Friday, March 9, 2012

မရဲ့ မောင်လေးနဲ့ မောင်လေးရဲ့ မမကြီးတွေ စဉ်းစားဖို့ပါ

06/03/2011
ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။
အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။
အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက အကြံဉာဏ် တောင်းမလို့ပါ ဆရာ။ ဘယ်လို လုပ်ရင် ကောင်းမလဲလို့။
ပြီးတော့ မိန်းကလေးတွေ သွေးဆုံးပြီးသွားရင် HIV/AIDS ရောဂါကို သူတို့ဆီက မကူးတော့ဘူးဆိုတာ သေချာလားဆရာ။ ကျွန်တော် မေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။
သည်ဘလော့(ဂ်)ထဲက Last Post On Masturbation ဆိုတဲ့ စာရဲ့ အောက်မှာ မေးသွားတဲ့ မေးခွန်းပါ။ စာရောက်နေတာ တစ်လကျော် နှစ်လနား နီးနေပြီ ဖြစ်ပေမယ့် ကျွန်တော့်မှာ ဗျာများနေတာနဲ့ အခုမှ အဖြေပေးလိုက်နိုင်ပါတယ်။
ယောက်ျားလေးက ငယ်နေပြီး မိန်းကလေးက အသက်ကြီးနေရင်၊ ဒါမှမဟုတ် ရွယ်တူဖြစ်နေရင် အဲလို ချစ်သူစုံတွဲတွေ အိမ်ထောင်ပြုတဲ့အထိ ကျွန်တော်က လုံးဝ အားမပေးချင်ပါဘူး။ “ယောက်ျားပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အမှန်တော့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့ စကားလို့တောင် ဆိုနိုင်ပါလိမ့်မယ်။
ယောက်ျားနဲ့ မိန်းမတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေ ကွာခြားပါတယ်။ အလားတူပဲ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ယိုယွင်းမှုမှာလည်း အကြီးအကျယ် ကွာပါတယ်။ ယောက်ျားလေးတွေ ၁၃-၄ နှစ်မှာ ပုဆိုးကွင်းသိုင်းနဲ့၊ ဘောင်းဘီတိုနဲ့ ကလေးတစ်ယောက်လို အရပ်ထဲ လည်ဆော့လို့ ကောင်းနေပေမယ့် မိန်းကလေး အဲဒီ့အရွယ်ဟာ အပျိုရည် အပျိုသွေးတွေ စတင်နေပါပြီ။ အမျိုးသမီးတို့ရဲ့ လစဉ်ဓမ္မတာ သွေးပေါ်တာလည်း အဲဒီ့အရွယ်လောက်ဆိုရင် စပါပြီ။ ပြောရရင် အဲဒီ့အရွယ်ဟာ မိန်းကလေးတွေ လင်ယူသားမွေးဖို့အတွက် စတင် ပြင်ဆင်ချိန်ပါပဲ။ ယောက်ျားလေးတွေအတွက်ကျတော့ အဲဒါက တစ်နှစ်၊ နှစ်နှစ်လောက် နောက်ကျပါတယ်။ အလွယ်ပြောရရင် ကြီးကောင်ဝင်ရာမှာ မိန်းကလေးက ယောက်ျားလေးတွေထက် စောပါတယ်။ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ဖန်မှာတင် သည်အချက်က တအားသိသာပါတယ်။
ကြီးကောင်ဝင်ရာမှာ ယောက်ျားတွေထက် စောသလို အရွယ်ကျရာမှာလည်း မိန်းမတွေက ယောက်ျားတွေထက် စောပြန်တယ်။ မိမိကိုယ်မိမိ တအား ထိန်းသိမ်းတတ်တဲ့ မိန်းမတွေ၊ ဘ၀ပေး ကုသိုလ်ကောင်းတဲ့ မိန်းမတွေကျတော့ ၅၀ ကျော်၊ ၆၀ လောက်အထိ အပြင်ပန်းအမြင်မှာ တင့်တင့်တယ်တယ် ရှိနေနိုင်သေးတာ မှန်ပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်ပန်းမှာသာ တင့်တယ်နေပြီး အတွင်းပိုင်းက ယိုယွင်းနေတာတွေကိုကျတော့ သူ့အိမ်ထောင်ဖက်မှသာ သိနိုင်တာမျိုးပါ။
အများစုအတွက်ကတော့ ၄၀ ကျော်လာ၊ ကလေးသားမြေး ရပြီးချိန်မှာ အပြင်ပန်းမှာတင်ပဲ ပုံပျက်ပန်းပျက် ဖြစ်လာတတ်ပါတယ်။ အတွင်းပိုင်း ယိုယွင်းမှုကလည်း သိသာလာတတ်တယ်။
ပြဿနာက ကျွန်တော့်ဆီ စာရေးလာတဲ့ အသက် ၂၀ လူငယ်လေးရဲ့ သူငယ်ချင်းတွေ ပြောသလို မိန်းမတွေ ၄၀ ကျော်လာချိန်မှာ လိင်စိတ်တွေ ကုန်ခမ်းသွားတာ မဟုတ်ပါဘူး။ လိင်စိတ်ဆိုတာ ခြောက်ခမ်းရိုးထုံးစံလည်း မရှိပါဘူး။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာနေရင် လိင်စိတ်ဟာ အရွယ်သုံးပါးစလုံးမှာ ရှိနေနိုင်ပါတယ်။
မိန်းမတွေရဲ့ လိင်စိတ်ဟာ ယောက်ျားတွေလို မဟုတ်ဘဲ အလကားနေရင်း ထကြွမနေတတ်တာတော့ အမှန်ပါပဲ။ အဲဒါကျတော့ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်အရွယ် မိန်းမဖြစ်ဖြစ်၊ ဘယ်လောက် သွေးသားကောင်းကောင်း၊ တစ်ဖက်သားရဲ့ လှုံ့ဆော်မှု မရှိဘဲနဲ့ မိန်းမတစ်ယောက်ရဲ့ လိင်စိတ်ဟာ အလကားနေရင်း ထ ဖြစ်ခဲလှပါတယ်။ ရှားရှားပါးပါး၊ တစ်ထောင်တစ်ယောက်၊ တစ်သောင်းတစ်ယောက်လောက်သာ ယောက်ျားများနည်းတူ အလကားနေရင်း လိင်စိတ်တွေ နိုးကြားတတ်တာပါ။
ယောက်ျားတွေကတော့ အားအားရှိ သည်စိတ်က ဦးဆောင်နေပါတယ်။ မျက်စိအာရုံ၊ နားအာရုံကြောင့်၊ ဘာမဟုတ်တဲ့ အတွေ့အထိခဏတာလေးကြောင့် လိင်စိတ် နိုးကြားလွယ်တာ ယောက်ျားများပါပဲ။ အပြာကားတွေ၊ အပြာစာအုပ်တွေရဲ့ အဓိက ပရိသတ်ဟာ ယောက်ျားသားများသာ ဖြစ်ပါတယ်။ မိန်းမသားတွေက မကြည့်ဖူး၊ မမြင်ဖူးသေးလို့သာ ခဏတဖြုတ် ကြည့်ကြပါလိမ့်မယ်။ ယောက်ျားတွေလို စွဲစွဲလန်းလန်းကြီး မဖြစ်ကြပါဘူး။ တချို့မိန်းမတွေဆိုရင် အဲဒါတွေ ကြည့်ပြီး၊ ဖတ်ပြီး၊ အော်ဂလီဆန်လာ၊ ရွံရှာစက်ဆုပ်လာတတ်ကာ နဂိုက ရှိနေတဲ့ လိင်စိတ်တောင် ငုပ်ကုန်တတ်ပါတယ်။
ပြောချင်တာက အလကားနေရင်း လိင်စိတ်နိုးကြားတတ်တဲ့ ယောက်ျားသားတစ်ယောက်ဟာ အရွယ်လွန်နေသည့်တိုင် သည်စိတ်တွေ ပြင်းပြနေတတ်တဲ့ သဘာဝကိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ “ဖွဲတစ်ဆုပ်နိုင်တဲ့အထိ” သည်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။
