အားလံုးပဲမဂၤလာပါ
ခင္ဗ်ားဒီစာကိုစဖတ္ဖို႔ေသခ်ာၿပီလား
1,
2,
3,
OK စဖတ္ေတာ့မယ္ဆိုပါေတာ့
တစ္ခုသတိထားရမွာက
ဒီေနရာမွာကတည္းက
ခင္ဗ်ားရဲ့ငါသည္ဘာရာထူး
အဆင့္အတန္းဆိုတဲ့
ခင္ဗ်ားအသက္
၆၀ မျပည့္ခင္အခ်ိန္ေလးမွာထမ္းေဆာင္ထားရတဲ့
ဝန္ထုတ္ဝန္ပိုးေတြကို
ခဏေလာက္ျပစ္ခ်ထားခဲ့လိုက္ပါ။
အခုေျပာခ်င္တာက
ခင္ဗ်ားတို႔ရဲ့အတၱမာနေတြအေၾကာင္းပဲ။
ငယ္စဥ္ကတည္းကပါလာခဲ့တဲ့ေၾကာက္စိတ္ေတြ၊
ႏုနယ္စဥ္ကာလမွာ
ေတြ႕ႀကံဳခဲ့ရတဲ့အေၾကာင္းအရာေတြ၊
ဖိႏွိပ္ၾကမ္းတမ္းတဲ့
သင္တန္းလိုမ်ိဳးအေတြ႕အႀကံဳေတြ၊
ရာထူးငယ္စဥ္က
ႀကီးသူေတြရဲ့ဖိႏွိပ္ခံ
ခဲ့ရမႈေတြၾကားမွာျဖတ္သန္းလာခဲ့ၾကရတယ္။
ဒါေတြကအတၱမာနေတြႀကီးထြားေအာင္မီးထိုးေပးခဲ့တဲ့ေလာင္စာေတြပဲ။
တနည္းအားျဖင့္ေျပာရရင္
စဥ္းစားဥာဏ္ကိုေဘာင္ခတ္ေပးလိုက္ၾကတာပဲ။
ဒီေဘာင္ထဲကမေက်ာ္ႏိုင္ၾကဘူး။
ဥပမာ-
ငယ္စဥ္က
စည္းကမ္းအရမ္းတင္ၾကပ္တဲ့ဖခင္မ်ိဳးနဲ႔ႀကီးျပင္းလာခဲ့ရသူမ်ိဳး၊
ေဘာလံုးကန္လို႔
ေက်ာင္းစိမ္းအကၤ်ီအျဖဴေပ
သြားခဲ့ရင္
ဒုတ္နဲ႔႐ိုက္ၿပီးဒဏ္ေပးခဲ့တဲ့မိခင္မ်ိဳး
တနည္းေျပာရရင္
မသိစိတ္ထဲက
အ႐ိုးစြဲေအာင္ေၾကာက္ရသူမ်ိဳးနဲ႔ပတ္သက္ခဲ့ရ
သူေတြဟာ
ျပႆနာတစ္ခုကိုေျဖရွင္းေတာ့မယ္ဆိုရင္
အဲလူေနရာကခံစားၿပီးေျဖရွင္းေလ့ရွိတယ္။
သူအင္မတန္ေၾကာက္ခဲ့ရသူ
ေနရာမွာ
သူကိုယ္တိုင္ခံစားၿပီး
သူ႔ေရွ႕မွာရွိတဲ့သူကိုငယ္စဥ္ကသူကိုယ္တိုင္ေၾကာက္ခဲ့ရသလိုေၾကာက္ေအာင္
နည္းလမ္းမ်ိဳးစံုနဲ႔
လုပ္ေလ့ရွိၾကတယ္။
အသစ္အသစ္ေတြကိုထပ္ထပ္ၿပီးစဥ္းစားဖို႔
အပိတ္ခံထားၾကရတယ္။
လုပ္ေနၾကအလုပ္တစ္ကိုေျပာင္းလဲလုပ္ေဆာင္ဖို႔
အႀကံသစ္တစ္ခုေပးတယ္ဆိုရင္ပဲ
ေပးတဲ့သူစိတ္ပ်က္သြားေအာင္
မျဖစ္ႏိုင္
ေၾကာင္း အေၾကာင္းအမ်ိဳးမ်ိဳးျပတားျမစ္ၾကတယ္။
ဘာျဖစ္လို႔လဲ။
သူကိုယ္တိုင္ကဒီအႀကံမ်ိဳး
ငါဘာလို႔မစဥ္းစားမိတာလဲ၊
ငါဒီေလာက္ေတာ္ရဲ့သားနဲ႔ဆိုတဲ့
မိမိရဲ့မသိစိတ္က
လက္မခံႏိုင္တဲ့အေၾကာင္းအရာမ်ိဳးကို
လက္ခံလာေအာင္
အျပင္ကေနအတင္း
မိမိကိုယ္မိမိ
အားေပးထိုးသိပ္ထည့္ထားတဲ့အတြက္
