Tuesday, August 2, 2016

လူကုန်ကူးခံ ငါးဖမ်းလုပ်သား ၁၁ ဦးအတွက် သုံးလစာကို ဇူလိုင်လကစတင်ပေးအပ်



MoU အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲတွင် MAT အဖွဲ့ဒါရိုက်တာအားတရားစွဲ



MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းအား အေဂျင်စီများအဖွဲ့ချုပ် moeaf နှင့် Lover world အေဂျင်စီတို့မှအမူဖွင့်တိုင်ကြား 
MoU.အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲ

၂၀၁၆ သြဂုတ် ၂ရက်.
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အဖွဲ့( MAT ) အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းအား ရန်ကုန်အခြေစိုက်
ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် moeaf အတွင်းရေးမှူး ဦးကျော်ထင်ကျော်နှင့် လပ်ဗီးဝေါလ် အေဂျင်စီ ဒါရိုက်တာ ဒေါ်ချိုချိုစန်းတို့က အသရေဖျက်မူ ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမူတို့ဖြင့် အမူဖွင့်တိုင်ကြားထားကြောင်း ကြားသိရပါသည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသောMAT ဒါရိုက်တာ ဦးကျော်သောင်းကို Lover world အေဂျင်စီက တရားစွဲဆိုမည်




ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းကို ပြည်ပ အလုပ်အကိုင် ရှာဖွေရေး Lover world အေဂျင်စီ က တရားစွဲဆိုမည် ဟု သိရသည်။
 
ဦးကျော်သောင်းသည် မေလ ၄ ရက်နေ့ သမ္မတရုံး၊ ပြည်တွင်း၊ ပြည်ပ လုပ်သားကော်မတီ၊ ဝန်ကြီးဌာန အပါ အဝင် စာပါ အချက်အလက်များ မှားယွင်းနေသည့် ကိစ္စနှင့် ကုမ္ပဏီကို အကြိမ်ကြိမ် အကျင့်ပျက် ဟူသည့် အသုံး အနှုန်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်သည် ဟု Lover world အေဂျင်စီ မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ချိုချိုစန်း က ဧရာဝတီသို့ ပြောသည်။

အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ပထမဆုံးအကြိမ်ဖွင့်

စီမံခန့်ခွဲမှုသင်တန်းပို့ချနေစဉ် (ဓာတ်ပုံ - ထက်အာကာကျော်)
အလုပ်သမားများ ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၀န်ဆောင် မှုများ တိုးမြှင့်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ အ လုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုသင်တန်း ကို စတင်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။

သားလေးဖတ်ဖို့


-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ
မှတ်ပါ

-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ

-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ

-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ

ထိုင်းမှာ မြန်မာအလုပ် သမားတွေ ပြန်ပို့ခံနေရ


ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားများကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား အရေအတွက် သောင်းဂဏန်းလောက်ရှိမယ်လို့ မြန်မာ အလုပ် သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ က ပြောပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမား ၉၀ ရာခိုင်နှုန်းလောက်ဟာ တရားဝင်နေထိုင်ခွင့်၊ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ် ရှိနေသူတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။

လုံခြုံရေးတိုးမြှင့်ထား၍ ထိုင်းရောက်မြန်မာများ အထူးသတိပြုရန် မြန်မာသံရုံးထုတ်ပြန်




ဘန်ကောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်(NARONG SANGNAK/EPA)
ထိုင်းနိုင်ငံတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေကြမ်း လူထုဆန္ဒခံ ယူပွဲပြုလုပ်မည့်ရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားမည်ဖြစ်၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများ အထူးသတိပြုနေထိုင် သွားလာရန်နှင့် ခရီးသွားရန်ရှိပါ က စာရွက်စာတမ်းအထောက်အ ထားအပြည့်အစုံယူသွားပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဖုန်း ဆက်၍ အကူအညီတောင်းခံနိုင် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသြဂုတ်လ ၂ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
‘သြဂုတ် ၇ ရက်တွင် ထိုင်း နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြမ်းလူထုဆန္ဒခံယူပွဲပြုလုပ်မည် ဖြစ်၍ ထိုင်းနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေ သော မြန်မာနိုင်ငံသားများနှင့် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများအား ထိုင်း ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပါက အသာတကြည်စစ်ဆေးမှုခံယူကြ ရန် တိုက်တွန်းနှိုးဆော်အပ်သည်’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သြဂုတ် ၁ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။