လက်ထက်မှာတော့ ဒီလို မှေးမှိန်လာတဲ့ TVETပညာရေးရဲ့ အခြေအနေကို မြှင့်တင်ခြင်းဟာ နိုင်ငံမှာ မရှိမဖြစ်အရေးတကြီး လိုအပ်နေတဲ့ အချက်ဖြစ်တယ်ဆိုတာကို၂၀၁၆ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (MICC II) တွင်ကျင်းပခဲ့တဲ့ နည်းပညာနှင့် သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးနှီးနှောဖလှယ်ပွဲ (TVET Forum) ကြီးကတစ်ဆင့် ထင်ရှားစေခဲ့ပါတယ်။
ဒီပွဲမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “နည်းပညာနှင့်သက်မွေးပညာဟာ ဒုတိယတန်းစား ပညာရေးမဟုတ်ကြောင်း၊ ကိုယ့်ဝါသနာဗီဇနဲ့ကိုက်ညီတာကို လုပ်နိုင်ဖို့သင်ကြားတဲ့ ပညာရေးဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာန ၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးကလည်း “နိုင်ငံတကာအဆင့်မီပြီး၊ မြန်မာနိုင်ငံနှင့် လိုက်ရောညီတွေရှိသော လုပ်သားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် နည်းပညာနှင့် သက်မွေးပညာနှင့်လေ့ကျင့်ရေးစီမံခန့်ခွဲမှုစနစ်ဖြစ်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” TVET Forum မှာထည့်သွင်းပြောကြားခဲ့ပါတယ်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(OECT) ရဲ့ အချက်အလက်များအရ မြန်မာနိုင်ငံ၏ အလုပ်လုပ်နိုင်စွမ်းသော လုပ်သားအင်အားစုဖြစ်တဲ့ အသက် ၁၅နှစ်က ၆၄နှစ်အတွင်းရှိ လူဦးရေးဟာ လာမည့် ၂၀၃၅ခုနှစ်မှာ သန်း၄၀ ၀န်းကျင်မှာရှိနေမယ်လို့ဆိုထားပါတယ်။ သို့သော်လည်း ၂၀၁၄ခုနှစ်ကကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းရဲ့ အသက်အပိုင်းအခြားအလိုက် လေ့လာစမ်းစစ်မှုအရမှာတော့ နည်းပညာနဲ့ သက်မွေးပညာရေးကို တက်ရောက်ပြီးစီးသူ အရေအတွက်မှာ (၆၀,၂၇၀) ယောက်သာရှိနေပါတယ်။ တစ်နိုင်ငံလုံး အတိုင်အတာနဲ့ ပြောရမယ်ဆိုရင်တော့ ၀ဒသမ ၁၃ရာခိုင်နှုန်းသာရှိတာကြောင့် အလွန်နည်းပါးလှပါတယ်။
ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုရင်တော့ အပေါ်မှာပြောခဲ့သလို ပေါ်လစီ အပြောင်းအလဲတွေကြောင့်ရယ်၊ အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းပြီး အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအားနည်းခဲ့တာတွေကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ TVET ပညာရေးအပေါ်မှာမြင်နေတဲ့ လူထုရဲ့သဘောထားအမြင်တွေ ပြောင်းလဲသွားတာတွေကြောင့်လဲပါ ပါတယ်။ ယခင်ကဆိုရင် ဆောင်းဒါးကျောင်းဆင်း၊ ဂျီတီအိုင်ကျောင်းဆင်းတွေဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေပေါများစွာ ရှိနေတဲ့အတွက် ကျောင်းသားတွေရော မိဘတွေရဲ့အမြင်မှာ ပထမတန်းစား အသက်မွေးဝမ်းကျောင်းမှုပညာရေးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဒီလိုခံယူချက်တွေ မှေးမှိန်ခဲ့ရပြီး ဒီကျောင်းတွေကို စိတ်ဝင်တစားတက်ရောက်ချင်တဲ့ လူဦးရေ ရာခိုင်နှုန်းဟာလည်းကျဆင်းခဲ့ရတာဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်မှာတော့ TVET ပညာရေးနဲ့ပတ်သက်တဲ့ ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲပြီး လွှတ်တော်ကိုတင်ပြဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါ့အပြင်အလုပ်အကိုင် အခွင့်အလမ်းတွေနှင့် ပတ်သက်တဲ့ ဥပဒေတစ်ခုလည်း ထွက်လာဖို့ရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးကျော်လွင်က Education Digest ကိုပြောကြားခဲ့ပါတယ်။
ဒီလိုဥပဒေနည်းဥပဒေတွေအဆင့်ဆင့် ရေးဆွဲဖို့လိုအပ်သလို၊ တစ်ဖက်မှာလည်း TVET ပညာရေးကထွက်လာတဲ့ ကျောင်းသားတွေအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေရဖို့ဆိုတာဟာလည်း အရေးတကြီးလိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက်တော့ အလုပ်သမားဝန်ကြီးဌာနက ၂၀၀၇ခုနှစ်မှာစတင်ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့ (NSSA) ကဆောင်ရွက်နေပါပြီ။
ကျွမ်းကျင်မှုအတွက် အဆင့်လေးဆင့်ခွဲပြီး လက်မှတ်တွေကို ထုတ်ပေးနိုင်ဖို့အတွက် လုပ်သားဈေးကွက်မှာ တကယ်လိုအပ်နေတဲ့ အလုပ်အကိုင် (၁၁)ခုကို စတင်စစ်တမ်းကောက်ယူပြီး လုပ်သား ၇၀၀နီးပါးခန့်ကို အဆင့်(၁)စာမေးပွဲတွေစစ်ဆေးကာ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးနိုင်ခဲ့ပါပြီ။
ဒါ့အပြင် အာဆီယံဒေသအတွင်း အသိအမှတ်ပြုနိုင်ဖို့အတွက် ဆောင်ရွက်နေပြီဖြစ်သလို၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် အဆင့်တွေကို ညှိနှိုင်းနေကြပြီဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လာရင်ပဲဖြစ်စေ၊ လွတ်လပ်စွာ လုပ်သားစီးဆင်းခွင့်အရဖြစ်စေ၊ ပြည်တွင်းပြည်ပမှာ မိမိတို့ရရှိထားတဲ့ ကျွမ်းကျင်မှုလက်မှတ်တွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရရှိလာနိုင်တော့မှာဖြစ်ပါတယ်။
“နည်းပညာနှင့်သက်မွေး အထက်တန်းနဲ့ ကောလိပ်ကျောင်းတွေမှာ TVET ပညာရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ်တွေကိုသာ လက်ခံသင်ကြားပေးပြီး၊ တစ်လကို ထောက်ပံ့ကြေး ၃၀,၀၀၀ကျပ်ပေးမှာဖြစ်သလို၊ဘဝတစ်သက်တာ စဉ်ဆက်မပြတ် သင်ယူရေး Life LongLearning အတွက် နည်းလမ်းတွေလည်း ဖော်ဆောင်ပေးသွားပါမယ်။ အလုပ်တစ်ဖက်နဲ့ ဘွဲ့တွေ၊ ဒီဂရီတွေရအောင် လုပ်ဆောင်ပေးဖို့တွေလည်းရှိပါတယ်” လို့ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တစ်ယောက်ဖြစ်တဲ့ TVET Forum ရဲ့ ဒု-ဥက္ကဌ ဦးကိုကိုလွင်က Education Digest ကို ပြောကြားခဲ့ပါတယ်။
TVET ပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးပညာရပ်ကို ကောင်းစွာ အသုံးချနိုင်ရင် တိုင်းပြည်ဟာ အလုပ်လက်မဲ့ လူဦးရေ လျှော့ချနိုင်ကာ တစ်ဦးချင်း ဝင်ငွေများစွာ တိုးတက် စေမှာဖြစ်သလို မိသားစုတွေရဲ့ လူနေမှုနဲ့စီးပွား အဆင့်အတန်းလည်း မြှင်တင်နိုင်မှာ ဖြစ်တယ်။ ဒီလို အကျိုးပြုတဲ့ အသက်မွေးဝမ်းကျောင်းပညာရေးကဏ္ဍကို လူ့အသိုင်းအဝိုင်းမှာ ပြန်လည်ဦးမော့ လက်ခံလာနိုင်ဖို့ရာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် TVET Forum မှာ ပြောကြားခဲ့သလိုပါပဲ။ အသက်မွေးဝမ်းကျောင်းပညာရေးကို ဒုတိယတန်းစား ပညာရေးအဖြစ် ကျောင်းသားနဲ့ မိဘများ ယူဆနေမှုများ၊ လုပ်ငန်းခွင်အသုံးချခွင့် နည်းပါးနေမှုများ ကနဦး ပပျောက်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာရဲ့ နည်းပညာအကူအညီတွေ အမှန်တကယ်လိုအပ်နေသလို ပြည်တွင်း လုပ်ငန်းရှင်များရဲ့ စိတ်ဝင်စားမှု၊ ပူးပေါင်းပါဝင်မှု လိုပါတယ်။ အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်မှာလည်း အထက်အောင် ဟန်ချက်ညီညီနဲ့ အသက်မွေးပညာရပ်တွေ ထွန်းကားဖို့ ကျယ်ပြန့်ဖို့ ကြိုးစားရပါမယ်။ အလိုအပ်ဆုံးကတော့ အသက်မွေးဝမ်းကျောင်း အတတ်ပညာကျောင်းနဲ့ ပညာရေးဟာ တစ်ဆင့်နိမ့် ပညာရေး၊ ကံ့ကော်နံ့မသင်း ဂုဏ်ငယ်တဲ့ အရာလို့ ယူဆနေမှုတွေ လူတိုင်း ပပျောက်ပြီး တိုင်းပြည်ကို ဆင်းရဲတွင်းထဲက မ တင်ကယ်ဆယ်ပေးရာ နည်းလမ်းကောင်းတစ်သွယ်အဖြစ် ပြောင်းလဲ မြင်၊ အသုံးချနိုင်ဖို့ရာ ဖြစ်ကြောင်း ဒုတိယတန်းစားမဟုတ်သည့် ပညာရေးအဖြစ် TVET ပညာရေးကို စုစည်းရေးသားတင်ပြလိုက်ပါတယ်။
ခင်စန္ဒာမြင့်
၂၃ ဇူလိုင်၊ ၂၀၁၆