ေပးသမ်ွအႀကံဥာဏ္အသစ္ေတြဟာ
တိုးမေပါက္ေတာ့ပဲျဖစ္ေနတတ္တယ္။
အတၱမာနေတြရွင္သန္ဖို႔အတြက္
ေပါင္းသင္ရွင္းလင္းပြဲေလးေတြကို
အခန္းတြင္းမွာရံဖန္ရံခါလုပ္ေလ့ရွိတယ္။
မင္းတို႔အသံုးမက်ဘူး၊
ငါေတာင္လုပ္ႏိုင္တယ္မင္းတို႔မလုပ္ႏိုင္ဘူး၊
ငါကမင္းတို႔မျမင္တဲ့ရႈေထာင့္ကျမင္ႏိုင္တယ္
စသျဖင့္ေပါ့ေလ။
ခ်ိန္ခြင္လ်ွာလိုမ်ိဳး
ျပစ္တင္ဆဲဆိုျခင္းဆိုတဲ့အေလးကို
သူမ်ားဖက္ကိုပစ္တင္ႏိုင္ေလေလ
သူရဲ့အတၱမာနကျမင့္တက္ေလေလပဲ။
အဲကစၿပီးဆံုးရႈံးရေတာ့တာပဲ။
မိမိအလုပ္အတြက္အႀကံေကာင္းဥာဏ္ေကာင္းေတြဆံုးရႈံးတယ္၊
မိမိတာဝန္ေက်ရင္ၿပီးတာပဲ၊
မိမိတာဝန္ကလြတ္ရင္ၿပီးတာပဲဆိုတဲ့စ႐ိုက္ေတြ
ျမင့္တက္လာရတယ္။
လက္ေအာင္ငယ္သားရဲ့
ေတြးေခၚေမ်ွာ္ျမင္ႏိုင္စြမ္းေတြ
ဆံုးရႈံးတာဟာ
အရာေတာ္ေတာ္မ်ားမ်ားကိုဆံုးရႈံးႏိုင္ပါတယ္။
လြန္ခဲ့တဲ့
ႏွစ္ ၃၀ ကအတိုင္းပဲ
ေနာက္ထပ္ႏွစ္ေတာ္ေတာ္မ်ားမ်ား
ကိုဒီလိုပဲ
မေျပာင္းလဲပဲျဖတ္သန္းသြားရႏိုင္ပါတယ္။
မိတ္ေဆြကုမၷဏီတစ္ခုမွာ
သူရဲ့ဝန္ထမ္းေတြအတြက္
ႏွစ္စဥ္ပညာေတာ္သင္ေရြးခ်ယ္ေစလြတ္ေလ့ရွိတယ္။
ကြန္ျပဴတာ၊
စာရင္းဇယား၊
သုေတသနပညာစသည္ျဖင့္ေပါ့။
ျပန္ေရာက္ရင္မူလတာဝန္အျပင္တတ္ေျမာက္လာတဲ့ပညာကို
ခ်က္ခ်င္းလက္ေတြ႕
ဦးေဆာင္ၿပီးျပဳလုပ္ခိုင္းပါတယ္။
တြဲလုပ္တဲ့ဝန္ထမ္းေတြအတြက္သင္ၿပီးသားလဲျဖစ္သြားပါတယ္။
အစိုးရဌာနေတြမွာလဲ
သင္တန္းေတြ၊
ပညာေတာ္သင္ေတြလြွတ္ပါတယ္။
ကြန္ျပဴတာသမားကို
စာရင္ဇယားနဲ႔သက္ဆိုတဲ့သင္တန္း၊
ေငြစာရင္းလုပ္ေနတဲ့
သူကို
IT သင္တန္း။
ျပန္လာေတာ့မိမိမူလတာဝန္ကိုဆက္လုပ္။
ၿပီးေရာ။
နီးရာလူစနစ္စီမံခန္႔ခြဲမႈ။
တခ်ိဳ႕ကေတာ့ဒီလိုမဟုတ္ျပန္။
ရာထူးငယ္စဥ္အခါက
ႏွစ္ရွည္ပညာသင္။
ေနာက္တစ္ဆင့္တက္ေတာ့လဲ
ေနာက္တစ္မ်ိဳးပညာသင္။
ရာထူးႀကီးႀကီးရတဲ့ထိ
ေက်ာင္းတက္ခ်င္တဲ့ပိုးကမေပ်ာက္ဘူးရယ္။
လုပ္ငန္းခြင္ထဲမေတာ့
တပည့္အားကိုးလက္မွတ္ထိုး ဆိုတဲ့အဆင့္ေလာက္သာသာ။
ေျပာရင္းေတာင္ေရာက္ေျမာက္ေရာက္ျဖစ္ကုန္ၿပီ
ျပန္ခ်ဳပ္ရရင္ေတာ့
ဥပေဒေတြ၊
