Monday, July 8, 2013

သံတွဲမြို့ ပဋိပက္ခဖြစ်စဉ်နှင့် အလားတူဖြစ်စဉ်များ အဆုံးသပ်ရေးပူးပေါင်းဆောင်ရွက်သင့်

သံတွဲမြို့ကိုရှေ့အခါက ဒွါရာဝတီမြို့ဟုခေါ်ပြီး ဦးစွာတည်ထောင်ခဲ့သော မင်းမှာ ၀ဏ္ဏပဏ္ဍ၀မင်းဖြစ်ပါသည်။ ၎င်းမင်း၏မင်းဆက်များစွာ အုပ်စိုးခဲ့ပြီးနောက် ကာလကြာမြင့်စွာမင်းဆက်ပျက်ခဲ့ပါသည်။  ထိုအချိန်တွင် ကောရမ္မတိုင်းပြည်ပျက်စီးသွားသဖြင့် ကောရမ္မမင်းသည် တိုင်းပြည်သစ် ရှာဖွေရာ ဒွါရာဝတီမြို့ဟောင်းအား တွေ့ရှိပြီးမြို့အမည်ကို ဒွါရာဝတီဟုပင် သမုတ်၍ ပထမမင်းစော အမည်ဖြင့် တည်ထောင်အုပ်စိုးခဲ့ ပါသည်။ အဌမမြောက်မင်းစောလက်ထက်တွင် ဘီလူးမအား မိဖုရားမြှောက်မိ၍ သားတော် (၃)ပါနှင့် သမီးတော်(၁)ပါဖွားမြင်ရာ သားတော်ကြီး (၁)ပါးသာ လူအသွင်ရှိ၍ န၀မမြောက်မင်းစောအမည်ဖြင့် ဒွါရာဝတီကိုအုပ်စိုးခဲ့ပါသည်။ ယင်းမင်းစောလက်ထက်တွင်မြို့ကို ရန်သူများသိမ်းပိုက်ရန် ရောက်လာတိုင်း မိခင်မြို့စောင့်ဘီလူးမက ကျောက်မြင်းရုပ်ကိုဟီစေကာမြို့အား မိုးပေါ်သို့ပျံတက်စေသဖြင့် ရန်သူဘေးမှ ကင်းဝေးစေခဲ့သောကြောင့် အာကာပျံဝဲမြို့သံတွဲဟုခေါ်တွင် ခဲ့ပါသည်။ 

နောက်မဇ္ဈိမတိုင်းမှ ကံသအနွယ်ဝင်ဝါသုဒေ၀၊ ဗလဒေ၀ စသောညီနောင်တစ်ကျိတ်တို့သည် ဒွါရာဝတီမြို့ကို သိမ်းယူ၍မရသဖြင့် ဂဏှဒီပရသေ့ထံ အကြံဥာဏ်တောင်းခံပြီး မြို့၏အရပ်လေးမျက်နှာကို သံတံတင်းများစွဲ၍ သံချိတ်များဖြင့် ချိတ်ဆွဲထားရာမြို့မှာပျံတက်၍ မရပဲ မြို့ကိုသိမ်းပိုက်မိသဖြင့် နောက်ပိုင်းတွင်သံတွဲမြို့ဟု အမည်တွင်လာ ပါသည်။ယမမင်းဆက်၏နောက်တွင် သံတွဲမြို့စားများခေတ်အလိုက်အုပ်ချုပ်လာ ခဲ့ရာ တတိယဓည၀တီခေတ်တွင် သိဒ္ဓမင်းမှ မြို့စား(၅) ဦး၊ ဝေသာလီခေတ်တွင် မြို့စား (၁)ဦး၊ လေးမြို့ခေတ်တွင် စည်သဘင်အမတ် မှ (၅) ဦး၊ မြောက်ဦးခေတ်တွင် နရနုအလီခင် (၁)ဦး၊ သုံးရွာစားမင်းမှ (၁၇)ဦးနှင့် ကုန်းဘောင်ခေတ်တွင် ဆီးဒါးဗိုလ် (၆)ဦးအုပ်ချုပ်ပြီး ၁၈၂၅ ခုနှစ်တွင် ကိုလိုနီအုပ်ချုပ်သူ (၅၅) ဦးရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး ၁၉၆၂ ခုနှစ်ထိ ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၆၂ခုနှစ်မှ ၁၉၇၄ ခုနှစ်ထိ တော်လှန်ရေးကောင်စီခေတ်၊ အဆိုပါခေတ်ကာလတွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၉.၁၁.၁၉၇၂ ရက်စွဲပါ စာအမှတ် ၊ ၁၀၃/ ၃၂/ စိတ် ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြေငြာစာဖြင့် သံတွဲမြို့ ဟုသတ်မှတ်ခဲ့သည်။ 