အသက် ၄၅ နှစ်အရွယ် ယောက်ျားတစ်ယောက်ဟာ ကိုယ်နဲ့ ရွယ်တူလည်းဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်လည်းဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မိန်းမတစ်ယောက်ကို မြင်ရုံနဲ့ ရင်မခုန်တော့တာတော့ အင်မတန် သေချာတဲ့အချက်ပါ။ အဲဒီ့မတိုင်ခင် နှစ် ၂၀ လောက်ကတော့ သည်မိန်းမအပေါ် မြင်ရုံနဲ့ ရင်ခုန်ခဲ့ဖူးမှာ မှန်ပေမယ့် နှစ် ၂၀ လောက် ပေါင်းဖက်လာပြီးတဲ့အခါမှာတော့ သူ့အတွက် သည်မိန်းမဟာ ရင်ခုန်စရာ တစ်စက်မှ မရှိတော့မှာ သေချာပါတယ်။ ယောက်ျားတို့ရဲ့ အချိန်မရွေး၊ နေရာမရွေး၊ လူပုဂ္ဂိုလ်မရွေး နိုးကြားနိုင်တဲ့ လိင်စိတ်အရ အဲဒီ့မိန်းမကို လိင်ဆက်ဆံဖို့အတွက်တော့ နိုးကြားချင် နိုးကြားနေနိုင်ပါသေးတယ်။  ဒါပေမယ့် တကယ်တမ်းမှာ ၄၅ နှစ် ယောက်ျားတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဖက်မှအပ တခြားတစ်ပါးသော မိန်းမများကိုသာ ရင်ခုန်နေပါပြီ၊ လိင်စိတ်အရလည်း ပိုမို နိုးကြား တောင့်တနေတတ်ကြပါပြီ။ ခါရာအိုခေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေဆီ ရောက်နေတဲ့ ယောက်ျားတွေရဲ့ အရွယ်တန်းကို ကြည့်ရင် ၄၀ နဲ့ အထက် ပရိသတ်က အဆမတန် များပြားနေတာကို တွေ့ရမှာပါ။ သည်အချက်နဲ့တင် ကျွန်တော်ပြောနေတဲ့ “နွားအို မြက်နုကြိုက်”လာတဲ့ သဘောက အလွန်ထင်ရှားပါတယ်။
အဲ… ယောက်ျားက ၄၅ နှစ်၊ မိန်းမက ၅၀၊ ဒါမှမဟုတ် ၅၅ နှစ်ဖြစ်နေရင်တော့လား၊ အဲဒီ့ယောက်ျားဟာ ကျင့်ဝတ်စည်းကမ်းတွေအရသာ သူနဲ့ ပေါင်းလာခဲ့တဲ့ မိန်းမ အပေါ်မှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနေဦးမှာပေမယ့် လစ်တာနဲ့ ကြောင်သူတော် ကြွက်သူခိုး လုပ်နေမှာလည်း မလွဲပါဘူး။ ဒါမှမဟုတ်လည်း အတွင်းလှိုက်ပြီး တရိရိနဲ့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတော့မှာပါ။ လူရှေ့မှာလည်း ကိုယ့်မိန်းမကို ပွဲမထုတ်ရဲတဲ့ ဘ၀ကို ရောက်နေတာတွေလည်း ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ဖူးပါတယ်။
ခြွင်းချက်တော့ ရှိသပေါ့။ ယောက်ျားက ခြေမဲ့လက်မဲ့၊ မိန်းမက ပိုက်ဆံချမ်းသာတယ်၊ ဘ၀ ရပ်တည်မှုအတွက် အဲဒီ့မိန်းမက ခုနစ်ဆွေး ရှစ်ဆွေးလည်းဖြစ်၊ အမယ်ကြီးအိုကြီးလည်း ဖြစ်နေသည့်တိုင် အဲဒီ့မိန်းမကို အိမ်ထောင်ဖက်အဖြစ် ပေါင်းဖက်လိုက်တဲ့ လူငယ် ယောက်ျားတစ်ယောက်စ နှစ်ယောက်စလည်း ကျွန်တော် မြင်ခဲ့ဖူးပါတယ်။ သူတို့ကကျတော့ ငွေမက်လို့ ယူထားတာမို့ အဲဒီ့မိန်းမကြီးတွေ ကြည်ဖြူဖို့အရေးအတွက် စိတ်မပါဘဲ တအား ကြင်နာပြ၊ တအား ယုယပြနေတာတွေလည်း တွေ့ဖူးပါတယ်။
နောက်တစ်မျိုးက မိန်းမလည် သိန်းကြွယ်တွေပါ။ သူတို့က ယောက်ျားတကာနဲ့ နေခဲ့ဖူးပြီး ယောက်ျားကျောကို ကောင်းကောင်းသိထားကြသူတွေဖြစ်ပါတယ်။ အဲလို မိန်းမတွေကျတော့လည်း လင်ငယ်ငယ်လေးကို မလှုပ်နိုင်အောင် အနုနည်းနဲ့ ချုပ်ထားတဲ့ အတတ်ပညာတွေကို တတ်ကျွမ်းကြတာမို့ သူတို့ လင်လေးတွေခမျာ မလူးသာ မလွန့်သာ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် အဲလို မိန်းမမျိုးက သိပ်ကို နည်းတဲ့ အနည်းစုမျှသာ ဖြစ်ပြီး လင်လေးတွေကလည်း မလစ်လို့သာပါ၊ လစ်တာနဲ့ သူတို့ကလည်း ကွယ်ရာမှာ ခြေများဖို့ အသင့်ဖြစ်နေတတ်ကြပါတယ်။ မိန်းမလည် သိန်းကြွယ်တွေကလည်း အဲလို ခြေများတာကို သိသွားရင် မသိချင်ယောင်ဆောင်နေပြီး သူတို့နည်းနဲ့ သူတို့၊ လင်ကလေးတွေ သူတို့ချည်တိုင်ကို အချိန်တန်ရင် ပြန်ခစားလာအောင် လုပ်ထားတတ်ကြပါတယ်။
အဲတော့ကာ အားလုံးကို ချုပ်လိုက်မယ်ဆိုရင် ယောက်ျားတို့ရဲ့ အခါခပ်သိမ်း နိုးကြားနေတတ်တဲ့ လိင်စိတ်၊ ယောက်ျားတွေရဲ့ ရိုးလွယ်တဲ့စိတ်၊ ယောက်ျားတွေရဲ့ မိန်းမ တစ်ယောက်တည်းနဲ့ မရောင့်ရဲတတ်တဲ့ မွေးရာပါ သဘာဝများကြောင့် “ယောက်ျား ပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ စကားက ပေါ်ပေါက်လာရတာပဲလို့ အတတ်ပြောနိုင်ပါတယ်။
ယောက်ျားနဲ့ မိန်းမ အသက် ၁၈ နှစ်လောက်များ ကွာနေလို့ကတော့ အဲဒီ့ယောက်ျားဟာ သူ့မယားလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မ၀နိုင်အောင် ဖြစ်နေမှာ သေချာပါတယ်။ ယောက်ျားက ၄၀၊ မိန်းမက ၂၂ နှစ်၊ ယောက်ျားက ၅၀ မိန်းမက ၃၂ နှစ်၊ ယောက်ျားက ၆၀၊ မိန်းမက ၄၂ နှစ်… ယောက်ျား ဘယ်အရွယ်ပဲ ရောက်သွားသွား သူ့မိန်းမက ရိုးချင်စရာ မကောင်းတော့မှာ တအား သေချာလို့ နေပါတယ်။ ကျွန်တော့်မျက်စိအောက်မှာလည်း အဲလို လင်မယားတွေ တွေ့ဖူးပါတယ်။ အမလေးဗျာ… အဲလို ယောက်ျားကြီးတွေများ သူတို့ မိန်းမကို ချစ်လိုက်တာမှ တုန်လို့။ ဖူးဖူးလည်း ဘာမှုတ်ကြသလဲ မမေးနဲ့။ ဟိုမိန်းမလေးတွေ အအေးတောင် မိကုန်မလား အောက်မေ့ရတယ်။
သူတို့လောက် မကွာပါဘူး။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် ၇ နှစ်ပဲ ငယ်ပါတယ်။ ဒါပေမယ့် အဲဒီ့အရွယ် ကွာဟမှုကလည်း ကျွန်တော်တို့ အိမ်ထောင်ရေး သာယာခြင်းရဲ့ အဓိက အချက်တစ်ချက်ထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက်ဆိုရင် မကြာခင် ၂၃ နှစ် ပြည့်ပါတော့မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော် မရိုးနိုင်သေးပါဘူး။ လိုချင်တပ်မက်နေဆဲသာ ဖြစ်ပါတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ၀ါသနာ သိပ်ကြီးလွန်းလို့ သူနဲ့ အိမ်ထောင်မကျခင်ကရော၊ သူနဲ့ အိမ်ထောင်ကျပြီးတဲ့ နောက်မှာပါ ရည်းစားတွေ ထားဖြစ်ခဲ့သေးပေမယ့် တကယ်တမ်းမှာ ကျွန်တော့်မိန်းမကို ကျွန်တော် ဘယ်သူနဲ့မှ မလဲနိုင်၊ အစားမထိုးနိုင်ပါဘူး။ (ဒါကတော့ သွေးသားကိစ္စအပြင် တခြား အရေးကြီးတဲ့ စိတ်နေသဘောထားတွေလည်း ပါဝင်နေပါတယ်။)
