ရက်စွဲ - ၃၁-၇-၂၀၁၇
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော
ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 နှင့်ပတ်သက်၍ (၁)
အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃)
ကာကွယ်ထိန်းချုပ်ခြင်း (၄) ကုသမှုပေးခြင်းနှင့် (၅)
ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်
ဆောင်ရွက်လျက်ရှိရာ ၃၀-၇-၂၀၁၇ ရက်နေ့၊ ၁၄:၀၀ နာရီမှ ၃၁-၇-၂၀၁၇
ရက်နေ့၊ ၁၄ : ၀၀ နာရီအထိ သံသယလူနာ (၃၁) ဦးအား
ထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009
အတည်ပြုလူနာ (၁၁) ဦး တွေ့ရှိခဲ့ပါသည်။