Tuesday, July 12, 2016
ရသစုံလင်လုပ်ငန်းခွင်
အား​လုံး​ပဲ​မ​င်္ဂ​လာ​ပါ
1,
2,
3, 
နောင်နောင် (နေပြည်တော်)
အားလုံးပဲမင်္ဂလာပါ
ခင်ဗျားဒီစာကိုစဖတ်ဖို့သေချာပြီလား 
1,
2,
3,
OK စဖတ်တော့မယ်ဆိုပါတော့ တစ်ခုသတိထားရမှာက ဒီနေရာမှာကတည်းက ခင်ဗျားရဲ့ငါသည်ဘာရာထူး အဆင့်အတန်းဆိုတဲ့ ခင်ဗျားအသက် ၆၀ မပြည့်ခင်အချိန်လေးမှာထမ်းဆောင်ထားရတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ခဏလောက်ပြစ်ချထားခဲ့လိုက်ပါ။
အခုပြောချင်တာက ခင်ဗျားတို့ရဲ့အတ္တမာနတွေအကြောင်းပဲ။ ငယ်စဉ်ကတည်းကပါလာခဲ့တဲ့ကြောက်စိတ်တွေ၊ နုနယ်စဉ်ကာလမှာ တွေ့ကြုံခဲ့ရတဲ့အကြောင်းအရာတွေ၊ ဖိနှိပ်ကြမ်းတမ်းတဲ့ သင်တန်းလိုမျိုးအတွေ့အကြုံတွေ၊ ရာထူးငယ်စဉ်က ကြီးသူတွေရဲ့ဖိနှိပ်ခံ ခဲ့ရမှုတွေကြားမှာဖြတ်သန်းလာခဲ့ကြရတယ်။ ဒါတွေကအတ္တမာနတွေကြီးထွားအောင်မီးထိုးပေးခဲ့တဲ့လောင်စာတွေပဲ။ တနည်းအားဖြင့်ပြောရရင် စဉ်းစားဉာဏ်ကိုဘောင်ခတ်ပေးလိုက်ကြတာပဲ။ ဒီဘောင်ထဲကမကျော်နိုင်ကြဘူး။ 
ဥပမာ- ငယ်စဉ်က စည်းကမ်းအရမ်းတင်ကြပ်တဲ့ဖခင်မျိုးနဲ့ကြီးပြင်းလာခဲ့ရသူမျိုး၊ ဘောလုံးကန်လို့ ကျောင်းစိမ်းအင်္ကျီအဖြူပေ သွားခဲ့ရင် ဒုတ်နဲ့ရိုက်ပြီးဒဏ်ပေးခဲ့တဲ့မိခင်မျိုး တနည်းပြောရရင် မသိစိတ်ထဲက အရိုးစွဲအောင်ကြောက်ရသူမျိုးနဲ့ပတ်သက်ခဲ့ရ သူတွေဟာ ပြဿနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲလူနေရာကခံစားပြီးဖြေရှင်းလေ့ရှိတယ်။ သူအင်မတန်ကြောက်ခဲ့ရသူ နေရာမှာ သူကိုယ်တိုင်ခံစားပြီး သူ့ရှေ့မှာရှိတဲ့သူကိုငယ်စဉ်ကသူကိုယ်တိုင်ကြောက်ခဲ့ရသလိုကြောက်အောင် နည်းလမ်းမျိုးစုံနဲ့ လုပ်လေ့ရှိကြတယ်။ အသစ်အသစ်တွေကိုထပ်ထပ်ပြီးစဉ်းစားဖို့ အပိတ်ခံထားကြရတယ်။
လုပ်နေကြအလုပ်တစ်ကိုပြောင်းလဲလုပ်ဆောင်ဖို့ အကြံသစ်တစ်ခုပေးတယ်ဆိုရင်ပဲ ပေးတဲ့သူစိတ်ပျက်သွားအောင် မဖြစ်နိုင် ကြောင်း အကြောင်းအမျိုးမျိုးပြတားမြစ်ကြတယ်။ ဘာဖြစ်လို့လဲ။ သူကိုယ်တိုင်ကဒီအကြံမျိုး ငါဘာလို့မစဉ်းစားမိတာလဲ၊ ငါဒီလောက်တော်ရဲ့သားနဲ့ဆိုတဲ့ မိမိရဲ့မသိစိတ်က လက်မခံနိုင်တဲ့အကြောင်းအရာမျိုးကို လက်ခံလာအောင် အပြင်ကနေအတင်း မိမိကိုယ်မိမိ အားပေးထိုးသိပ်ထည့်ထားတဲ့အတွက် ပေးသမျှအကြံဉာဏ်အသစ်တွေဟာ တိုးမပေါက်တော့ပဲဖြစ်နေတတ်တယ်။