အမှန်ကို ၀န်ခံရရင် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျူးလွန်ခဲ့တဲ့ အမှုတွေထဲမှာ ကျွန်တော့်ထက် အသက် ၁၈ နှစ်ငယ်သူ တစ်ဦးလည်း ပါပါတယ်။ သူ့ကိုကျတော့ လိင်ပိုင်းအရ ကျွန်တော် အတော်သာယာသွားခဲ့ဖူးပါတယ်။ ကျွန်တော်လည်း ယောက်ျားပီပီ မြက်နုကြိုက်တဲ့ နွားအိုကြီး ဖြစ်ခဲ့ဖူးတာပေါ့ခင်ဗျာ။ အတည်ယူဖို့အထိတောင် မကြံကောင်း မစည်ရာ ကြံခဲ့ဖူးပါတယ်။ အဲလောက် မွှန်သွားတာပါ။ ကံသီလို့သာ ကျွန်တော် ဒုက္ခမတွေ့ရတာပါ။
အဲတော့ အခု လူငယ်လေးကိုလည်း ကျွန်တော်က ပြင်းပြင်းထန်ထန် တားချင်ပါတယ်။ ကျွန်တော်အခု ပြောတဲ့ စကားတွေအားလုံးက အသက်အရွယ်၊ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လူ့ခန္ဓာဗေဒ၊ လိင်စိတ်နဲ့တကွ လူ့စိတ်နဲ့ လူ့အပြုအမူတို့ရဲ့ အပြောင်းအလဲများအပေါ်မှာ သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ထားတဲ့ စိတ်ပညာသဘောတွေလည်း အနည်းနဲ့ အများ ပါဝင်ပါတယ်။
အရာတိုင်းမှာ ခြွင်းချက်ရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ခြွင်းချက်ဟာ ခြွင်းချက်မျှသာ ဖြစ်ပြီး ယေဘုယျက ယေဘုယျပါပဲ။ ကိုယ့်ကျမှ အဲဒီ့ ခြွင်းချက်အတိုင်း ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆခြင်းဟာ ထီထိုးတာနဲ့ တူပါတယ်။ ထီလက်မှတ် အစောင်ပေါင်း တစ်သိန်း၊ တစ်သန်းမှာ တစ်ယောက်သာ ပေါက်နိုင်တာမျိုးပါ။ ဒါမှမဟုတ်လည်း ကံကို ယုံပြီး မီးပုံထဲ ခုန်ချလိုက်သလိုသာ ဖြစ်နိုင်ပါတယ်။ ခြွင်းချက်အရ မီးပုံထဲ ကျသွားပေမယ့် မီးမလောင်ခဲ့ဖူးသူတွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ်လည်း အဲဒီ့ ခြွင်းချက်ထဲ ပါတန်ကောင်းရဲ့လို့ တွေးကာ ခုန်ချလိုက်မယ်ဆိုရင် ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ လောင်မြိုက်တော့ ကိုယ်ပဲ ခံရမှာပါ။
“မိန်းမတွေများ နှာခေါင်းမပါရင် ဟိုသင်းတောင် စားတယ်”လို့ အပြောခံရတဲ့ အခု ကျွန်တော့်ဆီ စာရေးလာတဲ့ ၂၀ အရွယ် လူငယ်လေးရဲ့ ရည်းစားလို ၂၉ နှစ်အရွယ် မိန်းမပါ။ အဲဒီ့မိန်းမမှာ နှာခေါင်းလည်း မပါ၊ ဦးနှောက်လည်း မပါရှာပါဘူး။ ဦးနှောက်က ရိုးရိုးလေးပါပဲ။ အသက်အရွယ်ဆိုတာ ရပ်နေတဲ့ အရာမဟုတ်ဘူးဆိုတာလေးကို မြင်ဖို့လေးလောက်ပဲ လိုပါတယ်။ အခု ၂၀/၂၉ ပေမယ့် နောက် နှစ်၂၀ ကြာရင် ၄၀/၄၉ဆိုတာကို မြင်ဖို့ပါ။ ၄၀ အရွယ် ယောက်ျားသားတွေကို ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျော့လို့၊ မော့လို့၊ ၃၀ ကျော်အလား ထင်ယောင်မှားလောက်အောင် နုပျို စိုလန်းနေဆဲ ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။
၄၉ အရွယ် မိန်းမသားတွေကိုလည်း ပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုရင် ရွဲပလဲပြီး ပုံမလာ ပန်းမလာနဲ့ မိန်းမချင်းတောင်မှ မျက်နှာလွှဲလိုက်ချင်စရာ ဖြစ်နေတာက အများစုဆိုတာကိုလည်း မြင်ရပါလိမ့်မယ်။ ၅၀/၅၉ ဆိုရင်တော့ မပြောပါနဲ့တော့ဗျာ။ ဟုတ်ကဲ့… ကျွန်တော် ၅၄ နှစ်ထဲမှာပါ။ အိမ်က မိန်းမကို အားနာလွန်းမက အားနာလာလို့သာ ကျွန်တော့် ခြေကို မနည်း ချုပ်ထားရပါတယ်။ စိတ်ထဲမှာတော့ ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်တွေ တွေ့ရင် သရိုးသရီဖြစ်လို့ ကောင်းနေဆဲဖြစ်သလို ကျွန်တော် ဆွတ်ရင် ညွတ်ကျလာနိုင်တဲ့ အရွယ်လှလှ သူငယ်မတွေလည်း မကြာခဏ ဆုံနေရဆဲပါပဲ။ အင်း… ၅၉ နှစ် မိန်းမဆိုရင်တော့ ယောက်ျားလေးတွေက “အမေ” “အမေကြီး”စသဖြင့် ခေါ်ပြီး ရိုသေနေကြမှာဖြစ်တဲ့အပြင် ဘယ်အစ်ကို ပုရိသကမှလည်း အဲဒါကြီး ကြည့်ပြီး နိုးကြားလာနိုင်စရာ အကြောင်း မမြင်တော့ပါဘူး။
သူ့ဦးနှောက်ကို သည်လောက်လေး သုံးလိုက်ရုံနဲ့ သည် ၂၀ အရွယ် လူငယ်လေးနဲ့ ဆက်စခန်းသွားတာကို ရပ်တန်းက ရပ်သင့်ပါပြီ။
ချစ်တာကတော့ဗျာ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်မှာ မဆို ချစ်လို့ ရပါတယ်။ အထူးသဖြင့် အချစ်ဆိုတာဟာ မပေါင်းမဖက်ဘဲ နေလိုက်တာနဲ့ တစ်ပြိုင်နက် ရင်ထဲမှာ သေတစ်ပန် သက်တစ်ဆုံး သိမ်းထားပြီး ကြည်နူးစရာ ကောင်းနေတတ်တဲ့ အရာမျိုးပါ။ သည့်ထက် တစ်ဆင့်မြှင့်ပြီး ပြောရရင် ချစ်တယ်လို့တောင် ဖွင့်မပြောလိုက်ဘဲ ရင်ထဲမှာ သိမ်းထားလိုက်ရတဲ့ အချစ်မျိုးတွေက ဖွဲမီးလို ကိုယ့်ကို တငွေ့ငွေ့လောင်ပြီး သေသည်အထိ ချစ်မဆုံးအောင် ဖြစ်နေတတ်စမြဲပါ။
အချစ်ရဲ့ သင်္ချိုင်းက အိမ်ထောင်ရေးသာ ဖြစ်ပါတယ်။ အဲဒါကို အိမ်ထောင်သည် အတော်များများ သတိထားမိကြပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး အများစုမှာ အကြွင်းအဖြစ် ကျန်ရစ်တာက သံယောဇဉ်သာ ဖြစ်ပါတယ်။ အချစ် မဟုတ်တော့ပါဘူး။
နောက်ဆုံးတစ်ချက်က သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကောင့်သားကများ တီထွင်လိုက်သလဲ မသိဘူး။ ကိုယ့်သင်္ချိုင်း ကိုယ်တူးတဲ့ ယုံတမ်းစကား အလွဲကြီးပါခင်ဗျား။
ကျွန်တော်ကတော့ ပြောသင့်တဲ့ စကားကို ပြောလိုက်ပြီးပါပြီ။ ကျန်တာတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါhttp://nookycontent.wordpress.com/2011/03/06/360/#comment-1464

