ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံးမှ
ပေးပို့လာသော ရခိုင်အရေးနှင့်ပတ်သတ်သည့် သ၀ဏ်လွှာကို ယနေ့ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးတွင် နာယက က ဖတ်ကြားတင်ပြခြင်းနှင့် လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း
ပြုလုပ်ရန်စီစဉ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်အချို့၏ ကန့်ကွက်မှု ရှိလာ၍
အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာကို
ကန့်ကွက်ထားသည့် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှာ ဒေါက်တာအေးမောင်နှင့်
ဦးဘရှိန်တို့ဖြစ်ကြောင်း သိရှိရသည်။
"ကျွန်တော်တို့က သမ္မတရဲ့ သ၀ဏ်လွှာကို ကန့်ကွက်တာမဟုတ်ဘူး။ အဲဒါနဲ့ ပူးတွဲပါတဲ့ ရခိုင်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာအပိုဒ် ၉ ရဲ့ အချက် ၈ ချက်ဟာ ဖြစ်စဉ်အမှန်နဲ့ ကွဲလွဲနေတယ်။ အဲဒါကို ပြန်သုံးသပ်ပေးဖို့ ကန့်ကွက်လွှာတင်တာပါ"ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။
အစီရင်ခံစာအပိုဒ် ၉ တွင် နိုင်ငံရေးပါတီများ၊ သံဃာများနှင့် စီးပွားရေးသမားအချို့မှ သွေးထိုးလှုံ့ဆော်မှုကြောင့် ယခုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားရသည်ဟု အဓိပ္ပာယ်ပါသည့် အချက်အချို့အစီရင်ခံစာတွင် ရေးသားထားခြင်းကြောင့်ဖြစ်သည် ဟု ဒေါက်တာအေးမောင်က ဆက်လက်ရှင်းပြသည်။
ဒေါက်တာအေးမောင်
No comments:
Post a Comment