သံတွဲမြို့၏ ပထ၀ီဝင်အနေအထားအရအရှေ့ဘက်တွင် ရခိုင်ရိုးမ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တောင်ဘက်တွင် ဂွမြို့နှင့် မြောက်ဘက်တွင်တောင်ကုတ်မြို့တို့ရှိသည်။ ကမ်းခြေဒေသတလျှောက် တွင်နေထိုင်ကြသော ရခိုင်လူမျိုးများသည် မိရိုးဖလာလုပ်ငန်းများ ဖြစ်ကြသည့် ပင်လယ်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြု ကြပါသည်။ သံတွဲမြို့သည် ပင်လယ်ဒေသနှင့်လေးမိုင်ခန့်ကွာဝေးပြီး ပတ်ပတ်လည်တွင် တောင်များကာရံထားပါသည်။ နံတော်၊ အံတော်၊ ဆံတော်ဘုရားသုံးဆူ၏အလယ်တွင်တည်ရှိသောကြောင့် အလွန်အေးချမ်းသောဒေသဖြစ်သည့်အပြင် ဘာသာပေါင်းစုံလွတ်လပ်စွာကိုးကွယ်ကြပြီး ဘာသာရေးနှင့်ပတ်သက်သောပဋိပက္ခများ တစ်ကြိမ်တခါမှ မဖြစ်ပွားခဲ့ ဘူးခြင်းမရှိခဲ့ကြောင်းသိရပါသည်။ 

