Friday, August 24, 2012

ရန်ကုန်မြို့တွင်း တွင်ရေကြီးမှုဓါတ်ပုံများ

ပြည်တွင်းသတင်း ဌာနများမှ ပုံများရယူ အသုံးပြုထားသည်

လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှ မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် သည်းခံစောင့် ဆိုင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌပြောကြား



လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှ မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် သည်းခံစောင့် ဆိုင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌပြောကြား

လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း(သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှမရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် မိမိတို့ လွှတ်တော်၏ အခန်းကဏ္ဍ ရောက်ရှိလာသည့် အခါတွင် ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်နိုင်အောင် သည်းခံစောင့်ဆိုင်းပေးပါရန် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သြဂုတ်လ ၂၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း တင်သွင်းသည့် "ပြည်သူ့ လွှတ်တော်ဥက္ကဌ၏ ၁၄.၈.၂၀၁၂ ရက်စွဲပါ သ၀ဏ်လွှာနှင့် နိုင်ငံတော် သမ္မတက ပြန်လည်ပေးပို့သော သ၀ဏ်လွှာများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မှန်ကန်သော ဆန္ဒကို မည်သို့ သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင့်ပါကြောင်း" အ ရေးကြီးအဆိုကိုတင်သွင်းခဲ့သည့် အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 

နိုင်ငံတော်သမ္မတရုံး ရှင်းလင်းချက်

သမ္မတကြီး၏ လွှတ်တော်တွင်ဖတ်ကြားမည့် ဆိုင်းငံ့ထားသော သ၀ဏ်လွှာမှရခိုင်အရေးနှင့်ပက်သက် သော အကြောင်းအရာအား နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး နှင့် VOA တို့မေးမြန်းချက်

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကြာသပတေးနေ့ မနက်ပိုင်း လွှတ်တော် အစည်း အဝေး တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး သောကြာနေ့ လွှတ်တော်မှာ ဖြေရှင်းချက် ပေးခဲ့ရ


ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ကြာသပတေးနေ့ မနက်ပိုင်း လွှတ်တော် အစည်း အဝေး တက်ရောက်ဖို့ ပျက်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး သောကြာနေ့ လွှတ်တော်မှာ ဖြေရှင်းချက် ပေးခဲ့ရ ပါတယ်။
 ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသား လွှတ်တော် ဥက္ကဌနဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်တို့ က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ခဲ့ကြတဲ့ အတွက် ကြာသပတေးနေ့ မနက်ပိုင်း ကျင်းပမယ့် လွှတ်တော် အစည်းအဝေး တွေကို ရပ်နား ထားခဲ့ရ ပါတယ်။
REF:BBC

၂၀၁၃ ဆီးဂိမ်းအမီ ပြည်တွင်း၌ မာစတာနှင့်ဗီဇာကတ်များ အသုံးပြုနိုင်မည်ဟုဆို

၂၀၁၃ ဆီးဂိမ်းအမီ ပြည်တွင်း၌ မာစတာနှင့် ဗီဇာကတ်များ အသုံးပြုနိုင်မည်ကြောင်း CB ဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဖေမြင့်ကပြောသည်။ လက်ရှိပြည်တွင်း၌ Myanmar Payment Union ကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ထိုသို့အသုံးပြုပြီး ၉ လခန့်အကွာတွင် မာစတာနှင့် ဗီဇာကတ်များ အသုံးပြုနိုင်မည်ဟု