ဘဲစုတ် ဘဲနာ ဘဲကလချာ

11/11/2010

ဆရာ ခင်ဗျား
ကျွန်တော်က ဆရာ့စာတွေကို အမြဲ စောင့်ဖတ်နေကျပါ။ ဆရာ့စာတွေက ဗဟုသုတ တိုးပွားစေပါတယ်။
ကျွန်တော့် ပြဿနာ ဆရာ့ကို တင်ပြချင်လို့ပါ။ ကျွန်တော် ကိုးလပိုင်း ၂၁ ရက်နေ့က ကျွန်တော့် ကောင်မလေးနဲ့ ဆက်ဆံခဲ့တယ်။ ကွန်ဒုံး သုံးခဲ့တယ်။
ကျွန်တော်တို့ တည်းခိုခန်းမှာ တစ်ည တူတူအိပ်ကြတာဆိုတော့ ဆက်ဆံလိုက်၊ မောရင် နားလိုက်၊ ပြီးရင် နှစ်ယောက် မဆက်ဆံတာတောင် ထိထားလိုက်၊ ကိုင်လိုက် လုပ်နေကြပါတယ်။ ဆက်ဆံတယ် ဆိုပေမဲ့လည်း အတွင်းထဲထိ အကုန်ဝင်အောင်လည်း မထည့်နိုင်ဘူး။
သူက နာလွန်းတော့ အစပိုင်း ၀င်ရုံရှိသေး ထပ်မထည့်တော့ပဲ ဒီအတိုင်းပဲ ပွတ်နေ ပြုနေရာကနေ ပြီးသွားတာပါ။ သူကတော့ လုံးဝ မပြီးဘူး။ ကြောက်နေတယ် ထင်တယ်။

ကျွန်တော်က မအောင့်နိုင်ဘဲ ပြီးသွားတော့ ဒီအတိုင်း သူစိတ်ကျေနပ်စေဖို့ သူ့ဟာနဲ့ ကျွန်တော့်ဟာကို ထိကပ်ထားလိုက်တယ်။ ကွန်ဒုံးကတော့ ပြီးသွားတဲ့ သုံးခါ စလုံး ကျနော် တပ်ထားပါတယ်။

ဒါပေမဲ့ သူက အခု ရာသီ မလာဘူးတဲ့။ အောက်တိုဘာ တစ်လလုံး ရာသီမလာဘူး။ ခု နိုဝင်ဘာ ရောက်နေပြီ။ နောက် ကျွန်တော်နဲ့ သူနဲ့ ဆက်ဆံတဲ့နေ့က စက်တင်ဘာ ၂၁ ရက်နေ့၊ သူ ရာသီ ပြီးတဲ့နေ့တဲ့။

ကျွန်တော်က အခု တစ်နေရာ ရောက်နေတယ်။ သူက တစ်နေရာမှာ။ ကျွန်တော် ဘာလုပ်ရမှန်းလဲ မသိတော့ဘူး။ သူ့ကိုလည်း ယူဖို့ အဆင်မပြေသေးဘူး။ ကျွန်တော် အရမ်း နောင်တရနေမိတယ်။ သူ့ကိုလည်း ဘယ်လို ပြောရမှန်းမသိတော့ဘူး။ ကျွန်တော်က ကွန်ဒုံး သုံးရင်၊ အထဲကို ၀င်အောင် မထည့်ရင် ကိုယ်ဝန်မရဘူး ထင်နေတာ။ ကူညီပါဦး ဆရာရယ်။ ဘာလုပ်ရမလဲဆိုတာ… ကျွန်တော် သူ့ကို ဒုက္ခပေးမိပြီဗျာ။
ကျေးဇူးတင်စွာ စောင့်နေပါ့မယ်ဆရာ
သီဟ
အချက်အလက်က မပြည့်စုံဘူး။ အဖြေရ ခက်နေတယ်။ ဒါနဲ့ စာပြန်လိုက်တယ်။ ကိုယ့်လူ အသက်ဘယ်လောက် ရှိပြီလဲဆိုတော့ ၂၈ နှစ်တဲ့။ အင်း… အသက် ၂၈ နှစ် အရွယ် ယောက်ျားလေးတစ်ယောက်ကလည်း ချာလိုက်တာလို့ ပြောချင်ပေမယ့် ကျွန်တော်တို့ဆီမှာ ဒါမျိုးတွေကို ပွင့်ပွင့်လင်းလင်း ချပြ ဆွေးနွေးတဲ့ အလေ့အထ မရှိတော့လည်း ၂၈ နှစ် မပြောနဲ့၊ ၆၀ ကျော် ယောက်ျားတွေတောင် အမှန်းကမ်းလမ်း မသိတာကို သွားသတိရမိတယ်။

ဘယ့်နှယ့်ဗျာ…  သူ့ဟာက “သူက နာလွန်းတော့…”လို့ ဆိုထားကတည်းက ဘာအပျိုးမှ ကောင်းကောင်းကန်းကန်း မပါဘဲ ကောက်ရိုးပုံ တန်းသွားမှန်း အလွန် သိသာတာပဲ။ ပြီးတော့ ပြောလိုက်သေး… “သူကတော့ လုံးဝ မပြီးဘူး၊ ကြောက်နေတယ် ထင်တယ်”ဆိုတာကြီးက ပါသေး။ ကျွန်တော့်စာတွေ ဖတ်ထားပါတယ်လို့ ပြောတာ အတော် ယုံချင်စရာ ကောင်းနေတယ်။ မိန်းမတစ်ယောက်ကို ကောက်ရိုးပုံဟေ့ဆိုရုံနဲ့ ပြီးအောင် လုပ်နိုင်မယ်လို့ ကျွန်တော် တစ်ခါမှ မရေးဖူးပေါင်ဗျာ။  သူဖတ်ထားတာက အပြာစာအုပ်တွေသာဖြစ်မှန်း အလွန် သိသာစေတဲ့ စကားတွေပါပဲ။

အမယ်… ကျွန်တော်က မအောင့်နိုင်ဘဲ ပြီးသွားတော့ သူ ကျေနပ်အောင် ထိတောင် ထားပေးပါသေးသတဲ့။ ချာချက်က ကမ်းကုန်လို့ ပြောရတော့မယ် ထင်ပါတယ်။ တကယ့်လူပါပဲ။

သူက သုံးကြိမ်စလုံးမှာ ကွန်ဒုံး သုံးတယ်လို့ ဆိုထားပေမယ့် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ ကွန်ဒုံး မရှိဘဲ ထိထားတာကြောင့် သည်ပြဿနာ ရှိလာတာလို့ မှန်းဆလို့ ရပါတယ်။ အဲဒါ မသိသားဆိုးရွားတာပါပဲ။ သေချာအောင် သူ့ကို မေးလိုက်တော့ ဟုတ်တယ်။

သူက ပြီးသွားတယ်။ ကွန်ဒုံးထဲမှာ ပြီးတာပေမယ့် အပျင်းထူ၊ ရေ ထမဆေးဘဲ ကွန်ဒုံးကို ဖယ်ရှားပြီး သကာလ “သူ ကျေနပ်အောင် ထိထားပေးတာ”ကြီးက ကလေးမကို ဒုက္ခပေးတာ အများကြီး ဖြစ်နိုင်ပါတယ်။ သုက်နဲ့ ထိတွေ့ထားတဲ့ လက်တောင်မှ ယောနိနားမှာ မထားကောင်းပါဘူး။ သုက်ပိုးဆိုတာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးတွေဖြစ်ပါတယ်။ အခုဟာက လက်တောင် မဟုတ်ဘဲ သုက်လွှတ်ခဲ့တဲ့ ငယ်ပါ၊ သုက်တွေ ကောင်းစွာ ပေကျံနေတဲ့ ငယ်ပါနဲ့ ယောနိနဲ့ ကာလရှည်ကြာစွာ ထိထားခဲ့တာကြောင့် သုက်ပိုးများဟာ ယောနိထဲကို ခုန်ပျံ ကျော်လွှား ၀င်ရောက်သွားဖို့ အခွင့်အလမ်းတွေ တစ်ပုံတစ်မ ရသွားပါတယ်။

