Monday, August 1, 2016

ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ်ရွေးချယ်မူ နဲ့ပက်သက်ပြီး အလုပ်သမား သမဂ္ဂ ကွန်ရက် ဆန္ဒပြဖော်ထုတ်မူ ရပ်ဆိုင်းခြင်းခံရ


ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်မူ နဲ့ ပက်သက်ပြီး အလုပ်သမား သမဂ္ဂ ကွန်ရက်က ဆန္ဒထုတ်ဖော်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့ရဲ့ တားမြစ်မူကြောင့် ဆန္ဒပြမူ ရပ်ဆိုင်းခဲ့ရပါတယ်။

" နေရာက ကျွန်တော်တို့ ခွင့်ပြုထားတဲ့ နေရာ မဟုတ်ပါဘူး။ ဗိုလ် စိန်မှန် ကွင်းမှာ ပါ" လို့ ကျောက်တံတားမြို့နယ်က ရဲအရာရှိ ဦးသန်းဌေးက အဆိုပါ စုဝေးရာနေရာမှာ ရပ်ဆိုင်းဖို့ ပြောဆိုခဲ့ပါတယ်။

ခုံသမာဓိအဖွဲ့ အလုပ်သမား ကိုယ်စားလှယ် နှင့် ခုံသမာဓိ ကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ် ပွဲနှင့် ပက်သက်ပြီး အလုပ်သမဂ္ဂ ကွန်ရက်က မကျေနပ်တာကြောင့် သည်ကနေ့ နေ့ တစ်နာရီခွဲက စပြီး မဟာဗန္ဓုလ ပန်းခြံရှေ့မှာ လူအင်အား သုံးရာကျော် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 

အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ မလှလှက ဒီနေရာမှာ ဆန္ဒပြဖို့ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးကို လျောက်ထားခဲ့တာဖြစ်ပါတယ်။အ ခုမှ ရဲစခန်းက တာမွေက ဗိုလ်စိန်မှန်ကွင်းမှာ ခွင့်ပြုပေးတာဖြစ်ပြီး အလုပ်သမား တွေရဲ့ ရှေ့ရေးအတွက် သက်ဆိုင်ရာက တရားဝင်တားလို့ ရပ်ဆိုင်းလိုက်တာပါလို့ ပြောပါတယ်။
author မေဘယ်လ် နေရဲရင့်
photo ကိုမျိုးခိုင်





အိမ်ပြန်မြန်မာလုပ်သားများ ငွေညစ်နေသော ထိုင်းရဲတပ်ဖွဲ့ဝင်နှင့် AAC တို့ မဲဆောက် -မြဝတီ ချစ်ကြည်ရေးတံတားအနီးမှာ ထိပ်တိုက်တွေ့ဆုံ။




  ထိုင်းနိင်ငံ မဲဆောက် မြဝတီနယ်စပ် ချစ်ကြည်ရေး တံတားအနီး ကားမှတ်တိုင်မှာ
နေ့စဉ်မနက်တိုင်း စောင့်၍ အိမ်ပြန် မြန်မာလုပ်သားတွေကို မြန်မာအလုပ်သမား များအား အကြောင်းမဲ့ ငွေညှစ်နေသော မဲဆောက် ရဲများနှင့် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ ''AAC''တို့ ထိပ်တိုက် တွေ့
ခဲ့ကြောင်း သိရပါတယ်။ 


လက်မှတ်များပြည့်စုံပါလျှက်နဲ့ ဖမ်းဆီးငွေညှစ်ခံနေကြောင်း အိမ်ပြန်မြန်မာလုပ်သား တဦးက ဖုန်းဆက်အကူအညီတောင်းခံလာရာ AAC အဖွဲ့ဝင် ကိုရဲမင်းနှင့် ကိုကိုနိုင်တို့က ချက်ချင်းလိုက်သွားပြီး မဲဆောက်ထိုင်းရဲများနှင့် ထိပ်ထိုက်တွေ့ဆုံ ခဲ့တယ်လို့ AAC ရဲမင်းက ဆိုပါတယ်။
ဘာကြောင့်ဖမ်းဆီးလဲ ဘာအပြစ်ရှိလို့လဲ စာရွက်စာတမ်း ပြည့်စုံပါလျှက်နဲ့ ဘာဖြစ် လို့ ငွေးတောင်းခံသလဲ စသဖြင့် AAC က မေးမြန်းခဲ့ရာ ပြန်မဖြေနိုင်တဲ့ ထိုင်းရဲများက အလုပ်သမားထံမှ မတရား ရယူထားသော ငွေများကို ပြန်ပေး ခဲ့ရတယ်လို့ သိရပါတယ်။

