Tuesday, August 7, 2012

Public Access Center (PAC) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်

မြန်မာ့ဆက်သွယ်ရေးမှ Publuc Access Center (PAC) ၀န်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေသူများအား လုပ်ငန်းလိုင်စင်များထုပ်ပေးလျှက်ရှိကြောင်းသိရသည်။
လိုင်စင်အခွန်ခနှုန်းထားများမှာ
(က) ကနဦးလိုင်စင်   -ကျပ်   ၅၀၀,၀၀ဝိ/-
(ခ) နှစ်စဉ်ကြေး        - ကျပ်  ၃၆၀,၀၀ဝိ/-
(ဂ) ရက်လွန်ကြေး     - တစ်ရက်လျှင် ကျပ်  ၁,၀၀ဝိ/- (လိုင်စင်သက်တမ်းကုန်ဆုံးပြီးရက်ပေါင်း ၉၀ ထိသာ။)
(ဃ) မိတ္တူ ( Duplicate) - ကျပ်  ၃၀,၀၀ဝိ/-
သတင်းအပြည့်အစုံဖတ်ရန်

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ


ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး
ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။ အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

မြန်မာအလုပ်သမား တစ်ဦးအဓမ္မပြုကျင့်ခံရပြီး ၅ ထပ်တိုက်ပေါ်ကပစ်ချခံရ

မြတ်ညို( အလွတ်သတင်းထောက်)
ဘန်ကောက်မြို့အနီး စမုတ်စာခွန်၊ မဟာချိုင် နယ်မြေ အုန်းနွဲ့ စိုင်းဟတ် ၆ထပ်တိုက်တွင် နေထိုင် သည့်အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့ လည်ပိုင်းက ထိုင်းတစ်ဦးက အဓမ္မပြုကျင့်ပြီး ၅ ထပ်အမြင့်မှ ပစ်ချခံရသဖြင့် ဆေးရုံတွင် အရေးပေါ် တင်ထားရကြောင်းမျက်မြင်များပြောပြချက်အရ သိရှိရသည်။
တိုက်နောက်ဖက် လဘက်ရည်ဆိုင်တွင် ထိုင်နေကြသည့် ကိုမင်းဇေါ် က သူတို့ အနားသို့ ကျလာပုံ ကို ရှင်းပြသည်။ “မွန်းလွဲ၂နာရီကျော်ပြီး အပေါ်ထပ် အခန်းအမှတ် ၅/၁၅၃ က မစန်းစန်းဝင်း ကိုယ်လုံးတီးနဲ့ ထမိန်တစ်ကွင်း စလွယ်သိုင်းပြီး ပြုတ်ကျလာတယ်၊ အလှူခံ အလှူခံ လို့ ပြောပြီး သတိ ရတချက် မရတချက် ပဲ။ ဆေးရုံရောက်တော့လဲ ဘယ်သူလဲလို့ မေးတော့ အလှူခံ အလှူခံလို့ ပြောတယ်။ ကျနော်လည်း အနားမှာ ရှိတဲ့ မမော်နဲ့ ထမီတစ်ကွင်းယူပြီးတော့ ၀တ်ပေးကြတယ်။ ကျနော်အဲဒီ ၅ထပ်ကို ပြေးတက် လာတော့ အသက် ၂၀ အရွယ် လောက်ရှိတဲ့ ဆံပင်ရှည်ရှည် ပိန်ပိန် နဲ့  အရပ် ၅ ပေ လောက်ရှိတဲ့ ထိုင်းလူငယ် တစ်ယောက် ပြေးဆင်းလာတာနဲ့ လှေကားမှာတွေ့ တယ်” ဟုပြောသည်။
ဧရာဝတီတိုင်းရေကြည်မြို့နယ် နုံးကနိုင်ရွာ မှ အသက် ၃၇ နှစ်အရွယ် မစန်းစန်းဝင်း သည်
အုန်းနွဲ့ စိုင်ဟတ် တွင်ရှိသော တွန်းစွန် ကြက်သား
အလုပ်ရုံတွင် ညဆိုင် အလုပ်လုပ်ပြီး အခန်းတွင်တစ်ဦးတည်း အိပ်နေ စဉ် အသက် ၂၀ ၀န်းကျင် ထိုင်း လူငယ်တစ်ဦးက အလှူခံရန် တံခါးကို အပြင်း အထန်ခေါက်သဖြင့် ဖွင့်ပေးခဲ့သည်ဟု ယူဆကြောင်း အခန်း တွင် ရှိသော စုဗူးကိုရိုက်ဖွင့်ပြီး ဂွမ်းကပ် စောင် နှင့် အမျိုးသမီး အတွင်း ခံဘော်လီ တို့ ကစင်းကလျား တွေ့ရှိရသခြင်းနှင့် နောက်ဘက် မီးဖိုေ ချာင်တွင် အိုးခွက်ပန်းကန်များ ခြေရာလက်ရာမပျက် ရှိနေခြင်း တို့ ကြောင့်၎င်း မျက်နှာတို့တွင် အညိုအမည်း စွဲနေခြင်း တို့ ကြောင့် သူမမှာ အဓမ္မပြုကျင့်ခံရပြီးနောက် အပြင်းအထန် ရိုက်နှက်ခံရ သဖြင့် မေ့မျောနေစဉ် ငါးထပ်တိုက်ခန်းမှ ပြစ်ချခံ ရခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ကိုအောင် ကပြောသည်။
“ ကျနော်တို့ မှာ သားသမီးသုံးယောက်ရှိပါတယ်။ ကျနော့်မိန်းမ ကို ပြန်ပြီးတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူးလို့ ဆေးရုံကတာဝန်ကျ ဆရာဝန်ကပြောပါတယ်၊ ဆေးကုခ ဘတ်ငွေ ၁၄၀,၇၀၂ ဖြစ်နေပြီလို့ တစ်ဦးက ညနေ ကဖုန်းဆက်လာပါတယ်။ ဒီနေ့ မြန်မာသံရုံး ကိုယ်စားလှယ်နဲ့ အတူ ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြပါတယ်၊ဆေးရုံကိုလည်း သွားခဲ့ကြပါတယ်” ဟုပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် ထိုင်းလူငယ်ထံမှ ကျကျန်နေခဲ့သည့် ထိုင်းအလှူခံစာရွက်အား တိုက်ပိုင်ရှင်က သိမ်းဆည်းထားသည်။ မစန်းစန်းဝင်း ကိစ္စရပ်အတွက် လိုအပ်သည့် ကူညီမှုများအား မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး မြန်မာသံမှူးကြီး ဦးနိုင်ထွန်း နှင့်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။