အတ္တမာနတွေရှင်သန်ဖို့အတွက် ပေါင်းသင်ရှင်းလင်းပွဲလေးတွေကို အခန်းတွင်းမှာရံဖန်ရံခါလုပ်လေ့ရှိတယ်။ မင်းတို့အသုံးမကျဘူး၊ ငါတောင်လုပ်နိုင်တယ်မင်းတို့မလုပ်နိုင်ဘူး၊ ငါကမင်းတို့မမြင်တဲ့ရှုထောင့်ကမြင်နိုင်တယ် စသဖြင့်ပေါ့လေ။ ချိန်ခွင်လျှာလိုမျိုး ပြစ်တင်ဆဲဆိုခြင်းဆိုတဲ့အလေးကို သူများဖက်ကိုပစ်တင်နိုင်လေလေ သူရဲ့အတ္တမာနကမြင့်တက်လေလေပဲ။ အဲကစပြီးဆုံးရှုံးရတော့တာပဲ။ မိမိအလုပ်အတွက်အကြံကောင်းဉာဏ်ကောင်းတွေဆုံးရှုံးတယ်၊ မိမိတာဝန်ကျေရင်ပြီးတာပဲ၊ မိမိတာဝန်ကလွတ်ရင်ပြီးတာပဲဆိုတဲ့စရိုက်တွေ မြင့်တက်လာရတယ်။ လက်အောင်ငယ်သားရဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေ ဆုံးရှုံးတာဟာ အရာတော်တော်များများကိုဆုံးရှုံးနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ ကအတိုင်းပဲ နောက်ထပ်နှစ်တော်တော်များများ ကိုဒီလိုပဲ မပြောင်းလဲပဲဖြတ်သန်းသွားရနိုင်ပါတယ်။
မိတ်ဆွေကုမ္ပဏီတစ်ခုမှာ သူရဲ့ဝန်ထမ်းတွေအတွက် နှစ်စဉ်ပညာတော်သင်ရွေးချယ်စေလွတ်လေ့ရှိတယ်။ ကွန်ပြူတာ၊ စာရင်းဇယား၊ သုတေသနပညာစသည်ဖြင့်ပေါ့။ ပြန်ရောက်ရင်မူလတာဝန်အပြင်တတ်မြောက်လာတဲ့ပညာကို ချက်ချင်းလက်တွေ့ ဦးဆောင်ပြီးပြုလုပ်ခိုင်းပါတယ်။ တွဲလုပ်တဲ့ဝန်ထမ်းတွေအတွက်သင်ပြီးသားလဲဖြစ်သွားပါတယ်။ အစိုးရဌာနတွေမှာလဲ သင်တန်းတွေ၊ ပညာတော်သင်တွေလွှတ်ပါတယ်။ ကွန်ပြူတာသမားကို စာရင်ဇယားနဲ့သက်ဆိုတဲ့သင်တန်း၊ ငွေစာရင်းလုပ်နေတဲ့ သူကို IT သင်တန်း။ ပြန်လာတော့မိမိမူလတာဝန်ကိုဆက်လုပ်။ ပြီးရော။ နီးရာလူစနစ်စီမံခန့်ခွဲမှု။ တချို့ကတော့ဒီလိုမဟုတ်ပြန်။ ရာထူးငယ်စဉ်အခါက နှစ်ရှည်ပညာသင်။ နောက်တစ်ဆင့်တက်တော့လဲ နောက်တစ်မျိုးပညာသင်။ ရာထူးကြီးကြီးရတဲ့ထိ ကျောင်းတက်ချင်တဲ့ပိုးကမပျောက်ဘူးရယ်။ လုပ်ငန်းခွင်ထဲမတော့ တပည့်အားကိုးလက်မှတ်ထိုး ဆိုတဲ့အဆင့်လောက်သာသာ။
ပြောရင်းတောင်ရောက်မြောက်ရောက်ဖြစ်ကုန်ပြီ ပြန်ချုပ်ရရင်တော့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဆိုတာရှိပါတယ်။ အဲဒီက ကျော်လွန်ပြီးဘာမှလုပ်လို့မရပါဘူး။ တစ်ခါက - ဌာနခွဲတစ်ခုက ဝန်ထမ်းတွေကရေဘေးသင့်ပြည်သူတွေကို ပစ္စည်း၊ အဝတ်အထည်၊ ငွေကြေးစသည်ဖြင့် လှူချင်တယ်၊ ဒါပေမဲ့ ဌာနခွဲလူကြီးလုပ်တဲ့သူက ဥပဒေစာအုပ်ကိုင်ပြီး ဝန်ထမ်းဥပဒေနဲ့ မကိုက်ညီဘူး မလှူရဘူးဆိုတာမျိုးရှိဘူးပါတယ်။ တခါတရံမှာအကျိုးရှိမယ့်ကိစ္စမျိုးကိုတာဝန်ခံပြီးလုပ်နိုင်ရပါမယ်။ အတ္တမာန အတွက်ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားက ကုစားဖို့ဆေးနည်းပေးပြီးသားဖြစ်ပါတယ်။ တရားထိုင်ကြည့်ပါ။ ထူးခြားလာပါလိမ့်မယ်။ သတင်း၊ ဥပဒေအစရှိတဲ့ ဥနှောင့်အတွက် အဟာရတွေအပြင်၊ ရသစာပေလိုမျိုး နှလုံးသားအဟာရတွေကိုပါ မျှတစွာသုံးဆောင်ပေးကြပါလို့ ပြောပါရစေခင်ဗျာ။
အားလုံးပဲကျန်းမာ ချမ်းသာလို့ လိုအင်ဆန္ဒတွေပြည့်စုံကြပါစေ။
ZawGyi and Myanmar Unicode Converter
ဤနေရာတွင် Myanmar Unicode မှ Zawgyi သို့ပြောင်းရန်နှိပ်ပါ