ဘဏ်လုပ်ငန်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။ “အစက ဘာလို့ သုံးလို့မရလည်းဆိုတော့ ဒေါ်လာနဲ့ အခြေချ (Settlement) လုပ်လို့ဖြစ်တယ်။ မြန်မာကျပ်ကို စင်ကာပူနဲ့၊ မြန်မာကျပ်ကို ရင်းဂစ်နဲ့၊ မြန်မာကျပ်ကို ယွမ်နဲ့ စသဖြင့်ထုတ်ပေးတယ်။ အဲဒါတွေထုတ်တဲ့နေရာမှာ အမြဲတမ်းဒေါ်လာကို အခြေခံပြီး ထုတ်ပေးတာဖြစ်ပါတယ်။ အမေရိကန် စီးပွားရေးပိတ်ဆို့မှုရှိတဲ့အတွက် အစတုန်းက အဲဒါကိုလုပ်လို့မရဘူး။ အခု အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေ လာလို့ရအောင် အသုံးပြုနိုင်တဲ့ သဘောဖြစ်တယ်” ဟု ဦးဖေမြင့်ကပြောသည်။ သို့သော်လည်း တစ်ဖက်သာပွင့်သည့်သဘောဖြစ်ပြီး မျှတသောအခြေအနေ မရောက်သေးကြောင်း ၎င်းကပြောသည်။ ၂၀၁၃ ခုနှစ်တွင် မာစတာနှင့် ဗီဇာကတ်များ အသုံးပြုနိုင်မည်ဖြစ်ခြင်း၏ အခြေခံအဖြစ် လက်ရှိအချိန်တွင် ATM ကတ်များကို နေရာအနှံ့ အသုံးပြုနိုင်ပြီဖြစ်ကြောင်း လာမည့်စက်တင်ဘာမှစတင်ကာ MPU ကတ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ MPU ကိုဖော်ဆောင်ရာတွင် ငွေသားကို ကိုင်တွယ်သုံးစွဲပေးချေနေရာမှ ငွေသားကဲ့သို့ တန်ဖိုးရှိသောကတ်များဖြင့် စက်ကိရိယာနှင့် ဆက်သွယ်မှုကွန်ရက်ကို အသုံးပြု၍ ထုတ်ဝေသည့် ဘဏ်၊ အဖွဲ့အစည်း၊ သုံးစွဲသည့်ပြည်သူလူထု၊ လက်ခံသည့်ကုမ္ပဏီ၊ ဆိုင်တို့အကြား အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် သုံးစွဲနိုင်ကြသည့်စနစ်ကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း
နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

ရေးသားသူ -ထွန်းထွန်း

ထားဝယ် အများပိုင် ကုမ္ပဏီ အကြီးစား လုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်



                                      ထားဝယ်ရေနက်ဆိပ်ကမ်းတစ်နေရာ


ထားဝယ်၊ သြဂုတ် ၂၃

ထားဝယ် ဒေသခံ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော ထားဝယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ ( DDPC ) သည် ဘဏ်၊ လေကြောင်း လိုင်း၊ ဆိပ်ကမ်း စသည့် အကြီးစား လုပ်ငန်းများ လုပ်ကိုင်ရန် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ယင်းကုမ္ပဏီသည် ယခုလက်ရှိ တွင် မောင်းမကန် ကမ်းခြေ ဟိုတယ်ဇုန်၊ ကမြောကင်း တံတားအနီး ထားဝယ်မြစ် ကမ်းနံဘေးတွင် တည်ဆောက်မည့် ဈေးဝယ်စင်တာ၊ ထားဝယ်မြို့ ရွှေဝယ် သီရိအားကစားကွင်းအနီးတွင် တည်ဆောက်နေသည့် သင်တန်း ကျောင်းများကို စတင်အကောင်အထည် ဖော်လျက်ရှိသည်။

ကုမ္ပဏီအစုရှယ်ယာဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ( KNU ) အပါအ၀င် ထားဝယ်ဒေသရှိ လူထု အခြေပြု အဖွဲ့အစည်းများကို ဖိတ်ကြား ကာ ကုမ္ပဏီ၏ ရှေ့လုပ်ငန်းစဉ်များကို သြဂုတ်လ ၂၆ ရက်နေ့၌ ထားဝယ်မြို့ တွင် ရှင်းလင်းမည်ဖြစ်သည်။

