Thursday, July 14, 2016

Fighter In The Wind(2004) မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးကတော့ပရိတ်သတ်တွေအတော်လေး နစ်သက်မယ့်ဇာတ်ကားတစ်ကားလို့ပြောပါရစေ

ဇာတ် ကားလေးကဒုတိယကမ္ဘာစစ်အတောအတွင်းမှာ ရိုက်ထားတဲ့ဇာတ်ကားလေးပါကိုရီးယားနဲ့ဂျပန်နစ် နိင်ငံဖက်စပ်ရိုက်ကူးထားလို့ပရိတ်သတ်တွေသဘော ကျမှာအသေအချာပါပဲကျွန်တော်ငယ်ငယ်ကအရမ်း ကြိုက်မိလို့ဘာသာပြန်မိတာလည်းပါပါတယ်ဇာတ်လမ်း အစမှာဂျပန်နိင်ငံမှာရှိတဲ့လေယာဉ်မောင်းသင်တန်း ကျောင်းတက်ချင်တဲ့လူငယ်လေးတစ်ယောက်အခက် အခဲတွေနဲ့ဂျပန်ပြည်လာပြီးလေယာဉ်မှုးဖြစ်အောင် ကြိုးစားပုံအခက်အခဲတွေအများကြီးကြားကနေကိုး ရီးယားလူမျိုးတစ်ယောက်အနေနဲ့ခက်ခက်ခဲခဲရပ် တည်ရပုံအနိပ်အစက်အညှင်းပန်းခံပြီးကြိုးစား ရုန်းကန်ရပုံကိုတခမ်းတနားရိုက်ကူးပြထားပါတယ်

၂၀၀၄ခုနစ်ကကိုရီးယားစံချိန်တင်ဝင်ငွေရခဲ့တဲ့ဇတ် ကားလေးလည်းဖြစ်ပါတယ်လေယာဉ်မှုးဖြစ်ချင်ခဲ့ပေ မယ့်ဘဝကံကြမ္မာလက်စားချေချင်တဲ့စိတ်ကြောင့်ဂျ ပန်ပြည်မှကမ္ဘာကျော်သိုင်းအကျော်အမော်ဖြစ်လာ အောင်ကြိုးစားပုံကလည်းလူငယ်လေးတွေအတုယူ စရာပါအကြမ်းချည်းသတ်သတ်မဟုတ်ပဲဂျပန်မလေး နင့်ချစ်ကြိုက်လွမ်းဆွေးရပုံစသဖြင့်ပြောင်မြောက် အောင်ရိုက်ကူးထားနိင်တဲ့ဒီဇတ်ကားကိုကျွန်တော် ကြိုက်မိသွားတာလည်းအပြစ်မဆိုသာပါဘူး

ဒီဇာတ်ကား လေးမှာကြိုက်မိတဲ့စကားလေးတစ်ခွန်းလည်းရှိပါတယ် (မင်းဆင်းရဲချင်ဆင်းရဲနေနိင်တယ်ဒါပေမဲ့မင်းရဲ့ကြိုး စားမှုကြောင့်အောင်မြင်မှုတစ်ခုမင်းရလာနိင်တယ်) အရမ်းကောင်းမွန်တဲ့စကားလေးပါဒီဇာတ်ကားလေးကို ဖုန်းဘေကုန်ကျမယ့်ငွေကြေးကိုဂရုမစိုက်ပဲဒေါင်းလိုက် ပါလို့ပြောပါရစေသိမ်းထားသင့်တဲ့ဇာတ်ကားလေးတစ် ကားကိုကျွန်တော်(စိုးထွေး)ရဲ့၂၁ကားမြောက်ဘာသာ ပြန်လေးအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်

File Size         : 780 MB
Quality           : Blu ray 720P
Running Time : 2hr
Format           : Mp4
Genre             : Action, Drama, Biography
Encoder         : Than Htike Zaw


Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85

နမူနာကြည့်ရန်

Lost in Hong Kong (2015) မြန်မာစာတန်းထိုး

- ဒီနေ့တော့ ရယ်ရယ်မောမောလေးကြည့်ရမယ့် တရုတ်ဟာသ ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

