Saturday, July 28, 2012

အလုပ်သမားဝန်ကြီးဌာန၀န်ကြီး ထိုင်းနိုင်ငံခရီးစဉ်အတွင်းအလုပ်သမားရေးရာကိစ္စများဆွေးနွေးခြင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ထိုင်းနိုင်ခရီးစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားကိစ္စများအား NGO အဖွဲ့များနှင့်လည်းကောင်း၊ ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီးနှင့်လည်းကောင်း၊ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ကော်မရှင်နာတို့နှင့်လည်းကောင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။(----)
သတင်းအပြည့်အစုံဖတ်ရန်

သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည်

(ဓါတ်ပုံ - မဇ္ဈိမ)

မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကာက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း ကျောင်းဆရာ /ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့
ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။“မူလတန်းပြ ဆရာ/မ
တသိန်းခန့်ကို လူဦးရေ စာရင်းကောက်ခံပြုစုရာမှာ အသုံးပြုသွားမှာဖြစ်ပြီး
အလယ်တန်းပြ ဆရာ/မ နှစ်သောင်းခန့်ကိုတော့ စာရင်းတွေ စစ်ဆေးရာမှာ
အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။အဆိုပါ ကျောင်းဆရာ/မများမှာ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်မှ အိမ်ခြေ ၁၁ သန်းခန့်သို့ ကိုယ်တိုင်သွား
ရောက်ကာ စစ်တမ်းများ လိုက်လံကောက်ခံရမည်ဖြစ်သည်။ ၎င်းတို့အား ညွှန်ကြားပေးမည့် သင်တန်းဆရာများကို ကုလသမဂ္ဂမှ သင်တန်းများပေးမည် ဖြစ်သည်။နှစ်ပေါင်း
 ၃၀ အကြာတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံရေးအတွက်
 လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ သည် ကုလသမဂ္ဂနှင့်
ပူးပေါင်းဆောင်ရွက်သွားမည်။ထို့ပြင် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ၂ ရာခိုင်နှုန်းသော လူဦးရေမှာကောက်ခံရာတွင် ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားသည်။သို့သော်ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ခေါ် မူဆလင်များကိစ္စကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ
ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ကမ္ဘာပေါ်တွင် နှိပ်စက် အညှဉ်းပမ်းခံရဆုံး လူမျိုး
တမျိုးဖြစ်သည်ဟု ဖော်ပြထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား
နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထားပေ။၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ
ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွား သည်။မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၏ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း
ကောက်ယူရေး မေးခွန်းနှင့် ပတ်သက်၍ ဦးခင်ရီ က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။“သန်းခေါင်စာရင်း ကောက်ယူမည့် အစီအမံ တခုလုံးကို သုံးနှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်၌ လူဦးရေဆိုင်ရာ အခြေခံ
အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း” ဟု သောကြာနေ့ ထုတ်
နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။၂ဝ၁၄ ခုနှစ်၊
စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍
ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊
စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း
လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။၁၉၈၃
ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း
မကောက်ယူနိုင်ခဲ့သည့်အတွက် ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းတွင်
နှစ် ၃ဝ ကြာမှ ကောက်ယူရသည့် အတွေ့အကြုံပြတ်လပ်မှုကြောင့် လစ်ဟာမှု မရှိစေရန်
အချိန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။၂ဝ၁၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ခရီးစဉ်အတွင်း
မြန်မာနိုင်ငံ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလမှ နည်းပညာ၊
အုပ်ချုပ်မှုနှင့် ငွေကြေးအရ ပံ့ပိုင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံလူဦးရေ
ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု
မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး
အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာ
ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။ကုလသမဂ္ဂ
 လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) ကိုယ်စားလှယ် Mohamed
Abdel-Ahad ကလည်း သန်းခေါင်စာရင်း၏ အရေးပါပုံကို “သန်းခေါင်စားရင်း
ကောက်ယူမှုတွေဟာ လူဦးရေတိုးပွားမှုရဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပါတယ်။
 ဒါ့အပြင် လတ်တလောနဲ့ အနာဂတ်မှာ ကျောင်းတွေ၊ ဆရာတွေ၊ ဆေးရုံတွေ၊
ဆရာဝန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုလုံခြုံရေးတွေ လိုအပ်မှုကိုလည်း
ခန့်မှန်း တွက်ချက်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု မေလအတွင်းက
နေပြည်တော်အစည်းအဝေးတွင် ပြောကြားသွားသည်။
ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ)

