Showing posts with label IT. Show all posts
Showing posts with label IT. Show all posts
Thursday, March 28, 2019
Friday, March 22, 2019
Bitcoin ကို ဘယ်လိုရှာမလဲ
Bitcoin Wallet ရှိပြီလား။ မရှိသေးရင်.. အရင်လုပ်ပါ။ မလုပ်တတ်ရင် ဒီလင့်မှာ သွားလေ့လာပါ။
Bitcoin ကိုရှာရ မလွယ်ပါဘူး။ ၀ယ်မယ်ဆိုရင် သိန်းချီပေးရပါမယ်။ ဒါပေမယ့် ရွှေတိုရွှေစ Satoshi တွေကိုတော့ ရှာရလွယ်ပါတယ်။ ကိုယ်တတ်နိုင်သလောက် ဖဲ့ပြီး ၀ယ်လို့လည်း ရပါတယ်။ ငွေရင်းလေးရှိရင် ၀ယ်စုထားလို့ရပါတယ်။ အင်တာနက်မိုင်းတွင်းတွေမှာ မိုင်းတူးစက်ဝယ်ပြီး မိုင်းတူးလို့ရပါတယ်။ အံစာခေါက်တဲ့ဆိုက်တွေမှာ ငွေထည့်ပြီး အံစာသွားခေါက်လို့ ရပါ တယ်။ လောင်းကစားဆိုက်တွေဆိုလည်း ပေါမှပေါ..။  ဒီနေရာမှာတော့ လောင်းကစားနဲ့ပတ်သက်ပြီး မပြောပါဘူး။ ခုမှ စလုပ်မယ့်သူတွေအတွက် ရွှေတိုရွှေစတွေကို အလကား ဘယ်လိုစုမလဲ။ အတော်အတန်စုမိဆောင်းမိလာတဲ့ ရွှေတွေကို တိုးပွားအောင် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ ဆိုတာလောက်ပဲ ပြောပါမယ်။ ဒါလေးတွေ အခြေခံသိသွားရင် ကျန်တာတွေ ကိုယ့်ဘာသာ ရှာဖွေ လုပ်တတ်သွားမှာပါ။
ရွှေတိုရွှေစ အလကားလိုက်ကောက်ခြင်း (Claim Satoshi for FREE)
တစ်ပြားမှ မရှိ၊ ငွေရင်းပြီးမ၀ယ်ချင်ဘူးဆိုရင်လည်း Satoshi အလကားပေးတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်။ အလကားပေးတဲ့ဆိုက်တွေက ၅ မိနစ် တစ်ခါ၊ ၁၀ မိနစ် တစ်ခါ၊ ၁နာရီ တစ်ခါ၊ ၁ ရက် တစ်ခါ အစားစားနဲ့ ပေးကြပါတယ်။ အဲ့ဒီဆိုက်တွေကို Faucet ဆိုက်တွေလို့ ခေါ်ပါတယ်။ တစ်ခါပေးရင် 0.00000020 ကနေ 0.00000600 အထိသာ ပေးလေ့ရှိပါတယ်။ ပြီးရင် သူ့သတ်မှတ်ချိန်အထိ စောင့်ရ ပါတယ်။ အဲ့ဒီတော့ အဲ့လိုအလကားပေးတဲ့ ဆိုက်ပေါင်း ၂၀၊ ၃၀ ကျော်လောက်ကို လှည့်ပတ် လိုက်ကောက်(Claim) ပြီး စုရပါတယ်။ ဆိုက် များများကောက်နိုင်လေ တစ်နေ့ ရတဲ့ ဆာတိုရှီ ပမာဏ များလေလေပါပဲ။ ဘာပဲဖြစ်ဖြစ် တစ်နေ့တစ်နေ့ အင်တာနက်မှာ အလကား အချိန်ကုန် ဘေလ်ကုန်နေ မယ့်အစား အချိန်နည်းနည်းလေးဖဲ့ ကြားညှပ်ပြီး Claim ခြင်းဖြင့် အလကားနေရင်း ရွှေတိုရွှေစတွေ စုမိဆောင်းမိလာနိုင်ပါတယ်။
Bitcoin Free ရယူနိုင်တဲ့ အလုပ်အကိုင်များကို အောက်ပါလင့်များမှာ လေ့လာနိုင်ပါတယ်-
ပြည်ထောင်စုဖောင့် မရသေးသူများအတွက် (အပြည့်အစုံ) Pyidaungsu Font
Pyidaungsu Font
Pyidaungsu Installer
Pyidaungsu Font File
Pyidaungsu Keyboards 
အားလုံးပါဝင်ပါသည်။ 
Pyidaungsu Font ဒေါင်းရန်
Thursday, March 14, 2019
Pyidaungsu Font
One-Click Installer
Windows 7 – Microsoft Office အားလုံးအတှကျ
- Pyidaungsu-1.8 Font & Keyman 11 Keyboard   [DOWNLOAD]
