![]() |
ဦးဇိနစေတီတော်တွင် မဟာမြတ်မုနိရုပ်ပွားတော် မျက်နှာ်တော်ပုံစံ ဖူးတွေ့ရပုံ |
ဘုရားဖူးခရီး
၂၀၁၈ နှစ်ကုန်ပိုင်းမှာ ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ ခရီးတစ်ခုစီစဉ်ဖြစ်ပါတယ်။ ထားဝယ်ရှင်ကိုးရှင် လေးညအိပ် ငါးရက်ဘုရားဖူးခရီးစဉ်ပါ။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ နေပြည်တော်ကစထွက်ပါတယ်။ ၂၉ ရက်နေ့ မနက် ၅ နာရီလောက်မှာ ထားဝယ်ကိုရောက်ဖို့ ၄၈ မိုင် မှာရှိတဲ့ ကလိန်အောင်မြို့က ဆံတော်ရှင်ဘုရားတောင်ခြေကိုရောက်ပါတယ်။
![]() |
ဆံတော်ရှင်ဘုရားတောင်ပေါ်မှ မြင်ကွင်း (ကလိန်အောင်၊ ထားဝယ်မြို့နယ်) |
![]() |
ဦးဇိနဘုရား မော်လမြိုင် |
ဂေါတမမြတ်စွာဘုရားရှင်သည် (၈)၀ါမြောက် မဟာသက္ကရာဇ် (၁၁၁) ခုနှစ်ဝ သုဝဏ္ဏဘုမ္မိရာမညဒေသသို့ ဒေသစာရီကြွချီေ၇ာက်ရှိတော်မူစဉ် နာဂ၀ီသတောင်တွင် သီတင်းသုံးနေထိုင်သော ဇိနရသေ့ကြီးသည် ဘုရားရှင်ထံတော်မှ ဆံတော် (၇) ဆူကို ပူးဇော်ခွင့်ရရှိခဲ့ပါတယ်။ ရသေ့ကြီးသည် ဆံတော်များကို ဌာနနာပြီး ကျောက်ပုံစေတီအဖြစ်ကိုးကွယ်ခဲ့ပါတယ်။ ကျောက်ပုံစေတီတည်ထားရာတွင် နဂါးအဖို အမတို့က ကူညီတည်ထားပေးခဲ့ကြပါတယ်။
ကုန်သည် ပန်ဒိက ကျောက်ပုံစေတီကိုတိုးမြှင့်ပြုပြင်ခဲ့ပါသည်။ ထိုမှစ၍ အလှူရှင်များက အဆင့်ဆင့် ပြုပြင်မွန်းမံ တိုးမြှင့်ပူဇော်ခဲ့ကြပါတယ်။
ဆံတော်ရှင်ဦးဇိန စေတီတော်ထူးခြားချက်
ဘုရားဖူးအဖွဲ့ မော်လမြိုင်ကိုဝင်တော့ ညနေ ၄ နာရီလောက်ရှိပါပြီ။ မိတ်ဆွေတစ်ဦးရဲ့ မောင်တို့ မိသားစုက မြို့အ၀င်ကစောင့်နေပြီး ဘုရားတောင်ပေါ်ကိုလိုက်ပို့ပေးပါတယ်။ လှည့်ပတ်ဖူးမျှော်ရင်းက အနောက်တောင်ထောင့်မှာ အဖိုးကြီးတစ်ဦး ပ၀ါးလေးတစ်ကိုကာပြီး စေတီတော်ကိုဖူးမျှော်နေတာတွေ့လို့ ၀င်စပ်စုကြည့်ရင်းက စေတီတော်ကြာမှောက်နဲ့ ကြာလှန်ကြားကို နေရဲ့အရိပ်ထိုးပြီး ဗုဒ္ဓဘုရားရှင်ရဲ့ မျက်နှာတော်ပေါ်နေတာကို အံ့သြထူးဆန်းစွာ ဖူးမျှော်ခဲ့ရပါတယ်။ အနီးနားမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသည် မိသားစုကလဲ ထူးဆန်းတဲ့ဖြစ်ရပ်ကို မှတ်တမ်းတင်နေကြတာကို တွေ့ရပါတယ်။ မျက်နှာ်တော်က မန္တလေးမဟာမြတ်မုနိ ဘုရားရဲ့ မျက်နှာ်တော်ပုံစံမျိုးပါ။ နောက်တစ်ခုပိုပြီးထူးခြားတာက ဖုန်းကင်မရာနဲ့ရိုက်ရင် Auto Focus ဖြတ် တာပါပဲ။ ထူးထူးခြားခြားဖူးမျှော်ခဲ့ရလို့ ၀မ်းမြောက်မိပါတယ်။ လိုက်ပို့ပေးတဲ့ညီလေးတို့မိသားစု၊ ကားဆရာနဲ့ အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။
အောက်မှာ ဗုဒ္ဓဘုရားရဲ့မျက်နှာ်တော်ကို ဖူးတွေ့ရတဲ့ ဗွီဒီယိုဖိုင်တင်ပေးလိုက်ပါတယ်။
No comments:
Post a Comment