ကျွမ်းကျင်လုပ်သား လိုအပ်ချက် ဖြည့်ဆည်းရန် ပညာရှင်တို့ သတိပေး


၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်းသို့ ဝင်ရောက်တော့မည့် မြန်မာနိုင်ငံ အတွက် ကျွမ်းကျင်လုပ်သား လိုအပ်ချက် ရှိနေသေးပြီး ထိုလိုအပ်ချက်အား ဖြည့်ဆည်းရန် လိုကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်အုန်းသန့် က သတိပေး ပြောကြားလိုက်သည်။
“မြန်မာပြည်အတွက် ခြိမ်းခြောက်မှုက ဘာလဲဆိုတော့ ကိုယ့်ဆီကလူက အလုပ်ရဖို့ မလွယ်ဘူး။ သူတို့ဆီက လူတွေက ကိုယ့်ဆီမှာ အလုပ်ရဖို့ လွယ်တယ်။ မြန်မာပြည် အတွင်းမှာကို စံချိန်စံညွှန်းပြည့်ဖို့ လိုလာပြီ။ မမီရင် အပြင်ကလူကို ခန့်တော့မှာပဲလေ” ဟု မဇ္ဈိမကို ပြောသည်။
အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖြစ်ပေါ်လာပါက ကုန်ပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားများ စသည်တို့သည် အာဆီယံနိုင်ငံအတွင်း လွတ်လပ်စွာ ကုန်သွယ် လုပ်ကိုင်နိုင်ကြမည် ဖြစ်ခြင်းကြောင့် ကျွမ်းကျင် လုပ်သား လိုအပ်ချက် ဖြည့်ဆည်းထားရန် ဒေါ်ခင်အုန်းသန့် က ပြောသွားခြင်း ဖြစ်သည်။
ထို့အပြင် မိမိနိုင်ငံအတွင်းမှ ရရှိသည့် လစာနှင့် အခွင့်အလမ်း နည်းပါးနေပါက ပြည်တွင်းမှ ကျွမ်းကျင် လုပ်သားများပြည်ပသို့ ထွက်ခွာသွားနိုင်သည့်အတွက် ထိုသို့ မဖြစ်စေရန် အခွင့်အလမ်းများ ပေးသင့်သည်ဟု Parami Energy Group ကုမ္ပဏီ၏ အကြီးတန်း အကြံပေးဖြစ်သူ ဒေါ်တင်တင်ထွေး က သုံးသပ်ပြောဆိုသည်။“နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကလေးတွေအတွက် နေရာမရှိကြဘူး ဆိုတာလည်း နေရာ လုပ်ပေးရမှာပေါ့။ အခုတောင် သမ္မတကြီး ဦးသိန်းစိန်က Good Governance ၊ Clean government ဆိုတာ ပြောတာရှိတယ်။ အဲဒါ အရမ်း အရေးကြီးတယ်။ Good တင်မကဘူး။ Clean ပါ ဖြစ်ရမယ်။ အလုပ် မရဘူးဆိုတာ အဲဒါလည်း ပါတယ်” ဟု ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် လူငယ် အလုပ်လက်မဲ့ဦးရေ မြင့်မားလျက်ရှိနေပြီး ၎င်းမှာ ချိန်ကိုက်ဗုံး တခုကဲ့သို့ ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ် WEF ၌ ဇွန်လ ၁ ရက်နေ့က ပြောကြားခဲ့သည်။