၁၉၉၀ နှစ်လယ်ပိုင်းကာလ မြင်ကွင်းနဲ့အတူ အနုပညာကျောင်းသားလေး ရှုလိုင်နဲ့ ရန်ယိတို့က ချစ်သူတွေဖြစ်ကြပြီး ပထမဆုံး အကြင်နာတောင်မပေးရသေးခင်မှာ ရန်ယိဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ခဲ့ရကာ ရှန်ဟိုင်းကို လုံးဝပြန်မလာတော့ပါဘူး။ ဒီလိုနဲ့ နှစ်နှစ်ဆယ်နီးပါးကြာသွားပြီးနောက်မှာ ရှုဟာကတုံးပြောင်ပြောင်ပုံစံနဲ့ ဖြစ်နေပြီး အမျိုးသမီးအတွင်းခံ အင်္ကျီဒီဇိုင်နာအလုပ်ကိုလည်း တော်တော်ကို ငြီးငွေ့နေကာ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ အရင်က သူ့စိတ်ကူးအိပ်မက်တွေတောင်မေ့ပျောက်ကုန်ပါပြီ။

အခုဆိုရင် သူချစ်ရတဲ့ ဇနီးသည် ချိုင်ဘိုနဲ့ ဘ၀လမ်းအတူ လျှောက်နေတာတောင်မှ သူ့စိတ်ထဲမှာတော့ အမြဲအမှတ်ရနေတာကတော့ ရန်ယိကိုပါပဲ။ ရှုလိုင်နဲ့ ချိုင်ဘိုနှစ်ယောက်ဟာ သားသမီး မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြပါတယ်။

တစ်ရက်မှာတော့ ဟောင်ကောင်မှာရှိတဲ့ ချိုင်ဘိုရဲ့ မိသားစုတွေဆီကို သွားလည်ခဲ့ပြီး ဟောင်ကောင်ကို ရောက်တုန်းရောက်ခိုက် သူစိတ် မကုန်သေးတဲ့ ရန်ယိကို တိတ်တဆိတ်သွားတွေ့ဖို့ ရှုလိုင်ကြံစည်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း ရှုလိုင်ရဲ့ စိတ်ကူးတွေဖျက်ဆီးမယ့်သူကတော့ ယောက်ဖငတုံးကောင်လေး ချိုင် လာလာပါ။ ရှုလိုင်သွားရာနောက် တစ်ကောက်ကောက် ပါနေပြီး လက်ထဲမှာ ဗီဒီယိုကင်မရာကိုင် ပြီး မှတ်တမ်းရုပ်ရှင်အတွက် မြင် ကရာ လျှောက်ရိုက်နေတာမို့ ရှု လိုင်အတွက် အတော်ကိုစိတ်ရှုပ် စရာပါ။

ဒီလိုနဲ့ လျှောက်သွားရင်း ဗီဒီယိုကင်မရာကြောင့်ပဲ ပြဿနာစ ပါတော့တယ်။ အဲဒါကတော့ ချိုင် လာလာရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ လူဆိုးဂိုဏ်းရဲ့ လှုပ်ရှားမှုတွေပါ သွားရာကနေ လူဆိုးအဖွဲ့တွေ သူ တို့နောက်လိုက်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ။

ရှုလိုင်တစ်ယောက် အချစ်ဟောင်းနဲ့ကော ပြန်တွေ့ရမလားဆိုတာ စောင့်မျှော်ကြည့်လိုက်ပါဦးနော်။
(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြထားပြီး Subtitle Fixed by Min Htet Khant Shar ဖြစ်ပါတယ်။)

File size...(900MB) 
Quality...BR-Rip 720p
 

Format...mp4
Duration....01:53:47
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung 

 

Download and Watch HD 720p (pCloud Link)

Download and Watch 360p Small File Size(400MB)

  


http://channelmyanmar1.blogspot.com မှကူးယူဖော်ပြပါသည်။
jaketaw85

နမူနာကြည့်ရန်