အဲတော့လည်း ဖြစ်ပြီပေါ့။ အခုကျတော့မှ ယူဖို့ကလည်း အဆင်မပြေသေးဘူးဆိုပဲ။ အသက် ၂၈ နှစ်ရောက်နေတာတောင် အိမ်ထောင်ပြုဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် ဘယ်တော့ အဆင်သင့်ဖြစ်မှာတုံးလို့ ငေါ့မေးရမလို ဖြစ်နေတယ်။ ၄၈ နှစ်လောက်ကျမှ အဆင်ပြေမယ် ထင်ပါရဲ့။ အဲလို ကိုယ့်အကြောင်း ကိုယ်သိနေရင်လည်း သေချာ လေ့လာ စူးစမ်း ဖတ်ရှုပြီးမှ ကမျင်းကြော ထဖို့ ကောင်းတာပေါ့။ အခုကျတော့မှ မျက်လုံးပြူး မျက်ဆံပြူးနဲ့ “ကျွန်တော် ဘာလုပ်ရမလဲ ဆရာ” လာလုပ်နေတော့ ကိုယ့်သားအရင်းသာဆိုရင် နားရင်း သုံးချက်လောက် ပိတ်ရိုက်ပြီး ဘာမှ မလုပ်နဲ့၊ သည်လောက်တောင် အသုံးမကျတဲ့ မင့်ဟာကိုသာ စင်းတီတုံးပေါ် တင်ပြီး အရင်းကနေ တိလိုက်ပေတော့ဟေ့လို့ ပြောချင်စိတ်က ပေါက်သွားတယ်။ တကယ်ဗျာ… ယောက်ျားတွေများ (ကျွန်တော်လည်း ပါပါတယ်) တော်တော် နန့်ကြောဆွဲချင်တာကလား။

သည်မှာ အများ သင်ခန်းစာ ယူထိုက်တာက ယောနိရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ သုက်နဲ့ ထိတွေ့ထားသော အရာ၊ ဘယ်အရာကိုမှ မထားကောင်းဘူး ဆိုတဲ့ အချက်ပါပဲ။http://nookycontent.wordpress.com/2010/11/11/009/#comment-1462

