Saturday, September 29, 2012
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌနှင့် အမေရိကန် ကုန်သည် ကြီးများ အသင်းဝင် များအား တွှေ့ဆုံမြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၊ ပြည်သူ အကျိုးပြုလုပ်ငန်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ဆွေးနွေးမေးမြန်း
စက်တင်ဘာ ၂၈
တွေ့ဆုံပွဲ အခမ်း အနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဦးစိုးသိန်းနှင့် ဦးခင်ရီ၊ သံအမတ်ကြီး များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Joseph Yun၊ အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီ ဥက္ကဋ္ဌ Mr. Alexander Feldman နှင့် အမှုဆောင်များ၊ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ Senior Vice President Mr. Myron Brilliant နှင့် အသင်းဝင်များ ဖြစ်ကြသည့် Abbot, ACE Group, Chevron, Chartis, Citi, Coca Cola, Deloitte, Dow Chemical, GE, Google, Master Card, Merck စသည့် ကုမ္ပဏီ ကြီးများမှ လုပ်ငန်းရှင်များ တက်ရောက် ကြသည်။
ရုရှစွမ်းအင်ကုမ္ပဏီ မြန်မာနှင့်ပူးတွဲလုပ်ကိုင်ရန် ပြင်ဆင်နေ
2012-09-28
မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို
အမေရိကန်က ဖယ်ရှားလိုက်ပြီးတဲ့နောက် နိုင်ငံ့သဘာဝ အရင်းအမြစ်တွေ ထုတ်ယူရေးအတွက်
မြန်မာအစိုးရက လုပ်ငန်းလေလံတွေ ခေါ်ယူနေချိန်မှာ ရုရှားကုမ္ပဏီတွေကလည်း
မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ကဏ္ဍတစ်ရပ် ထူထောင်နိုင်ဖို့
တာစူနေပြီလို့ ရန်ကုန်မြို့ ရုရှသံရုံးက ပြောဆိုကြောင်း Bloomberg သတင်းက
ဖော်ပြပါတယ်။
အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် တလျှောက်လုံး
ကန့်ကွက်ခဲ့တဲ့ ရုရှနိုင်ငံဟာ အခုလို အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့အပေါ်
ကြိုဆိုကြောင်း ရုရှကုမ္ပဏီတွေဟာ မြန်မာ့စွမ်းအင် ၀န်ကြီးဌာနနဲ့ ဆွေးနွေးနေပြီး
သတင်းအချက်အလက်တွေနဲ့ နိုင်ငံခြားရင်းမြှုပ်နှံမှု အခြေအနေတွေကို လေ့လာနေကြကြောင်း၊
ရုရှစွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ OGZD ဟာ မြန်မာနဲ့အတူ ပူးတွဲလုပ်ကိုင်ဖို့
ပြင်ဆင်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
မိုးလေ၀သသတင်း
(၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်
(၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်
ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊
ကပ္ပလီပင်လယ်ပြင်နှင့်
ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင်နေရာ ကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာ နေရာကွက်ကျားမိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေ သည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။
နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်း ရွာမည်။ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။
လာမည့် စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေ၀သခန့်မှန်းချက်။ ။ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
Source : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။နေရာကွက်ကျားမိုးထစ်ချုန်း ရွာမည်။ရွာရန်ရာနှုန်း (၈၀)ဖြစ်ပါသည်။
လာမည့် စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေ၀သခန့်မှန်းချက်။ ။ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
Source : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
Subscribe to:
Posts (Atom)