Saturday, July 30, 2016

"နွား"ကိုချောက်ထဲတွန်းချလိုက်ပါ


တစ်ခါက.. ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီးထွက်လာရင်းမှာပဲ ညဥ့်အမှောင်ဟာ တဖြည်းဖြည်း ၀င်ရောက်လာပါသတဲ့..။ ညရဲ့အမှောင်ထုဟာ ပိုမိုပြီးကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကိုဒီလိုပြောတယ်
-
"တပည့် ငါတို့တည်းခိုဖို့နေရာလေးဘာလေးရှာမှာဖြစ်မယ်၊ ဒီအတိုင်းအိပ်လို့တော့မဖြစ်ဘူး။ ဟိုဟိုဒီဒီသွားပြီး တည်းဖို့ခိုဖို့နေရာလေးရှာစမ်းပါဦး"
-
အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါးလှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကိုလိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတစ်ခုရဲ့ အစပ်မှာတော့ အင်မတန်သေးငယ်စုတ်ချာလှတဲ့ တဲပုပ်တစ်လုံးကိုတွေ့ခဲ့တယ်။ အဲဒါကြောင့်လည်းသူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုပ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ကြတယ်။
-
အဲဒီလို စုတ်ချာလှတဲ့တဲပုပ်လေးမှာ အင်မတန်ဆင်းရဲနုံချာလှတဲ့ မိသားစုတစ်စုနေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ထားရရှာတယ်။ ပညာရှိရဲ့တပည့်ဟာ ဆင်းရဲလှတဲ့မိသားစုကို အားနာလှပေမယ့် ဒီတစ်ညအဖို့ဒီမှာအိပ်မှသာဖြစ်မှာမို့ သူက တည်းခိုခွင့်တောင်းခဲ့တယ်
-
"ကျွန်တော်တို့ ဆရာတစ်ပည့်နှစ်ယောက် ဒီတစ်ညတော့ ဒီမှာအိပ်ပါရစေ" လို့ တပည့်က ခွင့်တောင်းလိုက်တယ်။ အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ဖခင်က
-
"အိုး..ခရီးသွားဧည့်သည်တွေပဲဗျ။ ဧည့်သည်လာတာကိုပဲ ကျွန်တော်က အင်မတန်ဝမ်းမြောက်လှပါတယ်။ တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကိုကြွကြပါ" လို့ ပြုံးရွှင်စွာပဲဆီးကြိုလိုက်တယ်။
-
အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့မိသားစုဟာ ဆရာတပည့်နှစ်ယောက်အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ကျွေးမွေး ဧည့်ခံခဲ့တယ်။ သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲမှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံးပြင်ဆင်ကျွေးမွေးကြရှာတယ်။
-
အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကိုမြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်။ သူတို့ဟာ ဆင်းရဲနုံချာလှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ်တို့ထက် မနည်းဘူးလို့သူတွေးတောနေမိတယ်။
-
အဲဒီလို ညစာစားသောက်အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ်
-
"ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ဒါနဲ့ ဒီလို ခေါင်လှတဲ့နေရာမှာ ဘာအလုပ်အကိုင်တွေနဲ့များ လုပ်ကိုင်စားသောက်ကြတာတုန်းဗျ"
-
အဲဒီအခါ အိမ်ရှင်ယောက်ျားက
-
"ကျွန်တော်တို့မှာ နွားတစ်ကောင်ရှိတယ်လေ၊ ကျွန်တော်က နေ့တိုင်းနွားနို့ညှစ်ပြီး သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်။ သူက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အ၀တ်အထည်၊ ဆန် တွေပြန်ပေးတယ်၊ ကျွန်တော်တို့ရဲ့ဟင်းလျာကတော့ ဒီနွားကရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစုအသက်မွေးရတာပေါ့ ကျန်တဲ့ရပေါက်ရလမ်းတော့မရှိပါဘူး"
-
အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်။ ဆရာဖြစ်တဲ့ပညာရှိကြီးဟာ တစ်စုံတစ်ခုမှ ပြောဆိုခြင်းမရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့မိသားစုအပေါ် သနားစိတ်၊ စာနာစိတ်တွေသာ ကြီးစိုးနေတယ်။ ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေလိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့လာတယ်။ တစ်ကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ဒီလိုပြောလိုက်တယ်
-
"ဆရာ ကျွန်တော်တို့တည်းခဲ့တဲ့အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန်သနားမိပါတယ်ဗျာ။ သူတို့ကို တစ်နည်းနည်းနဲ့ချမ်းသာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးများ မရှိဘူးလား" လို့မေးလိုက်တယ်။ အဲဒီအခါ ပညာရှိကြီးက
-
"မင်းသူတို့ကို တကယ်ချမ်းသာစေချင်လား"လို့ပြန်မေးလိုက်တယ်။ အဲဒီအခါ တပည့်က
-
"ဘယ်လိုပြောလိုက်ပါလိမ့်ဆရာရယ်။ ချမ်းသာစေချင်တာပေါ့ဗျ" လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာပညာရှိက
-
"ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲတွန်းချပြီး သတ်ပေးလိုက်" လို့ပြန်ပြောတယ်။ အဲဒီအခါ တပည့်က
-
"မဟုတ်တာဆရာရယ်၊ သူတို့မှာပိုင်တာဆိုလို့၊ ဒါလေးပဲရှိတာကို၊ ဒါလေးမရှိရင် ဒုက္ခရောက်သွားမှာပေါ့" လို့ပြောလိုက်တယ်။ အဲဒီအခါ ဆရာက
-
"တကယ်ချမ်းသာစေချင်ရင်၊ ငါပြောတဲ့အတိုင်းသာလုပ်စမ်းကွာ" လို့ပြန်ပြောလိုက်တယ်။
-
အဲဒီလိုနဲ့တပည့်ဟာ လေးလံတဲ့စိတ်နှလုံးနဲ့ တဲပုပ်လေးရှိရာကို ပြန်လာတယ်။ အိမ်သားတွေမသိအောင် သူတို့ရဲ့နွားမလေးကို ချောက်ကမ်းပါးအစွန်းကိုဆွဲလာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲတွန်းချပြီးသတ်ခဲ့လိုက်တယ်။


-
အဲဒီလိုနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတစ်ခေါက် ထွက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ အရင်တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေးနေရာမှာ ကောင်းမွန်သပ်ယပ်တဲ့ အိမ်တစ်လုံးကိုတွေ့ရတယ်။ အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံးကျယ်ဝန်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့တကွ၊ နွားပေါင်း တစ်ဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီးတစ်ခုကိုပါတွေ့ကြရတယ်။ အဲဒီအိမ်ထဲမှာလည်း တစ်ချိန်က ဆင်းရဲချို့တဲ့စွာနေခဲ့ရတဲ့မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အ၀တ်အစားတွေနဲ့တကွ ပျော်ရွှင်ကြည်နူးနေကြတာကိုလည်း တွေ့ရပြန်တယ်။ ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကိုတဲခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်။ ညစာစားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက်
-
"အစ်ကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန်ဆင်းရဲချို့တဲ့ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ်လိုဖြစ်ပြီး ဒီဘ၀ ရောက်သွားတယ်ဆိုတာ ပြောပြပါလားအစ်ကို" လို့မေးလိုက်တယ်။ အဲဒီအခါ အိမ်ရှင်ယောက်ျားက ဒီလိုပြန်ပြောလိုက်တယ်-။
-
"ကျွန်တော်တို့မှာ အရင်က ဆရာတို့သိတဲ့အတိုင်း နွားတစ်ကောင်ရှိတယ်လေ။ ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက်ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီးသေသွားရှာတယ်။ ကျွန်တော်တို့မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ။ ဒီနွားလေးမှီခိုနေရတာကို၊ နွားကသေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။ ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလားဆရာရယ်။ နွားအားကိုးလို့မရတော့လည်း ကိုယ့်အားကိုယ်ကိုးကြရတာပေါ့။ တစ်မိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။ အရင်ကတော့ တစ်နှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်ဝယ်မယ်ပေါ့။ ဒါပေမယ့် တစ်နှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ရတဲ့ငွေက နွားတစ်ကောင်တင်မဟုတ်ဘူးဆရာရေ၊ နွားသုံးကောင်စာလောက် ၀ယ်လို့ရနေတာကို ကျွန်တော်တို့သိလိုက်ရတယ်။ အဲဒါကြောင့် နွားပြန်ဝယ်ရုံတင်မကဘူး ရှိသမျှမြေတွေ၊ စိုက်လို့ရသမျှမြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘ၀ရောက်လာတာပဲ၊ နောက်တော့ ကျွန်တော်တို့အကုန်လုံး သဘောပေါက်လာတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တစ်ခုခုလုပ်ရင်။ တစ်ခုခုဖြစ်လာမယ်ပေါ့ဗျာ"