အမျိုးသမီးတွေ ပြီးတယ်ဆိုတာ…

26/12/2010
သည်ဘလော့ကို ဖတ်ရတာ အသိ ဗဟုသုတ တိုးပါတယ်။ အခုလို ဖော်ပြပေးတဲ့ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးခြင်း မပြီးခြင်းဆိုတာ ဘာလဲ မသိဘူး…??? မသိလို့ မေးတာပါ။
ဒီဇင်ဘာ ၁၇ ရက်နေ့က သည်ဘလော့(ဂ်)ရဲ့ ကွန်မန့်တစ်ခုမှာ ရေးပြီး မေးသွားတာပါ။
တော်တော် အဖြေရကျပ်တဲ့ မေးခွန်းပါပဲ။ တတ်နိုင်သမျှ ကြိုးစားပြီး ဖြေပေးလိုက်ပါတယ်။
ပထမဆုံးက အဖြေရကျပ်ဆို နှာချေတာ၊ ဒါမှမဟုတ် သမ်းဝေတာနဲ့ နှိုင်းလိုက်ရင် အဖြေရကျပ်တယ်ဆိုတာ ရှင်းသွားမှာပါ။ နှာချေချင်တဲ့အခါ ဟတ်ချိုးလို့ ချေလိုက်ရချိန်မှာ ဘယ်လို ခံစားရလဲလို့ မေးရင် ဘယ်သူ ဖြေနိုင်မလဲ။ ကိုယ်ခန္ဒာမှာ အဲဒီ့အချိန် ဘယ်လိုဖြစ်သလဲ၊ ဘာလဲ၊ နှာချေတယ်ဆိုတာ ဘာလဲ။ ဖြေကြည့်စေချင်ပါတယ်။ လူတိုင်း ချေဖူးပေမယ့် နှာချေတယ်ဆိုတာ ဘယ်လိုလေးပါလို့ အင်မတန် အပြောရ ခက်ပါတယ်။ သမ်းလိုက်တာလည်း အတူတူပါပဲ။ ပါးစပ်ကို အားရပါးရ ဟပြီး ၀ါးခနဲ သမ်းလိုက်တာတော့ မှန်တယ်။ အဲဒါ ဘာလဲ၊ ဘယ်လို ခံစားရလဲဆိုတာ အလွန် အဖြေရခက်လှပါတယ်။ အမျိုးသမီးတစ်ယောက် ပြီးတယ်ဆိုတာလည်း အလားတူပါပဲ၊ အဖြေရ ကျပ်လှပါတယ်။
အမျိုးသားတစ်ယောက်အတွက်ကျတော့ သူ့ငယ်ပါကနေ သုက်ရည်တွေ ထွက်ကုန်တာကို ပြီးတယ်လို့ အပြတ်အသား ပြောနိုင်ပါတယ်။ အမျိုးသမီးမှာကျတော့ အဲလို ရုပ်လက္ခဏာနဲ့ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ မရှိဘူး။
နောက်တစ်ချက်က အနောက်တိုင်း သုတေသနများအရ အမျိုးသမီး ၂၅ % သာလျှင် ချစ်တင်းနှောရင်း (၀ါ) လိင်ဆက်ဆံရင်းနဲ့ ပြီးနိုင်ပါတယ်။ ယောက်ျားကျတော့ ၉၀ % ကျော်ဖြစ်နေတာနဲ့ကို ဒါဟာ အင်မတိ အင်မတန် ဖြစ်တောင့်ဖြစ်ခဲဆိုတာ သေချာနေပါတယ်။
မကြာသေးခင်က ကြုံခဲ့ဖူးတာ တစ်ခုရှိပါတယ်။ အသက် ၆၀ ကျော် မိတ်ဆွေသစ်တစ်ဦးနဲ့ ခရီးအတူသွားဖြစ်ကြရင်း ရင်းနှီးလာလို့ သည်ကိစ္စတွေ ပြောဖြစ်ကြတဲ့အခါ သူက အမျိုးသမီးတွေ မပြီးဘူးလားလို့ တအံ့တသြ မေးလာပါတယ်။ တကယ်တော့ သူဟာ မြေးရနေပြီဖြစ်တဲ့ ကလေးသုံးယောက် ဖခင်ပါ။ ဒါနဲ့ ကျွန်တော်လည်း သူ့ကို မေးမိတယ်။ “ဘာလဲ အစ်ကိုကြီးက အစ်ကိုကြီး မိန်းမကို ပြီးလားလို့ မေးတတ်တယ် မဟုတ်လား”ဆိုတော့ ဟုတ်တယ်လို့ သူက ဖြေပါတယ်။ ဒါနဲ့ “ဟိုကလည်း ခေါင်းညိတ်တယ်၊ ဒါမှမဟုတ် ပြီးတယ်လို့ ပြောတာချည်းပဲ မဟုတ်လား”ဆိုတော့ သူက ဟုတ်တယ်တဲ့။ ကျွန်တော့်မှာ တအား ရယ်ချင်သွားပေမယ့် သူ့ကိုရော သူ့မိန်းမ အမယ်ကြီးကိုပါ သနားမိသွားပါတယ်။  ကျွန်တော်တို့မှာက သည်လိုအကြောင်းအရာတွေကို လူသိရှင်ကြား ချပြဆွေးနွေးလို့ မရတာမို့ အများစုဟာ ထင်တစ်လုံးနဲ့ ရမ်းကြိတ်နေကြပါတယ်။ သူလို အမျိုးသားတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ၉၀ % မက ရှိနေမှာလည်း အသေအချာပါပဲ။
ကိုင်း… အမေးရှိတော့ အဖြေရှိလာပါပြီ။
ပထမဆုံး လိင်ဆက်ဆံမှု မစတင်ခင် အပျိုးကာလက အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ မတူပါဘူး။ အမျိုးသားတွေကတော့ “ဆင်လိုက်တုန်းတောင် ငယ်ပါတင်းနိုင်ကြသူများ”ဖြစ်ပေမယ့် အမျိုးသမီးတွေက ဆင်လိုက်တာ ဝေးစွ၊ စိတ်ထဲမှာ တစ်ခုခု ကြောင့်ကြနေမိတာနဲ့ လိင်စိတ်နိုးကြားဖို့ အင်မတန် ခက်ခဲပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာနေပေမယ့် အမျိုးသမီးတွေရဲ့ အတွေးထဲမှာ မိသားစုကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ၊ လူမှုရေးကိစ္စတွေက လွှမ်းမိုးထားစမြဲပါ။ ဒါ့ကြောင့် အပျိုးကာလနဲ့ သူတို့ကို စိတ်ပြောင်းအောင် လုပ်ပေးဖို့ လိုပါတယ်။
အပျိုးမှာ အဆင့်ဆင့်ရှိပါတယ်။ ပထမဆုံးက လင်ကိုမယား စိတ်လက် ကြည်ကြည်သာသာနဲ့ ကြည်ကြည်နူးနူး ရှိအောင် လုပ်ဖို့ လိုပါလိမ့်မယ်။ လက်ကလေး ကိုင်တာ၊ ပါးကလေးနမ်းတာ၊ ဆံပင်ကလေး နမ်းတာလေးတွေဟာ တကယ့် အပျိုးပါပဲ။ အိမ်ထောင်သက် နှစ်ပေါင်း ၃၀ ပဲ ရှိနေနေ မပျက်မကွက် လုပ်ဆောင်ရမယ့်အထဲမှာ အဲဒါတွေ ပါပါတယ်။
အဲဒီ့ကမှတစ်ဆင့် အရှိန်လေး နည်းနည်း ရပြီဆိုရင် ပြင်သစ်အနမ်း၊ အနမ်းစို စသဖြင့် ခေါ်တဲ့ နှုတ်ခမ်းချင်း နမ်းတာက ဆက်လာရပါတော့မယ်။ သည်မှာလည်း လင်ရယ် မယားရယ်ဖြစ်လာမှတော့ တစ်ယောက်တစ်ယောက် ရွံနေလို့ မရတော့ပါဘူး။  ဒါ့အပြင် မြန်မာ အမျိုးသမီးအတော်များများက အဲဒီ့အနမ်းကို မတုံ့ပြန်တတ်ဘူး။ ရွံ့နေတတ်တယ်။ အဲတော့ အမျိုးသားက သင်ပေးဖို့ လိုပါတယ်။ အမျိုးသားကလည်း တတ်ဖို့ လိုတာပေါ့ဗျာ။ ပြင်သစ်အနမ်း ဋီကာကို နောက်ကျတော့မှ တစ်ပုဒ် သတ်သတ် ရေးပေးမယ်။ ဟုတ်ပြီလား။
အဲဒီ့အဆင့်ကနေ နောက်တစ်ဆင့် တက်ရာမှာလည်း မလောရပါဘူး။ ယောက်ျားအများစု မှားတတ်တဲ့ အမှားက နမ်းရင်းနဲ့ သူ့လက်ကြီးက အမျိုးသမီးရဲ့ ရင်သားဆီ တန်းရောက်သွားတတ်တာပဲ။ ဟား… အလွဲကြီး ခင်ဗျ။
အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဒာမှာ အာရုံနိုးတဲ့နေရာတွေ များစွာ ရှိပေမယ့် ရင်သားကို တန်းသွားတာကြီးက နေရာမကျဘူးခင်ဗျ။ ဖက်ထားရင်းကနေ လက်မောင်းလေး ပွတ်၊ ကျောလေးပွတ် လုပ်ရတယ်။ ရင်ခုန်လာအောင် နှူးရတယ်။ သူ့လက်ကြီးက ငါ့ရင်သားဆီ ရောက်လာတော့မှာ… ဟော… ရောက်တော့မယ်… ဟင်… ဟုတ်လဲ ဟုဘ်ဘူး… အဲဒီ့ ရွှေလက်က ဘယ်ရောက်သွားရပြန်တာလဲ မောင်ရယ်… ဟင့်… ဆိုတာမျိုး ဖြစ်လာအောင် စိတ်ရှည်လက်ရှည် လုပ်နိုင်လေ အခြေအနေ ကောင်းလေလေပါပဲ။
အဲလိုနဲ့ ရင်သားတွေကို ညင်ညင်သာသာ ထိတွေ့ပေးရပါတယ်။ ချိုလုံးလေးတွေကိုလည်း အတူတူပေါ့။ ညင်သာဖို့ လိုပါတယ်။ အမျိုးသမီးအနေနဲ့ သူ့ကို ချစ်တယ်၊ မြတ်နိုးတယ်၊ ယုယတယ်ဆိုတဲ့ ခံစားမှု ရလာအောင် လုပ်ရမှာပါ။ နှုတ်ခမ်းချင်း ဂဟေဆက်ထားတာလည်း မပျက်စေဘဲ လက်က ရင်သား၊ ခြေထောက်က ခြေထောက်ချင်း ပွတ်သီးပွတ်သပ် ကယုကယင် နေပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
