Monday, August 13, 2012

ရန်ကုန်နှင့် မန္တလေးမြို့များတွင် City Plan များရေးဆွဲအကောင်အထည်ဖော်သွားရန်နိုင်ငံတော်သမ္မတပြောကြား



နေပြည်တော် ဩဂုတ် ၁၃

စီမံကိန်းကော်မရှင် ဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမကျင်းပသည့် စီမံကိန်းကော်မရှင်ဒုတိယအကြိမ် အစည်းအဝေးသို့တက်ရောက်ပြီး အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချူပ်၊ ပြည်ထောင်စုစာရင်းစစ်ချူပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချူပ်များ၊ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဌများ တက်ရောက်ကြသည်။

ရှေးဦးစွာ စီမံကိန်းကော်မရှင်ဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကအဖွင့်အမှာစကားပြော ကြားသည်။ ပြောကြားချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ကျွန်တော်တို့ ဒီကနေ့ အစည်းအဝေးကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village Plan တို့ ရေးဆွဲရေးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan များကို လေ့လာ ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

မြို့ပြနဲ့ကျေးလက်စီမံကိန်းများ ရေးဆွဲရာမှာ--------

သတင်းအပြည့်အစုံဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေး



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့်ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ် ။

လွှတ်တော်ဥက္ကဌ နဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာကော်မတီဥက္ကဌတွေ နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အတည်ပြုကြောင်းလဲ သိရပါတယ်။

RFA 

ဒေါ်အာင်ဆန်းစုကြည် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ ကျေးရွာ ဒေသခံတွေ ရဲ့ လိုအပ် ချက်တွေ ကို တွေ့ဆုံဆွေးနွေး



ဒေါ်အာင်ဆန်းစုကြည် အနေနဲ့ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ ကျေးရွာ ဒေသခံတွေ ရဲ့ လိုအပ် ချက်တွေ ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။

ဒေသခံတွေဘက်က လယ်ယာမြေ အသိမ်းခံ၇မှု ကျောင်းစ၇ိတ်မတတ်နိုင်မှု လျှပ်စစ်မီးမ၇၇ှိမှုတွေကို တင်ပြသွားတယ်လို့ သိ၇ပြီး ဒေါ်အာင်ဆန်းစုကြည်က လယ်ယာမြေ အသိမ်းခံ၇မှုအတွက် NLD ဥပဒေထောက်ကူပြု ပညာရှင်အဖွဲ့တွေမှတဆင့် ဆောင်၇ွက်ပေးမှာဖြစ်
ပြီး အခမဲ့ပညာဒါနကျောင်း စီစဉ်ပေးပြီး ကျေး၇ွာတွေမှာ သွားေ၇ာက် ပညာသင်ကြားပေးလိုသူများအတွက်လည်း ဆ၇ာအတတ်သင် သင်တန်းများပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

မိမိတို့မှာ အစိုး၇အဖွဲ့အစည်း မဟုတ်ပဲ လုပ်နိုင်တဲ့ အခြေအနေမှာလည်း အကန့်အသတ်သာ၇ှိကြောင်း ဦးစွာ၇ှင်းပြထားလိုပြီး တတ်နိုင်သလောက်တော့ လုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်းလည်း ဖြည့်စွက်ပြောကြားသွားပါတယ်။
facebook: Zaw Min Oo

ဆော်ဒီအာရေးဗီးယားဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်



မြန်မာနိုင်ငံက ဘင်္ဂလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယားဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဆော်ဒီအာရေးဗီးယား အစိုးရ သတင်းဌာနက ရိုဟင်ဂျာ မူဆလင်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ အဓမ္မပြောင်းရွှေ့ခံရမှုတွေ၊ အဓမ္မပြုကျင့်ခရမှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံနေရတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

တခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာ အရေးကို စိုးရိမ်ကြတဲ့ ဗြိတိန်အပါအ၀င် တခြား နိုင်ငံတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ ဖိအားပေးနေတာမျိုးမဟုတ်ပဲ မြန်မာအစိုးရနဲ့ တိုက်ရိုက် ပြောဆိုကြဖို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Mrs. Sheikh Hasina က ပြောလိုက်ပါတယ်။