ကုမ္ပဏီ၏ ယခုလုပ်ကိုင်နေသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ထားဝယ်ဒေသခံများသိစေရန်၊ ရှယ်ယာ ရှင်များသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း ထားဝယ် အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

မောင်းမကန်ကမ်းခြေမြောက်ဘက် ဟိုတယ်ဇုန်တည်ဆောက်ရန် မြေနေရာ ကို ရှင်းလင်းသည့်ကိစ္စနှင့်ပတ်သက် ပြီး မောင်းမကန်ဒေသခံများက ပွင့်လင်း မြင်သာမှုမရှိ၊ ရှေ့လုပ်ငန်းစဉ်များကို သေသေချာချာမပြောပြနိုင်ဟု ဝေဖန်သံ များ ထွက်လာပြီး တစ်လကျော်အကြာ မောင်းမကန်ဒေသခံများနှင့် ထားဝယ် ၈၈ မျိုးဆက်များမှ ယင်းကိစ္စနှင့် ပတ်သက်ပြီး အိတ်ဖွင့်စာပေးအပြီး တစ်လ ခန့်အကြာတွင် ထားဝယ်အများပိုင် ကုမ္ပဏီက ယင်းသို့ရှင်းလင်းပွဲ ပြုလုပ် ရန်စီစဉ်ခြင်းဖြစ်သည်။

အမည်တပ်ထားသကဲ့သို့ အမှန် တကယ် အများပိုင်ကုမ္ပဏီဆိုလျှင် ဒေသခံအများစု ပါဝင်လာနိုင်အောင် ကြိုးစားသင့်ပြီး ယခုလက်ရှိအချိန်တွင် ငွေကြေးအင်အား တတ်နိုင်သူ လူတချို့ သာ ပါဝင်နေရာယူနိုင်သည့်ပုံစံဖြစ်နေ သည်ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံကုန်သည်တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

Ref:The Voice

အေးရှားဝေါလ် ဆိပ်ကမ်း ရှေ့ဆန္ဒပြမှုဖြစ်ပွားပြီး ကမ်းနားလမ်း ပိတ်နေ

ည ၈နာရီခွဲ၊ သြဂုတ် ၂၄၊ ၂၀၁၂၊ YPI (သူရမျိုး)

အေးရှားဝေါလ် ဆိပ်ကမ်းမှ ပိတ်ထားသည့် ရေထွက်မြောင်းကို ဖွင့်ပေးရန် လူရာနှင့်ချီ ဆန္ဒပြနေကြရာ သီရိမင်္ဂလာဈေးဟောင်းရှေ့ ကမ်းနားလမ်းတလျှောက် လမ်းလုံးဝ ပိတ်နေသည်ကြောင်း YPI သတင်းထောက်က သတင်းပေးပို့သည်။



ည ၈ နာရီခွဲဝန်းကျင် အချိန်တွင် လူစုလူဝေး အရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၇၀၀၊ ၈၀၀ ၀န်းကျင်ရှိမည်ဟု ဆိုသည်။

ဆန္ဒပြသူ အချို့က ခဲများဖြင့် ပစ်ပေါက်နေကြသဖြင့် ရပ်ကွက်ခံများက မလုပ်ကြရန် တားမြစ်နေကြရသည်ဟုလည်း သိရသည်။

အေးရှားဝေါလ် ကုမ္ပဏီမှ ကွန်ကရစ်တုံးများ သံချောင်းများကို ဖယ်ရှားပေးနေသော်လည်း ယခု သတင်းပေးပို့ ချိန်ထိ မပြီးစီးသေးဟု သိရသည်။

အမည်မဖေါ်လိုသည့် စည်ပင်သာယာ ၀န်ထမ်းတဦးကမူ ယခုလို မြောင်းပိတ်ဆို့ခြင်းမှာ စည်ပင်သာယာရေး ကော်မတီမှ မဟုတ်ပဲ အေးရှားဝေါလ်ကုမ္ပဏီမှ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ပြောသည်။