အိမ်ပြန်မြန်လာလုပ်သားတွေကို ဝါ့ပါ့မစ်သက်တမ်း ကုန်တယ်ဆိုပြီး ဘတ် ၁၀၀၀၊ ထော်လော်ဆန်စိပဲ့ မပါလို့ ဆိုပြီး ဘတ်ငွေ ၅၀၀၊ ရက် ကိုးဆယ် တုံးထုရန် ၁ ရက်ကျော်လွန်တယ်လို့ပြီး ဘတ်ငွေ ၂၀၀၀ အသီးသီး တောင်းခဲ့တယ်လို့ ဆိုပါ တယ်။

ယ္ခု လိုစောင့်ပြီး ဆက်ဖမ်းနေမယ်ဆိုရင် အထက်လူကြီးများကို တိုင်ကြား သွားမယ်လို့ AACက ပြောဆိုလိုက်ရာ ထိုင်းရဲများက စစ်ဆေးနေခြင်းကို ချက်ချင်း ရပ်လိုက်ပြီး ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ 
ပုံစာ- အိမ်ပြန်မြန်မာလုပ်သားများအား မဲဆောက်တံတားအနီး စောင့်ဖမ်းသော ထိုင်းရဲများနှင့် ရင်ဆိုင်နေသော AAC အဖွဲ့ဝင် ရဲမင်းနှင့် ကိုကိုနိုင် PHOTO-AAC

 

ဖမ်းဆီးခံ မြန်​မာနိုင်​ငံသားများ မြ၀တီ ၉၉၉ ဂိတ်​​ဟောင်းတွင်​ တစ်​ဦး ဘတ်​ ၁၇၀၀ ဖြင့်​​ ရွေး​နေရ၍ များစွာ အခက်​ကြုံ



ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်
ထိုင်းနိုင်​ငံအတွင်း ထိုင်းစစ်​တပ်၏ ဦးဆောင်မှုဖြင့်​ မြန်​မာအပါအ၀င်​ တရားမ၀င် နိုင်​ငံခြားသား အလုပ်သမားများအား ဇူလိုင် ၂၇ ရက်​​မှ စတင်ကာ ဖမ်းဆီးလျက်​ရှိပြီး ဖမ်းဆီးခံ မြန်​မာနိုင်​ငံသားများအား နေရပ်​သို့ပြန်​ပို့ ရာတွင်​ မြ၀တီ (၉၉၉) ဂိတ်​​ဟောင်း၌​ လူကယ်ရီ ပွဲစားများထံ တစ်​ဦးလျှင် ဘတ်​ ၁၇၀၀ ပေး​နေရ၍ နေရပ် ပြန်ပို့ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်​ကြုံနေရ​ကြောင်း သိရသည်​။

ထိုင်းစစ်​တပ်​၏ ဦး​ဆောင်​ဖမ်းဆီးမှုများ​ကြောင့်​ ဖမ်းဆီးခံ မြန်​မာရွှေ့ပြောင်း လုပ်​သားများအား ​နေရပ်​မြန်မာနိုင်​ငံသို့ ပြန်​ပို့လျက်​ရှိရာ ဇူလိုင်​ ၃၀ ရက်​​က ၇၀၀ ခန့်​၊ ဇူလိုင်​ ၃၁ ရက်​​ က ၄၀၀ ခန့်​ ပြန်​ပို့ခဲ့​ကြောင်း သိရသည်​။