ဒီအတောအတွင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနား (Tomas Qintana) ရဲ့မြန်မာပြည်ခရီးစဉ်အပြီး ရခိုင်ပြည်နယ်အရေး ပြောဆိုချက်တွေကို ကန့်ကွက် လိုက်ပါတယ်။

သြဂုတ်လ(၁၂)ရက်ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RNDP ရဲ့ကြောငြာချက်တွေထဲမှာ 'ရိုဟင်ဂျာ'ဆိုတဲ့ စကားလုံးကို တောမတ်(စ်)ကင်တားနားက သုံးနှုန်းပြောဆိုတာဟာ ရခိုင်လူမျိုးတွေရဲ့ သမိုင်းအစဉ်အလာနဲ့ ဖြစ်တည်မှုကို အသိအမှတ် မပြုရာ ရောက်နေ တဲ့အတွက် အဲဒီ စကားလုံးကို သုံးနှုန်းခြင်းမပြုဖို့ တိုက်တွန်းထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ (Burma Citizenship Law)ကို ပြန်လည်သုံးသပ်ပေးရန်ဆိုတဲ့ တောင်းဆိုခြင်းနဲ့ ပတ်သက်လို့လည်း နိုင်ငံတစ်နိုင်ငံရဲ့ အတည်ပြုပြဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့တိုက်တွန်း ကြောင်း၊ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ ပဋိပက္ခဇာစ်မြစ်ကို တစ်ဖက်သတ်အမြင်နဲ့ ဖိအားပေး ပြောဆိုခြင်း ကြောင့်အဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာအကြောင်း မရှိတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့ သမာသမတ် ကျတဲ့ အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ဖို့ တောင်းဆိုကြောင်း RNDP ပါတီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese

 

ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်သူများ နေစရာ အစားပြန်ပေးဖို့ဆန္ဒပြတောင်းဆို



ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာ နေထိုင်နေတဲ့ ကျူးကျော်အိမ်(၉၀)ကျော်ကို
အာဏာပိုင်တွေက သြဂုတ်လ(၁၅)ရက်နေ့ နောက်ဆုံးဖယ်ရှားခိုင်းတဲ့အတွက် တခြားနေရာ တခုမှာ နေစရာ အစားပြန်ပေးဖို့ နေထိုင်သူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။

အခုလို ဆန္ဒပြဖို့ မြို့နယ်ရဲစခန်းမှာ သြဂုတ်လ(၈)ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး၊ တရားဝင် ခွင့်ပြုချက် မနေ့က ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဆန္ဒပြရာမှာ မနက်(၁၀)နာရီကနေ နေ့လည် (၁၂)အထိ ရွှေပြည်သာမြို့နယ် ဦးဘိုးလှိုင်လမ်းကနေ ရွှေပြည်သာစက်မှုဇုံ စီမံခန့်ခွဲရေးရုံးအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ အာဏာပိုင်တွေက တစုံတရာ တားဆီးနှောက်ယှက်တာ မရှိပေမယ့် မှတ်တမ်းဓာတ်ပုံရိုက်ယူတာ၊ အနီးကပ်စောင့်ကြည့်တာတွေရှိခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ်(၁၈)ရပ်ကွက် ဦးဘိုးလှိုင်လမ်းမှာရှိတဲ့ ကျူးကျော်အိမ်အများစုဟာ အဲဒိနေရာမှာ နေထိုင်လာတာ ၅နှစ်ကနေ ၁၀နှစ်အထိ ရှိနေပြီလို့ သိရပါတယ်။ နေထိုင်ဖို့အတွက် ရပ်ကွက်အာဏာပိုင် တွေကို ငွေကျပ် (၂) သောင်းခွဲလောက်အထိ ပေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

အဲဒီအတောအတွင်း အင်းစိန်မြို့နယ် ခ၀ဲခြံရပ်ကွက် စက်မှု(၁)၀င်းထဲမှာရှိတဲဆိုင်ခန်း (၂၀)ကျော်ကိုလည်း အခုသီတင်းနှစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတဲ့အတွက် မပြောင်းရွှေ့လိုတဲ့ ဆိုင်ခန်းရှင်တွေက သမ္မတရုံးကို လက်မှတ်ရေးထိုးတင်ပြထားသလို၊ (၈၈) မျိုးဆက်ကျောင်းသားတွေကိုလည်း အကူအညီတောင်းခံထားတယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက်မသူဇာ ပေးပို့တာပါ။