Windows 10 & 8 – Microsoft Office 2013, 2016 အတှကျ
- Pyidaungsu-2.5 Font & Keyman 11 Keyboard   [DOWNLOAD]
Tuesday, July 24, 2018
Microsoft Word 2013, 2016 စာအမှန်မထွက်လျင်
Myanmar3, Pyidaungsu-1.x စတဲ့ဖောင့်တွေ Office 1013, 2016 တို့မှာ အဆင်မပြေတော့တာ တွေ့ရပါတယ်။ ဒီဖောင့်တွေက Office 2010 အထိပဲ အလုပ်လုပ်ပါတယ်။ Office 1013, 2016 မှာသုံးမယ်ဆိုရင် “ Myanmar Text” font, “ Pyidaungsu-2.x.ttf” font ကသင့်တော်ပါတယ်။ ပြောင်းလဲသုံးစွဲဖို့အကြံပြုပါတယ်။ အကယ်၍ မလွဲမသွေ ဆက်သုံးရမယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းလေးကို ပြုလုပ်ပြီးသုံးစွဲနိုင်ပါတယ်။
Control + D နှိပ်ပါ။ Font Dialog box ပွင့်လာပါမည်။ Advanced tab ကိုရွေးပါ။ “Use Contextual Alternates,” ကိုအမှန်ချက်ပေးပါ။ ထိုနောက် Ligatures to ကို “All,” ဟုထားပေးပါ။ အိုကေ နှိပ်ပါ။
Tuesday, July 10, 2018
Windows 10 မှာ Microsoft Word, Exal, Power Point စတာတွေမှာ Myanmar 3 အသုံးပြုလို့အဆင်မပြေသူများအတွက်
ရုံးလုပ်ငန်းမှာ အသုံးပြုနေရတဲ့ Microsoft Word, Exal, Power Point စတာတွေမှာ Myanmar 3 အသုံးပြုလို့အဆင်မပြေသူများအတွက် (for Windows 10)
ဒီနေရာမှာ လက်ရှိ update ဖြစ်တဲ့ Myanmar3 font နဲ့ အက္ခရာကီးဘုတ်ကို ဒေါင်းလုဒ်လုပ်ပြီး Install လုပ်ပါ။မြန်မာ၃ ဖောင့်ကို Control panel\Fonts ဖိုဒါထဲသွားထည့်ပါ။ပြီးရင် အက္ခရာကီးဘုတ်ကို အင်စတောလုပ်ပါ။
Friday, August 5, 2016
Google ကို မြန်မာ domain .com.mm မှ မူရင်း .com သို့ပြောင်းဝင်မယ်
ကျွန်တော်တို့ Google.com သို့ဝင်ရင် မြန်မာ ဒိုမိန်း ရှိတာ မို့ ဘယ်လိုဘဲ ရိုက်ရိုက် .com.mm ဒိုမိန်းနဲ့ဘဲ ထွက်လာမှာ ဖြစ်ပါတယ်.. Google က မြန်မာစာကို unicode သုံးထားတာမို့ unicode မရှိသူတွေ အတွက် အဆင်ပြေမှာ မပာုတ်ပါဘူး..ဒီတော့ ကြည့်ရှုရတာ မျက်စိ ပသာဒ မရှိမှာ အမှန်ပါ. ဒီတော့ English လို ပြောင်းလို့ ရအောင် အောက်ဆုံးမှာ change in English လို့ပေးထားပါတယ်.အဲတာလေးကို ကလစ်လိုက်ရင် English ဘာသာ ပြောင်းသွားမှာ ဖြစ်ပါတယ်..(ဒါကိုတော့ လူတိုင်းသိကြမှာပါ)
Domain Name (ဒိုမိန်း) ရွေးချယ်ခြင်း
ကျနော် ဤအကြောင်း ကို ရေးသားရခြင်းမှာ ယခုအခါ မြန်မာ ဝက်ဘ်ဆိုဒ် အတော်တော်များများ ပေါ်လာကြပြီး အချို့သော ဝက်ဘ်ဆိုဒ်များမှာ အလွန် အဆင့်မှီကောင်းမွန်သော ဝက်ဘ်ဆိုဒ်များ အဖြစ် ထွက်ပေါ်လာကြသော်လည်း Domain Name (ဒိုမိန်း) ရွေးချယ်မှု အပိုင်းတွင် အားနည်းသည်ကို တွေ့ရသဖြင့် Domain Name (ဒိုမိန်း) ရွေးချယ်ခြင်း အကြောင်း တင်ပြ လိုခြင်းကြောင့်ဖြစ်သည်။