အစိုးရဝန်ထမ်းများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေး


အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရခြင်းမှာ ငါးလခန့် ကြာမြင့်ပြီ ဖြစ်သော်လည်း အစိုးရ ဝန်ထမ်းများက ယနေ့အထိ သမဂ္ဂများဖွဲ့စည်းခြင်း မရှိသေးဟု အလုပ်သမား အစည်းအရုံး မှတ်ပုံတင် အရာရှိချုပ်ရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေတွင် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် တပ်မတော် လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဝန်ထမ်းများမှအပ ကျန်အလုပ်သမားများသည် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။
လက်ရှိတွင် အစိုးရဝန်ထမ်း မဟုတ်သော အလုပ်သမားများ၏ သမဂ္ဂပေါင်း ၁၃၀ နီးပါး မှတ်ပုံတင် ဖွဲ့စည်းပြီး
ဖြစ်သော်လည်း အစိုးရဝန်ထမ်းများက ယခုအချိန်အထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
ထိုသို့ အစိုးရ ဝန်ထမ်းများ သမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် အပေါ် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနတခုမှ အကြီးတန်း စာရေးတဦးက “ခေါင်းဆောင်မယ့်သူလည်း မရှိဘူး၊ လမ်းပြမယ့်သူလည်း မရှိဘူး” ဟု ဆိုသည်။
ထို့ပြင် အစိုးရဝန်ထမ်းများအတွက် အလုပ်သမားသမဂ္ဂကို ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါက အထက်လူကြီး ဖိအားပေးမှု ဖြစ်လာမည်ကို စိုးရိမ်ခြင်းကြောင့် ခေါင်းဆောင်မည့်သူ မရှိခြင်းဖြစ်မည်ဟု ထင်မြင်ချက် ပေးသည်။
ရွှေပြည်သာမြို့နယ်ရှိ “အောင်” ကြွေပြားစက်ရုံ အလုပ်သမားသမဂ္ဂမှ ဥပဒေအကြံပေး ဦးစောကျော်ကျော်မင်း က အစိုးရဝန်ထမ်းများ သမဂ္ဂ မဖွဲ့စည်းကြခြင်းအပေါ် “ကြောက်နေတဲ့ စိတ်ထားတွေကို ဖျောက်သင့်ပါပြီ” ဟု ဆိုသည်။
မိမိတို့၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ ကိုကာကွယ်နိုင်ရန် အစိုးရ ၀န်ထမ်းများ အနေဖြင့်လည်း ကြိုးစားပြီး ဖွဲ့စည်းသင့်ကြောင်း ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းမှု အစီအစဉ်၏ အကြံပေးအရာရှိ
ရော့စ်ဝီလ်စန် ကလည်း ၎င်းတို့အနေဖြင့် မှတ်ပုံတင်ထားသည့် အလုပ်သမားအဖွဲ့များကို အသိပညာပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး အစိုးရ ဝန်ထမ်းများသည်လည်း အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့် ရှိသလို ထိုသို့ ဖွဲ့စည်းပြီးမှသာ ILO အနေဖြင့် အလုပ်သမားရေးရာ သင်တန်းများ ပေးနိုင်မည်ဟု ဆိုသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန် က အလုပ်သမား သမဂ္ဂများ “များများဖွဲ့လေ ကောင်းလေပါပဲ” ဟု ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီတွင် အသက်ဝင်လာခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ လုပ်ငန်းတူ အလုပ်သမား ဦးရေ ၃၀ ရှိလျှင် အခြေခံ အလုပ်သမား အဖွဲ့တခု ဖွဲ့စည်းနိုင်သည်။

ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ငွေကံ့ကော် အထည်ချုပ် စက်ရုံ စက်ချုပ်ဌာနမှာ စက်ချုပ်လိုင်း ၁၊ ၂၊ ၃၊ ၄ စသဖြင့်ရှိတဲ့ အထဲမှာ လိုင်း ၁ နဲ့  ၂ ကို ဖျက်သိမ်းပြီး စက်ချုပ် လုပ်သားတွေကို တခြားလိုင်းတွေမှာ သွားရောက် ပူးပေါင်း လုပ်ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် အေးချမ်းစွာ ဆန္ဒပြကြတာလို့  စက်ချုပ် အလုပ်သမား မကျင်ကျင်နွယ်က ပြောပါတယ်။ "သူတို့က ဌာနတစ်ခုနဲ့ တစ်ခု ရောပေါင်းဆိုရင် ပေါင်းမယ်။ အဲလိုမဟုတ်ဘဲနဲ့ ဟိုဌာနကို နည်းနည်းထည့်၊ ဒီဌာနကို နည်းနည်းထည့် လူစုခွဲလိုက်သလို ဖြစ်သွားတာပေါ့နော်။ ကိုယ့်ဌာနမှာ ကိုလုပ်ချင်တယ်။ သူတို့က အော်ဒါ မရှိဘူးလို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ အော်ဒါတွေ ရှိရဲ့သားနဲ့ သက်သက်မဲ့ လုပ်တယ်လို့ အလုပ်သမားတွေက ထင်ကြတယ်။ ကျန်တဲ့ဌာနကလူတွေကပါ သူတို့နဲ့အတူတူ ထိုင်ပြီး တောင်းဆို ပေးတယ်ပေါ့နော်" ကျွမ်းကျင်မှု မတူညီတဲ့ အလုပ်သမား အုပ်စုတွေကို ရောနှောပြီး ခိုင်းစေတဲ့အတွက် အလုပ်သမားတွေအကြား အခက်အခဲတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်လို့ အလုပ်သမ တစ်ဦးကလည်း RFA ကို အခုလို ပြောပါတယ်။ "သူတို့က အပြင်ကို ပေးထုတ်ပြီး ဒီမှာ အလုပ်မရှိဘူးဆိုပြီးတော့ လူတွေကိုကျုံ့လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်။ အဲတာ မကျေနပ်လို့ တောင်းဆိုတာပေါ့နော်။ တောင်းဆိုတာ တစ်လိုင်းထဲပါ။ တစ်လိုင်းထဲကို သူတို့က လုပ်မပေးတဲ့ အတွက် ကျန်တဲ့ လိုင်းတွေကပါ လိုက်တောင်းဆိုတာ။ အဲ မနက်တည်းက ၂၈ ယောက်ပဲ တောင်းဆိုတာလေ။ အခု ၁ နာရီထိုးတဲ့ အခါကျတော့ session အကုန်လုံးပေါ့နော်။ တောင်းဆိုတယ်။ လူ ၅၀၀ လောက်ရှိ မလားမသိဘူး။ တစ်စက်ရုံလုံး ဝိုင်းပြီးတော့ တောင်းဆို ပေးတာပေါ့နော်။ ၁ နာရီကနေ ၃ နာရီ။ ၃ နာရီထိုးတော့ အလုပ်ပြန်လုပ်ကြတယ်။ လူကြီးတွေ လာညှိနေတယ်လေ" အလုပ်ရှင်ဘက်က ထုတ်လုပ်မှု စရိတ်နဲ့ ၀န်ထမ်းအင်အားကို လျှော့ချဖို့ ရည်ရွယ်ပြီး ကျွမ်းကျင်မှုအဆင့် မတူညီတဲ့ အလုပ်သမားတွေကို စုပေါင်း ခိုင်းစေလာတဲ့အတွက် ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရမယ့် အရေးက ကာကွယ်နိုင်ဖို့ အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။ မနေ့ကဆိုရင် အထွေထွေ အလုပ်သမား (၆) ယောက် အလုပ်ဖြုတ် ခံရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စက်ရုံ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ငွေကံ့ကော် အထည်ချုပ် စက်ရုံ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မေလ အတွင်းကလည်း တစ်ကြိမ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

