Tuesday, June 18, 2013

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ကျန်ရှိနေသေးသော တားမြစ်ကန့်သတ်ချက်များအားလုံးကိုရုပ်သိမ်းပေးခဲ့ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
June 19th, 2013

“အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ကျန်ရှိနေသေးသော တားမြစ် ကန့်သတ်ချက်များ အားလုံးကိုရုပ်သိမ်းပေးခဲ့ခြင်း”


       မြန်မာနိုင်ငံ၏အဓမ္မစေခိုင်းမှုပပျောက်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်၊ (၈၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံနှင့် ၂၀ဝ၀ ပြည့်နှစ်၊(၈၈)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာညီလာခံတို့မှ မြန်မာနိုင်ငံအပေါ်တားမြစ် ကန့်သတ်သော ဆုံးဖြတ်ချက်များချမှတ်ခဲ့ပါ သည်။ ယင်းဆုံးဖြတ်ချက်များ အနက်(၈၇) ကြိမ်မြောက်ညီလာခံမှ ချမှတ် ခဲ့သည့် တားမြစ်ကန့်သတ်ချက်များ အားလုံးနှင့် (၈၈)ကြိမ်မြောက်ညီလာခံမှ ချမှတ်ခဲ့သည့် တားမြစ် ကန့်သတ်ချက်အချို့ကို ၂၀၁၂ ခုနှစ်၊ဇွန်လတွင်ကျင်းပ ခဲ့သော (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှ ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ပါသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၏ သတင်းကြေညာချက်

မလေးရှားနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်ပြီးအကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့အပြီးပြန်လာသော မြန်မာ နိုင်ငံသား အလုပ်သမားများအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်လိုသော ဆန္ဒရှိပါက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်တွင်း၌အလုပ်လုပ်ကိုင်လိုသော အလုပ်သမားများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ကျသော အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ ဝန်ထမ်းကို ဖြစ်စေ၊ Complaint Mechanism Centre ဖုန်းအမှတ် ဝ၆၇-၄၃၀ဝ၇၉ သို့ ဖြစ်စေဆက်သွယ်ပြီး အလုပ်သမား တစ်ဦးချင်း အလိုက် ကျွမ်းကျင်မှုများဖော်ပြပြီး အလုပ်လုပ်ကိုင်လိုသည့် နေရာ၊ အလုပ်အမျိုးအစားဖော်ပြ၍ သတင်းပေးပို့ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။