 ကျွန်တော်တို့လူသားတိုင်းဟာ Comfort Zone လို့ခေါ်တဲ့ သက်တောင့်သက်သာ နေရတဲ့ဘ၀ကိုသာ မှီတွယ်နေ၊ သာယာနေတဲ့သဘာဝရှိသူတွေပဲဖြစ်တယ်။ ဆိုလိုတာက သူဆင်းရဲမိသားစုဟာ နွားကိုမှီခိုနေရင်းနဲ့ သူတို့ဘ၀ကို ဒီထက်ပိုမိုမြှင့်တင်ကောင်းမွန်စေဖို့ သတိမရကြသလို၊ ကျွန်တော်တို့တွေဟာလည်း လက်ရှိဘ၀ရေစီးကြောင်းထဲမှာသာ အလိုက်သင့်လေး စီးဆင်းလိုက်ပါနေကြသူများပဲဖြစ်တယ်။ အဲဒီလို အလိုက်သင့်မြောပါနေရင်းနဲ့ပဲ လက်ရှိဘ၀ထက် ပိုမိုကောင်းမွန်တဲ့ ဘ၀တစ်ခု၊ အောင်မြင်မှုတစ်ခုကို ရုန်းထွက်ကြိုးစားဖို့ မေ့လျော့နေကြတယ်လို့ဆိုတယ်။
-
လောကုတ္တရာသဘောအရလည်း သူဆင်းရဲ မိသားစုရဲ့ နွားကိုမှီခိုခြင်းလို ၊ လောကလူသားတိုင်းဟာ "ဘ၀တဏှာ"လို့ခေါ်တဲ့ လက်ရှိဘ၀ကို မှီတွယ်နေတတ်၊ တွယ်တာနေတတ်ပြီး၊ ဘ၀ရဲ့ဆင်းရဲဒုက္ခကိုစွန့်ပယ်ဖို့၊ သံသရာရဲ့လွတ်မြောက်ခြင်းကို ရှာဖွေဖို့ မေ့လျော့နေတတ်တဲ့ သဘာဝကို ဒီပုံပြင်လေးက ထင်ဟပ်စေမှာပဲဖြစ်တယ်။ လူသားတွေဟာ မိမိရဲ့ဘ၀၊ သားသမီး၊ ဇနီးကြင်ယာတွေကို တွယ်တာခြင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ သံသရာက လွတ်မြောက်ခြင်းအတွက် ဒါန၊သီလ၊ ဘာဝနာမှုတွေကို မေ့မေ့ပျောက်ပျောက်နဲ့ပဲ ဘ၀သံသရာရဲ့ဆင်းရဲဒုက္ခကိုခံနေကြသူများပဲဖြစ်တယ်တို့ဆိုမယ်။
-
လောကီအမြင်အရလည်း-- လောကီလူသားတွေဟာ သူဆင်းရဲမိသားစုဟာ နေ့စဉ်ရရှိတဲ့နွားနို့လေးကိုသာအမှီပြုနေတာကြောင့် ပိုမိုပြည့်စုံတဲ့ဘ၀နဲ့ ဝေးကွာနေကြရသလို ကျွန်တော်တို့တွေဟာလည်း လတ်တလောရရှိနေတဲ့အခြေအနေမှာသာ မိန်းမောလိုက်ပါရင်း ဘ၀ကိုဖောက်ထွက်ဖို့၊ အောင်မြင်ခြင်းကို အရယူဖို့ အားထုတ်လေ့၊ ကြိုးပမ်းလေ့မရှိကြဘူးလို့ဆိုတယ်။
-
ကျွန်တော်တို့ဟာ မိမိရဲ့ comfort zone ကို မှီခိုတတ်၊ မိန်းမောတတ်တဲ့သဘာဝကို ဆင်ခြင်သင့်လှတယ်။ "ငါဟာ ဒီထက်ပိုပြီးကောင်းတဲ့ဘ၀ကို ဦးတည်နေသူလား၊ ဒီဘ၀နဲ့ပဲ တစ်သက်လုံးအရိုးထုတ်ရမယ့်သူလား" ဆိုတဲ့အတွေးနဲ့ မိမိကိုယ်ကို ဆန်းစစ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို ဆန်းစစ်ပြီးတဲ့အခါမှာလည်း နွားကိုချောက်ထဲတွန်းချပစ်သလို မိမိရဲ့ မေ့လျော့ပျော်ပါးတတ်တဲ့သဘာဝကို လုံးဝဥဿုံ စွန့်ပယ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို စွန့်ပယ်နိုင်မှသာ သူဆင်းရဲမိသားစုရဲ့ ကြီးပွားချမ်းသာခြင်းနဲ့တူတဲ့ အောင်မြင်ခြင်းကို မုချရောက်နိုင်မယ်လို့ဆိုလိုတာပဲဖြစ်တယ်။
-
Comfort zone is a beautiful place, but nothing ever grows there.
-
သက်တောင့်သက်သာနေထိုင်ရတဲ့ဘ၀ဟာ အင်မတန်လှပတဲ့နေရာပဲဖြစ်တယ်။ ဒါပေမယ့်လည်း ဒီနေရာဟာ ဘာတစ်ခုမှ စိုက်ပျိုးလို့တော့ ရမှာမဟုတ်ဘူး"
-
ဆိုလိုတာက ကျွန်တော်တို့ရဲ့ သက်တောင့်သက်သာနဲ့ စီးမြောလိုက်ပါနေတဲ့ ဘ၀နေထိုင်မှုဟာ ပျော်ရွှင်မှု၊ သက်သာမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအတိုင်းနေထိုင်သွားခဲ့ရင် အောင်မြင်ချမ်းသာတဲ့ဘ၀ကို ဘယ်သောအခါမှ ရလိမ့်မှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။ Comfort Zone ကနေ ရုန်းကန်ဖောက်ထွက်နိုင်မှသာ အောင်မြင်ခြင်းကို အရယူနိုင်လိမ့်မယ်လို့ဆိုတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး၊ တစ်ခုခုလုပ်မှ၊ တစ်ခုခုဖြစ်မယ် ဆိုတဲ့ သူဆင်းရဲရဲ့စကားလို လက်ရှိဘ၀မှာ သာယာပြီး အလိုက်သင့်မြောပါနေရုံနဲ့တော့ ဘာတစ်ခုမှ အောင်မြင်လာမှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။
-
တကယ်တော့လည်း ကျွန်တော်တို့ဟာ "နွား"ကို ချောက်ထဲတွန်းချပစ်ဖို့ လိုအပ်နေသူများပဲဖြစ်တယ်
လက်ရှိဘ၀မှ ရုန်းကန်ဖောက်ထွက်နိုင်ကြပါစေ ။။။။

Reference: Moral Stories from internet.

Tuesday, July 26, 2016

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွင် အလုပ်ရပ်စဲမှုနစ်နာကြေး ရထိုက်၊ မရထိုက် ဆုံးဖြတ်ခြင်း


အလုပ်ရပ်စဲရသည့်အကြောင်းရင်းများ

အလုပ်ရှင်အနေဖြင့် မိမိစက်ရုံ၊ အလုပ်ဌာနတွင် ခန့်ထားပြီးသော အလုပ်သမားတစ်ဦးဦး သို့မဟုတ် အလုပ် သမားများကို အကြောင်းအမျိုးမျိုးကြောင့် အလုပ်မှရပ်စဲ ရမည့်အခြေအနေမျိုး ပေါ်ပေါက်နိုင်ပါသည်။ ယေဘုယျ အားဖြင့် ကုန်ကြမ်းပြတ်တောက်ခြင်းကြောင့် စက်ရုံ ယာယီပိတ်သိမ်းခြင်း၊ စက်ရုံ၊ အလုပ်ရုံ နေရာသစ်သို့ ပြောင်းရွှေ့ခြင်း၊ စက်ရုံအား အလိုအလျောက်လုပ် ဆောင်သည့် စက်ကိရိယာများ တပ်ဆင်အဆင့်မြှင့်တင်ခြင်း၊ ပိုင်ရှင်ပြောင်းလဲခြင်း၊ စီးပွားရေးတွက်ခြေမကိုက်သဖြင့် လုပ်သားအင်အားလျှော့ချခြင်း၊ စက်ရုံအပြီးပိတ်သိမ်းခြင်း တို့ဖြစ်ပါသည်။ အလုပ်ရှင်၊အလုပ်သမား ဆက်ဆံရေးတွင် နေ့စဉ်ကြုံတွေ့နေရသော ပြဿနာမှာ စက်ရုံ၊ အလုပ်ဌာန တွင်းချမှတ်ထားသော အလုပ်ထုတ်ပယ်လောက်သည့် လုပ်ငန်းခွင်စည်းကမ်းအား အလုပ်သမားက ချိုးဖောက် ခြင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားရုံးတစ်ခုခု၏ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရခြင်းတို့ကြောင့်လည်း အလုပ်သမား အလုပ်ရပ်စဲခံရကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုသို့ သော အလုပ်ရပ်စဲမှုများအနက် အလုပ်ရှင်၏ ဆန္ဒအရ တစ်ဖက်သတ် အလုပ်ရပ်စဲခံရခြင်းများတွင် သက်ဆိုင်ရာ အလုပ်သမားများအား ¤င်းတို့၏ လုပ်သက်နှစ်အပေါ် အခြေခံသည့် အလုပ်ထုတ်နစ်နာကြေး သို့မဟုတ် အလုပ် ရပ်စဲမှုနစ်နာကြေးအား လုပ်ခလစာ ကျန်ငွေနှင့်အတူ တစ်ပါတည်း စာရင်းရှင်းလင်းဆောင်ရွက်ပြီးမှ အလုပ် ရပ်စဲခြင်းကိစ္စ ပြီးမြောက်သည်ဟု ဆိုနိုင်ပါသည်။

အလုပ်သမားဘက်က ၄င်း၏ဆန္ဒအရ အလုပ်မှနုတ် ထွက်လိုပါကလည်းကောင်း၊ အလုပ်ရှင်ဘက်က အလုပ် သမားအင်အား လျှော့ချရန်လည်းကောင်း ရှိပါက သက်ဆိုင်ရာဘက်က အနည်းဆုံး ရက်ပေါင်း ၃ဝ ကြိုတင် အသိပေးရပါသည်။ ထိုသို့နို့တစ်မပေးဘဲ အလုပ်သမားအား အလုပ်ရပ်စဲပါက သတ်မှတ်ထားသည့် နို့တစ်ကြေး တစ်လစာအလုပ်ရှင်က ပေးရပါသည်။ အလုပ်သမား၏ နုတ်ထွက်လိုမှုကိစ္စတွင် အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက် သဘောတူထားသည့် အလုပ်ခန့်ထားမှု သဘောတူစာချုပ် သက်တမ်းမကုန်ဆုံးမီဖြစ်ပါက အလုပ်ရှင်အနေဖြင့် အလုပ်သမားသို့ပေးရန်ရှိသည့် လုပ်ခ၊ လစာ ကျန်ငွေကို သာ ရှင်းလင်းပေးရန် တာဝန်ရှိပြီး အလုပ်ရပ်စဲမှု နစ်နာ ကြေးပေးရန် တာဝန်မရှိကြောင်းလည်း တွေ့ရှိရပါသည်။

ထို့ကြောင့် အလုပ်ရပ်စဲမှုနစ်နာကြေးဆိုသည်မှာ ''စီးပွားရေး၊ ငွေကြေး သို့မဟုတ် ကုန်ကြမ်းအခက်အခဲစသည် တို့ကြောင့် အလုပ်သမားအင်အားလျှော့ခြင်း သို့မဟုတ် အလုပ်ပိတ်ခြင်းအတွက်ဖြစ်စေ၊ အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူညီချက် သို့မဟုတ် စုပေါင်းသဘောတူညီ ချက်ကို အလုပ်ရှင်ဘက်မှ ဖောက်ဖျက်ခြင်းအပါအဝင် တည်ဆဲအလုပ်သမားဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများနှင့် ညီညွတ်ခြင်းမရှိသည့် အလုပ်မှရပ်စဲခြင်း သို့မဟုတ် အလုပ်ထုတ်ပစ်ခြင်းတို့အတွက်ဖြစ်စေ၊ အလုပ် ရှင်က အလုပ်သမားအားပေးရမည့်ငွေကိုဆိုသည်''ဟု အလုပ်သမားဝန်ကြီးဌာန၏ ၂ဝ၁၂ ခုနှစ် ဧပြီ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၂/၂ဝ၁၂ (အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေများ)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိ ရပါသည်။