Sunday, July 31, 2016
ဖေ့စ်ဘုတ်ခ် လွယ်ကူလျင်မြန်သုံးနိုင်ဖို့ Shortcut Keys များ
 ဖေ့စ်ဘုတ်ခ်ကို မိုဘိုင်းလ်ဖုန်းနဲ့ အသုံးမပြုဘဲကွန် ပျူတာနဲ့ အသုံးပြုသူတွေအတွက်   အချိန်ကုန်သက်သာစေမယ့် Shorcut Keys တွေဖြစ်ပါတယ်။
အရင်ဖိနှိပ်ထားရမယ့် ခလုတ်များ
Window OS တွေမှာ သုံးတဲ့ Chrome   ဘရောက်ဇာအတွက် Alt ခလုတ်၊ Firefox     ဘရောက်ဇာတွေမှာ Alt နဲ့ Shift ခလုတ်ကိုဖိနှိပ်ပေးရပါတယ်။ Mac OS အတွက် ကတော့ Control နဲ့ Option ကို ပေါင်းနှိပ်ပေးရပါမယ်။
ခလုတ်တွေကို ဖိနှိပ်ပြီးရင်
  • အထက်ပါ   သက်ဆိုင်ရာခလုတ်တွေကို နှိပ်ပြီးရင် 1 ကိုနှိပ်လိုက် တာနဲ့ News Feed  ကိုရောက်သွားမှာဖြစ်ပါတယ်။
  • 2 နဲ့ တွဲနှိပ်ရင်တော့သုံးစွဲသူရဲ့ Timeline ကို ရောက်ရှိသွားမှာပါ။
  • 3နဲ့တွဲနှိပ်ရင်တော့ သူငယ်ချင်းများစာမျက်နှာကို ရောက်သွားမှာ ဖြစ်ပါတယ်။
  • 4နဲ့တွဲနှိပ်ရင်တော့ စာအဝင်   Inbox ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
  • 5နဲ့ တွဲနှိပ်ရင်တော့ Notificationကို    ရောက်ရှိသွားမှာ   ဖြစ်ပါတယ်။
  • 6နဲ့တွဲနှိပ်ရင်တော့ settings စာ မျက်နှာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
  • 7နဲ့တွဲနှိပ်ရင်တော့ Activity Log   စာမျက်နှာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
  • 8နဲ့  တွဲနှိပ်ရင်တော့ About စာ မျက်နှာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
  • 9နဲ့ တွဲနှိပ်ရင်တော့ ဖေ့စ်ဘုတ်ခ် ရဲ့ မူဝါဒတွေစည်းကမ်းပိုင်းတွေနဲ့ ဆိုင်တဲ့ စာမျက်နှာကိုရောက်ရှိ သွားမှာဖြစ်ပါတယ်။
  • 0 နဲ့ တွဲနှိပ်ရင်တော့ အကူအညီ စာမျက်နှာ Help ကို ရောက်ရှိမှာဖြစ်ပါတယ်။
အထက်ပါခလုတ်တွေကို အသုံးပြုပြီးဖေ့စ်ဘုတ်ခ်ကို ကွန်ပျူတာမှာလျင် လျင်မြန်မြန် သုံးနိုင်မှာ ဖြစ်ပါတယ်။
ကိုသက်ဖြိုး
http://www.kumudranews.com မှကူးယူဖော်ပြသည်။
Jaketaw85
Saturday, July 30, 2016
font ရှိရှိမရှိရှိ သင့် ဝက်ဆိုက်/blog ကို ဘယ်သူမဆို ဖတ်လို့ရအောင် လုပ်ချင်ရင်-
မှန်ပါတာယ်။ ဘယ် မြန်မာဖွန့်မှ ထည့်မထားတဲ့ စက်မှာတောင် မြန်မာ လိုဖတ်လို့ရတဲ့ နည်းပညာ ထွက်ပါပြီ။
အခမဲ့လည်း သုံးနိုင်ပါတယ်။ သင့်ဝဗ်ဆိုက်မှာ အလွယ်တကူလည်း ထည့်နိုင်ပါတယ်။
အမှန်ဆို မကြာတော့တဲ့ အနာဂတ်မှာ ကွန်ပျူတာတိုင်း၊ Mac, PC, Linux, IPhone, Symbian, Windows Mobile ဘယ် ကွန်ပျူတာ၊ ဘယ်ဖုန်းမဆို ကမ္ဘာ့ standard  Myanmar Unicode ကို စံအဖြစ် ထည့်သွင်းနေကြ ပါပြီ။ ထည့်သွင်းလာတာနဲ့အမျှ၊ မြန်မာလို စာတွေ email တွေ ဖတ်ဘို့ Myanmar font ထည့်ထားဘို့ လိုတယ်ဆိုတဲ့ ခေတ် ရှိတော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စက်တိုင်းမှာ အပြီးပါပြီးသား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ISO Standard, Myanmar Unicode Standard ကြောင့် စက်တိုင်းက မြန်မာစာကို သိတဲ့ခေတ်ကို တဖြေးဖြေး ရောက်လာပါပြီ။