Emergency Contraception (2) အရေးပေါ်တားဆေးများ (၂)

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၅)

Ecee2 ဆေးဆိုတာ
Apr 4, 2011 at 10:36 AM
ကျမ အသက်က ၂၅ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ အမျိုးသားနဲ့က တလမှာ ၂ ကြိမ် လောက်ပဲ အတူတူ နေဖြစ်ပါတယ်။ သူက နယ်မြို့မှာ တာဝန် ထမ်းဆောင်နေရလို့ပါ။ ပုံမှန်တားဆေး မသောက်ပါဘူး။ ECee2 ကိုပဲ သောက်ဖြစ်တယ်။ ဒါပေမဲ့ အမျိုးသားက ကလေး လိုချင်ရင် မရတော့မှာ စိုးလို့ဆိုပြီး အဲဒီဆေးကို ဆက်မသောက် စေချင်ဘူး ပြောပါတယ်။ ပုံမှန် နေရတာ မဟုတ်တော့လဲ ပုံမှန်ဆေး မသောက်ချင်လို့ အရေးပေါ်-တားဆေးက ကိုယ်ဝန် မရနိုင်တဲ့ အကျိုးဆက် ဖြစ်နိုင်ပါသလား။ ဒီတခေါက် ဆေးသောက်တာ Second pill ကို First pill သောက်ပြီး ၁၂ နာရီ ကြာမှာ သောက်ရမှာကို မိနစ် ၃ဝ ကျော်သွားပါတယ်။ Effective ဖြစ်ပါတော့မလား။ ကိုယ်ဝန်များ ရသွားနိုင်မလား။ နောက်နှစ်ဆန်းလောက်မှ ကလေးယူမလို့ စဉ်းစားထားလို့ပါ။ ဆက်ပြီးတော့လည်း အခုလိုပဲ နေဖြစ်မှာမို့လို့ ဘယ်လိုတားနည်း သုံးရမလဲဆိုတာ ပြောပြပေးပါ။ ကွန်ဒုံးလည်း သုံးလို့ အဆင်မပြေလို့ပါ။

Ecee2 ဆေးဆိုတာ Levonorgestrel ပါတဲ့ အရေးပေါ် ကိုယ်ဝန်တားဆေး ဖြစ်တယ်။ အိန္ဒိယ၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဒီနာမယ်နဲ့ ရောင်းတယ်။ အမေရိကားမှာ သုံးတဲ့ Morning-after pill (Plan B) နဲ့ အတူတူဘဲ။

သီချင်းတွေ နားထောင်တော့ Mp3 ကနေ ပိုလွယ်တဲ့ iPod ဖြစ်လာသလို၊ တားဆေးတွေမှာလဲ i-Pill ဆိုတာ ပေါ်လာတယ်။ အလွယ် ဆိုတော့ ထိန်းသိမ်းစရာကိုပါ အလွယ်နဲ့ ဖေါက်ဖျက်စေတယ်လို့ ထောက်ပြတာ လုံးဝမှန်တယ်။ iPod လေးတွေနဲ့ လူငယ်တွေ i-Pill သုံးကြရင် အနောက်နိုင်ငံက လူမှုရေး၊ ကျန်းမာရေး ပြဿနာမျိုးတွေ တက်လာလိမ့်မယ်။ သူတို့ဆီမှာက ရုပ်ပိုင်းမှန်သမျှ ပြည့်စုံကြတယ်။ ကိုယ့်ဆီမှာက သိတဲ့အတိုင်းဘဲ။