ILO ပြဋ္ဌာန်းချက်များနှင့် အလုပ်ရှင်၏ အလုပ်ရပ်စဲပိုင်ခွင့်

အလုပ်ရှင်များအနေဖြင့် ¤င်းတို့ခန့်ထားသည့် အလုပ် သမားများ၏ ကျွမ်းကျင်မှု၊ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် အကျင့်စာရိတ္တတို့အား အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့် ထားမှုစာချုပ်တွင် ဖော်ပြပါရှိသည့် အစမ်းခန့်ကာလ (Probation Period)အတွင်း အကဲဖြတ်ပြီး အထူးသဖြင့် လုပ်ငန်းစွမ်းဆောင်ရည်အား နှစ်သက်မှုမရှိပါက အစမ်းခန့် ကာလကုန်ဆုံးချိန်တွင် အလုပ်သမားအား နစ်နာကြေးပေး ရန်မလိုဘဲ အလုပ်ရပ်စဲနိုင်ပါသည်။ ပုံသေကာလ သက်တမ်းဖော်ပြပါရှိသည့် အလုပ်ခန့်ထားမှုသဘောတူ စာချုပ် (င်္Fixed Term Employment Contract-FTC) သက်တမ်းကုန်ဆုံးချိန်တွင်လည်း အလုပ်သမားအနေဖြင့် ဆက်လက်အလုပ်လုပ်ခွင့်ရရန် ဆက်လက်စာချုပ်ချုပ် ဆိုရန်လိုပါသည်။ ထို့ကြောင့် အချို့သောနိုင်ငံများ(ဥပမာ- တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံစသည်) တို့တွင် အလုပ်သမားများချုပ်ဆိုမည့်FTCအကြိမ် အရေအတွက် ကန့်သတ်ထားခြင်းဖြင့် ကာလအကန့်အသတ်မရှိသည့် အလုပ်ခန့်ထားမှု သဘောတူစာချုပ် (့Undetermined Term Employment Contract-UDC)အဖြစ်တိုးမြှင့် သတ်မှတ်ပြဋ္ဌာန်းလေ့ရှိကြောင်း၊ ယာယီအလုပ်သမားမှ အမြဲတမ်းခန့် အလုပ်သမားအဖြစ် တိုးတက်ပြောင်းလဲ လာခြင်းသဘောကို လေ့လာတွေ့ရှိရပါသည်။ ဆိုလိုရင်းမှာ အလုပ်ရှင်တွင် သင့်လျော်သည့် အလုပ်ရပ်စဲပိုင်ခွင့်ရှိရမည် ဖြစ်သကဲ့သို့ အလုပ်သမား၏ အလုပ်အကိုင်တည်မြဲပိုင် ခွင့် (Job security) သို့မဟုတ် အလုပ်ဆက်လက်လုပ်ကိုင် နိုင်ရေး(Continuation of Employment)မှာ အလုပ်ရှင်၊ အလုပ်သမားချုပ်ဆိုခဲ့သည့် အလုပ်ခန့်ထားမှု သဘောတူ စာချုပ် (Employment Contract) အမျိုးအစား သတ်မှတ်ခြင်းနှင့် အမျိုးအစားတစ်ခုမှ အခြားတစ်ခုသို့ မည်သို့ ကူးပြောင်းသတ်မှတ်မည်ဆိုသည့် ဥပဒေ၊ နည်း ဥပဒေ သတ်မှတ်ပြဋ္ဌာန်းချက် အထူးအရေးပါကြောင်း သိသာထင်ရှားပါသည်။ ထို့ကြောင့်လည်း အလုပ်ရှင် များတွင် အလုပ်သမားခန့်ထားခွင့်နှင့် အလုပ်ရပ်စဲပိုင်ခွင့် (Right to Hire and Fire)အပြည့်အဝရှိသင့်ကြောင်း၊ အချို့သော အလုပ်ရှင်များက တောင်းဆိုခဲ့ကြောင်း တွေ့ရှိ ရပါသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO)အနေဖြင့် အလုပ်ရပ်စဲမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၁၅၈ (ILO Convention concerning Termination of Employment)အား ၁၉၈၁ ခုနှစ်တွင် သတ်မှတ်ပြဋ္ဌာန်း ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်မှာ အလုပ်သမားများ အလုပ်အကိုင်ဆက်လက်တည်မြဲစေရန်၊ မျှတမှန်ကန်မှုမရှိသည့် အလုပ်ရပ်စဲမှု (Unfair Dismissal)များအတွက် အလုပ်သမားများအား အကာအကွယ်ပေးရန်၊ သင့်တော်ကောင်းမွန်သည့် အလုပ် ရပ်စဲမှု ကျင့်စဉ်တစ်ခုအား ထူထောင်ဆောင်ရွက်သွားရန် တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်ILOအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီILO ပြဋ္ဌာန်းချက်များအနက် မိမိနိုင်ငံမှ ကျင့်သုံးဆောင်ရွက်နိုင်မည့် ပြဋ္ဌာန်းချက်များအား လက်မှတ်ရေးထိုးအတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ ပါဝင် လက်မှတ်ရေးထိုးအတည်ပြုပြီးသည့် ပြဋ္ဌာန်းချက်ပါ ကိစ္စ ရပ်များအား အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းဥပဒေများတွင် မဖြစ်မနေထည့်သွင်းပြဋ္ဌာန်းရန် တာဝန်ရှိသကဲ့သို့ လက်မှတ်ရေးထိုး အတည်ပြုထားခြင်း မရှိသေးသည့် ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအနက် နိုင်ငံတော်နှင့် အလုပ်ရှင်၊ အလုပ်သမား အကျိုးရှိစေမည့် ပြဋ္ဌာန်းချက် များကိုလည်း ဥပဒေတွင်ထည့်သွင်း ပြဋ္ဌာန်းခြင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေး သဘောတူညီမှုဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ပါက ဒေသ တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံအတွင်း စီးဝင်လာစေပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးအား များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်မိပါသည်။

အချို့သော နိုင်ငံများတွင် အလုပ်ရပ်စဲရန် သို့မဟုတ် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (Employ- ment Contract- EC)ဆိုင်းငံ့ရန်၊ ဖျက်သိမ်းရန်တို့အတွက် သက်ဆိုင်ရာ အလုပ်သမားဥပဒေများတွင် ထည့်သွင်း သတ်မှတ်ထားကြောင်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်သမားများ သပိတ်မှောက် နေသည့်ကာလအား EC သဘောတူစာချုပ် ဆိုင်းငံ့ကာလ သတ်မှတ်ခြင်း၊ ဗီယက်နမ်နိုင်ငံတွင် အမျိုးသားစစ်မှုထမ်း ကာလ၊ ယာယီအချုပ်အနှောင် ကျခံရသည့် ကာလတို့ အား EC ဆိုင်းငံ့ကာလ သတ်မှတ်ခြင်းတို့အား လေ့လာတွေ့ ရှိရပါသည်။ ထို့အပြင် ဦးစီးဌာနသို့ တင်ပြဆောင်ရွက်ရန် မလိုသည့် အလုပ်ရပ်စဲမည့် အလုပ်သမားအရေအတွက် သတ်မှတ်ပေးခြင်း (ဥပမာ-အလုပ်သမား ငါးဦး၊ ၁ဝ ဦး၊ ၂ဝ စသည်) အလုပ်သမားအင်အား လျှော့ရာတွင် ဦးစားပေး သတ်မှတ်ချက်များ (ဥပမာ-အလုပ်သမားအဖွဲ့ အစည်း အမှုဆောင်များ၊ လုပ်သက်ရင့် ကျွမ်းကျင်လုပ်သား များ၊ ဆေးခွင့်ယူဆဲ အလုပ်သမားများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများ၊ မိသားစုမှီခိုနေသည့် အလုပ် သမားများ၊ အင်အားလျှော့ရာတွင်မပါဝင်ရေး) တို့အား တိကျစွာသတ်မှတ်နိုင်ရန် လိုအပ်ပါသည်။ ထို့အပြင် စက်ရုံ၊ အလုပ်ဌာနက ကြိုတင်ကြေညာထုတ်ပြန်ထားသည့် စည်းကမ်းများအား အကြိမ်ကြိမ်ဖောက်ဖျက်သော အလုပ် သမားအား နှုတ်ဖြင့်သတိပေးခြင်း၊ စာဖြင့်သတိပေး မှတ်တမ်းတင်ခြင်း၊ နောက်ဆုံးသတိပေးခြင်းနှင့် အလုပ်ထုတ် ပယ်လောက်အောင်ကြီးလေးသော စည်းကမ်းဖောက်ဖျက် မှုများအတွက် အလုပ်ရှင်အား အလုပ်ရပ်စဲပိုင်ခွင့်အပြည့် အဝပေးအပ်ခြင်းဖြင့် အလုပ်ရှင်၏ စီမံခန့်ခွဲမှုအား ပိုမိုအား ကောင်းလာစေခြင်း၊ ကုန်ထုတ်စွမ်းအားကောင်းမွန်ခြင်း နှင့် လုပ်ငန်းခွင်အေးချမ်းသာယာခြင်းများ ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။

အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ တို့၏ အဆုံးအဖြတ်ခံယူခြင်း

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပါ ''အလုပ်သမား''၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ''အလုပ်သမားဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီ အလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူ အလုပ်သမား၊ အစိုးရဝန်ထမ်း၊ အလုပ်သင်တို့အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်း ကျောင်းအတွက်ဖြစ်စေ၊ မိမိ၏ လုပ်အားအပေါ် အားကိုး အားထားပြု လုပ်ကိုင်နေသူကို ဆိုသည်။ ထို့အပြင် အငြင်း ပွားမှုဖြစ်ပွားနေစဉ်အတွင်း အလုပ်မှရပ်စဲခံရသူ သို့မဟုတ် အလုပ်ထုတ်ခံရသူအလုပ်သမားလည်း ပါဝင်သည်။...။''ဟု ဖော်ပြပါရှိသဖြင့် အလုပ်ရှင်တစ်ဦးဦးက အလုပ်ရပ်စဲ လိုက်သော အလုပ်သမားတစ်ဦးသည် ¤င်း၏ အလုပ်ရပ်စဲ ခံရမှုမှာ ဥပဒေနှင့်မညီကြောင်း၊ တရားမျှတမှုမရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြား လာပြီး ¤င်းမှတစ်ဆင့် ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီ အဆင့်ဆင့်သို့ အမှုတွဲရောက်ရှိလာပါက ခုံသမာဓိအနေဖြင့် အဆုံးအဖြတ်ပေးရလေ့ရှိပါသည်။ ဆိုလိုသည်မှာ အလုပ်ရှင်က အလုပ်ထုတ်ထားသော အလုပ်သမားသည် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ပိုင်ခွင့်ရှိ ကြောင်း၊ ခုံသမာဓိအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးအခြေအနေ၊ အမှုအကြောင်းခြင်းရာ၊ သက် သေများနှင့် အမှုသည်များအား မေးမြန်းပြီးမှ ဆုံးဖြတ်ချက် ပြုရပါသည်။ ခုံသမာဓိ၏ အဆုံးအဖြတ်မှာ အလုပ်ရပ်စဲမှု နစ်နာကြေး ရထိုက်၊ မရထိုက်၊ အလုပ်ပြန်လည် ခန့်အပ်ရန် သင့်၊ မသင့်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီ အလုပ်ရပ်စဲခြင်း ဟုတ်၊ မဟုတ်၊ မဟုတ်ပါက အလုပ်ပြန်လည်ခန့်အပ်ရန်၊ နစ်နာကြေးပေးရန် စသည် များ ပါဝင်လေ့ရှိပါသည်။

