Wednesday, August 9, 2017

ထိုင်းနိုင်ငံရှိ အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းသည့် အထောက်အထားမဲ့ မြန်မာလုပ်သား လေးသိန်းခွဲကျော်သာရှိ



အလုပ်သမားမှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနတွင် လာရောက်မှတ်ပုံတင်နေသည့် မြန်မာလုပ်သားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ – ရွှေသိန်း) 
10.8.2017
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းခဲ့သည့် အထောက်အထားမဲ့သူများနှင့် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများမှာ လေးသိန်းခွဲကျော်သာရှိကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၇)

Nay Pyi Taw (9-8-2017)

ရက်စွဲ - (၉-၈-၂၀၁၇) (၁၄:၀၀ )နာရီ
      ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ (၈) ရက်နေ့၊ (၁၄:၀၀) နာရီမှ သြဂုတ်လ (၉) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၄၁) ဦးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၁၇) ဦး တွေ့ရှိခဲ့ပါသည်။ ဇူလိုင်လ (၂၁) ရက်နေ့မှ ယနေ့မွန်းလွဲ (၁၄:၀၀) နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း လူနာ (၄၇၄) ဦး အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၈၃) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉) ဦး ရှိပါသည်။