သြဂုတ် လ ၂၁ ရက်
မန္တလေးမြို့၊မြရည်နန္ဒာရပ်ကွက်အတွင်းရှိလယ်ယာမြေများ၊
မြေလွတ်မြေရိုင်းများတွင်ကျူးကျော်နေထိုင်သူများ အား ဖယ် ရှားရှင်းလင်းရာမှ
အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယနေ့နံနက်ပိုင်းက အ
ဆိုပါမြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူများအား
သက်ဆိုင်ရာအပိုင်ရဲစခန်းမှဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်ဝန်းကျင်ခန့်ဖြင့် ဖယ်ရှား
ထွက်ခွာရန်ပြောကြားခြင်းနှင့်ဦးဆောင်သူ ဦးဝင်းမြင့်ထွန်းအား ဖမ်းဆီးခဲ့ရာမှ
အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ဖြစ်ပွားမှုကြောင့် ကျူးကျော်ဝင်ရောက်နေထိုင်သူ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး
ဆေးရုံသို့ပို့ ဆောင်ကုသမှုများပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။
ကျူးကျော်နေထိုင်သူများအား သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားထွက်ခွာရန်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြေညာချက်ထုတ် ပြန်ထားခဲ့ပြီး ယခုကဲ့သို့
ဖယ်ရှားကြရန်နှင့်ဦးဆောင်ပြုလုပ်နေသူ အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
``မနက် ၈ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ထွက်ခွာဖို့ပြောတယ်။
နောက်ပြီး ဦးဝင်းမြင့်ထွန်းကို ဖမ်းဖို့လုပ်တာကို နေ ထိုင်သူတွေက ၀င်ရောက်ပြီး
တားမြစ်တာကြောင့် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရတယ်။
ဖမ်းသွားတာတော့ တစ်ယောက်မှမရှိပါ ဘူး´´ဟု အဆိုပါဖြစ်ပွားစဉ်ကို
မျက်မြင်တွေ့ကြုံသူတစ်ဦးက ပြောပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ အရေးယူဆောင်ရွက်မှုများပြု လုပ်လျက်ရှိသော အောင်ပင်လယ်
ရဲစခန်းသို့ သွားရောက်မေးမြန်း ခဲ့ရာ ရဲစခန်းအတွင်းအ၀င်ဝ၌ သံဆူးကြိုးများချထားကာ
ဝင် ရောက်ခွင့်မည်သူမှ မရှိကြောင်း ဂိတ်ပေါက်ရှိ တာဝန်ကျရဲဝန် ထမ်းတစ်ဦးက
ပြောကြားခဲ့သည်။
``ဒီနေ့ထောက်ခံစာလာလုပ်တဲ့သူ လည်း လက်မခံပါဘူး။ဒီကိစ္စကို
နောက်နေ့မှလာရောက်မေးမြန်း လှည့်ပါ။ဒီနေ့တော့ဘယ်သူမှ လက်ခံပြောမှာမဟုတ်ပါဘူး´´ ဟု
အဆိုပါရဲအရာထမ်းကပြောပါသည်။
အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက် ၍ မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှ
ဗိုလ်ကြီး ဌေးလင်းကလည်း``ဒီကိစ္စက ကျွန် တော်တို့မပါဘူး။အောင်ပင်လယ် ရဲစခန်းက
ကိုင်တွယ်တာပါ´´ဟု ပြောကြားခဲ့သည်။
လူနေထိုင်ရန်အတွက် မြို့ ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့မှ ချထားသော မြေကွက်များတွင်
ယင်းကဲ့သို့ပိုင်ဆိုင်ကြောင်းအထောက်အထား ခိုင်လုံမှုမရှိဘဲ မြေကွက်များအား
ဝန်းခြံခတ်၍ရောင်းချခြင်း၊၀င်ရောက်နေထိုင်ခြင်းများကို သြဂုတ်လ ၆ ရက်နေ့မှစတင်၍
ကွင်းဆင်းစစ် ဆေးခဲ့ရာချမ်းမြသာစည်မြို့ နယ်၊အောင်သာယာရပ်ကွက် နှင့်မြရည်နန္ဒာရပ်ကွက်၊ပြည်
ကြီးတံခွန်မြို့နယ်၊ကံကြီး ကုန်းကျေးရွာ၊ဇီးအုပ်ကျေးရွာ နှင့်ရွာသစ်ကလေးကျေးရွာ
၊အမရပူရမြို့နယ်၊နတ်ရေကန်ကျေး ရွာတို့တွင် တရားမ၀င်ကျူးကျော် တဲ ၁၁၁၈
လုံး၊တရားမ၀င်ခြံခတ် ထားသည့်မြေကွက်လပ် ၂၂၂၆ ကွက်တို့ကို စစ်ဆေးတွေ့ရှိထား ကြာင်း
မြို့တ်ာစည်ပင်သာ ယာရေးကော်မတီမြေယာဌာန၏အ ချက်အလက်များအရ သိရသည်။
No comments:
Post a Comment