ခုံသမာဓိအနေဖြင့် အမှုသည် အလုပ်ရှင်၊ အလုပ် သမားတို့၏ သဘောထား၊ သက်သေများ၏ ထွက်ဆိုချက် များ၊ တင်ပြသည့် စာရွက်စာတမ်းများအပေါ် လိုအပ်သည့် ကောက်နုတ်ချက်များဆွဲခြင်း၊ အဖွဲ့ဖြင့်သုံးသပ်ပြီး အဆုံးအဖြတ်ပြုပါသည်။ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ် ချက်များအား လေ့လာရာတွင် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသည့် အလုပ်ရပ်စဲမှု (Unlawful Dismissal)အား တွေ့ရှိရသဖြင့် သက်ဆိုင်ရာ အလုပ် ရှင်အား ဥပဒေကြောင်းအရ တရားစွဲရန် ဆုံးဖြတ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ၂ဝ၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၄၄ ပုဒ်မခွဲ(ဃ)အရ ''ဤဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့အစည်း တစ်ရပ်၏ လှုပ်ရှားမှုများကို ဆောင်ရွက်ရန် အလုပ်သမား အဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း သို့မဟုတ် သပိတ်မှောက်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း ကြောင့် အလုပ်သမားတစ်ဦးအား အလုပ်မှထုတ်ပစ်ခြင်း မပြုရ''ဟု တားမြစ်ထားပြီး တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက သတ်မှတ် ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ ထို့ကြောင့် ခုံသမာဓိအဖွဲ့၊ခုံသမာဓိ ကောင်စီတို့က အဆုံးအဖြတ်ပြုရာတွင် ဥပဒေနှင့်ညီ၊ မညီ၊ လူမှုရေးတရားမျှတမှုရှိ၊ မရှိတို့အား အလေးထားစဉ်းစား ဆောင်ရွက်ပြီးမှ ဆုံးဖြတ်နေကြောင်း တွေ့ရှိရပါ သည်။

အလျဉ်းသင့်သဖြင့် အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ အရ အမြင့်ဆုံးဖွဲ့စည်းထားရှိသည့် အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ၏ ဖွဲ့စည်းပုံအား လေ့လာတင်ပြလိုပါ သည်။ အဆိုပါကောင်စီတွင် အစိုးရကိုယ်စားလှယ် ငါးဦး၊ အလုပ်ရှင်ကိုယ်စားလှယ် ငါးဦး၊ အလုပ်သမားကိုယ် စားလှယ်ငါးဦး ပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း တွေ့ရပါသည်။ ခုံသမာဓိကောင်စီသို့ ရောက်ရှိလာသည့် အမှုအား အစိုးရကိုယ်စားလှယ် တစ်ဦးအပါအဝင် အမှုသည်များကိုယ်တိုင် ရွေးချယ်ထားသည့် အလုပ်ရှင် ကိုယ်စားလှယ်တစ်ဦး၊ အလုပ်သမားကိုယ်စားလှယ် တစ်ဦး ပေါင်း သုံးဦးပါ ခုံအဖွဲ့ဖြင့် ကြားနာစစ်မေးအဆုံးအဖြတ်ပြု ရကြောင်း၊ ထို့အပြင် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် သမာသမတ်ကျ နာမည်ကောင်းရှိသည့် ကိုယ်စားလှယ် လူကြီးမင်းများကို ရွေးကောက်တင်မြှောက်နိုင်ရန် လည်းကောင်း၊ အမှုသည်များအနေဖြင့် မိမိတို့ရင်ဆိုင်နေ ရသော အမှုအတွက် မှန်ကန်စွာဆုံးဖြတ်ပေးနိုင်မည့် အလုပ်ရှင်၊

အလုပ်သမားကိုယ်စားလှယ်များ ရွေးချယ်ရန်လည်း ကောင်း အထူးလိုအပ်ပါသည်။ ခုံသမာဓိဖြင့် ကြားနာ စစ်ဆေးရာတွင် ဆင့်ဆိုသည့်သက်သေများ မလာရောက် ခြင်း၊တောင်းဆိုသူ (အလုပ်သမား)သို့မဟုတ် တောင်းဆိုခြင်း ခံရသူ(အလုပ်ရှင်) မလာရောက်ခြင်းများကြောင့် အမှုစစ် ဆေးရာတွင် ကြန့်ကြာပြီး ဆုံးဖြတ်ချက်နောက်ကျခြင်း ကြောင့် အကျိုးခံစားခွင့် နှောင့်နှေးတတ်ကြောင်း ကြားသိရ ပါသည်။ ဥပဒေ၊ နည်းဥပဒေများအရ ခုံသမာဓိက သုံးကြိမ်တိုင်ဆင့်ဆိုသော်လည်း တောင်းဆိုသူမလာရောက် ပါက အမှုအား ပလပ်နိုင်ပြီး တောင်းဆိုခံရသူ မလာရောက် လျှင် တောင်းဆိုခံရသူ၏ မျက်ကွယ်တွင် အမှုအား တစ်ဖက်သတ်စစ်ဆေးဆုံးဖြတ်နိုင်ကြောင်း အမှုသည် အလုပ်ရှင် အလုပ်သမားများသိရှိပြီး အမှုပြီးပြတ်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုပါသည်။

အလုပ်ရပ်စဲမှု နစ်နာကြေးနှုန်းထားများ ထုတ်ပြန် ဆောင်ရွက်ခြင်း

အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ခ)နှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၄၁ ပုဒ်မခွဲ(ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၃ ရက် ရက်စွဲပါ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော် ငြာစာ အမှတ် (၈၄/၂ဝ၁၅) ဖြင့် အလုပ်မှ ရပ်စဲခံရသော အလုပ်သမားများနှင့် ပတ်သက်၍ အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှုန်းထားများကို သတ်မှတ်ခဲ့ပါသည်။ အလုပ် ရှင်သည် အလုပ်သမား သို့မဟုတ် အလုပ်သမားများအား အလုပ်မှ ရပ်စဲခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ တစ် ဆက်တည်း လုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ် လစာ(အချိန်ပိုကြေးမပါ) ဖြင့် အောက်ဖော်ပြပါ နစ်နာ ကြေးနှုန်းထားများအတိုင်း ပေးရမည်ဖြစ်ပါသည်-

(က) လုပ်သက်ခြောက်လပြည့်ပြီး တစ်နှစ်မပြည့်ပါက နစ်နာကြေး လဝက်လစာ၊

(ခ) လုပ်သက်တစ်နှစ်ပြည့်ပြီး နှစ်နှစ်မပြည့်ပါက နစ်နာကြေး တစ်လစာ၊

(ဂ) လုပ်သက်နှစ်နှစ်ပြည့်ပြီး သုံးနှစ်မပြည့်ပါက
နစ်နာကြေး တစ်လခွဲစာ၊

(ဃ) လုပ်သက်သုံးနှစ်ပြည့်ပြီး လေးနှစ်မပြည့်ပါက
နစ်နာကြေး သုံးလစာ၊

(င) လုပ်သက်လေးနှစ်ပြည့်ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာကြေး လေးလစာ၊

(စ) လုပ်သက်ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့်ပါက နစ်နာကြေး ငါးလစာ၊
(ဆ) လုပ်သက်ရှစ်နှစ်ပြည့်ပြီး တစ်ဆယ်နှစ်မပြည့်ပါက နစ်နာကြေး ခြောက်လစာ၊

(ဇ) လုပ်သက်တစ်ဆယ်နှစ်ပြည့်ပြီး နှစ် ၂ဝ မပြည့်ပါက နစ်နာကြေး ရှစ်လစာ၊

(ဈ) လုပ်သက် နှစ် ၂ဝ ပြည့်ပြီး ၂၅ နှစ် မပြည့်ပါက နစ်နာကြေး တစ်ဆယ်လစာ၊

(ည) လုပ်သက် ၂၅ နှစ်နှင့် အထက်ရှိပါက
နစ်နာကြေး ၁၃ လစာ။

အဆိုပါ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအား အလုပ်ရှင်နှင့် အလုပ်သမားများ သိရှိထားရန်လိုအပ်ပြီး အမိန့်စာထုတ်ပြန်သည့် ၂ဝ၁၅ ဇူလိုင်လ ၃ ရက်မှစပြီး အကျိုးသက်ရောက်မှုရှိပြီးဖြစ်သဖြင့် သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ် ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီ တို့က အမှုများဆုံးဖြတ်ရာတွင် နစ်နာကြေးရထိုက် သူဖြစ်ပါက သတ်မှတ်နှုန်းထားများအတိုင်း ဆုံးဖြတ်ဆောင် ရွက်မည်ဖြစ်သကဲ့သို့ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ နှင့် ဥပဒေအား စည်းကြပ်မည့် ဦးစီးဌာနများအနေဖြင့်လည်း ထုတ်ပြန်ထားသည်။ နှုန်းထားများအတိုင်း သက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်သမားများ လိုက်နာဆောင်ရွက်ရန် ညှိနှိုင်းခြင်း၊ စည်းကြပ်ဆောင်ရွက်ခြင်းများ ပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ထုတ်ပြန်ခဲ့သည့် အလုပ်ရပ်စဲမှုနစ်နာ ကြေး နှုန်းထားများသည်ILO ပြဋ္ဌာန်းချက်များနှင့် အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ဝင်နိုင်ငံများ၏ သတ်မှတ်ချက်များအပေါ် မြန်မာနိုင်ငံအစိုးရ ဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာအလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးရရှိချက်များမှ ပေါ်ပေါက်လာကြောင်း သိရှိရပါသည်။

အကြံပြုချက်များ

ဆောင်းပါးရှင်အနေဖြင့် အောက်ပါအချက်များအား အဓိကအကြံပြုအပ်ပါသည်-

အလုပ်ရပ်စဲမှုဆိုင်ရာ လုပ်ငန်းစဉ်၊ ကျင့်စဉ် တစ်ရပ် တိကျစွာသတ်မှတ်နိုင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြုလုပ်ပြီး အလုပ်ရှင်၊ အလုပ်သမားများက သဘောတူ မည့် အဆိုပါကျင့်စဉ်အတိုင်း လိုက်နာဆောင်ရွက်သွားရန် နှင့် လိုအပ်ပါက သက်ဆိုင်သည့် အလုပ်သမားရေးရာ ဥပဒေ၊ နည်းဥပဒေများရေးဆွဲရာတွင် ထည့်သွင်းပေးရန်၊ သို့မဟုတ် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန် ပေးရန်။

အလုပ်ရပ်စဲမှု စတင်ဆောင်ရွက်မည့် အလုပ်ရှင်များ အနေဖြင့် တည်ဆဲအလုပ်သမားရေးရာ ဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်ခန့်ထား ခြင်း၊ အလုပ်ရပ်စဲခြင်းများ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး အတွက် ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်။

ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက် သာဓကများအပေါ် အလုပ်ရှင်နှင့် အလုပ်သမားများပိုမို ယုံကြည်လေးစားလာစေရေးအတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ များ၊ ခုံသမာဓိ၏ ဆုံးဖြတ်ချက်ဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲ များတွင် အလုပ်ရှင်၊ အလုပ်သမားများ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ တရားရေးနှင့် ဥပဒေရေးရာကျွမ်းကျင်သူများ၊ ပြင်ပပညာရှင်များအား ဖိတ်ခေါ်ဆွေးနွေးသွားရန်။

ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီတို့အတွက် အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စား လှယ်များရွေးချယ်တင်မြှောက်ရာတွင် လည်းကောင်း၊ အမှုအားစစ်ဆေးကြားနာမည့် ခုံသမာဓိကောင်စီဝင် သုံးဦးပါခုံအဖွဲ့ဝင်များ ရွေးချယ်ရာတွင်လည်းကောင်း အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများက တက်ကြွစွာဖြင့် ပူးပေါင်းပါဝင်ဆောင် ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။ ။


ဒေါက်တာသန်းဝင်း(ချယ်ရီမြေ)

(အလုပ်ရှင်-အလုပ်သမား အငြင်းပွားမှုများအား လေ့လာ ရာတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် အလုပ်ရှင်၏ တစ်ဖက်သတ် အလုပ်ထုတ်မှုများအတွက် အလုပ်ရပ်စဲမှု နစ်နာကြေး ရထိုက်၊မရထိုက်အား ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီတို့၏ ဆုံးဖြတ်ချက်များအပေါ် အခြေခံလျက် သက်ဆိုင်သည့်ILO ပြဋ္ဌာန်းချက်ပါ အချက်အချို့နှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အလုပ် ရပ်စဲမှု နစ်နာကြေးနှုန်းထားများအား အလုပ်ရှင်-အလုပ် သမားနှင့် အများပြည်သူသိရှိနိုင်ရန် လေ့လာတင်ပြ ခြင်းဖြစ်ပါသည်။)

25.7.2016....ကြေးမုံဆောင်းပါး

Thursday, July 21, 2016

သင့်ကလေးများ KG အတွက် အသင့်ဖြစ်နေပြီလား


 မောင်ခေတ်

KG တွေခေတ်စားလာတော့ ကျောင်းစတက်ဖို့ ပြင်ဆင်နေတဲ့ မိဘတွေ ကိုယ့်ကလေး ကျောင်းထားဖို့ အသင့်ဖြစ်နေပြီလားလို့ မေးရင် ဘယ်လိုဖြေမလဲဆိုတာ သိချင်မိတယ်။ ကျောင်းသွားမယ့် ကလေးအတွက် ခဲတံပဲ ချွန်ပေးလိုက်ရမလို၊ စာအုပ်ပဲ ပြင်ပေးလိုက်ရမလို။ ဒါပေမဲ့ စနစ်သစ် ပညာရေးကြီးက စာမသင်ဘူးဆိုတော့ မိဘတွေ အူကြောင်ကြောင် ဖြစ်ကုန် ကြရပြန်တယ်။
ကျောင်းဆိုတာ စာတတ်ဖို့ လွှတ်တယ်ဆိုပြီး အစွဲရှိနေတဲ့ မိဘတွေ အဖို့တော့ ကျောင်းလွှတ်လိုက်ပါတယ်၊ စာတတ်ပါ့မလားဆိုတဲ့ စိုးရိမ်သောက တွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ကိုယ့်ကလေးကလည်း KG ဆိုတဲ့ အဆင့်ကို အသင့်ဖြစ်နေပြီလားဆိုတာ ပြန်ပြီး သုံးသပ်စေချင်တယ်။
အမေရိကန်ပြည်ထောင်စု National Center for Education Statistics မှာ ကလေးတွေဟာ မူလတန်း KGကို ဝင်လာချိန်မှာ သူတို့ရဲ့ တတ်မြောက်ကျွမ်းကျင်မှု အမျိုးမျိုးရှိကြပြီး အဆင့်ချင်းလည်း မတူညီလို့ ဆိုထားတယ်။ ဒါကလည်း သူတို့ ကျင်လည်ကြီးပြင်းခဲ့ကြရတဲ့ ဝန်းကျင်နဲ့ ဆိုင်ပါတယ်။ အချို့က မူကြိုတက်နိုင်ခဲ့ကြတယ်။ အချို့ကလည်း မတက်နိုင်ကြဘူး၊ မူကြိုတက်ခဲ့တယ်ဆိုတာတောင် ဘယ်လိုမူကြိုမှာ တက်ခဲတယ် ဆိုတဲ့ အပေါ်မူတည်ပြီး ကွဲပြားနိုင်သေးတယ်။
ကလေးတွေ ဆိုတာက ၅နှစ်နေမှ ကျောင်းကို ရောက်လာကြရတာ၊ ကြိုသင်လာတဲ့ ကလေးက ကြိုတတ်နေလိမ့်မယ်။ စာရေးစာဖတ် တတ်လာတဲ့ ကလေးတွေရှိသလို၊ မတတ်လာတဲ့ ကလေးတွေလည်း ပါလာရင် သူတို့ကို ဘယ်လိုခွဲခြားပြီး တစ်သားတည်း သင်ကြားမလဲဆိုတာလည်း စဉ်းစားစရာ။ ဒါကြောင့် KG သင်မယ့် ဆရာဆရာမတွေ ယာ အများကြီး အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်။
ကလေးတွေဟာ KG လာမတက်မီ စာရေးစာဖတ် တတ်မလာသင့်ဘူးလား ဆိုတဲ့ ပြဿနာဟယ ကမ္ဘာအနှံ့ ရင်ဆိင်နေကြရတဲ့ ပြဿနာပါ။ အသက် ၅နှစ် မပြည့်မီ မပြောနဲ့ ဝမ်းဗိုက်ထဲက ကလေးတွေကိုတောင် စာဖတ်ပြနေကြတဲ့ မိဘတွေဆိုရင် စာကြိုမသင်ပါနဲ့လို့ ပြောလို့ကို ရမှာ မဟုတ်ဘူး။ စကားပြောတတ်တာနဲ့ စာတွေ ဖတ်နိုင်၊ ကဗျာတွေရွတ်နိုင်တာကိုပဲ မိဘာတွေက ဂုဏ်ယူနေကြတာ မဟုတ်လား။ ၁၉၉၈ခုနှစ်က ( Snow,Burns,and Griffin) ဆိုတဲ့ အစီရင်ခံစာမှာတော့ အရေးအဖတ်အတွက် ကလေးတွေကို မသင်မီ အခြေခံလောက်တော့ သင်ပေးလိုက်သင့်တယ်။ လှေကားတစ်ထစ်တက်ဖို့ဆိုတာ လှမ်းတက်နိင်တဲ့ စွမ်းအင်တော့ ရှိရမယ်။ လေးဘက်ထောက်တက်လာမလား၊ မတ်မတ် လျှောက်တက်လာမလား ကွဲပြားနိုင်တယ်လို့လည်း ဆိုကြတယ်။
အခြေခံ ကျွမ်းကျင်မှုတွေ ပြဌာန်းထားတာတွေ ရှိပြီး ဖြစ်မှာပါ။ ပုံနှိပ်ထုတ်ထားတဲ့ ဖတ်စာတွေရှိရင် ကြိုတင်လေ့လာဖို့ ဆိုတာ တားမြစ်လို့ မရနိုင်ပါဘူး။ အင်္ဂလိပ်စာဖြစ်စေ၊ မြန်မာစာဖြစ်စေ အခြေခံ စာလုံးတွေလောက်တော့ အနည်းဆုံး သင်ကြမှာပဲ။ စာကို ဘေးတတိုက်ဘယ်မှ ညာကိုဖတ်ရသလား၊ အပေါ်မှ အောက်ကိုဖတ်ရသလား အခြေခံလောက်တော့ သိထားသင့်တယ်။
-A , B, C, D ဖြစ်စေ က ၊ ခ၊ ဂ၊ ဃ၊ င ဖြစ်စေ စာလုံးတွေရဲ့ အသံနဲ့ အက္ခရာကို မှတ်မိနေရင် ကောင်းပါတယ်။
-စာလုံးတစ်လုံးကို အသံထုတ်ပြီး ရွတ်ဆိုနိုင်ရင် ပိုကောင်းတာပေါ့ ။အလွတ်ရသည်ဖြစ်စေ ၊ ကြည့်ဖတ်နိုင်သည် ဖြစ်စေ ကောင်းပါတယ်။
-စားမယ်၊သွားမယ်၊ အိပ်မယ် ၊ကစားမယ် ဆိုတဲ့ အခြေခံစကားလေးတွေကနေ ပြောဆိုဆက်သွယ်နိုင်တဲ့ စကားတွေအားလုံး၊ သိထားသင့်တဲ့ စကားတွေအားလုံး၊ သင်ထားပေးသင့်တယ်။ ကလေးကို အပေါ့အလေး သွားချင်တာကိုတောင် မပြောနိုင်ဘူးဆိုရင် ကျောင်းတက်ဖို့ အဆင်ပြေမှာ မဟုတ်ဘူး။
ကလေးဆိုတာ ဉာဏ်ရည်အလိုက် မှတ်မိနိုင်စွမ်း မတူပါဘူး။ ကလေးတွေကို သင်လို့ မတတ်ဘူးဆိုပြီးတော့လည်း စိတ်ဓာတ်မကျစေချင်ဘူး။ ဖိအားလည်း မပေးစေချင်ဘူး။
ကလေးတွေကို ကျောင်းမပို့မီ သင်ပေးထား သင့်တာလေးတွေကတော့ -
- ပုံပြင်လေးတွေ ပြောပြ နားထောင်တတ်အောင် လုပ်ပေး
- ကဗျာလေးတွေ ရွတ်ပြ ၊ ကာရန်နဲ့ အသံတွေပါပြီး ရွတ်လို့ ဆိုလို့ ကောင်းတဲ့ ကဗျာတွေ ရွေးသင်
- စာလုံး ၅လုံးကနေ ၆လုံးလောက်ပါတဲ့ စကားတွဲလေးတွေကို ပြောနိုင်အောင်သင်
- ရုပ်ပုံတွေကို ပြပြီး အကြောင်းအရာတွေကို ပြောပြ ၊ အရုပ်ကိုကြည့်ပြီး သူ့တို့ စိတ်ကူးလေးတွေနဲ့ ပြောလာအောင် လုပ်ပေး။
- စာလုံး၊ စကားသံ၊ အသံများများကြားနိုင်အောင် စီစဉ်ပေး၊
- စာလုံး၊ အက္ခရာ မှတ်မိပြီး ရွတ်နိုင်အောင်သင် (ဥပမာ- ကကြီး၊ ခခွေး၊ဂငယ် စသည်ဖြင့်)
- စာအုပ်နှင့် စာဖတ်တာကို စိတ်ဝင်စားအောင် သူတို့အနားမှာ ဖတ်ချင်စရာ စာအုပ်တွေထားပေး၊
- အခြေခံ သိသင့်တဲ့ စာလုံးတွေသိအောင်လုပ်ပေး(ဥပမာ- အီးအီးပါမယ်၊ ရှူးရှူးပေါက်မယ်)
- စာလုံးတွေ အလွတ်ရရင် လက်တွေ သန်စွမ်းအောင်ဆိုတာ အရေးလေ့ကျင့်ခိုင်းလို့လည်း ရပါတယ်။
- ၁မှ ၁၀ အထိ ရေတွက်တတ်အောင်သင်
- အရောင်တွေကို ကွဲပြားစွာ ခွဲခြားနိုင်အောင် လုပ်ပေး။
ကျောင်းစတက်တဲ့ အရွယ်မှာ ဘဝထဲကို ခခြတစ်လှမ်း လှမ်းလိုက်တယ်လို့ ယူဆပြီး လွတ်ပေးရတော့မှ ဖြစ်တဲ့အတွက် အလွန်အရေးကြီးပါတယ်။KG မှာ ကလေးတွေကို ကစားခိုင်းတာကောင်းပါတယ်။ ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို ကစားရင်းစာသင်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ရှာကြံသင့်ပါတယ်။A,B,C,D ကို ဘောပေါ်မှာရေးပြီး လက်ထောက် သင်တာထက် ကလေးတွေ ကိုယ်တိုင်က အေ ၊ဘီ၊ စီ၊ဒီတွေလို့ မြင်နေအောင် သင်ရင် ပိုကောင်းပါတယ်။
KG ကလေးတွေ အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲဆိုရင် စာဖတ်တတ်အောင် ၊ စာဖတ်တာကို မြတ်နိုးအောင် လုပ်ပေးထားပါ။ သူတို့နဲ့ အနီးကပ် နွေးနွေးထွေးထွေးနေပြီး သင်ပေးပါ။ ပုံပြောပြနိုင်အောင် အချိန်ပေးပါ။ ပုံပြောပြနေတာဟာ သူတို့ဘဝအတွက် အကောင်းဆုံး လေ့ကျင့် ပြင်ဆင်ခြင်းလို့ ယူဆနိုင်ပါတယ်။
လူကြီးတွေကလည်း ကလေးတွေကို ဘာတွေ ပြောပြသင့်တယ်ဆိုတာ စာအလျင်ဖတ်ထားကြစေလိုပါတယ်။
မောင်ခေတ်
ဇူလိုင်လ ၂၁ရက်နေ့ထုတ် The Voice Daily