ဤနေရာတွင်  Zawgyi မှ Myanmar Unicode သို့ပြောင်းရန်နှိပ်ပါ
Saturday, July 9, 2016
Heaven’s Solider (2005) မြန်မာစာတန်းထိုး
ကားအတွက်တော့ကျွန်တော်အညွှန်းအများကြီးမရေးချင်တော့ဘူး
ကိုရီးယားကား တွေရဲ့ထုံးစံအတိုင်း
ဒရမ်မာတခါချိုး မျက်ရည်တပေါက်ကျလို့တောင်ပြောရမလားပဲ
ဟာသ ချစ်ခြင်းမေတ္တာ စစ်...ဆိုတာကိုအချိုးကျကျပြသွားတဲ့
ဒီဇာတ်လမ်းဟာ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားတကားသာဖြစ်ကြောင်းညွှန်းပါရစေ။
File Size         : 720 MB
Quality           : DVD Rip
Running Time : 1hr 46 minute
Format           : Mp4
Genre             : Action, Comdey, Sci-fi
Encoder         : Joker.phs
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်)
http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85
Friday, July 8, 2016
သုတ်သင်ရှင်းလင်းရေး ပွဲတော် (၂၀၁၄) မြန်မာစာတန်းထိုး
ဒီဇာတ်ကားဟာ 2023 ခုနှစ် အမေရိကန် နိုင်ငံ၏ နိုင်ငံရေးအခြေအနေကို စိတ်ကူးပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် အဲ့ဒီအချိန်ကာလအမေရိကန် နိုင်ငံကို (Nation Reborn)အဖြစ်သက်မှတ်ပြီး တည်ထောင်သူအသစ်များ(New Founding Fathers) အမည်ခံ အစိုးရအဖွဲ့မှ နိုင့်ငံမူဝါဒ စည်းစနစ်များကို ပြောင်းလဲချမှတ်ကြပါတယ်။ တည်ထောင်သူအသစ်များ အစိုးရ အနေနဲ့ လူဦးရေ တိုးပွားမှုကိုကန့်သက်ထိန်းချုပ်ရန်အတွက် တစ်နှစ်မှာ တစ်ည သုတ်သင်ရှင်းရေး(Purge) လုပ်ခွင့်ပြုလိုက်ကာ March လ 21 ရက်နေ့ ညနေ 6 နာရီမှ 22ရက်နေ့ မနက် 6နာရီ အထိ 12 နာရီ အတွင်းတွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများကိုတရားဝင် ကျူးလွန် ခွင့်ပေးထားပါတယ်။
ဇာတ်ကားရဲ့ဇာတ်အိမ်ကိုတော့ ဆဋ္ဌမမြောက် သုတ်သင်ရှင်းလင်းရေးညမှာ ဇာတ်အိမ်တည်ထားပါတယ် အဲ့ဒီနေ့ ညမှာ အပြင်ကို လက်နက်အပြည့်အစုံကားတစ်စီးနဲ့ ထွက်လာတဲ့ sergeantတစ်ဦးဟာ အိမ်ကိုအချိုးဖောက်အဝင်ခံရပြီး သုတ်သင်ရှင်းလင်းမှုခံရဖို့ ဆဲဆဲ Eva နဲ့ သူမရဲ့သမီး Cali တို့ကို မနေနိုင်သဖြင့်ဝင်ရောက် ကယ်ဆယ်ခဲ့ပါတယ် နောက်တစ်ခါ ခရီသွားလာရင်း ကားပျက်သွားပြီး သုတ်သင်ရှင်းလင်းရေးညကြီးမှာ ပိတ်မိသွားတဲ့ Shane နဲ့ Liz ဆိုတဲ့ လင်မယားနှစ်ယောက် နဲ့ထပ်မံ တွေ့ဆုံခဲ့ကြပြီး ဒီလူလေးယောက်ရဲ့
