Thursday, August 4, 2016

မြန်မာအပါအ၀င် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေမှု ရပ်တန့်ပေးရန် ထိုင်းလုပ်ငန်းရှင် ၁၀၀ ကျော် ဆန္ဒပြတောင်းဆို



Friday, August 5, 2016

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ အပါအ၀င် ရွှေ့ပြောင်းလုပ်သားများအားဖမ်း ဆီးနေမှုကို ရပ်တန့်ပေးရန်ဖူးခက်  မြို့ရှိ ထိုင်းဆောက်လုပ်ရေး လုပ် ငန်းရှင်ဦးရေ တစ်ရာကျော်ကဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၃ ရက်တွင် ဖူးခက် မြို့ရှိ ထိုင်းဆောက်လုပ်ရေးလုပ် ငန်းရှင် တစ်ရာကျော်တို့သည်ဖူးခက်မြို့ဆနမ်ချိုင်းရင်ပြင်၌ စုဝေး ဆန္ဒပြတောင်းဆိုခဲ့ပြီးဖူးခက်ခရိုင် မြို့တော်ဝန်ထံသို့ တောင်းဆိုချက် များ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။