 ဘယ် မြန်မာဖွန့်မှ ထည့်မထားတဲ့ စက်မှာတောင် မြန်မာ လိုဖတ်လို့ရတဲ့ နည်းပညာ ထွက်ပါပြီ။ မြန်မာ ယူနီကုဒ်ကို သုံးထားရင် လုပ်လို့ရပါတယ်။ ဇော်ဂျီ သုံးထားရင်တော့ ရမှာ မဟုတ်ပါဘူး။
Myanmar Unicode သုံးထားတဲ့ သင့် ဝဗ်ဆိုက်/blog ကို ဘယ် Myanmar font မှ မရှိတာတောင် ဖတ်လို့ ရသွား စေရပါမယ်။  ဒီဆော့ဝဲကျေးဇူးနဲ့ ဝဗ်ဆိုက်ပိုင်ရှင်တိုင်း Unicode ကို စိတ်ချလက်ချ ပြောင်းသုံးနိုင်ပါပြီ။ ကိုယ့်ဝဗ်ဆိုက်ကို အခြားလူ ဖတ်မရမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ ဒီစနစ်ကို တီထွင်သူ ၂ ယောက်ကို အထူးကျေးဇူး တင်ဘို့ ကောင်းပါတယ်။ ဖြစ်နိုင်ရင် သူတို့ ၂ ယောက်ဆီကို ကျေးဇူးတင်စာ ပို့ပေးလိုက်ပါ။
  • Keith Stribley -- http://www.thanlwinsoft.org
  • Wunna Ko Ko -- http://my.openoffice.org/bur/
လွယ်ပါတယ်။ ဒါလေး ၃ ခု လုပ်ရုံပါဘဲ။ web page တိုင်းမှာ လုပ်ရမှာဆိုတော့ WordPress, Joomla, blog တို့ သုံးရင်တော့ template မှာ တစ်ခါ ဝင်ပြင်ရုံပါဘဲ။ html page တွေဆိုရင်တော့ စာမျက်နှာတိုင်း ပြင်ဘို့ လိုပါလိမ့်မယ်။
  1. <head> နဲ့ </head> ကြားထဲမှာ ဒါလေး ထည့်ထားပါ။
    <!--[if IE]>
    <style>vml\: * { behavior:url(#default#VML); display:inline-block }</style>
    <xml:namespace ns="urn:schemas-microsoft-com:vml" prefix="vml" />
    <![endif]-->
      <script type="text/javascript" src="http://mut.rit-alumni.info/styles/myDetection.js"></script>
      <script type="text/javascript" src="http://mut.rit-alumni.info/styles/xmlRequest.js"></script>
  2. <body> tag ကို ဒီလို အစားထိုး ဘို့ လိုပါတယ်။
    <body onload="myUnicode.initParse('http://mut.rit-alumni.info/styles/');">
  3. invisible code လေးတစ်စုကို footer မှာဘဲဖြစ်ဖြစ် web page ရဲ့ တစ်နေရာမှာ ထည့်ထားပေးဘို့ လိုပါတယ်။
    <span class="myUniTest" id="myWidth2">ကက</span>
    <span class="myUniTest" id="myWidth1">က္က</span>
Tuesday, July 19, 2016
#Zawgyi
#Myanmar3
Keymagic ပြဿနာ ဖြေရှင်းနည်း
Keymagic သွင်းပြီးဖွင့်မရတဲ့ ပြဿနာရှိတတ်ကြပါတယ်။ များသောအားဖြင့် သွင်းတဲ့နေရာမှာ သူမှီခိုနေတဲ့ C++ ဖိုင်တွေ မိမိစက်မှာ သွင်းပြီးသား မရှိလို့ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ Keymagic ကိုဖွင့်လို့ရမှာ မဟုတ်ပါဘူး။
