Saturday, August 11, 2012

ပြည်သူ့လွှတ်တော်ဝက်ဆိုက်လွှင့်တင်

ပြည်သူ့လွှတ်တော်ဝက်ဆိုက်အား pyithuhluttaw.gov.mm လိပ်စာဖြင့်စမ်းသပ်လွှင့်တင်ထားကြောင်းသိရသည်။
ဝက်ဆိုက်ကြည့်ရှုလိုပါက

မြစ်ရေကြီးမှု အခြေအနေသတင်း


(၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၁)ရက် (၁၃း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

င၀န်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငါးသိုင်းချောင်းမြို့တွင် (၁၁၉၈)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၆၈)စင်တီ မီတာ (၂.၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၁၁၃၀)စင်တီမီတာ အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

စစ်တောင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ တောင်ငူမြို့တွင် (၆၂၆)စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် (၂၆)စင်တီမီတာ (၀.၈ -ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် ယနေ့မွန်းတည့်မှ နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် (၆၀၀)စင်တီမီတာ အထက်တွင် ဆက်လက် တည်ရှိနိုင်ပါသည်။

Source: မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

OIC အဖွဲ့ကိုမြန်မာနိုင်ငံမှဖိတ်ခေါ်


ရခိုင်ပြည်နယ်က လူမျိုးရေးတင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲဖြစ်ပေမဲ့ OIC အစ္စလမ္မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုန်းသတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်
မှာ အမေရိကန်တာဝန်ရှိပုဂ္ဂိုလ်တွေလည်း လိုက်ပါသွားခဲ့ပါတယ်။ ဘင်္ဂလီရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားမဲ့ လူမျိုတုန်းသတ်ဖြတ် ကျူးလွန်နေတာကို နိုင်ငံတကာကရပ်တန့်သွားအောင် အရေးယူ ဆောင်ရွက်ပေးတာမရှိလို့ စိတ်ပျက်ရတဲ့အကြောင်း OIC အတွင်းရေးမှူးချုပ် Ihsanoglu က ပြောကြားပြီး နာရီပိုင်း အကြာမှာ အမေရိကန်ပြည်ထောင်စုက အဲဒီလို ပြောတာလည်း ဖြစ်ပါတယ်။

ဒီလို ရက်ရက်စက်စက်ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့နေရာကို အချက်အလက် ရှာဖွေရေးအဖွဲ့တဖွဲ့ စေလွှတ်ဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ အစ္စလမ္မစ်အဖွဲ့က လူ့အခွင့်အရေးကောင်စီကို အရေးတကြီးမေတ္တာရပ်ခံသင့်တယ်လို့လည်း OIC အစ္စလမ္မစ်နိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ်က အကြံပေးပါတယ်။ ဒါ့အပြင် ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အစ္စလမ္မစ် စုံစမ်းရေးကော်မတီတရပ်ဖွဲ့စည်းဖို့လည်း သူက အဆိုပြုပြီး နောက်တကြိမ်ကျင်းပမယ့် ၀န်ကြီးအဆင့်ညီလာခံမှာ အစီရင်ခံစာတစောင် တင်သွင်းသင့်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း ၀ါရှင်တန် မြို့တော် မှာ သြဂုတ်လ ၃၁ ရက်က စတင်ကျင်းပမယ့် လေးရက်ကြာ ညီလာခံမှာ ဘင်္ဂလီရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ ကိစ္စဆွေးနွေးမယ်လို့ ISNA- မြောက်အမေရိက အစ္စလမ္မစ် အသင်းက ကြေငြာပါတယ်။
ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားတယ်လို့နောက်ဆုံးသိရှိရပါတယ်။

ရုပ်ရှင်ပိတ်ကားပေါ်က နိုင်ငံတော်အလံ



"ရုပ်ရှင်ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံကို လွှင့်ထူပြသနေတဲ့ အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ပြောကြား"

မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ရုပ်ရှင်ရုံများကို လာရောက်ပြီး ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုကြတဲ့ အခါ ရုပ်ရှင်ဇာတ်ကား မပြသေးခင် ရုပ်ရှင် ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံ လွှင့်ထူပြသတဲ့အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာဖြစ်ကြောင်း
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။
”ကိုယ့်ရဲ့နိုင်ငံတော် အလံကို လွှင့်ထူနေတဲ့ အချိန်မှာ ထိုင်နေတယ်ဆိုရင် ရှက်ဖို့ အလွန် ကောင်းပါတယ်။ ကိုယ့်နိုင်ငံတော်အလံကို တစ်မိနစ်လောက် လွှင့်ထူတာကို ထပြီးတော့ အလေးမပြုချင်တဲ့ နိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်နိုင်ငံဟာ တိုးတက် ထွန်းကားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာဖို့ ဆိုတာ အလှမ်းဝေးနေပါလိမ့်မယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောပါတယ်။ နိုင်ငံတော်အလံကို ရိုသေစွာ အလေးပြုဖို့အတွက် စာတန်းများ၊ နောက်ခံ စကားပြောများနဲ့ အသိပေးပြောကြား တာတွေ ရှိနေတဲ့ အပေါ်ကိုလည်း ”အဲဒါတွေက လူတွေကို ပညာပေးသဘောမျိုးပါပဲ။ ကိုယ့်နိုင်ငံတော် အလံကို လေးစားရ ကောင်းမှန်းသိအောင်၊ အလေးပြု ဖို့ ကောင်းရမှန်း သိအောင် လုပ်ဆောင် ပညာပေးနေ ကြရတာပါပဲ။ ဒီလိုမှ မရဘူး ဆိုရင်တော့ အရေးယူဖို့ အဆင့်တွေ ဘာတွေဖြစ်လာမှာပါ”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦး ဇင်ဝိုင်းက ပြောပြပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့တဲ့ အမျိုးသား လွှတ်တော် အစည်းအဝေး မှာလည်း ရုပ်ရှင်ရုံများ ရုပ်ရှင်ပြသခြင်း မပြုမီ နိုင်ငံတော် အလံကို ပြသရာမှာ ရုပ်ရှင်ကြည့် ပရိသတ်များ အနေနဲ့ နိုင်ငံတော် အလံကို အလေးပြုခြင်း အစဉ်အလာ အားနည်းနေခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီး ဖြစ်သလို နိုင် ငံတော် အလံကို အလေးပြု၊ ဂါရဝပြုရန် အတွက် မလိုက်နာပါက ပြစ်မှု ဆိုင်ရာ ဥပေဒပုဒ်မများနဲ့ အညီ အရေးယူ ခံရ နိုင်ကြောင်း သိရှိရပါတယ်။

ထက်လူလူ
ပေါ်ပြူလာဂျာနယ်

မြန်မာနိုင်ငံသတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၁ ဦးအား ရွေးချယ်

ယနေ့ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၁ ဦးအား ရွေးချယ်ခဲ့ပြီး အဆိုပါ ၂၁ ဦး အနက်မှ ဥက္ကဌ ဒုဥက္ကဌများနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များကို ဆက်လက်ရွေးချယ်တင်မြှောက်ခဲ့သည်
ရွေးကောက်တင်မြှောက်ခံရသူများမှ
 
(၁ )ဥက္ကဌ-ဦးစိုးသိန်း(မောင်ဝံသ)
(၂ )ဒုဥက္ကဌ-၁ ဦးကိုကို(ကိုကို စက်မှုတက္ကသိုလ်)
(၃ )ဒုဥက္ကဌ-၂ ဦးသီဟစော
(၄ )ဒုဥက္ကဌ-၃ ဦးဝင်းငြိမ်း
(၅ )အတွင်းရေးမှူး-ဦးဖိုး
(၆ )နိုင်လင်း
(၇ )တွဲဖက်အတွင်းရေးမှူး-၁ ဒေါက်တာမျိုးမင်းထိုက်
(၈ )တွဲဖက်အတွင်းရေးမှူး-၂ ဦးကျော်စွာမင်း
(၉)တွဲဖက်အတွင်းရေးမှူး-၃ ဒေါ်မေသင်္ကြန်ဟိန်
(၁၀)ဘဏ္ဍာရေးမှူး-ဒေါ်ဆင့်ဆင့်အောင်
(၁၁)စာရင်းစစ်-ဦးအောင်သူမြိုင်
(၁၂)ပြန်ကြားရေးမှူး-ဦးမြတ်ခိုင်
(၁၃)နိုင်ငံတကာ ဆက်ဆံရေးမှူး- ဦးအောင်လှထွန်း 
တို့ဖြစ်ကြသည်။
7 Day News Journal (သြဂုတ် ၁၁)

AGD ၏ညောင်ရွှေဘဏ်ခွဲတွင်ငွေလဲကောင်တာစတင်ဖွင့်လှစ်မည်



                                                   ညောင်ရွှေ ရှိအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ


အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ညောင်ရွှေဘဏ်ခွဲတွင် နိုင်ငံခြားငွေလဲကောင်တာ (Money Changer) ကို ၁၃-၈-၂၀၁၂ ရက်နေ့မှ  စတင်ပြီး ဖွင့်လှစ်မည်ဖြစ်ပြီး၊ မည်သူမဆို အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို မည်သည့်စာရွက်စာတမ်းမှ မလိုအပ်ဘဲ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ကြောင်းကိုယင်းဘဏ်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာဖော်ပြထား ပါတယ်။ နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဗဟိုဘဏ်မှ သတ်မှတ်ပေးသော Reference Rate ပေါ်တွင် သတ်မှတ်စည်းကမ်းအတိုင်း တွက်ချက်ထားသော နှုန်းထားဖြစ်ပြီး၊ ရန်ကုန်မြို့ရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲကောင်တာများမှ နှုန်းထားနှင့် အတူတူပင်ဖြစ်ကြောင်းနဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် ညောင်ရွှေမြို့များတွင် နိုင်ငံခြားငွေလဲကောင်တာ (၇)ခုကို ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်းသိရပါတယ်။