 ဒီတစ်ညတာ အသက်ရှင်သန်ရေးဟာ အဆိုပါ sergeant ရဲ့ ခေါင်းပေါ်ကိုရောက်လာပါ တော့တယ် သူတို့ဒီတစ်ညတာကိုအသက်ရှင်လျှက်ဖြတ်သန်းနိုင်ပါ့မလား sergeantကရာ ဒီလူလေးယောက်လုံးကိုဘေးကင်းအောင် ကူညီနိုင်ပါ့မလား လက်နက်အပြည့်အစုံ နဲ့ အပြင်ကို ထွက်လာ တဲ့ sergeant ကရော သုတ်သင်ရှင်းလင်းရေးပွဲမှာ ပါဝင်ဆင်နွဲဖို့များလား ဒါမှမဟုတ်ဘာအကြောင်းတွေရှိလို့လဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ ဇာတ်ကားတစ်ကားလုံးရင်တထိတ်ထိတ်အသဲတစ်ယားယား ကြည့်ရှုခံစားရမယ့် ဒီဇာတ်ကားဟာ iMDb rating အနေနဲ့ 6.5/10 ရရှိထားပြီး Action/Thriller အမျိုးအစားဖြစ်ပါတယ် Action ကားကြမ်းကြမ်းမှကြိုက်နှစ်သတ်သူတွေ လုံးဝအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားလဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဇာတ်ကားကို ဒီလင့်ကနေ ၀င်ဒေါင်းနိုင်ပါတယ်
(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Han Htoo Zawပဲဖြစ်ပါတယ်)
http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85
Wednesday, July 6, 2016
အလုပ်သမားအခွင့်အရေးဆုံရှုံးမှုအတွက် ရွှေမန်းတောင်ဂေါက်ကွင်းလုပ်သား ၁၀၀ ကျော် ဆန္ဒပြ
5 July 2016
မန္တလေးတောင်ခြေ ရွှေမန်းတောင်ဂေါက်ကွင်းလုပ်သားများက ယင်းတို့၏ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများရရှိရေး လုပ်သားဝန်ထမ်းအင်အား ၁၀၀ ကျော်က ယနေ့ ဇူလိုင် ၅ ရက် နံနက် ၉ နာရီက စတင် ဆန္ဒထုတ်ဖေါ်ခဲ့သည်။
အလုပ်သမားများမှာ အာမခံချက်မဲ့နေပြီး သက်ဆိုင်ရာရပိုင်ခွင့်များဆုံးရှုံးနေခြင်းကြောင့် ကြွေးကြော်သံ ၈ ခုနှင့် လှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
"အလုပ်သမားအဖွဲ့အစည်းတွေထံ တိုင်ကြားခဲ့တယ်။ ဒါကို စစ်ဆေးအရေးယူတာ လုပ်မပေးဘူး။ ဂေါက်ကွင်းအလုပ်သမားတွေမှာ နစ်နာမှုတွေ ရှိနေတယ်။ အလုပ်ရှင်က ဘယ်သူလဲ။ စည်ပင်လား ပုဂ္ဂလိကလား သိချင်တယ်"ဟု ဦးဆောင်သူ ဦးစောလှအောင်က ပြောသည်။
“ဂေါက်ကွင်းအလုပ်ရှင် ဘယ်သူလဲ”
“ဖိနိပ်ခံ အလုပ်သမားများအား ကာကွယ်ပေးရေး”
“ခေါင်းရှောင်နေသူများ အရေးယူပေးရေး အလုပ်သမား အခွင့်အရေးရှိရေး”
စသည့် ကြွေးကြော်သံများဖြင့် မြို့တွင်း၌ လှည့်လည် ဆန္ဒပြခဲ့ကြသည်။
ခိုင်ဆက်ဝေ
News Watch (စောင့်ကြည့်သတင်းဂျာနယ်)
Monday, January 5, 2015
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီလီ လာရောက်စဉ် ရခိုင်တိုင်းရင်းသားများ ပြည်နယ်လုံးကျွတ် ကန့်ကွက်ဆန္ဒပြမည်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မစ္စ ယန်ဟီလီသည် ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်၊ မောင်တောရှိ ဘင်္ဂါလီများနှင့် တွေ့ဆုံရန် ဇန်နဝါရီလ ၈ ရက်မှ ၁၀ ရက်အထိ စစ်တွေနှင့် ဘူးသီးတောင်မြို့များသို့ လာရောက်စဉ် မစ္စ ယန်ဟီလီကို ပြည်နယ်လုံးကျွတ် ကန့်ကွက်ဆန္ဒပြရန်စီစဉ်ထားကြောင်း စစ်တွေမြို့မှ ဦး ဦးကျော်ခိုင် က ပြောကြား လိုက်သည်။
