Saturday, September 8, 2012

Fire tablets အမျိုးအစား သစ်နှစ်မျိုးနှင့် “paperwhite” Kindle e-readers များ စတင်မိတ်ဆက်



လော့စ်အိန်ဂျလိစ် စက်တင်ဘာ၇

Fire tablets အမျိုး အစားသစ် နှစ်မျိုးနှင့် အသုံးပြု သူများ အနေဖြင့် အမှောင် ထဲမှာပင် ဖတ်ရှု နိုင်စွမ်း ရှိသည့် paperwhite Kindle e-readers အမျိုးအစား e-readers များကို အမေရိကန် ပြည်ထောင်စု လော့စ်အိန် ဂျလိစ်မြို့ရှိ Amazon ကုမ္ပဏီက ပွဲဦးထွက် မိတ်ဆက်ခဲ့ ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

Fire tablets အမျိုးအစား သစ်နှစ်မျိုး အနက် တစ်မျိုးမှာ ၇ လက်မအရွယ် အစားရှိပြီး 4G-ready version ထည့် သွင်း အသုံးပြုထား သဖြင့် ၄င်းပစ္စည်း၏ ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၄၉၉ ဒေါ်လာ တန်ဖိုး ရှိကြောင်း၊ ဒုတိယ အမျိုးအစား ဖြစ်သည့် Amazon မှာ ၈ ဒသမ ၉ လက်မအရွယ်အစားရှိပြီး Fire HD Wi-Fi version ထည့်သွင်း အသုံးပြု ထားသဖြင့် ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၂၉၉ ဒေါ်လာ တန်ဖိုး ရှိကြောင်း ၄င်းပစ္စည်း မိတ်ဆက် ပွဲတွင် Amazon ကုမ္ပဏီ တည်ထောင်သူ လည်းဖြစ်ပြီး အလုပ် အမှုဆောင် အရာရှိချုပ် တစ်ဦးလည်း ဖြစ်သည့် ဂျက်ဖ်ဘီဇိုစ် က ပြောကြားခဲ့ သည်။ထို့ပြင်ယခု မိတ်ဆက်သည့် Paper-White Kindle e-ereaders တွင်လည်း Wi-Fi နှင့် 3G Version ထည့်သွင်း အသုံးပြု ထားပြီး တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၁၁၉ ဒေါ်လာနှင့် ၁၇၉ ဒေါ်လာ တို့ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ဘီဇိုစ်က ဆက်လက် ပြောကြား ခဲ့သည်။
မြ၀တီ

Tuesday, September 4, 2012

ဒုတိယဝန်ကြီး အပြောင်းအလဲကြောင့် ဆီးဂိမ်းမတိုင်မီ (၅ဝဝဝ)တန် GSM 3G ထွက်ရှိမည်



4 Sep, 2012
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။

'' ဒီပုံစံအတိုင်းဆို အခု ဒုတိယဝန်ကြီးအသစ်က အကုန်နားလည်တတ်ကျွမ်းတဲ့သူ ဦးသောင်းတင်ဆိုတော့ မကြာခင် ၂လ ၊ ၃လအတွင်း ဆီးဂိမ်း မတိုင်ခင်မှာ ငါးထောင်တန်ဖုန်း ထွက်နိုင်လောက်ပါတယ်'' ဟု ရွှေပြည် တံခွန်မှ မန်နေဂျင်း ဒါရိုက် တာ ဦးလွင်နိုင်ဦးက ပြောသည်။

ရွှေပြည်တံခွန်ကုမ္ပဏီမှ (၅ဝဝဝ)တန် ဖုန်းထွက်ရှိရေးအတွက် လိုအပ်သည်များကို ပြင်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများကို ကနဦး စတင်ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ (၅ဝဝဝ)ကျပ်တန် မိုဘိုင်းဖုန်းများကို UMTS (Universal Mobile Telecommunication System စနစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး GSM 3G ပုံစံဖြင့် ရောင်းချစီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။

'' ထုတ်ဖြစ်မယ်ဆိုရင်တော့ Third Generation (3G) စနစ်နဲ့ထုတ်မှာပါ အင်တာနက် လိုင်းလည်း ပါပါတယ်။ GSM ပါပဲ'' ဟု ဦးလွင်နိုင်ဦးက ပြောသည်။

ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး တင်ဒါခေါ်ယူရာတွင် လိုအပ်သော အချက်အလက်များကို ပြင်ဆင်ရွေးချယ်ခြင်းများ ပြုလုပ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