လယ်သိမ်းခံ တောင်သူများ၏ ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် လျှောက်ထားမှု ဒုတိယအကြိမ် ငြင်းပယ်ခံရ

မုံရွာ၊သြဂုတ် ၁၁
သတ္တုတွင်း ၀န်ကြီးဌာန နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် တို့၏ အကျိုးစီးပွားများ ပါဝင်နေသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အနီးမှ လယ်သိမ်းခံ တောင်သူများ၏မုံရွာမြို့တွင် ငြိမ်းချမ်းစွာ စုဝေးခွင့် လျှောက်ထားခြင်းအား ဒုတိယအကြိမ်တွင်လည်း ငြင်းပယ်ခြင်း ခံခဲ့ရကြောင်း လယ်ဧက များစွာ သိမ်းဆည်း ခံခဲ့ရသည့် ၀က်မှေးရွာခံ တစ်ဦးက ပြောကြားသည်။

ဒုတိယအကြိမ်နေဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်အား မုံရွာမြို့ အမှတ်(၁) ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ် ရဲစခန်းများသို့ သြဂုတ်လ ၇ ရက်နေ့မှ စတင်၍ ၁၀ရက်နေ့ အထိ ၅ ရက် ဆက်တိုက် စာတင်ခဲ့ပြီး ငြင်းပယ်သည့်စာမှာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် ပြန်လည် ရောက်ရှိလာကြောင်း ငြိမ်းချမ်းစွာ စုဝေး လှည့်လည်ခွင့် လျှောက်ထားမှုတွင် ဦးဆောင်သူ တစ်ဦးကပြောကြားသည်။မုံရွာမြို့ရဲတပ်ဖွဲ့မှူးက ပြန်ကြားသောစာတွင် လျှောက်ထားသူများ၏ အခင်းဖြစ်ရာနေရာသည် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်း ကြေးနီ စီမံကိန်း ဖြစ်ပြီး ၄င်းနေရာတွင်သာ မိမိတို့၏ လိုလားချက်နှင့် ဆန္ဒကို ဖော်ထုတ် တောင်းဆို၍ စီမံကိန်း တာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြေရှင်းသင့်ပါသည်။ မုံရွာမြို့သို့ လာရောက် ဆန္ဒပြလိုခြင်းသည် ဥပဒေပုဒ်မ (၃)ခ ပါ ရည်ရွယ်ချက် နှင့်အညီ သဘောရိုးသားမှု မရှိသဖြင့်၊ ဆီလျော် သက်ဆိုင်မှု မရှိခြင်း မုံရွာမြို့နေ ပြည်သူလူထု၏ အကျိုးစီးပွားနှင့် လူထုအတွက် စိတ် အနှောက်အယှက် ဖြစ်ပေါ်လာနိုင်ခြင်း ပြဿနာနှင့် မသက်ဆိုင် သောမုံရွာမြို့၏ တည်ငြိမ် အေးချမ်းမှု တရားဥပဒေ စိုးမိုးမှုနှင့် ပြည်သူတို့၏ အကျိုးစီးပွား အလို့ငှာ နည်းဥပဒေ ပုဒ်မ (၁၆)အရ ငြင်းပယ်သည်ဟု ဖော်ပြထားကြောင်း ၀က်မှေး ရွာခံတစ်ဦးက ပြောပြသည်။
voa

သြဂုတ်လ (၁၁)ရက်နေ့  RFA မနက်ပိုင်းအသံလွှင့်အစီအစဉ်

သြဂုတ်လ (၁၁)ရက်နေ့  RFA မနက်ပိုင်းအသံလွှင့်အစီအစဉ်

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ခုတောင်းဆို

သြဂုတ် ၁၀
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနားရဲ့ နေရာကို အခြား သူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂဒုတိယ အတွင်း ရေးမှုး ချုပ် မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ဒီကနေ့ တွေ့ဆုံစဉ်
တိုက်တွန်း ပြောကြားလိုက်ပါတယ်။ို ရခိုင်အရေးနဲ့ ပက်သက်ပြီး မစ္စတာ ကင်တားနားရဲ့ပြောဆိုချက်တွေဟာ မျှတမှုမရှိတဲ့အတွက်အခုလိုတိုက်တွန်း ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်သန်းသန်းနုက RFA ကိုပြောပါတယ်။ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Myanmar Egress ရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာတိုင်းရင်းသားညီလာခံ ခေါ်ယူရေးကိစ္စ၊ပီပြင်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကိစ္စနဲ့ ဘိန်းစိုက် ပျိုးမှုလျော့ကျရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တြယ်လို့ သိရပါတယ်။ မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen ရဲ့နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂ အထက်အရာရှိတွေထံ ပြန်လည်အစီရင်ခံမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Daw Aung San Suu Kyi meet with Ms. NOOYI