Norlevo နဲ့ Ecee2 ဆေးတွေကို Cipla ကုမ္ပဏီက တရားဝင် ထုတ်တာပါ။ တခြား ကုမ္ပဏီတွေက ရောင်းတာတွေထဲမှာ Levonorgestrel ဆေးက ၂ ဆလောက် ပါနေတယ်လို့ ထောက်ပြထားတယ်။ ကိုယ်ဝန်ကိုတော့ တားမယ်၊ ဘေးထွက်-ဆိုးကျိုး နှစ်ဆ တိုးနိုင်တယ်။

အခုမေးတဲ့သူလို အိမ်ထောင်ရက်သားကျပြီး ကလေးရဘို့ မစဉ်းစားသေးသူတွေအတွက် Ecee2 ဆေးရဲ့ သတိထားစရာတွေ ပြောပါမယ်။ Blood disorders သွေးရောဂါတွေနဲ့ High blood pressure သွေးတိုးရောဂါ မရှိသူများအတွက်သာ ကောင်းပါတယ်။ ဆေးထဲမှာပါတဲ့ Oestrogen (ဟော်မုန်း) ကြောင့် ရောဂါတိုးစေနိုင်တယ်။ ပုံမှန် အကာအကွယ်နည်းတွေ ဖြစ်တဲ့ Contraceptive pills, Condoms တို့ တို့ကို Copper T (IUCD) အစားထိုး မသုံးသင့်ပါ။

ဆေးသုံးလိုက်ရင် ရာသီလာတာ ရက်လွဲနိုင်တယ်။ ရက်စောနိုင်တယ်။ မလာတာလဲ ဖြစ်တတ်တယ်။ များတာလဲ ဖြစ်နိုင်တယ်။ ပျို့တာ၊ အန်တာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူတာ နဲ့ အားယုတ်တာတွေ ဖြစ်နိုင်တယ်။ တချို့မှာ ဗိုက်နာ၊ ရင်သား နာတတ်တယ်။ ဝမ်းပျက်တတ်တယ်။ ဆီးချိုရှိရင် ဆိုးစေနိုင်တယ်။

၉၅% အထိ ကိုယ်ဝန်မရနိုင်ပါ။ Fool-proof လုံးဝဥသုံ စိတ်ချပါလို့တော့ အာမမခံပါ။ ဆေးသောက်တာ နောက်ကျလို့ အဲလိုဖြစ်တာက များတယ်။ ဆက်ဆံအပြီး ၇၂ နာရီအတွင်း ဆေးသောက်တာ အကောင်းဆုံး ဖြစ်တယ်။ ၅ ရက်အထိလဲ သုံးနိုင်တယ်။ မတော်တဆ ကိုယ်ဝန်ရသွားရင် Ectopic pregnancy သားအိမ်ပြင်ပ တည်နေ-မနေ စစ်ရမယ်။ တကယ် ကိုယ်ဝန်ယူရင် ကလေးကို ဘာမှ မထိခိုက်စေပါ။

ဆေးကို သတိနဲ့ သုံးရမဲ့သူတွေကတော့ -
1. Heart disease နှလုံးရောဂါရှိသူ၊
2. Stroke နှလုံး (စထုပ်) ရဘူးသူ၊
3. Previous breast cancer ရင်သား-ကင်ဆာ အရင်က ရှိခဲ့ဘူးသူ၊
4. Repeated use ခဏခဏ ဒီဆေးမျိုး သုံးနေသူ၊
5. Overdue menstrual bleeding ရာသီဆင်းရက် နောက်ကျနေသူ၊
6. Breast-feeding ကလေးနို့တိုက်နေသူ၊

လုံးဝ မသုံးရမဲ့သူတွေကတော့ -
1. Girls below 16 years အသက် ၁၆ နှစ်အောက် မိန်းကလေးတွေ ဘာဖြစ်မလဲဆိုတာ သုတေသန မပြည့်စုံသေးလို့ မသုံးတာ ကောင်းတယ်။
2. Unexplained vaginal bleeding ရာသီမှန်း၊ ဘာမှန်းမသိ မွေးလမ်းက သွေးဆင်းနေသူ၊
3. Current breast cancer အခု ရင်သား-ကင်ဆာ ဖြစ်နေသူ၊
4. Pregnancy ကိုယ်ဝန်ဆောင်နေသူ၊