'' နိုင်ငံတကာတင်ဒါခေါ်ဖို့တော့ လိုပါသေးတယ် တင်ဒါခေါ်ရင် လိုအပ်တဲ့အချက်တွေကို ပြင်ဆင်ပြီး ရွေးချယ်နေတုန်း ရှိပါသေးတယ် သေချာစဉ်းစားပြီးမှ လုပ်ရမယ့်ကာလဖြစ်နေသေးလို့ပါ '' ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်သည် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာတင်ဒါခေါ်ယူခြင်းကို တစ်နှစ်အတွင်း ခေါ်ယူ နိုင်ဖွယ်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ရွှေပြည်တံခွန်ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူသော နိုင်ငံတကာတင်ဒါတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖုန်းကဒ် တစ်ကဒ်လျှင် ငါးထောင်နှုန်းဖြင့် ရောင်းချမည်ဟု ဆိုသော်လည်း ဖုန်းခေါ်ဆိုခနှုန်းထားမှာ တင်ဒါခေါ်ယူခြင်း အပေါ်၌သာ မူတည်ကြောင်း သိရှိရသည်။
၂ဝ၁၂ခုနှစ် ဇန်နဝါရီလပိုင်းတွင် ရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် ၅ဝဝဝ ကျပ်တန် မိုဘိုင်းဖုန်းများ ထုတ်လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးမှ ဝန်ကြီးများက နည်းပညာနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှအပ အခြားသောပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ထုတ်လုပ်ရောင်းပိုင်ခွင့်မရှိဟု ဆိုခြင်းကြောင့် ရွှေပြည်တံခွန်ကုမ္ပဏီမှာ ငါးထောင်တန်ဖုန်းရောင်းချခွင့်ကို ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

ရွှေပြည်တံခွန်မှထုတ်လုပ်မည့်ငါးထောင်တန်မိုဘိုင်းဖုန်းထွက်ပေါ်လာရေးကို ပြည်သူအများစု   မျှော်လင့်ခဲ့သော်လည်း ၂သိန်းဖုန်းသာ ထွက်ပေါ်ခဲ့သောကြောင့် ပြည်သူအများစုမှာ ဆက်လက် မျှော်လင့်ချက် မဲ့ခဲ့ရကြောင်း သိရှိရသည်။

'' ကျွန်တော်တို့ မျှော်လင့်ခဲ့တာက ငါးထောင်တန်ဖုန်းပေါ့ ဒါပေမဲ့ တန်ဖိုးနည်းဖုန်းက ထွက်မလာဘူး။ ၂သိန်းဖုန်းတော့ ထွက်နေပြီး ၊ ဆက်ြ့ပီးတော့ မျှော်လင့်နေ ဦးမှာပါ '' ဟု ၇န်ကုန်မြို့နေ ပြည်သူတစ်ဦး က ပြောသည်။

ဝင့်သင်ဇာကျော် (မြစ်မခ)
REF: Myit Makha Media Group

သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်



ရန်ကုန် ၊ စက်တင်ဘာ ၎

အစိုးရကသာ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍများတွင် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ကျင်းပသော မြန်မာ့ရေနံ ၊ သဘာဝဓာတ်ငွေ့ နှင့် လျှပ်စစ် ကဏ္ဍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ထိပ်သီး အစည်းအဝေး၌ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

လက်ရှိ အစိုးရပိုင် လုပ်ကွက်များကို ပုဂ္ဂလိကသို့ ချပေးတော့မည် ဖြစ်ပြီး ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကို ရေးဆွဲနေသည့် အပြင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ပါဝင်သည့် စွမ်းအင် ကဏ္ဍ အထူးသဖြင့် လျှပ်စစ် ကဏ္ဍကို နိုင်ငံတွင်း လုံလောက်စွာ ရရှိနိုင်ရန် ကြိုးစားသွားမည့်ကြောင်း ၄င်းက ထပ်လောင်း ပြောသည်။

အလားတူပင် ယနေ့ ကျင်းပသော ဆွေးနွေးပွဲတွင် ကမ်းနီး ကမ်းဝေး ရေနံတွင်းများနှင့် ပက်သက်ပြီး စွမ်းအင်ဝန်ကြီး ဌာန ၊ စွမ်းအင် စီမံခန့်ခွဲရေး ဦးစီးဌာနက တွဲဖက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြေမျက်နှာပြင်အနေအထားအလိုက် ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိသည့်   နေရာများကို အဆိုပါ ဝန်ကြီး ဌာနမှ ဘူမိဗေဒ ပညာရှင် ဦးသန်းမင်းက ရှင်းလင်း ပြောကြားသည်။

အဆိုပါ စွမ်းအင်ကဏ္ဍ ဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ထိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ သွားမည်ဖြစ်ပြီး ၊ ပြည်တွင်းရှိ စွမ်းအင် ကုမ္ပဏီများအပြင် နိုင်ငံပေါင်း ၃၀ကျော်မှ ကုမ္ပဏီ ၁၅၀ ကျော်လည်း တက်ရောက် ခဲ့ကြသည်။

REF: The Voice Weekly

လစ်လပ်နေသော ပြည်ထောင်စု ဝန်ကြီးနေရာ များအတွက် ခန့်ထားမည့် ပြည်ထောင်စုဝန်ကြီး စာရင်းကိုနိုင်ငံတော် သမ္မတကြီးက ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုချက် ရယူရန် သဝဏ်လွှာပေးပို့ထား