C++ ဖိုင်သွင်းဖို့ရာ မိမိစက်က 32 bit Windows ဆိုရင်
http://www.microsoft.com/download/en/details.aspx?id=5582 ကို down ပြီးသွင်းပါ။
မိမိစက်က 64 bit ဆိုရင် 32 bit အတွက်ရော 64 bit အတွက်ပါ ၂ မျိုးလုံးသွင်းပေးရ ပါတယ်။
http://www.microsoft.com/download/en/details.aspx?id=5582 နှင့်
http://www.microsoft.com/download/en/details.aspx?displaylang=en&id=15336
တို့ကို down ပြီးသွင်းပါ။
ဒါဆိုရင်တော့ Keymagic ကိုဖွင့်သုံးလို့ရပါပြီ။ ဒါပေမယ့်.............
လိုအပ်တာ သွင်းထားပြီးသား အခြေအနေမှာ တောင် ဖွင့်မရတဲ့ ပြဿနာ ခဏခဏ ဖြစ်ပေါ်ပါတယ်။ ( ကျနော်တို့ ရုံးကစက်တွေ မှာ ဒီပြဿနာ ရှိနေပါတယ်။) ဘာလုပ်ပေးရမလဲ လိုက်ရှာလိုက်တော့...
C:\Users\( User Name )\AppData\Local\Thant_Thet_Khin_Zaw ဖိုဒါထဲမှာ ရှိတဲ့ အရာအားလုံးကို ဖျက်ပစ်လိုက်ပါက ပြန်ဖွင့်လို့ ရပြီး သုံးလို့ အဆင်ပြေသွားပါတယ်။
Monday, July 30, 2012
မျက်မမြင်တွေအတွက် စမတ်ဖုန်
မျက်မမြင်တွေအတွက် သွားရေးလာရေးနဲ့ စာဖတ်ဖို့အတွက် အလွယ်တကူအသုံးပြုနိုင်မယ့် စမတ်ဖုန်း ဈေးကွက်ထဲရောက်ရှိလာပြီဖြစ်ပါတယ်၊ Gerogie လို့ခေါ်တဲ့စမတ်ဖုန်းကိုအခြားဖုန်းတွေလိုပဲ မျက်နှာပြင်ကိုလက်နဲ့တို့ထိအမိန့်ပေးလို့ရသလို ဖုန်းထဲကအသံနဲ့ပြန်ပြောပြပေးမှာဖြစ်ပါတယ်၊ ဒါ့အပြင်မျက်မမြင်တွေ ဘတ်စ်ကားမလွတ်အောင် စာဖတ်လို့ရအောင် တည်နေရာရှာဖွေမှုတွေအတွက် လည်းအကူအညီပေးနိုင်မှာဖြစ်ပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်
Surface တက်ဘလက်
မိုက်ကရိုဆော့ကုမ္ပဏီကSurface တက်ဘလက် လက်ကိုင် ကွန်ပြူတာ ထွက်လာမယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မှာကြေညာလိုက်ပါတယ်၊ Touch screenအသုံးပြု ထားတဲ့ဒီ Surface တက်ဘလက် မှာမိုက်ကရိုဆော့ရဲ့ windows 8 OS ကိုထည့်သွင်းထားတာမှာဖြစ်ပြီး Processor အပိုင်းမှာတော့ ntel ဒါမှမဟုတ်ARM processors တို့ကိုအသုံးပြုထားမှာဖြစ်ပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်
Sunday, July 29, 2012
မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု
မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
 (၁)  အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။
 (၂)  ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃)   ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄)   မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅)   Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။
 (ရေးသားသူ ညိုလင်းထွန်း)