အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ ကော့မှူးမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၁.၁၀.၂၀၁၂ နေ့(ကြာသပတေးနေ့) နံနက်(၈)နာရီမှ
နေ့ လယ် (၁၂) နာရီအထိ သုံးခွမြို့နယ်သို့ သွားရောက်မည် ဖြစ်ပါသည်။
သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၊ မြို့နယ် တရားရေးရုံး ၊ ကျန်းမာရေးဌာန နဲ့  ပညာရေးဌာနတွေကို သွားရောက်ကာ တာဝန်ရှိသူတွေနဲ့  တွေ့ဆုံဖို့ ရှိပါသည်။
အဲဒီနောက် သုံးခွမြို့ NLD ရုံးချုပ်မှာ ကော်မရှင် ဖွဲ့ စည်းရေး အစည်းအဝေးကို တက်ရောက်ဖို့ ရှိပါသည်။
သုံးခွမြို့  NLD ရုံးမှာ နံနက်စား စားသုံးမှာဖြစ်ပြီး နေ့ လည် (၁၂)နာရီမှာ ရန်ကုန်မြို့ ကို ပြန်လည် ထွက်ခွါမှာ ဖြစ်ကြောင်း သုံးခွမြို့ နယ် NLD ပါတီ တာဝန်ရှိသူများက Myanmar News Now ကို ပြောကြားပါသည်။
အောက်တိုဘာလ(၁၀) ရက်နေ့ မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကော့မှူးမြို့ နယ်ကို သွားရောက်ဖို့ ရှိပါသည်။
Myammar News Now

No comments:
Post a Comment