ဆန္ဒပြမှု နောက်ဆက်တွဲသတင်း

အလုံနှင့် ကြည့်မြင်တိုင်မြို့နယ် အကြားရှိ ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သည့် မြောင်းကြီးတစ်ခု၏ ရေထွက်ပေါက်အား Aisa World ကုမ္ပဏီမှ ပိတ်ထားသဖြင့် သီရိမင်္ဂလာဈေးဟောင်းအနီးရှိ လူနေအိမ်အချို့ ယနေ့ညနေပိုင်း မိုးရွာသွန်းမှုကြောင့် ရေနစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရေနစ်မှုခံရသည့် သီတာရပ်ကွက်နေသူအချို့မှ သီရိမင်္ဂလာဈေးဟောင်းနှင့် ကပ်လျက်တည်ရှိသည့် Asia World ကုမ္ပဏီ ဆိပ်ကမ်း ဂိတ်ဝတွင် ည ၈နာရီ ၁၅ မိနစ်ခန့်အချိန်အထိ ဆန္ဒပြမှု ပြုလုပ်နေကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော သတင်းထောက်မှ သတင်းပေးပို့ပါသည်။
  EMG

ဆန္ဒပြမှု နောက်ဆက်တွဲသတင်း

သီရိမင်္ဂလာဈေးဟောင်းအနီးရေထွက်မြောင်းကို အေးရှားဝေါလ် ဆိပ်ကမ်းမှကွန်ကရစ်ဘလောက်တုံးများဖြင့် ပိတ်ဆို့လိုက်ခြင်းကြောင့် အနီးရှိ လူနေရပ်ကွက် ရေလျှံလာပြီးနောက် ယနေ့ မွန်းလွဲ ၃နာရီမှစတင်ကာ အေးရှားဝေါလ် ကုမ္ပဏီကို လူရာနှင့်ချီ ဆန္ဒပြလျှက်ရှိသည်။

ရေမြောင်းဖွင့်ပေးရန် ဆန္ဒပြ ကြွေးကြော်နေကြသည့်ပြင် ည ၈ နာရီကျော်ဝန်းကျင်တွင် ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသည်ကိုလည်း တွေ့ရကြောင်း ရောက်ရှိနေသည့် သတင်းထောက်က ပြောသည်။

ယနေ့ မွန်းလွဲပိုင်း မိုးရွာသွန်းပြီးနောက် အေးရှားဝေါလ် ဆိပ်ကမ်းအနီးရှိ ရပ်ကွက်နှင့် လမ်းများ ရေကြီးလာရာ ရေထွက်မြောင်း ပိတ်ဆို့လိုက်သည့် အေးရှားဝေါလ် ကုမ္ပဏီ အား ရပ်ကွက်ခံများက လူစုလူဝေးဖြင့် ဆန္ဒပြခဲ့ကြရာ ယခုည ၈နာရီကျော်သည်အထိ လူရာနှင့်ချီရှိနေဆဲ ဖြစ်သည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။

ဆန္ဒပြမှု ဖြစ်ပွားသည့်နောက်ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ အေးရှားဝေါလ် ဆိပ်ကမ်းမှ ကွန်ကရစ်တုံးများအား ဖယ်ရှားနေခဲ့သည်။ သို့ရာတွင် ဆန္ဒပြသူ လူစုလူဝေးမှာ တဖြည်းဖြည်း များပြားလာကာ ည ၈ နာရီဝန်းကျင်အချိန်တွင် လူ ၁ ထောင်နီးပါးရှိသည်ဟု YPI သတင်းထောက်က ပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီမှ ယင်းရေထွက်မြောင်းကို မည်သည့်အကြောင်းကြောင့် ပိတ်ဆို့လိုက်သည်ဟု မသိရှိရသော်လည်း ကုန်သေတ္တာတင်ကားများ ၀င်ထွက်နိုင်ရန် ဖြစ်သည်ဟု ရပ်ကွက်နေသူ တဦးက ဆိုသည်။
သတင်းဓါတ်ပုံများ