ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) ကို
နှုတ်ဆက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့
ခေါင်းဆောင် ဦးသန်းဆွေသည် အမရိကန် ပြည်ထောင်စု ဆိုင်ရာ
မြန်မာသံ အမတ်ကြီးအဖြစ် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သံအမတ်ခန့် အပ်လွှာ
ပေးအပ်ခဲ့သည်။
အမေရိကန်ပြည်ထောင် စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ဖို့
နှစ်ဘက် သဘောတူထားတဲ့ ဦးသန်းဆွေဟာ ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ဘရာ့ခ်
အိုဘားမားထံ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးအပ် ခဲ့ပြီဖြစ်ပါတယ်။
ဒါဟာဖြင့် နှစ်ပေါင်း ၂၅ နှစ်နီးပါးအတွင်း အမေရိကန်နဲ့ မြန်မာအကြား
သံတမန် ဆက်ဆံရေး အဆင့်အတန်းကို အပြည့်အ၀ ပြန်ပြီး ထူထောင်လိုက်ကြတာပါ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးအဖြစ် Derek
Mitchell ဟာလည်း မကြာသေးခင်ကပဲ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို
ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
သံအမတ်ကြီး ဦးသန်းဆွေဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီရေးလှုပ်ရှားမှုကို
အဲဒီအချိန် အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ပြီးတဲ့နောက်
အမေရိကန်ပြည်ထောင်စုက သံတမန်ဆက်ဆံရေးအဆင့်အတန်းကို လျှော့ချခဲ့သလို
မြန်မာနိုင်ငံဘက် ကလည်း အလားတူ လုပ်ဆောင်ခဲ့တာပါ။ သမ္မတဦးသိန်းစိန်အစိုးရ
တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခဲ့တာ၊
နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ
လုပ်ဆောင်လာတာတွေကို တုန့််ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက
ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းခဲ့သလို သံတမန်ဆက်ဆံ ရေးကို
အပြည့်အ၀ ပြန်ထူထောင်ခဲ့တာလည်းဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Monday, July 30, 2012
မျက်မမြင်တွေအတွက် စမတ်ဖုန်
မျက်မမြင်တွေအတွက် သွားရေးလာရေးနဲ့ စာဖတ်ဖို့အတွက် အလွယ်တကူအသုံးပြုနိုင်မယ့် စမတ်ဖုန်း ဈေးကွက်ထဲရောက်ရှိလာပြီဖြစ်ပါတယ်၊ Gerogie လို့ခေါ်တဲ့စမတ်ဖုန်းကိုအခြားဖုန်းတွေလိုပဲ မျက်နှာပြင်ကိုလက်နဲ့တို့ထိအမိန့်ပေးလို့ရသလို ဖုန်းထဲကအသံနဲ့ပြန်ပြောပြပေးမှာဖြစ်ပါတယ်၊ ဒါ့အပြင်မျက်မမြင်တွေ ဘတ်စ်ကားမလွတ်အောင် စာဖတ်လို့ရအောင် တည်နေရာရှာဖွေမှုတွေအတွက် လည်းအကူအညီပေးနိုင်မှာဖြစ်ပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်
ကင်တားနားမြန်မာနိုင်ငံသို့ရောက်ရှိ
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်
ဒါဟာ ရခိုင်ပြည်နယ်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီးမှာ သူ့ရဲ့ပထမဆုံး မြန်မာ ခရီးစဉ်လည်းဖြစ်ပါတယ် သူဟာ မြန်မာနိုင်ငံမှာ တနင်္လာနေ့ကစပြီး မြန်မာနိုင်ငံလူ့အခွင့်အရေး နဲ့ပတ်သက်ပြီး သတင်းတစ်ပတ်ကြာလေ့လာမှုပြုလုပ်သွားမယ်လို့ဆိုပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်
ဒါဟာ ရခိုင်ပြည်နယ်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့အပြီးမှာ သူ့ရဲ့ပထမဆုံး မြန်မာ ခရီးစဉ်လည်းဖြစ်ပါတယ် သူဟာ မြန်မာနိုင်ငံမှာ တနင်္လာနေ့ကစပြီး မြန်မာနိုင်ငံလူ့အခွင့်အရေး နဲ့ပတ်သက်ပြီး သတင်းတစ်ပတ်ကြာလေ့လာမှုပြုလုပ်သွားမယ်လို့ဆိုပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်
Surface တက်ဘလက်
မိုက်ကရိုဆော့ကုမ္ပဏီကSurface တက်ဘလက် လက်ကိုင် ကွန်ပြူတာ ထွက်လာမယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မှာကြေညာလိုက်ပါတယ်၊ Touch screenအသုံးပြု ထားတဲ့ဒီ Surface တက်ဘလက် မှာမိုက်ကရိုဆော့ရဲ့ windows 8 OS ကိုထည့်သွင်းထားတာမှာဖြစ်ပြီး Processor အပိုင်းမှာတော့ ntel ဒါမှမဟုတ်ARM processors တို့ကိုအသုံးပြုထားမှာဖြစ်ပါတယ်၊
သတင်းအပြည့်အစုံဖတ်ရန်
သတင်းအပြည့်အစုံဖတ်ရန်
ဆုတံဆိပ်ရရှိမှုဇယား(အိုလန်ပစ် ဒုတိယနေ့)
1 | ![]() | တရုတ် | 6 | 4 | 2 | |
2 | ![]() | အမေရိကန် | 3 | 5 | 3 | |
3 | ![]() | အီတလီ | 2 | 3 | 2 | |
4 | ![]() | တောင်ကိုရီးယား | 2 | 1 | 2 | |
5 | ![]() | ပြင်သစ် | 2 | 1 | 1 |
မြန်မာနိုင်ငံကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြတဲ့ အားကစားသမားတွေရဲ့ လန်ဒန်အိုလန်ပစ် သတင်းများဖတ်ရန် |
Subscribe to:
Posts (Atom)