လစ်လပ်နေသော ပြည်ထောင်စု ဝန်ကြီးနေရာ များအတွက် ခန့်ထားမည့် ပြည်ထောင်စုဝန်ကြီး စာရင်းကိုနိုင်ငံတော် သမ္မတကြီးက ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုချက် ရယူရန် သဝဏ်လွှာပေးပို့ထားကြောင်း The Voice Weekly သတင်းရင်းမြစ်များက ပြောကြားသည်။

နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသော ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်ထားမည့် ပုဂ္ဂိုလ်များမှာ

(၁) ဦးအေးမြင့်ကြူ ( လက်ရှိ - အား.ကာ ဒုဝန်ကြီး ) 

(၂) ဗိုလ်ချုပ်ဇေယျာအောင် ( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး )
(၃) ဒေါက်တာမြင့်အောင် ( ပြည်ထောင်စု ရာထူးဝန် အဖွဲ့ )
(၄) ဦးကျော်လွင် ( လက်ရှိ - ဆောက်လုပ်ရေး ဒုဝန်ကြီး )
(၅) ဦးဝင်းရှိန် ( လက်ရှိ - ဘဏ္ဍာ/အခွန် ဒုဝန်ကြီး )
(၆) ဒေါက်တာ ကံဇော် ( လက်ရှိ - စီမံ စီးပွား ဒုဝန်ကြီး )
(၇) ဦးမောင်မြင့် ( လက်ရှိ - ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး )
(၈) ဒေါက်တာကိုကိုဦး ( လက်ရှိ - သိပ္ပံ နည်းပညာ ဒုဝန်ကြီး )
(၉) ဦးဌေးအောင် ( လက်ရှိ - ဟိုတယ် ခရီး ဒုဝန်ကြီး )
(၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( လက်ရှိ - ကျန်းမာရေး ဒုဝန်ကြီး)


ရွာနေရာမပြောင်းလိုသော ကလုံထကျေးရွာ အီတာလျံထိုင်းဒုဥက္ကဋ္ဌ လာရောက်စည်းရုံး



 
        ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းပြပုံ


ရန်ကုန်၊စက်တင်ဘာ-၎

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ရေပေးဝေမည့် ကလုံထဆည်စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ကလုံထကျေးရွာကို
ရွှေ့ပြောင်းပေးရေးအတွက် အီတာလျံထိုင်းကုမ္ပဏီမှ ဒုဥက္ကဋ္ဌမစ္စတာအနန့်က ကျေးရွာသားများနှင့် ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကို တွေ့ဆုံပြီး စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း ကလုံထကျေးရွာမှ ရွာဦးဆရာတော်က မိန့်ကြားသည်။

ဒုဥက္ကဋ္ဌအပါအ၀င် ၁၄ ယောက်အဖွဲ့က မရွှေ့ပြောင်းလို၍ လျော်ကြေးလက်ခံခြင်း မရှိသော ကျေးရွာသားများကို စီမံကိန်းမှာ ကျေးရွာအတွက် ကောင်းကျိုးရှိကြောင်း၊ ပြောင်းရွှေ့မည့်ဆိုပါက မူလထက်မနိမ့်သော လူနေမှုအဆင့်အတန်းအတိုင်း အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေးနည်းပညာများကို ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ လမ်းလည်းဖောက်ပေးမည်ဖြစ်ကြောင်း ရွာဦးဆရာတော်နှင့် ကျေးရွာသားများကို တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းကျေးရွာသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းရေးဆွဲစဉ် မြေပုံလမ်းညွှန်တွင် မပါဝင်ကြောင်း၊ မဖြစ်မနေစီမံကိန်း
အတွက် တည်ဆောက်ရမည်ဆိုပါက ကျေးရွာသည် ရေမြုပ်ဧရိယာထဲတွင် ပါဝင်သောကြောင့် လွတ်သောနေရာတွင် စီမံကိန်းကို ပြောင်းရွှေ့တည်
ဆောက်စေချင်ကြောင်း ရွာဦးဆရာတော်က မိန့်ကြားခဲ့သည်ဟုလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“သဘောတူ၊ မတူ လာညှိတုန်းဘဲ ရှိသေးတာပါ။ မပြောင်းဘူး။ လက်လည်းမခံဘူး။ သုံး၊ လေးရက်လောက်ကြာရင် လာဦးမယ်လို့ ပြောတယ်”ဟု ဆရာတော်ကမိန့်ကြားသည်။ အီတာလျံထိုင်းကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ကလုံထကျေးရွာသို့ စက်တင်ဘာ ၂ တွင် သွားရောက်ခဲ့ကြောင်း၊ သို့သော် မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကိုမသိ၍ မပြောနိုင်ကြောင်း အီတာလျံထိုင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Ref:7Days News