အရေးပေါ်-တားဆေး ဒုတိယ ဆေးလုံးကို နာရီဝက်လောက် နောက်ကျတာ ကိစ္စမရှိလောက်ပါ။ သုတေသန လုပ်ထားတာတော့ မတွေ့ပါ။ ကိုယ်ဝန်ရှိ-မရှိ သေခြာချင်ရင် ဆီးစစ်ပါ။ မေးတဲ့သူမှာ ရွေးစရာလမ်းတွေ ရှိပါတယ်။ Regular contraceptive pills ပုံမှန် တားဆေး မသောက်ချင်ရင် IUCD ပစ္စည်းထည့်နည်း၊ Calendar method လွတ်ရက်ရွေးနည်း၊ Withdrawl method သုတ်ရည် အပြင်ထုတ်နည်း သုံးနိုင်တယ်။ ထိုးဆေး Depo-Provera ထိုးနိုင်တယ်။ Female condom အမျိုးသမီးသုံး (ကွန်ဒွမ်)၊ Diaphragm (ဒိုယ်ရာဖရမ်)၊ Cervical cap (ဆဗိုက်ကယ်လ်-ကက်ပ်) တွေ ဝယ်လို့ ရ-မရ မသိပါ။

5 Apr 11, 20:43
Ecee2 အကြောင်းရေးထားတာ ဖတ်ပြီးပါပြီ။ ဆေးက ဆက်ဆံပြီး ၂ လုံးလုံး တခါတည်း သောက်ရမှာ မဟုတ်ဘူးလား။

Ecee 2 နာမယ်နဲ့ အရေးပေါ် ကိုယ်ဝန်တားဆေးဆိုတာ Levonorgestrel 0.75mg ပါတဲ့ဆေး ၂ လုံး ဖြစ်တယ်။
Levonorgestrel ဆိုတာ တည်ဆောက်ထားတဲ့ Progestogen ဟော်မုန်း ဖြစ်တယ်။ တခြားနာမယ်တွေနဲ့ ဆေးတွေလဲ ရှိတယ်။
• 72-Hours ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• G- Pill ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• G- Pill ဆေးမှာ Levonorgestrel 1.5mg ပါတဲ့ ဆေး ၁ ပြားထဲဖြစ်တယ်။
• Norlevo ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။
• Pill 72 ဆေးမှာ Levonorgestrel 0.75mg ပါတယ်။ ပဌမ ၁ လုံး၊ နောက် ၁၂ နာရီခြား ၁ လုံး သောက်ရတယ်။

တနေ့ ၁ လုံး ပုံမှန် တားဆေးတွေထဲမှာလဲ ဒီဆေးပါတာဘဲ။ အနည်း-အများကွာတယ်။
• Choice ဆေးဟာ Levonorgestrel 0.15mg, Ethinyl Estradiol 0.03mg ပါတဲ့ ဆေး ၂၁ ပြားနဲ့ Fe fumarate 60mg သံဓါတ်ဆေး ၇ ပြားတွဲပါတယ်။
• Combee ဆေးဟာ Ethinyl Estradiol 20mcg, Levonorgestrel 100mcg ပါတဲ့ ဆေး ၂၁ ပြားဖြစ်တယ်။
• Combee -R ဆေးဟာ Ethinyloestradiol 50mcg, Levonorgestrel 250mcg ပါတဲ့ ဆေး ၂၁ ပြား ဖြစ်တယ်။
• Duolution -L ဆေးဟာ Levonorgestrel 0.25mg, Ethinyl Estradiol 0.05mg ပါတဲ့ ဆေး ၂၁ ပြား ဖြစ်တယ်။

တားဆေး အမျိုးအစားတွေ -
1. Progestin-only pills (ပရိုဂျက်စတီရုံး) တမျိုးထဲ အရေးပေါ်တားဆေး၊
a. Next Choice တခါထဲ ၂ လုံးသောက်။
b. Plan B တခါထဲ ၂ လုံးသောက်။
c. Plan B One-Step တခါထဲ ၁ လုံးသောက်။
d. Plan B Specially designed for use as EC ပဌမ ၁ လုံးသောက်၊ ၁၂ နာရီခြားပြီး ၁ လုံးသောက်၊

