Showing posts with label News. Show all posts
Showing posts with label News. Show all posts

Tuesday, June 4, 2019

ဥပဒေစာစုများ (၁) အလုပ်သမားဆိုသည်မှာ --


ဥပဒေစာစုများ (၁)
 အလုပ်သမားဆိုသည်မှာ --  

အလုပ်သမားဆိုသော စကားစုကို ဥပဒေအသုံးအနှုန်းအရ အဓိပ္ပါယ်သတ်မှတ်ချက်တွေဖွင့်ဆိုကြပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ ဥပဒေအသီးသီးက အလုပ်သမားဆိုသော ဝေါဟာရကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားသလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

(၁) ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ

          ပုဒ်မ ၂ (ခ)
          အလုပ်သမား ဆိုသည်မှာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွင်လည်းကောင်း၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် သို့မဟုတ် ဖက်စပ်ပိုင်လုပ်ငန်းတွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုခုတွင်လည်းကောင်း၊ ကုမ္ပဏီတွင်လည်းကောင်း၊ ကျွမ်းကျင်မှုလိုသောအလုပ်ကိုဖြစ်စေ၊ ကျွမ်းကျင်မှုမလိုသောအလုပ်ကိုဖြစ်စေ အခကြေးငွေဖြင့်လုပ်ကိုင်သူကိုဆိုသည်။

(၂) ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ

          ပုဒ်မ ၂ (က)
          အလုပ်သမား ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမား၊ စိုက်ပျိုးရေးအလုပ်သမား၊ အိမ်အကူအလုပ်သမား၊ အစိုးရဝန်ထမ်း၊ အလုပ်သင်တို့အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုး၊ အားထားပြု လုပ်ကိုင်နေသူကိုဆိုသည်။ ထို့ပြင် အငြင်းပွားမှုဖြစ်ပွားနေစဉ်အတွင်း အလုပ်မှရပ်စဲခံရသူ သို့မဟုတ် အလုပ်ထုတ်ခံရသူအလုပ်သမားလည်း ပါဝင်သည်။
ယင်းစကားရပ်တွင်
-       တပ်မတော်သား
-       မြန်မာနိုင်ငံရဲတပ်ဖွဲ့
-       တပ်မတော်၏ ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတို့ မပါဝင်။

(၃) ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ

          ပုဒ်မ ၂ (က)
          အလုပ်သမားဆိုသည်မှာ လုပ်ငန်းဌာနတစ်ခုခုတွင် အမြဲတမ်းဖြစ်စေ၊ ယာယီဖြစ်စေ ကာယအား သို့မဟုတ် ဉာဏအားကိုအသုံးပြုပြီးလုပ်ကိုင်၍ ရရှိသောလုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေသူကို ဆိုသည်။ ယင်းစကားရပ်တွင် လုပ်ခရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သင်များ၊ ပညာသင်များလည်းပါဝင်သည်။ သို့ရာတွင် အလုပ်ရှင်နှင့် အတူနေပြီး အလုပ်ရှင်အပေါ်မှီခိုနေသော အလုပ်ရှင်၏မိသားစုမပါဝင်။ 

(၄) ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ

          ပုဒ်မ ၂ (က)
          အလုပ်သမားဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ရှင်နှင့် သဘောတူညီချက်ပြုလုပ်၍ ကာယအား ဉာဏအားကိုအသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီအလုပ်ကို လုပ်ကိုင်၍ရရှိသောအခကြေးငွေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူကိုဆိုသည်။ ယင်းစကားရပ်တွင် အခကြေးငွေရရှိသော အလုပ်သင်များနှင့် ပညာသင်များ စာရေးနှင့် ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင်ပြင်ပအလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ယာဉ်မောင်းများ၊ လုံးခြုံရေး၊ အစောင့်ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ မွန်းမံပြင်ဆင်ရေးအလုပ်သမားများလည်း ပါဝင်သည်။ သို့ရာတွင် အောက်ပါအလုပ်သမားများနှင့် ဝန်ထမ်းများ မပါဝင်-
          (၁)     အလုပ်ရှင်အပေါ်မှီခို၍ အတူနေပြီး အလုပ်ရှင်၏ အလုပ်ကိုလုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစုဝင်ဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး မိဘနှင့် ညီအကိုမောင်နှမအရင်းများ
          (၂)     နိုင်ငံ့ဝန်ထမ်းများ
          (၃)     ပင်လယ်ကူးသင်္ဘောသားများ
         

Thursday, April 18, 2019

Wednesday, April 3, 2019

ထူးခြားတဲ့ မော်လမြိုင်က ဦးဇိနဘုရား

 ဦးဇိနစေတီတော်တွင် မဟာမြတ်မုနိရုပ်ပွားတော် မျက်နှာ်တော်ပုံစံ ဖူးတွေ့ရပုံ

ဘုရားဖူးခရီး
 
၂၀၁၈ နှစ်ကုန်ပိုင်းမှာ ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ ခရီးတစ်ခုစီစဉ်ဖြစ်ပါတယ်။ ထားဝယ်ရှင်ကိုးရှင် လေးညအိပ် ငါးရက်ဘုရားဖူးခရီးစဉ်ပါ။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ နေပြည်တော်ကစထွက်ပါတယ်။ ၂၉ ရက်နေ့ မနက် ၅ နာရီလောက်မှာ ထားဝယ်ကိုရောက်ဖို့ ၄၈ မိုင် မှာရှိတဲ့ ကလိန်အောင်မြို့က ဆံတော်ရှင်ဘုရားတောင်ခြေကိုရောက်ပါတယ်။

