သြဂုတ် ၁၇
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော
ပဋိပက္ခများနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းရန်နှင့်
အမျိုးသားအကျိုးစီးပွား တိုးတက်ရေးအကြံပြုရန်အတွက် နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့်
သြဂုတ်လ ၁၇ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလိုက်သည်။ အဖွဲ့ဝင်ပေါင်း၂၇
ဦးဖြင့် ဖွဲ့စည်းလိုက်သော ကော်မရှင်တွင် ဘာသာရေးခေါင်းဆောင်များ၊
နိုင်ငံရေးသမားများ ၊လူမှုရေး လုပ်ဆောင်နေသူများ ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ
တာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များမှ ပါဝင်ကြောင်းတွေ့ရှိရသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်ကြောင်းကို
နိုင်ငံတော်သမ္မတရုံး၏ ၀က်ဘ်ဆိုဒ်တွင် ယနေ့မွန်းလွဲပိုင်းက စတင် သတင်းထုတ်ပြန်ထား ကြောင်းသိရသည်။
No comments:
Post a Comment