2. Combined Progestin and Estrogen pills ဟော်မုန်း ၂ မျိုးတွဲ ပုံမှန်တားဆေးကို အရေးပေါ်သုံးနည်း၊
a. Alesse ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
b. Aviane ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
c. Cryselle ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
d. Enpresse ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
e. Jolessa ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
f. Lessina ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
g. Levlen ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
h. Levlite ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
i. Levora ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
j. Lo-Ovral ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
k. LoSeasonique ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
l. Low-Ogestrel ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
m. Lutera ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
n. Lybrel ပဌမ ၆ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၆ လုံးသောက်၊
o. Nordette ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
p. Ogestrel ပဌမ ၂ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ လုံးသောက်၊
q. Ovral ပဌမ ၂ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ လုံးသောက်၊
r. Ovrette ၄၈ နာရီအတွင်း ၂- လုံး၊ ၁၂ နာရီခြား နောက်ထပ် ၂ဝ လုံးသောက်၊
s. Portia ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
t. Quasense ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
u. Seasonale ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
v. Seasonique ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
w. Sronyx ပဌမ ၅ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၅ လုံးသောက်၊
x. Tri-Levlen ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
y. Triphasil ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊
z. Trivora ပဌမ ၄ လုံး၊ ၁၂ နာရီခြား နောက်ထပ် ၄ လုံးသောက်၊

3. ကိုယ်ဝန်တားဆေး နာမယ်၊ ပါတဲ့ဟော်မုန်း နဲ့ ဝယ်ယူနိုင်တဲ့နိုင်ငံ၊
1. After1 = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
2. Ai Wu You = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
3. An Ting 0.75 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
4. An Ting 1.5 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
5. Bao Shi Ting (Postinor-2, 0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
6. Bao Shi Ting 1.5 = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
7. Bi Yun (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
8. Bi Yun (12.5 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
9. Dan Mei (0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
10. Dan Mei (1.5 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
11. Duet = Progestin-only မြန်မာ၊ ဟောင်ကောင်၊ (အရေးပေါ်ဆေး)
12. E Pills = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
13. ECee2 = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
14. Estinor = Progestin-only ဟောင်ကောင်၊ စင်္ကာပူ၊ မလေးရှား၊ (အရေးပေါ်ဆေး)
15. Fu Nai Er (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
16. Fu Nai Er (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
17. Hou Ding Nuo (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
18. Hou Ding Nuo (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
19. Hua Dian (10 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
20. Hua Dian (25 mg) Mifepristone တရုပ်၊ (ဖျက်ဆေး)
21. Hui Ting 0.75 mg = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
22. Hui Ting 1.5 mg = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
23. i-pill = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
24. Jin Xiao (0.75 mg) = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
25. Jin Xiao (1.5 mg) တရုပ်၊ (အရေးပေါ်ဆေး)
26. Jin Yu Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
27. Ka Rui Ding = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
28. Le Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
29. Levonia = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
30. Levonormin = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
31. Madonna = Progestin-only ထိုင်း၊ (အရေးပေါ်ဆေး)
32. Me Tablet 0.75 = Progestin-only မလေးရှား၊(အရေးပေါ်ဆေး)
33. MS Pill = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
34. Nuo Shuang = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
35. Pill 72 = Progestin-only အိန္ဒိယ၊ မြန်မာ၊(အရေးပေါ်ဆေး)
36. Postinor = Progestin-only မြန်မာ၊ ထိုင်း၊ (အရေးပေါ်ဆေး)
37. Postinor-2 = Progestin-only မြန်မာ၊ စင်္ကာပူ၊ အိန္ဒိယ၊(အရေးပေါ်ဆေး)
38. Pregnon = Progestin-only မြန်မာ၊ (အရေးပေါ်ဆေး)
39. Preventol = Progestin-only အိန္ဒိယ၊ (အရေးပေါ်ဆေး)
40. Sexcon One&One = Progestin-only ကိုရီးယား၊ (အရေးပေါ်ဆေး)
41. Si Mi An (10 mg) Mifepristone တရုပ်၊(ဖျက်ဆေး)
42. Si Mi An (25 mg) Mifepristone တရုပ်၊(ဖျက်ဆေး)
43. Xian Ju = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
44. Yi Ting = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)
45. Yu Ping = Progestin-only တရုပ်၊ (အရေးပေါ်ဆေး)