လုပ္ထံုးလုပ္နည္းေတြဆိုတာရွိပါတယ္။
အဲဒီက
ေက်ာ္လြန္ၿပီးဘာမွလုပ္လို႔မရပါဘူး။
တစ္ခါက
- ဌာနခြဲတစ္ခုက
ဝန္ထမ္းေတြကေရေဘးသင့္ျပည္သူေတြကို
ပစၥည္း၊
အဝတ္အထည္၊
ေငြေၾကးစသည္ျဖင့္
လႉခ်င္တယ္၊
ဒါေပမဲ့
ဌာနခြဲလူႀကီးလုပ္တဲ့သူက
ဥပေဒစာအုပ္ကိုင္ၿပီး
ဝန္ထမ္းဥပေဒနဲ႔
မကိုက္ညီဘူး
မလႉရဘူးဆိုတာမ်ိဳးရွိဘူးပါတယ္။
တခါတရံမွာအက်ိဳးရွိမယ့္ကိစၥမ်ိဳးကိုတာဝန္ခံၿပီးလုပ္ႏိုင္ရပါမယ္။
အတၱမာန
အတြက္ကေတာ့
လြန္ခဲ့တဲ့ႏွစ္ေပါင္း
၂၅၀၀ ေက်ာ္ကတည္းက
ဗုဒၶျမတ္စြာဘုရားက
ကုစားဖို႔ေဆးနည္းေပးၿပီးသားျဖစ္ပါတယ္။
တရားထိုင္ၾကည့္ပါ။
ထူးျခားလာပါလိမ့္မယ္။
သတင္း၊
ဥပေဒအစရွိတဲ့
ဥေႏွာင့္အတြက္
အဟာရေတြအျပင္၊
ရသစာေပလိုမ်ိဳး
ႏွလံုးသားအဟာရေတြကိုပါ
မ်ွတစြာသံုးေဆာင္ေပးၾကပါလို႔
ေျပာပါရေစခင္ဗ်ာ။
အားလံုးပဲက်န္းမာ
ခ်မ္းသာလို႔
လိုအင္ဆႏၵေတြျပည့္စံုၾကပါေစ။
ေနာင္ေနာင္ (ေနျပည္ေတာ္)
အားလုံးပဲမင်္ဂလာပါ
ခင်ဗျားဒီစာကိုစဖတ်ဖို့သေချာပြီလား
1,
2,
3,
OK စဖတ်တော့မယ်ဆိုပါတော့ တစ်ခုသတိထားရမှာက ဒီနေရာမှာကတည်းက ခင်ဗျားရဲ့ငါသည်ဘာရာထူး
အဆင့်အတန်းဆိုတဲ့ ခင်ဗျားအသက် ၆၀ မပြည့်ခင်အချိန်လေးမှာထမ်းဆောင်ထားရတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို
ခဏလောက်ပြစ်ချထားခဲ့လိုက်ပါ။
အခုပြောချင်တာက ခင်ဗျားတို့ရဲ့အတ္တမာနတွေအကြောင်းပဲ။
ငယ်စဉ်ကတည်းကပါလာခဲ့တဲ့ကြောက်စိတ်တွေ၊ နုနယ်စဉ်ကာလမှာ တွေ့ကြုံခဲ့ရတဲ့အကြောင်းအရာတွေ၊
ဖိနှိပ်ကြမ်းတမ်းတဲ့ သင်တန်းလိုမျိုးအတွေ့အကြုံတွေ၊ ရာထူးငယ်စဉ်က ကြီးသူတွေရဲ့ဖိနှိပ်ခံ
ခဲ့ရမှုတွေကြားမှာဖြတ်သန်းလာခဲ့ကြရတယ်။ ဒါတွေကအတ္တမာနတွေကြီးထွားအောင်မီးထိုးပေးခဲ့တဲ့လောင်စာတွေပဲ။
တနည်းအားဖြင့်ပြောရရင် စဉ်းစားဉာဏ်ကိုဘောင်ခတ်ပေးလိုက်ကြတာပဲ။ ဒီဘောင်ထဲကမကျော်နိုင်ကြဘူး။
ဥပမာ- ငယ်စဉ်က စည်းကမ်းအရမ်းတင်ကြပ်တဲ့ဖခင်မျိုးနဲ့ကြီးပြင်းလာခဲ့ရသူမျိုး၊
ဘောလုံးကန်လို့ ကျောင်းစိမ်းအင်္ကျီအဖြူပေ သွားခဲ့ရင် ဒုတ်နဲ့ရိုက်ပြီးဒဏ်ပေးခဲ့တဲ့မိခင်မျိုး