မြန်​မာနိုင်​ ငံသို့ပြန်​ပို့ခံရသည့်​ ဖမ်းဆီးခံ မြန်​မာနိုင်​ငံသားများအနက်​ မဲ​ဆောက်​လုပ်ငန်းခွင်​မှ ဖမ်းဆီး ခံရသူများအ​နေဖြင့်​ မြ၀တီဂိတ်​တွင်​ ​ ငွေပေး​ဆောင်​ရခြင်း မရှိ​သော်​လည်း ဘန်​​ကောက်​၌ ဖမ်းဆီးခံရ၍ ပြန်ပို့ခံရသူများမှာ ဘတ်​​ ၁၇၀၀ မဖြစ်​မ​နေ ပေးကြရသည်​ဟု သိရသည်​။
“တကယ် ​ကို သနားစရာ​ကောင်းတယ်​။ အဖမ်းခံလာရလို့ ငွေမရှိဘူး ​ပြောလည်းမရဘူး။ မြန်​မာအလုပ်​သမားတွေ ဒုက္ခဖြစ်​လာတဲ့အတွက်​ သက်​ဆိုင်​ရာက​နေ တရားဝင်​ လက်​ခံ​ပေးဖို့ သင့်​ပါတယ်​” ဟု မြ၀တီမြို့ ၉၉၉ ဂိတ်​အနီး​တွင် နေသူတစ်​ဦးက​ ပြောကြားသည်​။

ဇူလိုင်​ ၃၀ ရက်​​ ထိုင်းစံ​တော်​ချိန်​ ညနေ ၄ နာရီ  မိနစ် ၃၀ ခန့်က ဘန်​​ကောက်​မြို့အနီးနှင့်​ နိုင်​ငံအ၀ှမ်းမှ ဖမ်းဆီး ရမိ​သော အထောက်အထား မပြည်စုံသည်  မြန်မာ​ရွှေ့ပြောင်းလုပ်​သား ၇၀၀ ခန့်​အား အချုပ်​ကား ၁၁ စီးဖြင့် ထိုင်းနိုင်​ငံ ဘန်​​ကောက်​မြို့မှ ထိုင်းမြန်​မာ-နယ်​စပ်​ မဲ​ဆောက်​မြို့ရှိ ထိုင်းလ၀ကရုံးသို့ လာ​ရောက်ပို့ဆောင်​​ခဲ့​ကြောင်း၊ မဲ​ဆောက်​ လ ၀ က ရုံးတွင်​ မြန်​မာလုပ်​သားများ၏ လက်​​ဗွေနှင့်​ ဓာတ်​ပုံ မှတ်တမ်းရယူကာ မဲ​ဆောက်​ တပ်​မအံ​ကျေးရွာ  ၁၀ ဂိတ်​သို့ ပို့ဆောင်​​ပေးခဲ့ပြီး ထိုမှတစ်ဆင့် မြ၀တီမြို့ အမှတ်​(၅)ရပ်​ကွက်​ ၉၉၉ ဂိတ်​​ဟောင်းသို့ ပို့ဆောင်​​ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။
အဆိုပါ မြန်​မာ​ရွှေ့ပြောင်း လုပ်​သားများအား မြန်​မာနိုင်​ငံဘက်သို့ စေလွှတ်​ရာတွင်​ မြန်​မာဘက်​ကမ်းရှိ ၉၉၉ ဂိတ်​​ဟောင်း၌ လူကယ်ရီ ပွဲစားများထံ တစ်​ဦးလျှင် ဘတ်​​ ၁၇၀၀ တရားမ၀င်​​ ပေး​ဆောင်​​နေကြရပြီး ယင်းအနက်​မှ ထိုင်း လ၀ကအား ဘတ်​ ၅၀၀ ပေးကြရ​ကြောင်း သိရသည်​။

“ဘန်ကောက်မှာ အဖမ်းခံရပြီး ပြန်ပို့ခံရတဲ့သူတွေက မြ၀တီ ၉၉၉ ဂိတ်မှာ လူကယ်ရီပွဲစားတွေကို  ဘတ် ၁၇၀၀ ပေးရတယ်။ ထိုင်းလ၀ကတွေက တစ်ယောက်ကို ဘတ် ၅၀၀  ရတယ်လို့ သိရတယ်။ ချစ်ကြည်ရေး တံတားပေါ်က တရားဝင်ပြန်မပို့ဘဲ တရားမ၀င် ဂိတ်ကပြန်ပို့နေတာ မြန်မာဘက်မှာလည်း လုပ်စားတဲ့အဖွဲ့ တွေရှိနေလို့ပါ” ဟု  မြ၀တီ ဒေသခံတစ်ဦးက ပြောကြားသည်။

Writer: 
ကိုရွှေသိန်း (မြဝတီ)