Dr. တင့်ဆွေ
၎-၄-၂ဝ၁၁
၆-၄-၂ဝ၁၁


Apr 15, 2011 at 9:05 AM
ဆရာရှင့် Microgestin FE 1.5/30 tablets ဆေးအကြောင်း သိချင်လို့ပါ။ ဘယ်လို သောက်ရတာပါလဲ။ ဆေးရဲ့ ကောင်ကျိုး-ဆိုးကျိုး သိချင်လို့ပါ။ ဘယ်ချိန်စသောက်ရမှာပါလဲရှင်။
• Microgestin FE ဆိုတာ Ethinyl estradiol နဲ့ Norethindrone ခေါ်တဲ့ မ-ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တားဆေး ဖြစ်တယ်။
• မျိုးဥအိမ်ကနေ မျိုးဥထွက်မှာကို တားဆီးပေးလို့ ကျားသုတ်ပိုးဝင်လာပေမဲ့ ကိုယ်ဝန်မရစေနိုင်ဘူး။
• သားအိမ်ဝ မှာရှိတဲ့ အချွဲကိုလဲ စေးပြစ်စေလို့ သုတ်ပိုးမဝင်စေနိုင်တယ်။
• သားအိပ် အတွင်းနံရံကိုလဲ ထူစေတာမို့ သန္ဓေက လာမတွယ်စေနိုင်ဘူး။
• ဒီဆေးကို ဆိုးတဲ့ ဝက်ခြံပေါက်သူတွေကိုလဲ ပေးတတ်တယ်။
• ကိုယ်ဝန် ရှိနေသူကို မပေးရဘူး။ အထဲက ကလေးကို မထိခိုက်ဘူးလို့ မပြောနိုင်ဘူး။
• နို့တိုက်နေချိန်လဲ မပေးတာ ကောင်းတယ်။
• အရင်က သွေးခဲပိတ်ရောဂါ ဖြစ်ဘူးသူ၊ ဟော်မုန်းနဲ့ဆိုင်တဲ့ သားအိမ်-ရင်သား ကင်ဆာဖြစ်ထားသူ၊ အသဲ မကောင်းသူတွေလဲ မပေးပါ။ အသက်ကြီးရင်လဲ မကောင်းဘူး။ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါရှိရင် မပေးပါနဲ့။ သွေးတိုးရင်၊ (ကိုလက်စထော) များရင်၊ ဆီးချိုရှိရင်၊ သည်းခြေအိတ်မကောင်းရင်၊ စိတ်ကျရောဂါ ရှိရင်လဲ မပေးပါ။
• ရာသီစလာတဲ့နေ့က စသောက်ပါ။ တနေ့ (၂၄ နာရီ) ၁ လုံး၊ တကပ်ကုန်ရင် တကပ်ဆက်သောက်ပါ။
• ဆေးသက်တမ်း ကောင်းပါစေ။
• တချို့က ဝါးစားလို့ရတာ ထုတ်တယ်။ ရေ တဖန်ခွက်သောက်ပါ။
• တရက်နောက်ကျရင် ၂ ပြား တခါတည်းသောက်ပါ။ ပြီးတော့ တနေ့ ၁ ပြားဆက်သောက်ပါ။
• ပဌမပါတ်နဲ့ ဒုတိယပါတ်ထဲမှာ ဆေးသောက်တာ ၂ ရက်နောက်ကျရင် ဆေး ၂ ပြားစီ၊ ၂ ရက် ဆက်သောက်ပါ။ ပြီးတော့ တနေ့ ၁ ပြား ပုံမှန်ဆက်သောက်ပါ။ နောက်ကျရက် အပြီး ၇ ရက်တွက် အရေးပေါ် ကာကွယ်နည်း ကိုလည်း သုံးပါ။
• တတိယပါတ်ထဲမှာ ဆေး ၂ ရက် မေ့သွားရင်၊ ဒါမှမဟုတ် ပဌမ-ဒုတိယ-တတိယပါတ်ထဲမှာ ၃ ရက်မေ့သွားရင် ဆေးကပ်ကို ဆက်မသောက်ဘဲ နောက်ဆေးကပ် အသစ် စသောက်ပါ။
• တကယ်လို့ ဆေးမေ့တာ ၂-၃ ပြား ဖြစ်ရင် အဲဒီလမှာ ရာသီလာမယ် မဟုတ်ပါ။
• ၂ လ ဆက် မလာရင် ကိုယ်ဝန် ဟုတ်-မဟုတ် ဆီးစစ်ပါ။
• နောက်ဆုံး သောက်ရမဲ့ဆေး (စတုတ္ထပါတ်) မေ့ရင် ဘာမှ လုပ်စရာ မလိုပါ။ မေ့တာကို ထားလိုက်ပြီး ပုံမှန်သာ ဆက်သောက်နေပါ။
• ဆေးမတည့်သူဆိုရင် ယားယံတာ၊ အနီပြင်ထွက်တာ၊ အသက်ရှူခက်တာတွေဖြစ်မယ်။ ဘယ်တော့မှ မသောက်ပါနဲ့။
• မဆိုးတဲ့ ဘေးထွက်ဆိုကျိုးတွေလဲ ရှိတဲ့သူတွေမှာ ရှိနိုင်တယ်။ ပျို့ချင်-အန်ချင်၊ မောပန်း၊ ရင်သားနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ မွေးလမ်းကြောင်း ယား-တခုခုဆင်းတာ။
• ကိုယ်ဝန်တားဆေး မှန်သမျှ HIV/AIDS/STD ဘာကိုမှ အကာအကွယ် မပေးနိုင်ပါ။

Dr. တင့်ဆွေ
၁၅-၃-၂ဝ၁၁