“နိုင်ငံသားကိစ္စဆိုတာ အချုပ်အခြာအာဏာကိစ္စပါ။ မြန်မာနိုင်ငံက လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကုလသမဂ္ဂက လာပြီး ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါ ပြောလို့ မရဘူး။ ပြောလည်း လုပ်မှာ မဟုတ်ဘူး။ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာတွေ များနေပြီ။ ကုလသမဂ္ဂက ဒီလူတွေကို ခေါ်သွားပြီး နေရာပေးမလား။ တောင်ကိုရီးယားနိုင်ငံကို ခေါ်သွားပြီး နိုင်ငံသား ပေးမလား။ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ဆိုပြီး တောင်ကိုရီးယားမှာ ထားဖို့ ပြောရင် ယန်ဟီလီ ဘာပြောမလဲ မေးချင်တယ်” ဟု ၄င်းက ဆိုသည်။
“ယန်ဟီလီ ပြီးခဲ့တဲ့ ခရီးစဉ်မှာ ဘင်္ဂါလီတွေကို နိုင်ငံသားပေးဖို့ အကြံပြုချက်နဲ့ ရိုဟင်ဂျာလို့ သုံးသွား တာကို လုံးဝ မကျေနပ်ပါဘူး။ ဘင်္ဂါလီတွေကို နိုင်ငံသားပေးဖို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်တဲ့အတွက် ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ပါဘူး။ ကုလသမဂ္ဂ က အဲလို ထုတ်ပြန်ခဲ့တဲ့ကိစ္စမှာ မစ္စယန်ဟီလီမှာ တာဝန်အရှိဆုံးလို့ သုံးသပ်ရပါတယ်။ ပြီးတော့ အခု ယန်ဟီလီ လာတာကလည်း ဘင်္ဂါလီတွေကို လာတွေ့ဒါပါ။ သူ့ ခရီးစဉ်ပြီးရင် ထုံးစံအတိုင်း ဘင်္ဂါလီတွေ ဖိနှိပ်ခံနေရကြောင်း၊ နိုင်ငံသားပေးသင့်ကြောင်း ထုတ်ပြန် ဦးမှာ။ ဒါကြောင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စ ယန်ဟီလီ စစ်တွေကို လာရောက်မယ့် ၈ ရက်နေ့မှာ စစ်တွေ လေဆိပ်ကစပြီး ကန့်ကွက်ဆန္ဒပြဖို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အင်အားအကြီးမားဆုံး ဆန္ဒပြပွဲကြီးတစ်ရပ် ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။” ဟု ၄င်းက ပြောသည်။
မစ္စ ယန်ဟီလီသည် တာဝန်ပြီးဆုံးသွားသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား နေရာတွင် တာဝန်ယူရသူဖြစ်ပြီး ၄င်း၏ မြန်မာနိုင်ငံပထဆုံး ခရီးစဉ် အဖြစ် ၂၀၁၄ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ချိန်တွင် ဘင်္ဂါလီများအား နိုင်ငံသားဖြစ် ခွင့်ရရှိရေးအတွက် နိုင်ငံသားဥပဒေကို ပြန်လည်ပြင်ဆင်ရန် အကြံပြုခဲ့ပြီး ဘင်္ဂါလီများကို ရိုဟင်ဂျာ ဟု သုံးနှုန်းခဲ့မှုကို အစိုးရအနေဖြင့် လက်မခံကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ဆိုပါသည်။
ဘင်္ဂါလီများကို မြန်မာနိုင်ငံသားအဖြစ် အပြည့်အဝပေးရန်နှင့် နိုင်ငံအ နှံ့ လွတ်လပ်စွာသွား လာခွင့် ပြုရန် ဒီဇင်ဘာ၂၉ရက် တနင်္လာနေ့က ကျင်းပ ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီ လာခံတွင် တိုက်တွန်းခဲ့ခြင်းသည်။
