Tuesday, July 24, 2018

Microsoft Word 2013, 2016 စာအမှန်မထွက်လျင်

Myanmar3, Pyidaungsu-1.x စတဲ့ဖောင့်တွေ Office 1013, 2016 တို့မှာ အဆင်မပြေတော့တာ တွေ့ရပါတယ်။ ဒီဖောင့်တွေက Office 2010 အထိပဲ အလုပ်လုပ်ပါတယ်။ Office 1013, 2016 မှာသုံးမယ်ဆိုရင် “ Myanmar Text” font, “ Pyidaungsu-2.x.ttf” font ကသင့်တော်ပါတယ်။ ပြောင်းလဲသုံးစွဲဖို့အကြံပြုပါတယ်။ အကယ်၍ မလွဲမသွေ ဆက်သုံးရမယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းလေးကို ပြုလုပ်ပြီးသုံးစွဲနိုင်ပါတယ်။




Control + D နှိပ်ပါ။ Font Dialog box ပွင့်လာပါမည်။ Advanced tab ကိုရွေးပါ။ “Use Contextual Alternates,” ကိုအမှန်ချက်ပေးပါ။ ထိုနောက် Ligatures to ကို “All,” ဟုထားပေးပါ။ အိုကေ နှိပ်ပါ။



Tuesday, July 10, 2018

Windows 10 မှာ Microsoft Word, Exal, Power Point စတာတွေမှာ Myanmar 3 အသုံးပြုလို့အဆင်မပြေသူများအတွက်

ရုံးလုပ်ငန်းမှာ အသုံးပြုနေရတဲ့ Microsoft Word, Exal, Power Point စတာတွေမှာ Myanmar 3 အသုံးပြုလို့အဆင်မပြေသူများအတွက် (for Windows 10)

ဒီနေရာမှာ လက်ရှိ update ဖြစ်တဲ့ Myanmar3 font နဲ့ အက္ခရာကီးဘုတ်ကို ဒေါင်းလုဒ်လုပ်ပြီး Install လုပ်ပါ။မြန်မာ၃ ဖောင့်ကို Control panel\Fonts ဖိုဒါထဲသွားထည့်ပါ။ပြီးရင် အက္ခရာကီးဘုတ်ကို အင်စတောလုပ်ပါ။