Wednesday, August 8, 2012
၈ရက်နေ့လွှတ်တော်မေးခွန်းများ
သြဂုတ်လ ၈ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးခင်မောင်ဝင်း၊ လမ်းမတော် မဲဆန္ဒနယ်၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၇ ခုနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ MRTV4 ရုပ်သံလိုင်းအား နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ Free to Air ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ဦးအောင်ဆန်း၊ ပန်းဘဲတန်း မဲဆန္ဒနယ်၏ မြန်မာ့ ယဉ်ကျေးမှု
နေပြည်တော် ၈၈၈၈
NLD ပါတီမှ 8888 အထိမ်းအမှတ် ကို ယနေ့ည ၈ နာရီခန့်တွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဥတ္တရ သီရိမြို့နယ် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ် NLD ပါတီမှ ဒေါ်ဖြူဖြူသင်းအဆို
“သမ္မတကြီး၏ ပိုင်ဆိုင်မှုစာရင်းထုတ်ပြန်ကြေညာရန်
ညွှန်ကြားချက်တွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပတ်သက်၍ မပါရှိကြောင်း၊
အုပ်ချုပ်ရေး ပိုင်းတွင် တာဝန်ယူထားကြသူများဖြစ်သဖြင့် ထည့်သွင်းသင့်ကြောင်း”
ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ NLD)
ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ NLD)
မောင်တောမြို့တွင် လက်ရှိအချိန်၌ လုံခြုံရေးအင်အား တိုးမြှင့်
မောင်တောမြို့တွင် လက်ရှိအချိန်၌
လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း သိရပါသည်။ လုံခြုံရေး တာဝန်ယူမှုကို
ရဲတပ်ဖွဲ့ဝင်များ သာမက မူလက မြို့ပြင်တွင် တာဝန်ယူထားသော တပ်မတော်သား အင်အားကိုပါ
အသုံးပြု ထားကြောင်း သိရသည်။ မောင်တောမြို့တွင်း၌ ဗုံးဖောက်ခွဲမည်ဟူသည့် သတင်းများ
မြို့ခံများအကြား ပျံ့နှံလျက်ရှိနေပြီး လူစုလူဝေး မဖြစ်စေရန် လုပ်ဆောင်နေကြောင်း
သိရှိရပါသည်။ နံနက်ပိုင်း အချိန်က ဖွင့်လှစ်ခဲ့သော ဈေးဆိုင် အချို့မှာလည်း နံနက်
၁၀ နာရီကျော်ခန့် အချိန်တွင် ပြန်ပိတ် သွားခဲ့ကြောင်း သိရပါသည်။
eleven media group
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်၏ ရှေ့ဆုံးတန်းတွင် နေရာပေး
ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၂
ရက်မြောက်နေ့ သြဂုတ်လ ၈ ရက်နေ့ ယနေ့တွင် စတင် ၍ တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဌ ဖြစ်လာသော ဒေါ်အောင်ဆန်း စုကြည်အား
ပြည်သူ့လွှတ်တော်ရှေ့ဆုံးတန်း တွင်နေရာပေးပြီဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် အဆိုပါကော်မတီကို တိုးချဲ့ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက် မည် ဖြစ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ လွှတ်တော်တွင် ဖွဲ့စည်းသော ကော်မတီတစ်ရပ်တွင် ပထမဆုံး ရွေးချယ်ခံခဲ့ရသော ကိုယ်စားလှယ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်တင်မြောက်ခံထားရသော ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

မောင်ပိုင်(နေပြည်တော်)
ခြိမ်းခြောက်မှုတွေကို သမ္မတရုံးတုံ့ပြန်
မကြာခင် သတင်းပတ်တွေအတွင်း အစ္စလာမ် ကြီးစိုးတဲ့ နိုင်ငံတခိျု့မှာ
မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ်
မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ
လုပ်ဆောင်သင့်တဲ့ အရာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်
သမ္မတရုံးဘက်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချ ခံထားရတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်တဲ့ အဘူ ဘာကာ ဘာရှားက မွတ်ဆလင်တွေ ဆက်ပြီး ဖိနှိပ် သတ်ဖြတ် ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွဲမယ်လို့ သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။
ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ အတိုင်း ဥပဒေတွေအတိုင်း ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
အစိုးရရဲ့ ဆောင်ရွက် နေမှုတွေအပေါ် မကြာခင် ရက်ပိုင်းကလည်း ပြည်ထောင်စု ဝန်ကြီးတခိျု့က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ကို ရှင်းပြခဲ့ တဲ့အပြင် အဖြစ်မှန်တွေကို လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင် ပြသခဲ့ကြောင်းလည်း သူက ပြောပါတယ်။
'သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ နည်းဗျူဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျှက် ရှိပါတယ်'' လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
လက်ရှိ ခြိမ်းခြောက်မှုတွေဟာ အစစ်အမှန် ဖြစ်နိုင်သလို တခိျု့ကတော့ အမှန်တကယ် မဟုတ်ပဲ ကြောင့်လန့်ရုံ သက်သက် ခြိမ်းခြောက်တာတွေ ဖြစ်နိုင်ကြောင်း၊ သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ်သင့်လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။
ဘီဘီစီ (မြန်မာဌာန)