ယင်းတိုက်တွန်းချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ”ကျွန်တော်တို့ကတော့ လက်မခံဘူး။ ရှုတ်ချပါတယ်။ နောက်ပြီးတော့ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ အာဏာကို စော်ကားသလိုလုပ်တဲ့ သဘောဖြစ်တဲ့အတွက် ကုလသမဂ္ဂ အနေနဲ့ နိုင်ငံရေးသိက္ခာချ တယ်လို့ သုံးသပ်တယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေးကစားကွင်း တစ်ခု အနေနဲ့ ရောက်မှန်းမသိ ရောက်လာတယ်။ တစ်နည်းအားဖြင့် ကုလသမဂ္ဂဟာ ဝင်ချင်သလိုဝင်၊ ထွက်ချင် သလိုထွက် သာလာယံဇရပ် လိုဖြစ်လာတယ်။ ကုလသမဂ္ဂဟာ စတင်တည်ထောင် စဉ်တုန်းနဲ့ ဒုတိယ ကမ္ဘာစစ်အလွန် ကာလပုံစံမျိုးနဲ့ မတူတော့ဘူးလို့ သုံးသပ်တယ်။ ဒီမိုကရေစီ သဘောအရ အင်အားကြီးတဲ့အုပ်စု က အောင်မြင်တယ်။ အင်အားနည်းပါး တဲ့ ငွေကြေး နည်းပါး တဲ့ အုပ်စုကတော့ လက်ညှိုးထိုးခံရ ပြီး ခုလိုလုပ်ရခြင်းခံရတယ်။ ဒါ ကြောင့် နိုင်ငံငယ်တော်တော်များ များတောင် UN မှာပါဖို့ မသင့်တော့ ဘူးလို့ သုံးသပ်မိတယ်” ဟု ဝေဖန် ပြောကြားထားပြီး ဖြစ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ် အခြေအနေကို အမှန်အတိုင်း ကြည့်မြင်ခြင်းမရှိဘဲ ဘင်္ဂါလီသတင်းဌာနများကို အခြေခံ၍ သုံးသပ်နေမည် ဆိုလျှင် ပြဿနာကို ဖြေရှင်းရာ မရောက်ဘဲ မီးထိုးရာသာ ရောက်မည် ဖြစ်ကြောင်း၊ ယန်ဟီလီ၏ ဇန်န၀ါရီလ ၈ ရက်နေ့ ခရီးစဉ်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ဆန္ဒပြမှုများကို အုံနှင့်ကျင်းနှင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 
facebook comment ထဲမှာတစ်ယောက်ကအကြံပြုပါတယ် အဝေးရောက်နေသူတွေရော online ဆန္ဒထုတ်ဖော်လို့ရအောင် Voat Poll လေးတစ်ခုဖန်တီးပေးလိုက်ပါတယ် 
မစ္စ ယန်ဟီလီ ကိုထောက်ခံတယ် မထောက်ခံဘူး
ထောက်ခံတယ်
မထောက်ခံဘူး
ကြားနေမယ်
make a poll
PP™
ပြည်သူ့အာဏာ facebook page မှသတင်းအားကူးယူဖော်ပြသည်၊၊
်  
Tuesday, July 22, 2014
MH17 ကို ပစ်ချခဲ့သည့် BUK ဒုံးကျည် အားရွှေ့ပြောင်းသည်ဟုယူဆရသော ဗီဒီယို
ကြီးမားသော စစ်လက်နက် ပစ္စည်းတစ်ခုကို ထရပ်ကားကြီး တစ်စီးပေါ် တင်ဆောင်ပြီး နေရာရွှေ့ပြောင်းနေသည့် ဗီဒီယိုတစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာပြီးနောက် ယင်းသည် MH17 ကို ပစ်ချခဲ့သည့် BUK ဒုံးကျည်စနစ်ဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဇူလိုင်(၁၉)ရက်က ယာဉ်မောင်းတစ်ဦးသည် ကားဒက်ရှ်ဘုတ်ပေါ်တွင် တပ်ဆင်ထားသည့် ကင်မရာဖြင့် ၎င်း၏ရှေ့မှောက်မှ ထရပ်ကားကြီးကို မှတ်တမ်းယူ ဗီဒီယို ရိုက်ထားခြင်း ဖြစ်သည်။ အဆိုပါ ယာဉ်မောင်းသည် စစ်ဘက်သုံး ထရပ်ကားကြီးနောက်မှ (၂)ကီလိုမီတာမျှထိ နောက်ယောင်ခံ မောင်းနှင်ပြီး ဗီဒီယို ရိုက်ယူထားခဲ့သည်။