Tuesday, July 12, 2016

ရသစုံလင်လုပ်ငန်းခွင်



အားလုံးပဲင်္ဂလာပါ

ခင်ဗျားဒီစာကိုဖတ်ဖို့သေချာပြီလား 
1,
2,
3, 
OK ဖတ်တော့မယ်ဆိုပါတော့ တစ်ခုတိထားမှာက ဒီနေရာမှာကတည်းက ခင်ဗျားရဲ့ငါသည်ဘာရာထူး ဆင့်တန်းဆိုတဲ့ ခင်ဗျားသက် ၆၀ ပြည့်ခင်ချိန်လေးမှာထမ်းဆောင်ထားတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို လောက်ပြစ်ချထားခဲ့လိုက်ပါ။
ခုပြောချင်တာက ခင်ဗျားတို့ရဲ့တ္တမာတွေကြောင်းပဲ။ ငယ်စဉ်ကတည်းကပါလာခဲ့တဲ့ကြောက်စိတ်တွေ၊ နုနယ်စဉ်ကာမှာ တွေ့ကြုံခဲ့တဲ့ကြောင်းရာတွေ၊ ဖိနှိပ်ကြမ်းတမ်းတဲ့ သင်တန်းလိုမျိုးတွေ့ကြုံတွေ၊ ရာထူးငယ်စဉ်က ကြီးသူတွေရဲ့ဖိနှိပ်ခံ ခဲ့မှုတွေကြားမှာဖြတ်သန်းလာခဲ့ကြတယ်။ ဒါတွေကတ္တမာတွေကြီးထွားအောင်မီးထိုးပေးခဲ့တဲ့လောင်စာတွေပဲ။ နည်းအားဖြင့်ပြောရင် စဉ်းစားဥာဏ်ကိုဘောင်ခတ်ပေးလိုက်ကြတာပဲ။ ဒီဘောင်ထဲကကျော်နိုင်ကြဘူး။
မာ- ငယ်စဉ်က စည်းကမ်းရမ်းတင်ကြပ်တဲ့ခင်မျိုးနဲ့ကြီးပြင်းလာခဲ့သူမျိုး၊ ဘောလုံးကန်လို့ ကျောင်းစိမ်းင်္ကျီဖြူပေ သွားခဲ့ရင် ဒုတ်နဲ့ရိုက်ပြီးဒဏ်ပေးခဲ့တဲ့မိခင်မျိုး နည်းပြောရင် သိစိတ်ထဲက ရိုးစွဲအောင်ကြောက်သူမျိုးနဲ့ပတ်သက်ခဲ့သူတွေဟာ ပြနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲလူနေရာကခံစားပြီးဖြေရှင်းလေ့ရှိတယ်။ သူအင်တန်ကြောက်ခဲ့သူ နေရာမှာ သူကိုယ်တိုင်ခံစားပြီး သူ့ရှေ့မှာရှိတဲ့သူကိုငယ်စဉ်ကသူကိုယ်တိုင်ကြောက်ခဲ့လိုကြောက်အောင် နည်းလမ်းမျိုးစုံနဲ့ လုပ်လေ့ရှိကြတယ်။ သစ်သစ်တွေကိုထပ်ထပ်ပြီးစဉ်းစားဖို့ ပိတ်ခံထားကြတယ်။
လုပ်နေကြလုပ်တစ်ကိုပြောင်းလဲလုပ်ဆောင်ဖို့ ကြံသစ်တစ်ခုပေးတယ်ဆိုရင်ပဲ ပေးတဲ့သူစိတ်ပျက်သွားအောင် ဖြစ်နိုင် ကြောင်း ကြောင်းမျိုးမျိုးပြတားမြစ်ကြတယ်။ ဘာဖြစ်လို့လဲ။ သူကိုယ်တိုင်ကဒီကြံမျိုး ငါဘာလို့စဉ်းစားမိတာလဲ၊ ငါဒီလောက်တော်ရဲ့သားနဲ့ဆိုတဲ့ မိမိရဲ့သိစိတ်က လက်ခံနိုင်တဲ့ကြောင်းရာမျိုးကို လက်ခံလာအောင် ပြင်ကနေတင်း မိမိကိုယ်မိမိ အားပေးထိုးသိပ်ထည့်ထားတဲ့တွက် ပေးမျှကြံဥာဏ်သစ်တွေဟာ တိုးပေါက်တော့ပဲဖြစ်နေတတ်တယ်။
တ္တမာတွေရှင်သန်ဖို့တွက် ပေါင်းသင်ရှင်းလင်းပွဲလေးတွေကို ခန်းတွင်းမှာရံဖန်ရံခါလုပ်လေ့ရှိတယ်။ မင်းတို့သုံးကျဘူး၊ ငါတောင်လုပ်နိုင်တယ်မင်းတို့လုပ်နိုင်ဘူး၊ ငါကမင်းတို့မြင်တဲ့ရှုထောင့်ကမြင်နိုင်တယ် ဖြင့်ပေါ့လေ။ ချိန်ခွင်လျှာလိုမျိုး ပြစ်တင်ဆဲဆိုခြင်းဆိုတဲ့လေးကို သူများဖက်ကိုပစ်တင်နိုင်လေလေ သူရဲ့တ္တမာကမြင့်တက်လေလေပဲ။ အဲကပြီးဆုံးရှုံးတော့တာပဲ။ မိမိလုပ်တွက်ကြံကောင်းဥာဏ်ကောင်းတွေဆုံးရှုံးတယ်၊ မိမိတာဝန်ကျေရင်ပြီးတာပဲ၊ မိမိတာဝန်ကလွတ်ရင်ပြီးတာပဲဆိုတဲ့ရိုက်တွေ မြင့်တက်လာတယ်။ လက်အောင်ငယ်သားရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေ ဆုံးရှုံးတာဟာ ရာတော်တော်များများကိုဆုံးရှုံးနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ ကတိုင်းပဲ နောက်ထပ်နှစ်တော်တော်များများ ကိုဒီလိုပဲ ပြောင်းလဲပဲဖြတ်သန်းသွားနိုင်ပါတယ်။
မိတ်ဆွေကုမ္နဏီတစ်ခုမှာ သူရဲ့ဝန်ထမ်းတွေတွက် နှစ်စဉ်ညာတော်သင်ရွေးချယ်စေလွတ်လေ့ရှိတယ်။ ကွန်ပြူတာ၊ စာရင်းယား၊ သုတေညာသည်ဖြင့်ပေါ့။ ပြန်ရောက်ရင်မူတာဝန်ပြင်တတ်မြောက်လာတဲ့ညာကို ချက်ချင်းလက်တွေ့ ဦးဆောင်ပြီးပြုလုပ်ခိုင်းပါတယ်။ တွဲလုပ်တဲ့ဝန်ထမ်းတွေတွက်သင်ပြီးသားလဲဖြစ်သွားပါတယ်။ စိုးဌာတွေမှာလဲ သင်တန်းတွေ၊ ညာတော်သင်တွေလွှတ်ပါတယ်။ ကွန်ပြူတာမားကို စာရင်ယားနဲ့သက်ဆိုတဲ့သင်တန်း၊ ငွေစာရင်းလုပ်နေတဲ့ သူကို IT သင်တန်း။ ပြန်လာတော့မိမိမူတာဝန်ကိုဆက်လုပ်။ ပြီးရော။ နီးရာလူနစ်စီမံခန့်ခွဲမှု။ ချို့ကတော့ဒီလိုဟုတ်ပြန်။ ရာထူးငယ်စဉ်ခါက နှစ်ရှည်ညာသင်။ နောက်တစ်ဆင့်တက်တော့လဲ နောက်တစ်မျိုးညာသင်။ ရာထူးကြီးကြီးတဲ့ထိ ကျောင်းတက်ချင်တဲ့ပိုးကပျောက်ဘူးရယ်။ လုပ်ငန်းခွင်ထဲတော့ ပည့်အားကိုးလက်မှတ်ထိုး ဆိုတဲ့ဆင့်လောက်သာသာ။
ပြောရင်းတောင်ရောက်မြောက်ရောက်ဖြစ်ကုန်ပြီ ပြန်ချုပ်ရင်တော့ ဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဆိုတာရှိပါတယ်။ အဲဒီက ကျော်လွန်ပြီးဘာမှလုပ်လို့ပါဘူး။ တစ်ခါက - ဌာခွဲတစ်ခုက ဝန်ထမ်းတွေကရေဘေးသင့်ပြည်သူတွေကို စ္စည်း၊ ဝတ်ထည်၊ ငွေကြေးသည်ဖြင့် လှူချင်တယ်၊ ဒါပေမဲ့ ဌာခွဲလူကြီးလုပ်တဲ့သူက ဒေစာအုပ်ကိုင်ပြီး ဝန်ထမ်းဒေနဲ့ ကိုက်ညီဘူး လှူဘူးဆိုတာမျိုးရှိဘူးပါတယ်။ ခါရံမှာကျိုးရှိမယ့်ကိစ္စမျိုးကိုတာဝန်ခံပြီးလုပ်နိုင်ပါမယ်။ တ္တမာတွက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ကုစားဖို့ဆေးနည်းပေးပြီးသားဖြစ်ပါတယ်။ ရားထိုင်ကြည့်ပါ။ ထူးခြားလာပါလိမ့်မယ်။ တင်း၊ ဒေရှိတဲ့ နှောင့်တွက် ဟာတွေပြင်၊ စာပေလိုမျိုး နှလုံးသားဟာတွေကိုပါ မျှစွာသုံးဆောင်ပေးကြပါလို့ ပြောပါစေခင်ဗျာ။
အားလုံးပဲကျန်းမာ ချမ်းသာလို့ လိုအင်န္ဒတွေပြည့်စုံကြပါစေ။