အဲဒီ့ကမှ အရှိန်လေး တော်တော်ရပြီဆိုရင်တော့ နှုတ်ခမ်းကို နေရာ ရွှေ့လို့ ရပါပြီ။ သည်နေရာမှာ ပစ်မှတ်က ချိုလုံးတွေ ဖြစ်ပေမယ့် အဲဒါကိုလည်း အလောတကြီး မဟုတ်ဘဲ သိုင်းသိုင်းဝိုင်းဝိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့လေး လုပ်ပေးတတ်ဖို့ လိုပြန်ပါတယ်။ လုပ်တတ်ရင် အမျိုးသမီးဘက်က အတော့်ကို အဆင်သင့်ဖြစ်လာပါပြီ။
ပါးစပ်က နေရာရွေ့သွားတော့ လက်က အားနေတယ်၊ ဘာလုပ်ရမလဲလို့ မေးရင် အဖြေရှိပါတယ်။ လက်က ဗိုက်သား၊ ဆီးခုံ၊ ပေါင်၊ ဒူး စတာတွေကို ညင်သာစွာ ထိတွေ့ပေးနေနိုင်ပါတယ်။ သည်မှာလည်း ဦးတည်ချက်က ယောနိဖြစ်ပေမယ့် ရင်သားမှာတုန်းကလိုပဲ အမျိုးသမီးက အလိုချင် အတောင့်တဆုံး အခြေအနေ ဖြစ်လာတဲ့အထိ ရစ်သီ ရစ်သီနဲ့ အရစ်ရှည်နိုင်လေ အကျိုးရှိလေပါ။ တကယ်လို့ အဲဒီ့နေရာကို လက်နဲ့ မဟုတ်ဘဲ ပါးစပ်နဲ့ပဲ စခန်းသွားလိုသေးတယ်ဆိုရင်လည်း လက်က ယောနိကလွဲလို့ ခါးအောက်ပိုင်း ကျန်တဲ့ နေရာအနှံ့ကို ထိတွေ့ထားနိုင်ပါတယ်။
ပါးစပ်နဲ့ ထိတွေ့ဖို့ ကြံရင်လည်း ချက်ချင်း တန်းမသွားသင့်သေးဘူး။ အမျိုးသမီး သိပ်လိုချင်လာအောင် ရစ်သီရစ်သီ လုပ်ပေးဖို့ လိုတယ်ခင်ဗျ။
ဒါဟာ အပျိုးကာလပါပဲ။ အတွေ့အကြုံ နည်းသူ အမျိုးသမီးများအတွက် အဲဒီ့ အပျိုးကာလဟာ နာရီဝက် ၄၅ မိနစ်လောက် အချိန်ယူဖို့ လိုပါတယ်။ အိမ်ထောင်သက် ရင့်နေတယ်ဆိုရင်တောင်မှ အပျိုးကို အဖျင်းဆုံး မိနစ် ၂၀ လောက် အချိန်ယူရပါမယ်။ ကြာလေ၊ အချိန်ဆွဲနိုင်လေ၊ အမျိုးသမီးအတွက် အရှိန်တက်လေပါ။
အဲလို အရှိန်တက်လာတဲ့အခါမှာတော့ အမျိုးသမီးဟာ မသိမသာလေး နွေးလာပါလိမ့်မယ်။ စိတ်ဆန္ဒတွေ တက်ကြွလာပါလိမ့်မယ်။ သူ့ကိုယ်ခန္ဒာက သွေးတွေကလည်း ယောနိနဲ့ ယောနိထိပ်က အကြောဆိုင် အဖုအထုံး (အစေ့လေး)ဆီကို တိုးနေပါပြီ။ သည်အချိန်မှာ ယောနိအတွင်းပိုင်းနံရံကလည်း တဖြည်းဖြည်းနဲ့ ချွေးသီးချွေးပေါက်များကျသလို စိမ့်ရာက နစ်လာပါတော့မယ်။ သည်အချိန်မှာမှ လိင်ဆက်ဆံမှု လုပ်ရတော့မှာပါ။
အဲလိုနဲ့ အာရုံက ဆင့်ကာ ဆင့်ကာ နိုးလာတဲ့အခါမှာတော့ သွေးက တင်ပါးဆုံရိုးတ၀ိုက်မှာ ဆက်ပြီး တိုးနေပါတယ်။ အသက်ရှူလည်း ပြင်းလာတယ်။ နှလုံးခုန်နှုန်းလည်း တက်လာပါပြီ။ ယောနိရဲ့ အတွင်းပိုင်းကလဲ ငယ်ပါကို ဆုပ်ညှစ်ဖို့အတွက် ကျဉ်းသွားသလို အပြင်ပိုင်းကကျပြန်တော့ ငယ်ပါကို ကြိုဆိုဖို့အတွက် ကျယ်လာပါတယ်။
အားလုံး အဆင်ပြေနေပြီ၊ အနှောင့်အယှက် ကင်းနေပြီ၊ ဖုန်းလည်း ထမမြည်ဘူး၊ ကိုယ့်ခင်ပွန်းကလည်း အခြေအနေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ လိင်အင်္ဂါတွေ၊ တင်ပါးဆုံတွေ၊ တင်ပါးတွေ၊ ဆီးခုံတွေနဲ့ ပေါင်တွေဆီက အာရုံကြောများနဲ့ ကြွက်သားများဟာ တဖြည်းဖြည်း တင်းသထက် တင်းလာပါတော့မယ်။ တင်းရင်းတင်းရင်းကနေ ဟာခနဲ ဖြစ်သွားပြီး သာယာမှုအပေါင်း ခညောင်းစွာ အားလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရပါမယ်။ အဲဒါ ပြီးတာပါပဲ။
အဲသလို ပြီးလိုက်ချိန်မှာ သားအိမ်၊ ယောနိနဲ့ စအိုတို့က ၀.၈ စက္ကန့်မှာ တစ်ကြိမ်နှုန်းလောက်နဲ့ ကြုံ့ကြုံ့သွားပါလိမ့်မယ်။ သိပ် ပြင်းပြင်းထန်ထန် ပြီးတာ မဟုတ်ဘဲ တော်ရုံပြီးတာဆိုရင် အဲလို ကြုံ့တာက သုံးကြိမ်မှ ငါးကြိမ်လောက်သာ ဖြစ်ပါတယ်။ တကယ့်ကို အပြင်းထန်ဆုံး ပြီးတယ်ဆိုရင်တော့ ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ ဖြစ်တတ်ပါတယ်။ အဲဒါမှ ပြီးတာ အစစ်ပါ။
အဲလို ပြီးခြင်းဟာ အစေ့ကို တိုက်ရိုက် လှုံ့ဆော်လို့သော်လည်းကောင်း၊ ယောနိကို လှုံ့ဆော်လို့သော်လည်းကောင်း၊ နှစ်ခုလုံး ပေါင်းရုံးထားတဲ့ အပေါ်မှာသော်လည်းကောင်း မူတည်နေတတ်သလို အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။
တချို့အမျိုးသမီးတွေကျတော့ ပြီးချိန်မှာ တခြားကိုယ်ခန္ဒာအစိတ်အပိုင်းတွေ ဖြစ်တဲ့ ခြေဖျားတွေပါ ကုပ်သွားတတ်သလို မျက်နှာမှာလည်း မဲ့ရှုံ့သွားတတ်တယ်။ တချို့ကျတော့ ထူးဆန်းတဲ့ အသံတွေနဲ့ ညည်းညူတယ်။ အများစုကတော့ ရုတ်တရက် နာကျင်သွားသလို မျက်နှာထားမျိုးနဲ့ ဖြစ်သွားတတ်ပါတယ်။ အမှန်တော့ နာကျင်တာ မဟုတ်ပါဘူး။
နယ်သာလန်နိုင်ငံ တက္ကသိုလ်တစ်ခုရဲ့ နောက်ဆုံးတွေ့ရှိချက်အရဆိုရင်တော့ သည်အချိန်မှာ အမျိုးသမီးတွေရဲ့ ဦးနှောက်ထဲက ကြောက်ရွံ့မှုနဲ့ ခံစားမှုများကို ထိန်းချုပ်နေတဲ့ အစိတ်အပိုင်းတွေ ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။ ရုတ်တရက် သတိလက်လွတ် ဖြစ်သွားတယ်ပေါ့။
သိပ်သေချာတဲ့ အချက်တစ်ချက်က အမျိုးသမီးအများစုအတွက်က အစေ့ကို မပြတ် လှုံ့ဆော် မပေးနိုင်ဘူးဆိုရင် ပြီးဖို့ အင်မတန် ခဲယဉ်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါ့ကြောင့် အမျိုးသမီးတွေ လိင်ဆက်ဆံရင်းနဲ့ ပြီးချင်ရင်၊ ပြီးစေချင်ရင် အမျိုးသမီးက အပေါ်ကနေတဲ့ ကိုယ်နေဟန်ထားက အသင့်တော်ဆုံးပါပဲ။ ဒါမှ သူ့ကိစ္စအတွက် သူ့ဘာသာ လိုသလို ချိန်ညှိလို့ ရနိုင်သလို အစေ့နဲ့ အမျိုးသားရဲ့ ငယ်ပါအရင်း ဆီးခုံအောက်နားက အသားနဲ့ မပြတ်ထိတွေ့အောင်လည်း ကြံဆောင်နိုင်ပါလိမ့်မယ်။
သည်လောက်ဆိုရင် အမျိုးသမီး ပြီးတယ်ဆိုတာနဲ့ ပတ်သက်လို့ လိုတာထက် ပိုပြီး အတော်လေး ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်ခဲ့ပြီလို့ ယူဆပါတယ်။
စာကြွင်း -  တကယ် သည်ကိစ္စတွေကို လေ့လာ သိရှိထားတဲ့ ယောက်ျားဆိုရင် ကိုယ့်ဇနီးကိုယ် “ပြီးလား”လို့ မေးစရာ မလိုပါဘူး။ မမေးဘဲ သိနိုင်ပါတယ်။ မေးပြီဆိုကတည်းက အဲဒီ့ယောက်ျားသားဟာ အပြာစာအုပ်တွေ၊ အပြာရုပ်ရှင်တွေရဲ့ သွန်သင်မှု အလွဲအမှားတွေကိုသာ နှလုံးသွင်းထားလေတဲ့ “ငတုံး”လို့သာ မှတ်ကြပါခင်ဗျား။
http://nookycontent.wordpress.com/2010/12/26/333/ မှကူယူဖော်ပြပါသည်။

