Wednesday, April 3, 2019

ထူးခြားတဲ့ မော်လမြိုင်က ဦးဇိနဘုရား

 ဦးဇိနစေတီတော်တွင် မဟာမြတ်မုနိရုပ်ပွားတော် မျက်နှာ်တော်ပုံစံ ဖူးတွေ့ရပုံ

ဘုရားဖူးခရီး
 
၂၀၁၈ နှစ်ကုန်ပိုင်းမှာ ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူတူ ခရီးတစ်ခုစီစဉ်ဖြစ်ပါတယ်။ ထားဝယ်ရှင်ကိုးရှင် လေးညအိပ် ငါးရက်ဘုရားဖူးခရီးစဉ်ပါ။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ နေပြည်တော်ကစထွက်ပါတယ်။ ၂၉ ရက်နေ့ မနက် ၅ နာရီလောက်မှာ ထားဝယ်ကိုရောက်ဖို့ ၄၈ မိုင် မှာရှိတဲ့ ကလိန်အောင်မြို့က ဆံတော်ရှင်ဘုရားတောင်ခြေကိုရောက်ပါတယ်။

ဆံတော်ရှင်ဘုရားတောင်ပေါ်မှ မြင်ကွင်း (ကလိန်အောင်၊ ထားဝယ်မြို့နယ်)
 ၂၉၊ ၃၀၊ ၃၁ ရက်နေ့တွေမှာ ထားဝယ်ရှင်ကိုးရှင်၊ ထားဝယ်မြို့ကအခြားတန်ခိုးကြီးဘုရားအချို့နဲ့ ကမ်းခြေသုံးခုကို လည်ပတ်ခဲ့ပါတယ်။ (ကမ်းခြေတွေထဲမှာတော့ မြတ်ရှင်မော်ဘုရားကို သွားတဲ့လမ်းမှာရှိတဲ့ ဖိုးဖိုးကျောက်ကမ်းခြေကအလှဆုံးပါ) ၁.၁.၂၀၁၉ ရက်နေ့ ထားဝယ်ကအပြန် အချိန်မရတော့လို့ မော်လမြိုင်ကဘုရားတစ်ဆူ ထဲကိုပဲဖူးတော့မယ်ဆိုပြီး အခုပြောမယ့် ဦးဇိနဘုရားကို ၀င်ဖူးခဲ့တာပါ။