မြန်မာအလုပ်သမားများအားလုံး မိမိတို့ရဲ့ အလုပ်ရှင်များမှ နှိပ်စက်ညှင်းပန်းမှု၊ အစိုးရ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှု၊ အထောက်အထားမပြည့်စုံသော တရားမ၀င် အလုပ်သမားများအား ငှားရမ်းအသုံးပြုမှု၊
ကလေးလုပ်သား အသုံးပြုမှု၊ လုပ်အားခလစာ အပြည့်အ၀မရရှိမှု၊ လုပ်အားခလစာ ပေးချေရန် ကျန်ရှိနေမှု၊ လူကုန်ကူးမှု၊ ပြည့်တန်ဆာပြုစေမှုနှင့် အခြားသောကိစ္စရပ်များအားလုံးကို တိုင်တန်း၍ရပြီဖြစ်ကြောင်းသိရသည်။
http://www.doe.go.th ၀ဘ်ဆိုက်မှ တစ်ဆင့် ထိုင်းဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ လာအိုဘာသာ၊ ဗီယက်နမ်ဘာသာ၊ ကမ္ဘောဒီယား ဘာသာ စသည့် ၆ ဘာသာဖြင့် တိုင်တန်းနိုင်ပြီဖြစ်ပြီး မြန်မာဘာသာဖြင့်တိုင်တန်းလိုပါက http://doe.go.th/helpme/index.php/issue/mm တွင်ဝင်ရောက် တိုင်တန်းနိုင်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါဝက်ဆိုက်မှာ ထိုင်းနိုင်ငံ၊ အလုပ်အကိုင်အခွင့်အလမ်း ဦးစီးဌာန၏ တရားဝင် ၀က်ဆိုက်တစ်ခုဖြစ်ကြောင်းသိရသည်။
Jaketaw85
No comments:
Post a Comment