ဖန်တစ်ရာတေနေတဲ့ အမေး


09/10/2010
တစ်ယောက်က နိဒါန်းစာမျက်နှာမှာ ကွန်မန့်ရေးသွားတယ်။ ရှင်တွေ ထပ်နေပေမယ့် မိန်းကလေးအစစ်က မေးတာဖြစ်ချင်မှ ဖြစ်မယ်၊ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ထားပါတော့။ သူ့ ကွန်မန့်ကို ပြန်ဖော်ပြလိုက်ပါတယ်။
နောက်ထပ် post အသစ်တွေကို ဖတ်ချင်ပါတယ်။ အခုတင်ထားတာတွေက ဖတ်ပြီးသွားပါပြီ။ ဗဟုသုတအများကြီး ရပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။
သိချင်တာလေးတခု ရှိပါတယ်။
အဲ့ဒါကတော့ အပျိုစစ်မစစ် ဘယ်လို သိနိုင်မလဲဆိုတာပါပဲ။ နောက်တခု ကြားဖူးတာက အပျိုတကယ်စစ်တယ်ဆိုရင် ပထမဆုံးအကြိမ်မှာ သွေးထွက်တယ်ဆိုတာ ဟုတ်ပါသလားရှင်။ အရမ်းနာတယ်ဆိုတာကော ဟုတ်ပါသလားရှင်။ အရမ်းသိချင်ပါတယ်ရှင်။
မေမွန်း
အင်း… အခုတင်ထားတာတွေတော့ ဖတ်ပြီးပြီလို့တော့ ပြောတာပဲ။ အဲဒီ့ အပျိုစစ်တဲ့ ပြဿနာကလည်း ကျွန်တော်တို့ အရှေ့တိုင်းမှာ အတော့်ကို ရေပန်းစားနေဆဲပါပဲလေ။ ဒါနဲ့ ပတ်သက်လို့ ရှေ့ပိုင်းမှာတော့ အတော် ပြောခဲ့ပြီးပါပြီ။
သူ့မေးခွန်းကို တိုက်ရိုက် ဖြေပါ့မယ်။  မိန်းကလေးသာ မေးတာဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အပျိုစစ်၊ မစစ် ကောင်းကောင်းသိတာပေါ့ဗျာ။ ရှင်းနေတာပဲ။ ကညာမြှေး ရှိခြင်း၊ မရှိခြင်းက တခြား၊ ယောက်ျားတစ်ယောက်နဲ့ ဓမ္မတာအတိုင်း လိင်ဆက်ဆံဖူးတယ်၊ မဆက်ဆံဖူးဘူးဆိုတာက တခြားပဲဟာ။ ဓမ္မတာနည်းအတိုင်း လိင်မဆက်ဆံဖူးဘူးဆိုရင်၊ တစ်တစ်ခွခွ ပြောရရင် ကိုယ့်ယောနိထဲ ဘယ်ငယ်ပါမှ မ၀င်ဖူးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အပျိုစစ်မှန်း သိနိုင်နေမှာပေါ့။ အရှင်းကြီးပဲဟာ။ ဘာလို့များ မိန်းကလေးက လေကုန်ခံပြီး လာမေးနေလဲ မသိဘူးနော်။
ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက် အပျိုစစ်မစစ် ဘယ်လိုနည်းနဲ့မှ မသိနိုင်ပါဘူး။ အပျိုစစ်ရင် ကညာမြှေး ရှိနေဦးမယ်ဆိုတဲ့ အယူအဆကလည်း တကယ်မှ မခိုင်လုံပဲကိုး။ ကညာမြှေးပါးလျသူတွေဟာ အပျိုမဖြစ်ခင် ပဝေသဏီကတည်းက ကစားခုန်စား လုပ်ရင်း ကညာမြှေးစုတ်ပြဲနှင့်ပြီး ဖြစ်ချင်ဖြစ်နိုင်နေသေးတဲ့အချက်က ရှိနေသေးတာကိုး။
အပျိုတကယ်စစ်ရင် ပထမဆုံးအကြိမ်မှာ သွေးထွက်တယ်ဆိုတာလည်း ယုံတမ်းစကားပါပဲ။ အဖြေက ထွက်ချင်လည်း ထွက်မယ်၊ မထွက်ချင်လည်း မထွက်ဘူး။ သွေးထွက်တာက ကညာမြှေး စုတ်ပြဲသွားတဲ့အတွက် ဖြစ်နိုင်ပါတယ်။ အထက်မှာ ပြောခဲ့သလို ကစားခုန်စား လုပ်ရင်းကဖြစ်စေ၊ ယောနိထဲကို တစ်စုံတစ်ရာ (ဥပမာ – ဂွမ်းခြောက်တောင့် tampon) လိုဟာမျိုး ထည့်ရင်းက ဖြစ်စေ ကညာမြှေးစုတ်ပြီးသား အပျိုစင်တစ်ယောက်ဆိုရင်တော့လည်း စုတ်ပြဲစရာ ကညာမြှေး မရှိတော့တဲ့အတွက် ဘာသွေးမှ ထွက်မှာ မဟုတ်ပါဘူး။ သွေးမထွက်တဲ့အတွက် သည်မိန်းမ အပျိုမစစ်ဘူးလို့ ယူဆတဲ့ ယောက်ျားဟာ တကယ်တော့ စာမဖတ်တဲ့ ယောက်ျား၊ အပြာစာအုပ်တွေကိုသာ ပြဋ္ဌာန်းစာအုပ်မှတ်နေတဲ့ ယောက်ျားသာ ဖြစ်နိုင်ပါတယ်။
အရမ်းနာတယ်ဆိုတာလည်း ပထမဆုံး အကြိမ်မှ မဟုတ်ပါဘူး။ အရမ်းနာအောင် လုပ်ချင်ရင် လွယ်ပါတယ်။ ဘာမှ မပျိုးဘဲနဲ့ အေးသာရေ၊ ကောက်ရိုးပုံဟေ့ဆိုပြီး ဟိုစခန်းကို တန်းသွား၊ ဇွတ်အဓမ္မ လိင်ဆက်ဆံရင် အကြိမ်တစ်ရာ အတွေ့အကြုံရှိပြီးလည်း အရမ်းနာနေနိုင်ပါတယ်။
ညင်သာစွာ ပျိုးယူတတ်တဲ့ အမျိုးသားနဲ့သာဆိုရင်တော့ ပထမဆုံးအကြိမ်မှာ နာရင်တောင် နာတာကို သိပ်အလေးထားဖြစ်တော့မှာ မဟုတ်ပါဘူး။ အမှန်က သတ္တ၀ါတိုင်းကို သဘာဝတရားက လိင်ဆက်ဆံဖို့ အသင့်ဖြစ်အောင် ပြင်ဆင်ပေးလိုက်စမြဲပါ။ မိန်းကလေးဘက်က ထက်သန်လာတဲ့အခါ ယောနိက ငယ်ပါအတွက် အလိုက်သင့်ဖြစ်အောင် မူလအရွယ်အစားထက် ပိုပြီး ကြီးမားလာပါတယ်။ ချောဆီများကိုလည်း အဆင်သင့် ထုတ်လုပ်ပေးထားပါတယ်။ ဒါ့ကြောင့် ပထမဆုံးအကြိမ်ပင် ဖြစ်လင့်ကစား မနာမကျင်ဘဲ သာယာမှု သက်သက်ကို ရယူနိုင်ကြပါတယ်။ အဲဒါက အမျိုးသားရဲ့ အပျိုးအတွက် အချိန်ယူမှုနဲ့ ကျွမ်းကျင်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်။
ခြွင်းချက်အနေနဲ့ကတော့ အထက်က ပြောသလို ကညာမြှေးရှိနေသေးရင် တချက်တော့ စူးစူးဝါးဝါး နာနိုင်ပါတယ်။ ဒါပေမယ့် အများစုအတွက် နာတယ်ဆိုတာ သိပ် သိသိသာသာ မခံစားလိုက်ရပါဘူး။ စက္ကန့်ပိုင်းလောက်ကလေးပဲ ဖြစ်သွားတာပါ။ အနည်းစုမှာတော့ ကညာမြှေးက သိပ်ထူလွန်းနေပြီး အဲဒါကိုမှ မညှာမတာ ဆုတ်ဖြဲသလို ဖြစ်သွားရင်တော့ အရမ်းနာတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက မိန်းကလေး အနည်းစုမှာသာ ဖြစ်တတ်တာပါ။ ရာခိုင်နှုန်းနဲ့ ပြောရခက်ပေမယ့် အကြမ်းပြောရင် အယောက် ၅၀-၁၀၀ မှာ တစ်ယောက်လောက်ပဲ ဖြစ်နိုင်တာမျိုးပါ။
သည်လောက်ဆိုရင် အတော်ပြည့်စုံပြီ ထင်ပါတယ်။
ပို့(စ်)အသစ် မှန်မှန် မတင်နိုင်တာကို နားလည်သည်းခံပေးတော်မူကြပါ။ လိုအပ်တယ် ထင်လို့ ကိုယ့်ထမင်း ကိုယ်စားပြီး သည် ဘလော့(ဂ်)ကို ဖွင့်ပေးထားတာ မှန်ပေမယ့် ကျွန်တော့်အတွက်တော့ အချိန်ကုန်တယ်၊ မီတာကုန်တယ်၊ အညောင်းမိတယ်၊ အလုပ်ပျက်ပါတယ်။ သည်အထဲ ကော်နက်ရှင် မကောင်းရင် စိတ်ညစ်ရတာ၊ စိတ်တိုရတာက အမြတ်ထွက်ပါသေးတယ်။ သည်တော့ ကျွန်တော် အားမှ၊ အခြေအနေပေးမှ ပို့(စ်)အသစ် တင်နိုင်ပါလိမ့်မယ်။ နားလည် သည်းခံတော်မူကြပါခင်ဗျား
…http://nookycontent.wordpress.com/2010/10/09/261/ မှကူးယူဖော်ပြသည်