ရှစ်လေးလုံး ၂၄ နှစ်မြောက်နေ့ အခမ်းအနားကို ဟင်္သာတမြို.တွင် ကျင်းပပြုလုပ်
ရှစ်လေးလုံး ၂၄ နှစ်မြောက်နေ့ အခမ်အနားကို သြဂုတ်လ ၈
ရက်နေ့က ဟင်္သာတမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။အဆိုပါ အခမ်းအနားကို
ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်၊
အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။“
သြဂုတ်လ ၈ ရက်နေ့ နံနက် ၅ နာရီခွဲမှာ ချမ်းသာကြီးကျောင်းတိုက်က သံဃာ ၅ ပါးကို
ဆွမ်းနဲ့ ၀ါဆိုသင်္ကန်းကို ကပ်ခဲ့ပါတယ်။ ၈၈ ခုနှစ်အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့
ရဟန်း ၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေကိုလည်း အမျှပေးဝေခဲ့ပါတယ်။
ဟောပြောပွဲကိုတော့နံနက် ၈ နာရီမှာစပြီး ပြုလုပ်ခဲ့ပါတယ်။ ၈၈ သပိတ်ကော်မတီဝင်တွေ၊
ဗကသခရိုင်အဖွဲ့ဝင်တွေနဲ့ အခမဲ့ပညာဒါနကျောင်းကော်မတီဝင်တွေ တက်ရောက်ခဲ့ပြီး ကဗျာရွတ်တာတွေ၊ ဟောပြောတာတွေကို ပြုလုပ်ခဲ့ပါတယ်။ နံနက် ၁၀ နာရီခွဲမှာတော့အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။ အခမ်းအနား လုပ်နေတုန်းမှာတော့ သက်ဆိုင်ရာက တားမြစ်တာတွေ မရှိခဲ့ပေမယ့် ပွဲပြီးတဲ့အခါမှာတော့ ရပ်ကွက် တာဝန်ရှိသူတွေက ပွဲလုပ်တာနဲ့ ပတ်သက်ပြီး ၇ ရက် ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်း သတိပေး စကားကိုတော့ လာရောက်ပြောဆို ခဲ့ပါတယ်””ဟု အမေ့မေတ္တာအခမဲ့ ပညာဒါနကျောင်း တာဝန်ခံ ဦးစောဝင်းက ပြောကြားခဲ့ပါသည်။
eleven media group
၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား
၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားနေ့ကို ယနေ့ သြဂုတ်လ (၈) ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဥတ္တရခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆင့်သင့်မဖြစ်သေး၍ အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကြေ ညာ
ပြည်သူ့ခေတ်
အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးမည့် အစီအစဉ်အား လုပ်ဆောင်ရန်များရှိသဖြင့် ရွှေ့ဆိုင်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကြေ ညာလိုက်သည်။
“ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၄င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း နှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်”အဆိုကို ဦးဝင်းမြင့် (ပုသိမ်၊မဲဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က) တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒီချုပ်ကိုယ်စားလှယ်၎ဦးအပါအ၀င် စုစုပေါင်း၈ဦးပါဝင်ဆွေးနွေးရန် မူလကစီစဉ်ထားခြင်းဖြစ်သည်။

Air Asia လေကြောင်းလိုင်း ဘန်ကောက်-မန္တလေး တိုက်ရိုက် ပျံသန်းမည်
Air Asia လေကြောင်းလိုင်းသည် လာမည့်အောက်တိုဘာ ၎
ရက်မှစတင်၍ မန္တလေးနှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက်ပြေးဆွဲသွားမည်ဖြစ်ပြီး
ရန်ကုန်နှင့် ဘန်ကောက်ခရီးစဉ်ကိုလည်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း Air Asia
လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် Mr.Tassapon Bijleveld က ပြောသည်။ဘန်ကောက်နှင့်
မန္တလေးခရီးစဉ်ကို တစ်ပတ်လျှင် လေးကြိမ်၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့်
စနေနေ့တို့တွင် ခရီးသည် ၁၈၀ စီးနင်းနိုင်မည့် အဲဘတ်စ်အေ ၃၂၀ ဖြင့်
တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်နှင့်
ဘန်ကောက်မြို့သို့ အသွားအပြန် လေယာဉ်ခရီးစဉ် တစ်ကြိမ်တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။
Air Asia လေကြောင်းလိုင်းသည် အရောင်းမြှင့်တင်မှုအစီအစဉ်ဖြင့် အောက်တိုဘာ ၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်တွင် ဘန်ကောက်နှင့် ရန်ကုန်မြို့ သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၂ နှင့် ဘန်ကောက်နှင့် မန္တလေးမြို့သို့ စီးနင်းမည့် ခရီး သည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၉ ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
by:7 Day News

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား
ယနေ့( သြဂုတ်လ ၈ ရက်)နံနက် ၇း၀၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်တွင် စတင်ကျင်းပရာ တက်ရောက်ကြသော ၈၈မျိုးဆက်ကျောင်းသားများကို တွေ့ရစဉ်။
Tun Wai (facebook)
Tun Wai (facebook)
Subscribe to:
Posts (Atom)