နောင်နောင် (နေပြည်တော်)

အားလုံးပဲမင်္ဂလာပါ
ခင်ဗျားဒီစာကိုစဖတ်ဖို့သေချာပြီလား 
1,
2,
3,
OK စဖတ်တော့မယ်ဆိုပါတော့ တစ်ခုသတိထားရမှာက ဒီနေရာမှာကတည်းက ခင်ဗျားရဲ့ငါသည်ဘာရာထူး အဆင့်အတန်းဆိုတဲ့ ခင်ဗျားအသက် ၆၀ မပြည့်ခင်အချိန်လေးမှာထမ်းဆောင်ထားရတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ခဏလောက်ပြစ်ချထားခဲ့လိုက်ပါ။
အခုပြောချင်တာက ခင်ဗျားတို့ရဲ့အတ္တမာနတွေအကြောင်းပဲ။ ငယ်စဉ်ကတည်းကပါလာခဲ့တဲ့ကြောက်စိတ်တွေ၊ နုနယ်စဉ်ကာလမှာ တွေ့ကြုံခဲ့ရတဲ့အကြောင်းအရာတွေ၊ ဖိနှိပ်ကြမ်းတမ်းတဲ့ သင်တန်းလိုမျိုးအတွေ့အကြုံတွေ၊ ရာထူးငယ်စဉ်က ကြီးသူတွေရဲ့ဖိနှိပ်ခံ ခဲ့ရမှုတွေကြားမှာဖြတ်သန်းလာခဲ့ကြရတယ်။ ဒါတွေကအတ္တမာနတွေကြီးထွားအောင်မီးထိုးပေးခဲ့တဲ့လောင်စာတွေပဲ။ တနည်းအားဖြင့်ပြောရရင် စဉ်းစားဉာဏ်ကိုဘောင်ခတ်ပေးလိုက်ကြတာပဲ။ ဒီဘောင်ထဲကမကျော်နိုင်ကြဘူး။ 

ဥပမာ- ငယ်စဉ်က စည်းကမ်းအရမ်းတင်ကြပ်တဲ့ဖခင်မျိုးနဲ့ကြီးပြင်းလာခဲ့ရသူမျိုး၊ ဘောလုံးကန်လို့ ကျောင်းစိမ်းအင်္ကျီအဖြူပေ သွားခဲ့ရင် ဒုတ်နဲ့ရိုက်ပြီးဒဏ်ပေးခဲ့တဲ့မိခင်မျိုး တနည်းပြောရရင် မသိစိတ်ထဲက အရိုးစွဲအောင်ကြောက်ရသူမျိုးနဲ့ပတ်သက်ခဲ့ရ သူတွေဟာ ပြဿနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲလူနေရာကခံစားပြီးဖြေရှင်းလေ့ရှိတယ်။ သူအင်မတန်ကြောက်ခဲ့ရသူ နေရာမှာ သူကိုယ်တိုင်ခံစားပြီး သူ့ရှေ့မှာရှိတဲ့သူကိုငယ်စဉ်ကသူကိုယ်တိုင်ကြောက်ခဲ့ရသလိုကြောက်အောင် နည်းလမ်းမျိုးစုံနဲ့ လုပ်လေ့ရှိကြတယ်။ အသစ်အသစ်တွေကိုထပ်ထပ်ပြီးစဉ်းစားဖို့ အပိတ်ခံထားကြရတယ်။
လုပ်နေကြအလုပ်တစ်ကိုပြောင်းလဲလုပ်ဆောင်ဖို့ အကြံသစ်တစ်ခုပေးတယ်ဆိုရင်ပဲ ပေးတဲ့သူစိတ်ပျက်သွားအောင် မဖြစ်နိုင် ကြောင်း အကြောင်းအမျိုးမျိုးပြတားမြစ်ကြတယ်။ ဘာဖြစ်လို့လဲ။ သူကိုယ်တိုင်ကဒီအကြံမျိုး ငါဘာလို့မစဉ်းစားမိတာလဲ၊ ငါဒီလောက်တော်ရဲ့သားနဲ့ဆိုတဲ့ မိမိရဲ့မသိစိတ်က လက်မခံနိုင်တဲ့အကြောင်းအရာမျိုးကို လက်ခံလာအောင် အပြင်ကနေအတင်း မိမိကိုယ်မိမိ အားပေးထိုးသိပ်ထည့်ထားတဲ့အတွက် ပေးသမျှအကြံဉာဏ်အသစ်တွေဟာ တိုးမပေါက်တော့ပဲဖြစ်နေတတ်တယ်။

အတ္တမာနတွေရှင်သန်ဖို့အတွက် ပေါင်းသင်ရှင်းလင်းပွဲလေးတွေကို အခန်းတွင်းမှာရံဖန်ရံခါလုပ်လေ့ရှိတယ်။ မင်းတို့အသုံးမကျဘူး၊ ငါတောင်လုပ်နိုင်တယ်မင်းတို့မလုပ်နိုင်ဘူး၊ ငါကမင်းတို့မမြင်တဲ့ရှုထောင့်ကမြင်နိုင်တယ် စသဖြင့်ပေါ့လေ။ ချိန်ခွင်လျှာလိုမျိုး ပြစ်တင်ဆဲဆိုခြင်းဆိုတဲ့အလေးကို သူများဖက်ကိုပစ်တင်နိုင်လေလေ သူရဲ့အတ္တမာနကမြင့်တက်လေလေပဲ။ အဲကစပြီးဆုံးရှုံးရတော့တာပဲ။ မိမိအလုပ်အတွက်အကြံကောင်းဉာဏ်ကောင်းတွေဆုံးရှုံးတယ်၊ မိမိတာဝန်ကျေရင်ပြီးတာပဲ၊ မိမိတာဝန်ကလွတ်ရင်ပြီးတာပဲဆိုတဲ့စရိုက်တွေ မြင့်တက်လာရတယ်။ လက်အောင်ငယ်သားရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေ ဆုံးရှုံးတာဟာ အရာတော်တော်များများကိုဆုံးရှုံးနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ ကအတိုင်းပဲ နောက်ထပ်နှစ်တော်တော်များများ ကိုဒီလိုပဲ မပြောင်းလဲပဲဖြတ်သန်းသွားရနိုင်ပါတယ်။

မိတ်ဆွေကုမ္ပဏီတစ်ခုမှာ သူရဲ့ဝန်ထမ်းတွေအတွက် နှစ်စဉ်ပညာတော်သင်ရွေးချယ်စေလွတ်လေ့ရှိတယ်။ ကွန်ပြူတာ၊ စာရင်းဇယား၊ သုတေသနပညာစသည်ဖြင့်ပေါ့။ ပြန်ရောက်ရင်မူလတာဝန်အပြင်တတ်မြောက်လာတဲ့ပညာကို ချက်ချင်းလက်တွေ့ ဦးဆောင်ပြီးပြုလုပ်ခိုင်းပါတယ်။ တွဲလုပ်တဲ့ဝန်ထမ်းတွေအတွက်သင်ပြီးသားလဲဖြစ်သွားပါတယ်။ အစိုးရဌာနတွေမှာလဲ သင်တန်းတွေ၊ ပညာတော်သင်တွေလွှတ်ပါတယ်။ ကွန်ပြူတာသမားကို စာရင်ဇယားနဲ့သက်ဆိုတဲ့သင်တန်း၊ ငွေစာရင်းလုပ်နေတဲ့ သူကို IT သင်တန်း။ ပြန်လာတော့မိမိမူလတာဝန်ကိုဆက်လုပ်။ ပြီးရော။ နီးရာလူစနစ်စီမံခန့်ခွဲမှု။ တချို့ကတော့ဒီလိုမဟုတ်ပြန်။ ရာထူးငယ်စဉ်အခါက နှစ်ရှည်ပညာသင်။ နောက်တစ်ဆင့်တက်တော့လဲ နောက်တစ်မျိုးပညာသင်။ ရာထူးကြီးကြီးရတဲ့ထိ ကျောင်းတက်ချင်တဲ့ပိုးကမပျောက်ဘူးရယ်။ လုပ်ငန်းခွင်ထဲမတော့ တပည့်အားကိုးလက်မှတ်ထိုး ဆိုတဲ့အဆင့်လောက်သာသာ။

ပြောရင်းတောင်ရောက်မြောက်ရောက်ဖြစ်ကုန်ပြီ ပြန်ချုပ်ရရင်တော့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဆိုတာရှိပါတယ်။ အဲဒီက ကျော်လွန်ပြီးဘာမှလုပ်လို့မရပါဘူး။ တစ်ခါက - ဌာနခွဲတစ်ခုက ဝန်ထမ်းတွေကရေဘေးသင့်ပြည်သူတွေကို ပစ္စည်း၊ အဝတ်အထည်၊ ငွေကြေးစသည်ဖြင့် လှူချင်တယ်၊ ဒါပေမဲ့ ဌာနခွဲလူကြီးလုပ်တဲ့သူက ဥပဒေစာအုပ်ကိုင်ပြီး ဝန်ထမ်းဥပဒေနဲ့ မကိုက်ညီဘူး မလှူရဘူးဆိုတာမျိုးရှိဘူးပါတယ်။ တခါတရံမှာအကျိုးရှိမယ့်ကိစ္စမျိုးကိုတာဝန်ခံပြီးလုပ်နိုင်ရပါမယ်။ အတ္တမာန အတွက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ကုစားဖို့ဆေးနည်းပေးပြီးသားဖြစ်ပါတယ်။ တရားထိုင်ကြည့်ပါ။ ထူးခြားလာပါလိမ့်မယ်။ သတင်း၊ ဥပဒေအစရှိတဲ့ ဥနှောင့်အတွက် အဟာရတွေအပြင်၊ ရသစာပေလိုမျိုး နှလုံးသားအဟာရတွေကိုပါ မျှတစွာသုံးဆောင်ပေးကြပါလို့ ပြောပါရစေခင်ဗျာ။
အားလုံးပဲကျန်းမာ ချမ်းသာလို့ လိုအင်ဆန္ဒတွေပြည့်စုံကြပါစေ။