တနည်းပြောရရင် မသိစိတ်ထဲက အရိုးစွဲအောင်ကြောက်ရသူမျိုးနဲ့ပတ်သက်ခဲ့ရ သူတွေဟာ ပြဿနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင်
အဲလူနေရာကခံစားပြီးဖြေရှင်းလေ့ရှိတယ်။ သူအင်မတန်ကြောက်ခဲ့ရသူ နေရာမှာ သူကိုယ်တိုင်ခံစားပြီး
သူ့ရှေ့မှာရှိတဲ့သူကိုငယ်စဉ်ကသူကိုယ်တိုင်ကြောက်ခဲ့ရသလိုကြောက်အောင် နည်းလမ်းမျိုးစုံနဲ့
လုပ်လေ့ရှိကြတယ်။ အသစ်အသစ်တွေကိုထပ်ထပ်ပြီးစဉ်းစားဖို့ အပိတ်ခံထားကြရတယ်။
လုပ်နေကြအလုပ်တစ်ကိုပြောင်းလဲလုပ်ဆောင်ဖို့
အကြံသစ်တစ်ခုပေးတယ်ဆိုရင်ပဲ ပေးတဲ့သူစိတ်ပျက်သွားအောင် မဖြစ်နိုင် ကြောင်း အကြောင်းအမျိုးမျိုးပြတားမြစ်ကြတယ်။
ဘာဖြစ်လို့လဲ။ သူကိုယ်တိုင်ကဒီအကြံမျိုး ငါဘာလို့မစဉ်းစားမိတာလဲ၊ ငါဒီလောက်တော်ရဲ့သားနဲ့ဆိုတဲ့
မိမိရဲ့မသိစိတ်က လက်မခံနိုင်တဲ့အကြောင်းအရာမျိုးကို လက်ခံလာအောင် အပြင်ကနေအတင်း မိမိကိုယ်မိမိ
အားပေးထိုးသိပ်ထည့်ထားတဲ့အတွက် ပေးသမျှအကြံဉာဏ်အသစ်တွေဟာ တိုးမပေါက်တော့ပဲဖြစ်နေတတ်တယ်။
အတ္တမာနတွေရှင်သန်ဖို့အတွက်
ပေါင်းသင်ရှင်းလင်းပွဲလေးတွေကို အခန်းတွင်းမှာရံဖန်ရံခါလုပ်လေ့ရှိတယ်။ မင်းတို့အသုံးမကျဘူး၊
ငါတောင်လုပ်နိုင်တယ်မင်းတို့မလုပ်နိုင်ဘူး၊ ငါကမင်းတို့မမြင်တဲ့ရှုထောင့်ကမြင်နိုင်တယ်
စသဖြင့်ပေါ့လေ။ ချိန်ခွင်လျှာလိုမျိုး ပြစ်တင်ဆဲဆိုခြင်းဆိုတဲ့အလေးကို သူများဖက်ကိုပစ်တင်နိုင်လေလေ
သူရဲ့အတ္တမာနကမြင့်တက်လေလေပဲ။ အဲကစပြီးဆုံးရှုံးရတော့တာပဲ။ မိမိအလုပ်အတွက်အကြံကောင်းဉာဏ်ကောင်းတွေဆုံးရှုံးတယ်၊
မိမိတာဝန်ကျေရင်ပြီးတာပဲ၊ မိမိတာဝန်ကလွတ်ရင်ပြီးတာပဲဆိုတဲ့စရိုက်တွေ မြင့်တက်လာရတယ်။
လက်အောင်ငယ်သားရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေ ဆုံးရှုံးတာဟာ အရာတော်တော်များများကိုဆုံးရှုံးနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ ကအတိုင်းပဲ နောက်ထပ်နှစ်တော်တော်များများ ကိုဒီလိုပဲ မပြောင်းလဲပဲဖြတ်သန်းသွားရနိုင်ပါတယ်။