ထရပ်ကားကြီး၏ နောက်ဘက်တွင် အညိုရောင် အဝတ်စဖြင့် ဖုံးလွှမ်းထားသည့် ကြီးမားသော ပစ္စည်းတစ်ခု ရှိနေပြီး ယင်း၏ ကောက်ကြောင်းသည် ဒုံးကျည်စနစ် တစ်ခုသဏ္ဍန် ပေါ်လွင်နေသည်။ ယူကရိန်း ထောက်လှမ်းရေး ရင်းမြစ်များက အဆိုပါ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီး ရုရှား Blogger တစ်ဦးက BUK M1 ဒုံးကျည်စနစ် ရွှေ့ပြောင်းနေသည်ကို မှတ်တမ်းတင်ထားခြင်းဟု ဖော်ပြခဲ့သည်။ အဆိုပါ ထရပ်ကားကြီးသည် လေယာဉ် ပျက်ကျပြီး (၂)ရက်မျှ အကြာတွင် ယူကရိန်းမှ ရုရှားနယ်စပ်ဘက်သို့ ဦးတည် မောင်းနှင်နေခြင်းဟုလည်း သိရသည်။
MH17သည် ရုရှားက အထောက်အပံ့ ပေးထားသည့် ယူကရိန်း သူပုန်များ မှားယွင်းပစ်ခတ်သည့် ဒုံးကျည်ထိမှန်ပြီး ပေါက်ကွဲသွားခြင်းဟု ယူဆစရာ အခြေအနေများ ရှိနေရာ ယခုအခါ လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်စနစ်ကို ရုရှားဘက်သို့ ပြန်လည် ပေးပို့လိုက်ခြင်းဟု ယူကရိန်းဘက်က စွပ်စွဲထားသည်။
“ရုရှားနိုင်ငံက Blogger တစ်ယောက်ဟာ အဝတ်နဲ့ လွှမ်းခြုံဖုံးအုပ်ထားတဲ့ BUK 1M ဒုံးကျည်စနစ် ရွှေ့ပြောင်းမှု ခရီးစဉ်နောက်ကို (၂)ကီလိုမီတာလုံးလုံး ခြေရာခံ လိုက်ခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရတော့ အဲဒီကားကြီးက ယူကရိန်း နယ်ခြားဘက်ကို ဦးတည်နေပါတယ်တဲ့။ သူကတော့ ဒါဟာ MH17 ကို ပစ်ချခဲ့တဲ့ ဒုံးကျည်စနစ်ပဲလို့ သေချာပေါက် ယူဆထားတယ်”ဟု အင်တာနက်တွင် ပျံ့နှံ့နေသည့် ဗီဒီယို၌ ရေးသားထားသည်။ ဗီဒီယိုထဲတွင် ကားမောင်းနေသူက “ဒါနောက်နေတာ မဟုတ်ဘူး”ဟု ရေရွတ်နေသော အသံလည်း ပါရှိနေသည်။
ယူကရိန်း အစိုးရက သူပုန်များသည် ရုရှားစစ်တပ်က ထောက်ပံ့သည့် BUK ဒုံးကျည်ဖြင့် မိမိတို့၏ စစ်ဘက်လေယာဉ်များကို ပစ်ချနေရာမှ MH-17 ကို မှားယွင်းပစ်ခတ်ခဲ့ခြင်းဟု စွပ်စွဲထားသည်။
သူပုန်တပ်ဖွဲ့များက ၎င်းတို့သည် လေယာဉ်ပျက်၏ သေတ္တာနက်ဟု ယူဆရသော အရာကို ပြန်လည်တွေ့ရှိထားပြီး ယင်းကို ဒိုးနက်စ်ခ်မြို့သို့ ယူဆောင်လာကာ ထိုမှတစ်ဆင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များထံ လက်လွှဲပေးအပ်မည်ဟု ကြေညာထားသည်။