ထိုသို့အေးချမ်းသောဒေသတွင်၂၉.၆.၂၀၁၃ ရက်နေ့တွင် အကျည်းတန် သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ ပါသည်။ ဖြစ်စဉ်မှာ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာ သို့အလည်အပတ်သွားရောက်ပြီး သံတွဲမြို့သို့ လိုင်းကား ဖြင့်ပြန်လည်ရောက်ရှိလာသော မစုစုမွန် သည်သူမဆက်လက်စီးနင်း ရမည့် တောင်ကုတ်မြို့သို့ထွက်ခွာမည့် လိုင်းကားမမှီလိုက်သဖြင့် ယင်းငှား ရမ်းစီးနင်းလာသည့် ဆိုင်ကယ်ကယ်ရီ သမားမှယင်းအဒေါ်အိမ်တွင် လိုက်လံတည်းခိုရန် ဖြားယောင်းခေါ်ဆောင် သွားခဲ့သည်။ ယင်း၏အဒေါ် အိမ်အရောက်တွင် ဖုန်းဆက်ရန်အပြင်သို့ ခဏပြန်ထွက်ခဲ့ကြောင်း၊ ၎င်းနောက် ဘုရားဖူးရန် နံတော်တောင်ဘုရားသို့တက်ခဲ့ရာ ဘုရားတက်လမ်းတစ်ဝက်အရောက်တွင် သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ည ၈နာရီခန့်တွင် ယင်း၏အဒေါ်အိမ်သို့ပြန်လည် ပို့ထားခဲ့ပြီး ၃၀.၆.၂၀၁၃ရက်နေ့တွင် ပြန်လည်ရောက်ရှိလာကာ ယင်းအိမ် အနီးရှိ ဓောဓိကုန်းဆည်အနီးတစ်နေရာတွင် သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် ယင်းကယ်ရီသမားမှ တောင်ကုတ်သို့ လိုက်လံပို့ဆောင်ပေးမည်ပြောသဖြင့်လိုက်လာခဲ့ရာ မစုစုမွန်အားမြို့ပြင်ရှိ ဆီဆိုင်တစ်ဆိုင်အရောက်တွင်ချထားခဲ့ပြီးပြန်ထွက်သွားခဲ့ကြောင်း၊ မစုစုမွန် သည်လမ်းလျှောက်လာခဲ့ရာ သံတွဲမြို့အထွက် ဘာတောင်း တောင်အရောက်တွင် နိုင်သူဆိုသူနှင့် အဓမ္မပြုကျင့်သူနှစ်ဦးရောက်ရှိ လာပြီးပြန်လာခေါ်ရာ ပြန်မလိုက်ဟုပြောသဖြင့် ၎င်းတို့နှစ်ဦး ပြန်သွားခဲ့ကြောင်း၊ သားမယားအဖြစ်အဓမ္မပြုကျင့်သူမှာ သံတွဲမြို့၊ အမှတ်(၂) ရပ်ကွက်၊ သုတိလမ်းတွင်နေထိုင်သူ မင်းနိုင် (ခ) ငပြူးဆိုသူဖြစ်ကြောင်း၊ အားဓမ္မပြုကျင့်သူနှင့် အားပေးကူညီသူနှစ်ဦးအား သံတွဲမြို့ ရဲစခန်းမှ အရေးယူနိုင်ရေးအတွက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၃၀ရက်နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့များတွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး နေအိမ် (၈)လုံးဆုံးရှုံးခဲ့ရ ပါသည်။ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၆၁၆၉၇၅၀ ကျပ်ဖြစ်ကြောင်းသိရပါသည်။

 ထိုသို့ အကြမ်းဖက်မှုဖြစ်စဉ်များမှာ အသိဥာဏ်ကင်းမဲ့သောလူနည်းစု ကြောင့်သာဖြစ်ပြီး ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ရသည့်အတွက် ဈေးရောင်း ဈေးဝယ်နှင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်းနှင့် စိုးရိမ်ကြောင်းကြမှုများကိုသာခံစားခဲ့ကြောင်း၊ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဖြင့် အလားတူဖြစ်ဖြစ်စဉ်များအဆုံးသတ်ရေးကြိုးပမ်းဆောင်ရွက်သွား သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
jaketaw85

FEC များအားဆက်လက်လဲလှယ်ပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးဈေးကွက်ဌာန နေပြည်တော်၏ ညွှန်ကြားချက်အရ FEC လဲလှယ်ပေးခြင်းလုပ်ငန်းကို လဲလှယ်ပေးခြင်းလုပ်ငန်းကို ၁.၄.၂၀၁၃ ရက်နေ့မှ ၃၀.၆.၂၀၁၃ ရက်နေ့ထိ ပြုလုပ်ပေးခဲ့သော်လည်း ယခုအခါ ကနဦးသတ်မှတ်ကာလအတွင်း အပ်နှံလဲလှယ်ခြင်း မဆောင်ရွက်နိုင်သူများသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြလာပါက အထူးကိစ္စရပ်အနေဖြင့် နိုင်ငံခြားငွေလက်မှတ်များလဲလှယ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကြောင်းကြားလာကြောင်းသိရသည်။

သို့ဖြစ်ပါ၍ FEC လဲလှယ်ပေးခြင်းလုပ်ငန်းကို ၁.၇.၂၀၁၃ ရက်နေ့မှ ၃၀.၃.၂၀၁၄ ရက်နေ့ထိဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းကို AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)၏facebook စာမျက်နှာတွင်အများသိရှိစေရန်ကြေငြာပေးထားကြောင်း သိရှိရပါသည်။
Jaketaw85