Friday, December 14, 2012

IT နှင့်ပတ်သက်သည့် လုပ်ငန်းခွင်များတွင် ကြုံတွေ့ရနိုင်သည့် ကိစ္စရပ်များ

(၁) IT ပညာရှင်တွေဟာ သူတို့စိုးရိမ်တဲ့ ကိစ္စတွေဖုံးကွယ်ဖို IT နဲ့မဆိုင်တဲ့ စီမံခန့်ခွဲသူတွေကို ရှုပ်ထွေးသွားစေဖို့ ဘာသာရပ်ဆိုင်ရာ စကားလုံးတွေကို တွင်တွင်သုံးတတ်ကြတယ်။

(၂) အချို့သော IT ပညာရှင်တွေဟာ နည်းပညာသစ်စတင်ရာမှာ မကြာခဏဆိုသလိုအတားအဆီးတွေ ဖြစ်နေတတ်ပါတယ်။(အသစ်အဆန်းတွေအတွက်အချိန်ကုန်ပြီးပင်ပန်း မှာစိုး၍ရှောင်လွှဲကြတယ်။)

(၃) အချို့သော IT ပညာရှင်များက အလုပ်ခွင်/ကုမ္ပဏီများအတွက် ကူညီပံ့ပိုးဖို့ထက် သူတို့ Power တက်လာစေရန် နည်းပညာသစ်တွေကို တွင်တွင်အသုံးပြုကြတယ်။

(၄) အချို့သော IT ပညာရှင်တွေကတော့ နည်းပညာသစ်တွေလုပ်ကိုင်ဆောင်ရွက်ဖို့ထက် အဟောင်း ကိုပဲအချိန်ပိုကုန်နေတတ်တယ်။(အသစ်ဘယ်လောက်ကောင်းကောင်းအဟောင်းကိုပဲလက်ပူတိုက် ထည်လဲသုံးနေတတ်တယ်။)

(၅) တစ်ခါတစ်လေကျတော့ဆက်ဆံရတဲ့ဝန်းကျင်ကလူပုဂ္ဂိုလ်များကလုပ်ငန်းအဆင်ပြေသွားရင်သူတို့ပဲ နာမည်ကောင်းယူတတ်ကြပြီး၊ လွဲချော်မှားယွင်း သွားခဲ့ရင် ကိုယ့်အပေါ်(ITသမား) အပြစ်ပုံချ ကြ တယ်။

(၆) လုပ်ဖော်ကိုင်ဖက်/အသိမိတ်ဆွေအားလုံးက သင့်ကို(IT သမား) Personal Tech Support အဖြစ် အသုံးချတတ်ကြပါတယ်။(ထိုပုဂ္ဂိုလ်များရဲ့ IT ပြဿနာမျိုးစုံအတွက် အကူအညီတောင်းကြပေမယ့် အချို့ပဲသင့်တင့်မျှတတဲ့တန်ဖိုး ပေးပြီး အများစုကတော့ အခမဲ့ပဲ ဆက်ဆံတတ်ကြပါတယ်။)

(၇) Certificate တွေက ပိုတော်တဲ့နည်းပညာရှင် တစ်ယောက်ဖြစ်အောင် အမြဲမကူနိုင်ပေမယ့် နေရာ ကောင်းရဖို့၊ ရာထူးတိုးဖို့နဲ့ လစာတိုးဖို့တော့ကူညီနိုင်ပါတယ်။

(၈) IT ပညာရှင်များဟာ တစ်နေ့တစ်နေ့ သူရဲကောင်းဖြစ်လိုက် ၊ ကျဆုံးလိုက်ဖြစ်နေလိမ့်မယ်။
(အဆင်ပြေအောင်မြင်သွားရင် သူရဲကောင်း၊ ပြဿနာပေါ်ရင် တရားခံပဲ)

(၉) User တွေအမှားလုပ်မိတဲ့အခါ IT ပညာရှင် အပြစ် ဖြစ်လိမ့်မယ်။

(၁၀) တခြားဟာတွေနဲ့ယှဉ်လိုက်ရင် IT လုပ်ငန်းဘက်မှာက လစာနှင့်အခွင့်အရေးတွေ ပိုကောင်းရင် ကောင်းလိမ့်မယ်။ အဲဒီလိုကောင်းတာတွေ ခံစားထားရင်တော့ သင့်ကို ပိုပြီးခိုင်းကြလိမ့်။



             ဖတ်လိုက်ရတဲ့ နည်းပညာဂျာနယ်တစ်စောင်မှ အချက်များ 
 ဖိုးသောကြာ 
 မောင်ကျော်ဘလော့မှကူးယူဖော်ပြသည်