သူပုန်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အလက်ဇန္ဒား ဘိုရိုဒိုင်က ဒိုးနက်စ်ခ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ “လေယာဉ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတချို့ကို ရှာတွေ့ထားပါတယ်။ အဲဒီထဲမှာ သေတ္တာနက်လို့ ယူဆရတဲ့ ပစ္စည်းလည်း ပါတယ်။ ကျွန်တော်တို့ရဲ့ ကွပ်ကဲမှုနဲ့အတူ အဲဒီပစ္စည်းတွေကို ဒိုးနက်စ်ခ်ထိ သယ်ယူလာနေပါတယ်။ ကျွန်တော်တို့ထဲမှာ ဒီပစ္စည်းဟာ လေယာဉ်ရဲ့ သေတ္တာနက် ဟုတ်မဟုတ် အတည်ပြုပေးနိုင်တဲ့ ပညာရှင် မရှိပါဘူး။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေလို့ ယူဆရတဲ့ အရာမှန်သမျှကို ဒိုးနက်စ်ခ်ထိ သယ်လာပါတယ်”ဟု ပြောကြားသွားသည်။
_Ref: Dailymail
7Day News Journal
Monday, July 7, 2014
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက် ဦးတည်ချက်များ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ရည်ရွယ်ချက် ဦးတည်ချက်များ
ဦးတည်ချက်များ
(၁) အလုပ်သမားရပိုင်ခွင့်များ ဆောင်ကြဉ်းပေးရေး
(၂) လူမှုအခွင့်အရေးများ ဆောင်ကြဉ်း
(၃) ကုန်ထုတ်စွမ်းအား တိုးတက်ရေး
(၄) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာကိစ္စရပ်များဆောင်ရွက်ရေး
Main Functions
1.    Ensuring workers enjoy rights and protection granted under the various labour laws
2.    Providing social services for the workers
3.    Promoting higher productivity of labour
4.    Participation in international labour affairs
ရည်မှန်းချက်တာဝန်များ
(၁) လုပ်ငန်းခွင်အေးချမ်းသာယာရေး
(၂) အလုပ်အကိုင်နေရာချထားရေး(ပြည်တွင်း/ပြည်ပ)
(၃) လုပ်သားများလုပ်ငန်းခွင်ကျွမ်းကျင်မှုလေ့ကျင့်ရေး
(၄) အလုပ်သမားရေးရာ သုတေသနနှင့်စာရင်းဇယားများစုဆောင်းပြုစုရေး
(၅) အလုပ်သမားဥပဒေပါအကျိုးခံစားခွင့်များ အတွက် စည်းကြပ်ဆောင်ရွက်ရေး
(၆) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး
(၇) လူမှုဖူလုံးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး
(၈) ပြည်တွင်းကုန်စည်စီးဆင်းမှုသွက်လက်မြန်ဆန်ရေးအတွက် ကြီးကြပ်ဆာင်ရွက်ရေး
(၉) အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး
Objectives
1.    Maintaining of industrial peace
2.    Providing free employment services
3.    Skill training of workers
4.    Conducting research regarding labour matters and collection of statistics
5.    Ensuring workers enjoy rights under the labour laws
6.    Occupational safety and health
7.    Social security of workers
8.    Supervising smooth and steady flow of goods throughout the country
9.    Participation in international labour affairs