မိတ်ဆွေကုမ္ပဏီတစ်ခုမှာ
သူရဲ့ဝန်ထမ်းတွေအတွက် နှစ်စဉ်ပညာတော်သင်ရွေးချယ်စေလွတ်လေ့ရှိတယ်။ ကွန်ပြူတာ၊ စာရင်းဇယား၊
သုတေသနပညာစသည်ဖြင့်ပေါ့။ ပြန်ရောက်ရင်မူလတာဝန်အပြင်တတ်မြောက်လာတဲ့ပညာကို ချက်ချင်းလက်တွေ့
ဦးဆောင်ပြီးပြုလုပ်ခိုင်းပါတယ်။ တွဲလုပ်တဲ့ဝန်ထမ်းတွေအတွက်သင်ပြီးသားလဲဖြစ်သွားပါတယ်။
အစိုးရဌာနတွေမှာလဲ သင်တန်းတွေ၊ ပညာတော်သင်တွေလွှတ်ပါတယ်။ ကွန်ပြူတာသမားကို စာရင်ဇယားနဲ့သက်ဆိုတဲ့သင်တန်း၊
ငွေစာရင်းလုပ်နေတဲ့ သူကို IT သင်တန်း။ ပြန်လာတော့မိမိမူလတာဝန်ကိုဆက်လုပ်။ ပြီးရော။
နီးရာလူစနစ်စီမံခန့်ခွဲမှု။ တချို့ကတော့ဒီလိုမဟုတ်ပြန်။ ရာထူးငယ်စဉ်အခါက နှစ်ရှည်ပညာသင်။
နောက်တစ်ဆင့်တက်တော့လဲ နောက်တစ်မျိုးပညာသင်။ ရာထူးကြီးကြီးရတဲ့ထိ ကျောင်းတက်ချင်တဲ့ပိုးကမပျောက်ဘူးရယ်။
လုပ်ငန်းခွင်ထဲမတော့ တပည့်အားကိုးလက်မှတ်ထိုး ဆိုတဲ့အဆင့်လောက်သာသာ။
ပြောရင်းတောင်ရောက်မြောက်ရောက်ဖြစ်ကုန်ပြီ
ပြန်ချုပ်ရရင်တော့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဆိုတာရှိပါတယ်။ အဲဒီက ကျော်လွန်ပြီးဘာမှလုပ်လို့မရပါဘူး။
တစ်ခါက - ဌာနခွဲတစ်ခုက ဝန်ထမ်းတွေကရေဘေးသင့်ပြည်သူတွေကို ပစ္စည်း၊ အဝတ်အထည်၊ ငွေကြေးစသည်ဖြင့်
လှူချင်တယ်၊ ဒါပေမဲ့ ဌာနခွဲလူကြီးလုပ်တဲ့သူက ဥပဒေစာအုပ်ကိုင်ပြီး ဝန်ထမ်းဥပဒေနဲ့ မကိုက်ညီဘူး
မလှူရဘူးဆိုတာမျိုးရှိဘူးပါတယ်။ တခါတရံမှာအကျိုးရှိမယ့်ကိစ္စမျိုးကိုတာဝန်ခံပြီးလုပ်နိုင်ရပါမယ်။
အတ္တမာန အတွက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ကုစားဖို့ဆေးနည်းပေးပြီးသားဖြစ်ပါတယ်။
တရားထိုင်ကြည့်ပါ။ ထူးခြားလာပါလိမ့်မယ်။ သတင်း၊ ဥပဒေအစရှိတဲ့ ဥနှောင့်အတွက် အဟာရတွေအပြင်၊
ရသစာပေလိုမျိုး နှလုံးသားအဟာရတွေကိုပါ မျှတစွာသုံးဆောင်ပေးကြပါလို့ ပြောပါရစေခင်ဗျာ။
အားလုံးပဲကျန်းမာ
ချမ်းသာလို့ လိုအင်ဆန္ဒတွေပြည့်စုံကြပါစေ။
No comments:
Post a Comment