Monday, March 3, 2014

မောင်တောမြို့နယ် လယ်မြေများရှိ ကျူးကျော်အဆောက်အအုံများ စိစစ်ရန်လို

လူဦးရေထူထပ်လာသည့် မောင်တောမြို့နယ်အတွင်း အဆောက်အအုံများ တိုးချဲ့တည်ဆောက်လာကြရာ လယ်မြေများတွင် ကျူးကျော်တည်ဆောက်မှုများ ရှိနေသဖြင့် အဆိုပါ အဆောက်အအုံများကို စိစစ်ပေးရန်လိုအပ်နေကြောင်း စိုက်ပျိုးရေးဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။


လယ်ယာမြေများတွင် နေအိမ်အဆောက်အအုံများ ကျူးကျော်တည်ဆောက်မှုများလာသဖြင့် လယ်ယာမြေများ တဖြည်းဖြည်းလျော့နည်းကာ စိုက်ပျိုးမြေများ လျော့ကျနေသည်ဟု ဆိုသည်။
         
‘‘တစ်နှစ်ထက်တစ်နှစ် လူဦးရေသာများလာပြီး နေအိမ်အဆောက်အအုံတွေလည်း တိုးလာပါတယ်။ တိုးလာတဲ့ လူဦးရေ စားသောက်ဖို့အတွက် လယ်မြေက ကျူးကျော်တည်ဆောက်နေတဲ့ အဆောက်အအုံတွေကြောင့် လျော့နည်းလာပါတယ်။ လယ်မြေထဲမှာ တရားမဝင် ကျူးကျော်တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို စိစစ်ပြီးပေးဖို့တော့ လိုနေပါပြီ’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မောင်တောနယ်စပ်ဒေသတွင် တရားမဝင်တည်ဆောက်ထားသည့် အဆောက်အအုံပေါင်း သန်းချီရှိနေပြီး အဆိုပါအဆောက်အအုံများမှာ လူနေရပ်ကွက်များ၌သာမက လယ်မြေများ၌ပါ တိုးချဲ့လာ၍ စိုက်ပျိုးနိုင်သော လယ်မြေများ မပျက်စီးမဆုံးရှုံးစေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများက စိစစ်ဆောင်ရွက်ရန် လိုအပ်နေကြောင်းနှင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၃(က)တွင် စည်ပင်သာယာရေးကော်မတီသည် ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိ၍ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်သည်ကို ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည်ပြုပြင်စေခြင်း (သို့မဟုတ်) ဖြိုဖျက်စေခြင်းများကို မြေပိုင်ရှင် (သို့မဟုတ်) အဆောက်အအုံပိုင်ရှင် (သို့မဟုတ်) လက်ရှိနေထိုင်သူအား ညွှန်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

Author: မောင်ကံ
7day Daily

ကျောက်ဖြူအထူးစီးပွားရေးဇုန် ဒုတိယအဆင့်ဖြစ်သည့် အကြံပေးကုမ္ပဏီ ရွေးချယ်ပြီးစီး

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိုအဆင့်(၄)ဆင့်ဖြင့် စနစ်တကျ အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ ဒုတိယ အဆင့်ဖြစ်သည့် အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့် တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အထိ ဆောင်ရွက်ပြီးဖြစ်ပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်အရ 

(က) အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့မှ ၀န်ကြီး၊ ဒုဝန်ကြီးများ။

(ခ) ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင်များ။

(ဂ) ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးဆိုင်ရာ ရခိုင်ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းများမှ တတ်သိနားလည်သော resource person များဖြင့်
ဖွဲ့စည်းထားသည့် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ BEAC (Bid Evaluation and Awarding Committee) မှ တင်ဒါခေါ်ယူမှု လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းကို နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါသည်။ 


အကြံပေးကုမ္ပဏီ (Consulting Firm) အား အိတ်ဖွင့်တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်အရ စိတ်ဝင်စားမှေုဖ်ာပြလွှာ Expression of Interest (EOI) ဖိတ်ေခါ်သည့် စက်တင်ဘာလ (၈) ရက်နေ့ အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် (Launching Ceremony) မှစတင်ကာ နိုင်ငံတကာမှ အကြံပေးကုမ္ပဏီ (Consulting Firm) အား ဖိတ်ေခါ်ခဲ့ရာ အကြံပေး ကုမ္ပဏီ(Consulting Firm) အုပ်စု (၃၁) အုပ်စု စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါသည်။

ယင်းတို့ အားလုံးကို တင်ဒါအဆိုပြုလွှာများတင်ရန် ဖိတ်ခေါ်ခဲ့ရာ အကြံပေးကုမ္ပဏီ(၁၇) အုပ်စုပြိုင်ခဲ့ကြပြီး ယင်းတို့တင်သွင်းလာသော နည်းပညာနှင့် ငွေကြေးအဆိုပြုလွှာများကို BEAC အဖွဲ့ဝင်များက အဆင့်ဆင့်စိစစ်ကာ အထူးစီးပွားရးဇုန်ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စင်ကာပူ နိုင်ငံအ‌ခြေစိုက် CPG (Creative Professional Groups) အကြံပေးကုမ္ပဏီ အုပ်စုအား ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆာင်ရွက် ရန်အတွက် ရင်းနှီးတည်ဆောက်သူ (Developer) များ အိတ်ဖွင့်တင်ဒါ ခေါ်ယူရေး လုပ်ငန်းစဉ်အတွက် အကြံပေးဝန်ဆာင်မှေုပးရန် ရွေးချယ်ခြင်း ခံရသော အကြံပေးကုမ္ပဏီအုပ်စုအဖြစ် ရွေးချယ်ပြီး အရန်အဖြစ် ရွေးချယ်ထားသော အကြံပေးကုမ္ပဏီမှာ KPMG ကုမ္ပဏီဖြစ်ကြောင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်ရုံးမှ သတင်းထုတ်ပြန်ထားသည်။