Youtube မှာဝင်ငွေရအောင် ဘယ်လိုလုပ်မလဲ
Thursday, March 28, 2019
Friday, March 22, 2019
Bitcoin ကို ဘယ်လိုရှာမလဲ
2019
Bitcoin Wallet ရှိပြီလား။ မရှိသေးရင်.. အရင်လုပ်ပါ။ မလုပ်တတ်ရင် ဒီလင့်မှာ သွားလေ့လာပါ။
Bitcoin ကိုရှာရ မလွယ်ပါဘူး။ ၀ယ်မယ်ဆိုရင် သိန်းချီပေးရပါမယ်။ ဒါပေမယ့်
ရွှေတိုရွှေစ Satoshi တွေကိုတော့ ရှာရလွယ်ပါတယ်။ ကိုယ်တတ်နိုင်သလောက် ဖဲ့ပြီး
ဝယ်လို့လည်း ရပါတယ်။ ငွေရင်းလေးရှိရင် ၀ယ်စုထားလို့ရပါတယ်။
အင်တာနက်မိုင်းတွင်းတွေမှာ မိုင်းတူးစက်ဝယ်ပြီး မိုင်းတူးလို့ရပါတယ်။
အံစာခေါက်တဲ့ဆိုက်တွေမှာ ငွေထည့်ပြီး အံစာသွားခေါက်လို့ ရပါ တယ်။
လောင်းကစားဆိုက်တွေဆိုလည်း ပေါမှပေါ..။ ဒီနေရာမှာတော့
လောင်းကစားနဲ့ပတ်သက်ပြီး မပြောပါဘူး။ ခုမှ စလုပ်မယ့်သူတွေအတွက်
ရွှေတိုရွှေစတွေကို အလကား ဘယ်လိုစုမလဲ။ အတော်အတန်စုမိဆောင်းမိလာတဲ့ ရွှေတွေကို
တိုးပွားအောင် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ ဆိုတာလောက်ပဲ ပြောပါမယ်။
ဒါလေးတွေ အခြေခံသိသွားရင် ကျန်တာတွေ ကိုယ့်ဘာသာ ရှာဖွေ လုပ်တတ်သွားမှာပါ။
ရွှေတိုရွှေစ အလကားလိုက်ကောက်ခြင်း (Claim Satoshi for FREE)
တစ်ပြားမှ မရှိ၊ ငွေရင်းပြီးမ၀ယ်ချင်ဘူးဆိုရင်လည်း Satoshi အလကားပေးတဲ့
ဆိုက်တွေ အများကြီး ရှိပါတယ်။ အလကားပေးတဲ့ဆိုက်တွေက ၅ မိနစ် တစ်ခါ၊ ၁၀
မိနစ် တစ်ခါ၊ ၁နာရီ တစ်ခါ၊ ၁ ရက် တစ်ခါ အစားစားနဲ့ ပေးကြပါတယ်။
အဲ့ဒီဆိုက်တွေကို Faucet ဆိုက်တွေလို့ ခေါ်ပါတယ်။ တစ်ခါပေးရင် 0.00000020
ကနေ 0.00000600 အထိသာ ပေးလေ့ရှိပါတယ်။ ပြီးရင် သူ့သတ်မှတ်ချိန်အထိ စောင့်ရ
ပါတယ်။ အဲ့ဒီတော့ အဲ့လိုအလကားပေးတဲ့ ဆိုက်ပေါင်း ၂၀၊ ၃၀ ကျော်လောက်ကို
လှည့်ပတ် လိုက်ကောက်(Claim) ပြီး စုရပါတယ်။ ဆိုက် များများကောက်နိုင်လေ
တစ်နေ့ ရတဲ့ ဆာတိုရှီ ပမာဏ များလေလေပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်နေ့တစ်နေ့
အင်တာနက်မှာ အလကား အချိန်ကုန် ဘေလ်ကုန်နေ မယ့်အစား အချိန်နည်းနည်းလေးဖဲ့
ကြားညှပ်ပြီး Claim ခြင်းဖြင့် အလကားနေရင်း ရွှေတိုရွှေစတွေ
စုမိဆောင်းမိလာနိုင်ပါတယ်။
Bitcoin Free ရယူနိုင်တဲ့ အလုပ်အကိုင်များကို အောက်ပါလင့်များမှာ လေ့လာနိုင်ပါတယ်-
ပြည်ထောင်စုဖောင့် မရသေးသူများအတွက် (အပြည့်အစုံ) Pyidaungsu Font
Pyidaungsu Font
Pyidaungsu Installer
Pyidaungsu Font File
Pyidaungsu Keyboards
အားလုံးပါဝင်ပါသည်။
Pyidaungsu Font ဒေါင်းရန်
Thursday, March 14, 2019
Pyidaungsu Font
Subscribe to:
Posts (Atom)