Wednesday, September 19, 2012

မြန်မာနိုင်ငံအပေါ်သတ်မှတ်ပြဋ္ဌာန်းထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ထပ်မံလျှော့ချပေးရေးကိုဒေါ်အောင်ဆန်းစုကြည် ထောက်ခံအားပေး

မြန်မာနိုင်ငံအပေါ်သတ်မှတ်ပြဋ္ဌာန်းထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ထပ်မံလျှော့ချပေးရေးကို ထောက်ခံအားပေးသည်ဟု အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိနေသည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း ဘီဘီစီ သတင်းဌာနကရေးသားဖော်ပြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

"ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ကိစ္စကို ကျွန်မ အလေးအနက်ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ ကံကြမ္မာအတွက် ကိုယ့်ဘာသာကိုယ်တာဝန်စတင်ယူနိုင်ပြီ(ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီ)လို့ထင်မြင်မိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဒီမိုကရေစီစနစ်ကို ကျွန်မတို့ထူထောင်ရမှာဖြစ်ပါတယ်" ဟု အမေရိကန်ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုခဲ့ရာ ယခုအခါတွင် နာမည်ကျော် ကိုကာကိုလာ(Coca Cola)၊ ပက်စီ(Pepsi) အပါအဝင် အမေရိကန်စီးပွားရေးလုပ်ငန်းကြီးများ စတင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သည်။ မြန်မာသမ္မတ ဦးသိန်းစိန်ကမူ အနောက်နိုင်ငံများအနေဖြင့် မြန်မာအပေါ်ထားရှိသော ပိတ်ဆို့အရေးယူမှုများအားလုံးကို ဖယ်ရှားပေးရန် တိုက်တွန်းပြောဆိုထားသည်။

နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က၀ါရှင်တန်ဒီစီရှိ မြန်မာမိသားစုများနှင့်တွေ့ဆုံ




နိုင်ငံတော် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က၀ါရှင်တန်ဒီစီရှိ မြန်မာမိသားစုများနဲစက်တင်ဘာလ ၁၈ နေ့မှာတွေ့ ဆုံခဲ့ပါတယ်။

ဝန်ကြီး ဟာ မြန်မာမိသားစုများနဲ့ တွေ့ ဆုံရာမှာ လက်ရှိ နိုင်ငံရေး ၊ စီးပွါးရေး နဲ့ လူမှုရေး စတဲ့ အကြောင်း အရာတွေ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ပြီး မြန်မာမိသားစုတွေရဲ့ မေးခွန်း တွေကိုလည်း စိတ်ရှည် လက်ရှည် ဖြေကြားသွားတာ တွေ့ ရပါတယ်။

မြန်မာမိသားစုတွေ အဓိကထားမေးမြန်းခဲ့ကြတာ ကတော့ နာမည်မဲ (Black List ) ကိစ္စ၊ နိုင်ငံသားကိစ္စ ၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ကချင်တိုက်ပွဲ ကိစ္စတွေကို မေးခဲ့တာတွေ့ ရပါတယ်။

ဝန်ကြီး ဦးအောင်မင်း ကလည်း မေးသမျှ မေးခွန်းတွေကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့ပါတယ်။ နာမည်မဲ ကိစ္စနဲ့ ပါတ်သတ်လို့ ဖြေကြားရာမှာ သူတို့ ဆီကို စာရင်းပို့ လာပါက နာမည်မဲ စရင်းက အမြန်ဆုံး ပယ်ဖျက်ပေးမယ်လို့ ဆိုပါတယ်။

ပြည်ပရောက်နေတဲ့ မြန်မာတွေ မြန်မာနိုင်ငံပြန်လားရင် ၅ နှစ်နေထိုင်ခွင့်ကို ဥပဒေပြဒါန်းနိုင်ဖို့စတင် လုပ်ဆောင်နေပြီလို ပြောပါတယ်။

ရိုဟင်ဂျာကိစ္စမှာတော့ ဥပဒေချိုးဖောက်သူကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မယ်လို့ပြော ပါတယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ကိစ္စကိုတော့ ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ဆောင်ရွက်နိုင်လိမ့်မယ်
လို့ ယုံကြည်ထားကြောင်း ၀ါရှင်တန် ဒီစီ မြန်မာမိသားစုကို ရှင်းလင်းပြောဆိုသွားပါတယ်။
သစ်ထူးလွင်