ဆံတော်ရှင်ဘုရားတောင်ပေါ်မှ မြင်ကွင်း (ကလိန်အောင်၊ ထားဝယ်မြို့နယ်)
 ၂၉၊ ၃၀၊ ၃၁ ရက်နေ့တွေမှာ ထားဝယ်ရှင်ကိုးရှင်၊ ထားဝယ်မြို့ကအခြားတန်ခိုးကြီးဘုရားအချို့နဲ့ ကမ်းခြေသုံးခုကို လည်ပတ်ခဲ့ပါတယ်။ (ကမ်းခြေတွေထဲမှာတော့ မြတ်ရှင်မော်ဘုရားကို သွားတဲ့လမ်းမှာရှိတဲ့ ဖိုးဖိုးကျောက်ကမ်းခြေကအလှဆုံးပါ) ၁.၁.၂၀၁၉ ရက်နေ့ ထားဝယ်ကအပြန် အချိန်မရတော့လို့ မော်လမြိုင်ကဘုရားတစ်ဆူ ထဲကိုပဲဖူးတော့မယ်ဆိုပြီး အခုပြောမယ့် ဦးဇိနဘုရားကို ၀င်ဖူးခဲ့တာပါ။

Sunday, August 20, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၈)

21.8.2017 Nay Pyi Taw
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၈)

Thursday, August 17, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၄)

17-8-2017 Nay Pyi Taw
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၄)

Tuesday, August 15, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၃)

15-8-2017      Nay Pyi Taw
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၃)

Monday, August 14, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၂)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၂)
14-8-2017 Nay Pyi Taw

Sunday, August 13, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၁)

 13-8-2017 Nay Pyi Taw
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၂၁) 

Thursday, August 10, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၈) (10-8-2017)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၈) (10-8-2017)

Wednesday, August 9, 2017

ထိုင်းနိုင်ငံရှိ အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းသည့် အထောက်အထားမဲ့ မြန်မာလုပ်သား လေးသိန်းခွဲကျော်သာရှိ



အလုပ်သမားမှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနတွင် လာရောက်မှတ်ပုံတင်နေသည့် မြန်မာလုပ်သားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ – ရွှေသိန်း) 
10.8.2017
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အလုပ်သမား မှတ်ပုံတင်ရေးဆိုင်ရာ ယာယီဌာနများသို့ စာရင်းပေးသွင်းခဲ့သည့် အထောက်အထားမဲ့သူများနှင့် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများမှာ လေးသိန်းခွဲကျော်သာရှိကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၇)

Nay Pyi Taw (9-8-2017)

ရက်စွဲ - (၉-၈-၂၀၁၇) (၁၄:၀၀ )နာရီ
      ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ (၈) ရက်နေ့၊ (၁၄:၀၀) နာရီမှ သြဂုတ်လ (၉) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၄၁) ဦးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၁၇) ဦး တွေ့ရှိခဲ့ပါသည်။ ဇူလိုင်လ (၂၁) ရက်နေ့မှ ယနေ့မွန်းလွဲ (၁၄:၀၀) နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း လူနာ (၄၇၄) ဦး အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၈၃) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉) ဦး ရှိပါသည်။

Tuesday, August 1, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၈)

ရက်စွဲ - ၃၁-၇-၂၀၁၇
      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 နှင့်ပတ်သက်၍ (၁) အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃) ကာကွယ်ထိန်းချုပ်ခြင်း (၄) ကုသမှုပေးခြင်းနှင့် (၅) ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၃၀-၇-၂၀၁၇ ရက်နေ့၊ ၁၄:၀၀ နာရီမှ ၃၁-၇-၂၀၁၇ ရက်နေ့၊ ၁၄ : ၀၀ နာရီအထိ သံသယလူနာ (၃၁) ဦးအား ထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 အတည်ပြုလူနာ (၁၁) ဦး တွေ့ရှိခဲ့ပါသည်။

Monday, July 31, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၇)

ရက်စွဲ - (၃၀-၇-၂၀၁၇)၊ (၁၄:၀၀) နာရီ
     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 နှင့်ပတ်သက်၍ (၁) အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃) ကာကွယ်ထိန်းချုပ်ခြင်းနှင့် (၄) ကုသမှုပေးခြင်းနှင့် (၅) ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၂၉-၇-၂၀၁၇) ရက်နေ့၊ (၁၄:၀၀) နာရီမှ (၃၀-၇-၂၀၁၇) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၄၄) ဦးအား ထပ်မံ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 အတည်ပြု လူနာ (၁၀) ဦးတွေ့ရှိခဲ့ပါသည်။

Tuesday, February 28, 2017

ပြည်နယ်/ တိုင်းဒေသကြီးများရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ

ပြည်နယ်/ တိုင်းဒေသကြီးများရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများကို ရှာဖွေရလွယ်ကူစေရန်စုစည်းပေးလိုက်ပါတယ်။