Tuesday, July 31, 2012

အစိုးရအဖွဲ့ဝင်များပိုင်ဆိုင်မှုစာရင်းကောက်ခံ

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမယ့် အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်တယ်လို့ အဲဒီအမိန့်စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှု တင်ပြရမယ့်စာရင်းမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ပါဝင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနဲ့ ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိတဲ့ ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမှာဖြစ်ပြီး၊ ကြွေးမြီနဲ့ အခြားအထွေထွေပိုင်ဆိုင်မှုများ ရှိပါကလည်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
 အသေးစိပ်ကတော့ဒီမှာပါ

အစိုးရအဖွဲ့ဝင်များပိုင်ဆိုင်မှုစာရင်းကောက်ခံ


 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမယ့် အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်တယ်လို့ အဲဒီအမိန့်စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှု တင်ပြရမယ့်စာရင်းမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ပါဝင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနဲ့ ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိတဲ့ ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမှာဖြစ်ပြီး၊ ကြွေးမြီနဲ့ အခြားအထွေထွေပိုင်ဆိုင်မှုများ ရှိပါကလည်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
 အသေးစိပ်ကတော့ဒီမှာပါ

RFA (31.7.2012)

(၁) ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် စပ်လျဉ်းသော မေးခွန်း။
(၂) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော ပြည်သူများ
မူလ အခြေအနေသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် ပြန်လည် ထူထောင်ရေး အခြေအနေများနှင့် နောင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး၊ လုံခြုံမှု တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ရရှိရေးအတွက် ရေရှည်အစီအမံများ ချမှတ်ရေးဆွဲ ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း။
(၃) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်တာဝန် ထမ်းဆောင်နိုင်ရေး အတွက် လုံလောက်သော ခရီးစရိတ်၊ အသုံးအဆောင် ပစ္စည်းနှင့် ရုံးသုံးစက်ပစ္စည်း စသည်တို့ကို ငွေစာရင်း ခေါင်းစဉ် အလိုက် ရံပုံငွေ ခွဲဝေချထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း အစရှိသည့် မေးခွန်းများကို မေးမြန်းကြမည် ဖြစ်သည်။
ထို့နောက် အဆိုတင်သွင်းမှု အစီအစဉ်တွင်
(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ကာလ စည်းကမ်းသတ် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆိုတင်သွင်းခြင်း။
(၂) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးက တရားရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆို တင်သွင်းခြင်။
(၃) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးက ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်း။
(၄) ငွေကြေးနှင့် အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးနှင့် အရင်းအနှီးဈေးကွက် ဥပဒေကြမ်း ရေးဆွဲနေစဉ် ကာလအတွင်း ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ပြုပြင် ဖွဲ့စည်းမှုများ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်းနှင့်
အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
(၅) အိန္ဒိယနိုင်ငံရှိ ရတနာဂီရိရှိ နတ်ရွာစံ သီပေါ မင်းတရားကြီး၏ ရုပ်အလောင်းများမှ အရိုးများကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း။
(၆) အခြေခံ ပညာ အထက်တန်း စာမေးပွဲ အောင်မြင်မှု၊ ကျရှုံးမှုနှင့် စပ်လျဉ်း၍ လက်ရှိ ကျင့်သုံးနေသည့် စနစ်အား ပြန်လည် သုံးသပ်လျက် အရည်အချင်း ပြည့်မီသော အောင်မြင်သူများ ပိုမို မွေးထုတ် နိုင်ရေးအတွက် အောင်မြင်မှု အခြေခံ ရမှတ် သတ်မှတ်ချက် မြှင့်တင်ရန်နှင့် ကျရှုံးသူများ မနစ်နာစေရန် အတွက် ကျရှုံးပြီး ဘာသာကိုသာ အချိန်တို အတွင်း ပြန်လည် ဖြေဆိုခွင့် ရရှိရေး အခွင့်အရေး ပေးသည့် စနစ် ပြုပြင်ပြောင်းလဲ ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းခြင်း အစရှိသည်တို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းကြမည်ဟု သိရပါသည်။
Eleven Media Group

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက် အဆို

နိုင်ငံခြားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက် လုံခြုံမှုရရှိစေရေး မူဝါဒ ချမှတ် ဆောင်ရွက်နိုင်ရေးအဆိုကို ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လွှတ်တော်မှာ ဒီကနေ့တင်သွင်းခဲ့ပြီး
ရှေ့ဆက် ဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

တချိန်ထဲမှာပဲ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက်ကို
ဖြည့်ဆည်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သေး တာကြောင့် ဦးဌေးဦးရဲ့
အဆိုကို ဆက်လက်မဆွေးနွေးသင့်ဘူးလို့ NLD ပါတီပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ကန့်ကွက်ဆွေးနွေးပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစောလှထွန်းနဲ့ NLDပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအောင်မိုးညိုတို့ကို - RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးအတွက် အစည်းအဝေး ကျင်းပ


ရန်ကုန်မြို့မှာ ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးအတွက် အစည်းအဝေး တခုကို နိုင်ငံရေး အကျဉ်းသားဟောင်း
များ အဖွဲ့က ဦးစီးပြီး ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးကနေ “ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး ကော်မတီ” တရပ်ကို ဖွဲ့စည်းခဲ့ရာမှာ ကော်မတီဝင်တွေ အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ၊ Generation Wave အဖွဲ့၊ တကသ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ၇၄ ၊ ၇၆ နဲ့ ၈၈
ကျောင်းသားဟောင်းတွေ ပါဝင်ပါတယ်။
၂ဝ၁၂ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံး
နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခမ်းမမှာ ကျင်းပမယ်လို့ သိရပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး အစည်းအဝေးကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကိုယ်စား ကျောင်းသား
ခေါင်းဆောင် ကိုမင်းဇေယျ တက်ရောက်ခဲ့ပါတယ်။
ရှစ်လေးလုံး အခမ်းအနား ကျင်းပရေးအတွက် ၈၈ မျိုးဆက် ကျောင်းသား
များအဖွဲ့က အလှူငွေ တသိန်း ထည့်ဝင် ခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးဆောင်ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပမယ်လို့လည်း သိရပါတယ်။

ယနေ့လွှတ်တော်ပုံရိပ်များ






လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှဲဘိန်းရွာမှာ ဒေသခံ လယ်သမားတွေ ဆန္ဒပြမှာကို စိုးရိမ်ပြီး ဒေသခံ ခြေမြန်တပ်ရင်း ၁၄၈ က ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကစပြီး အပြင်မထွက်ရအမိန့်  ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တောင်သူ လယ်သမားတွေရဲ့ အခက်အခဲကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့  တာဝန်ခံတွေက အဲဒီ ခမရ ၁၄၈ က မြေသိမ်းယူခံထားရတဲ့ လယ်ပိုင်ရှင် ဒေသခံ လယ်သမားတွေနဲ့ တွေဆုံဆွေးနွေးတဲ့ နေ့မှာပဲ အခုလို ထုတ်ပြန်လိုက်တာလို့  ကျောက်လှဲဘိန်းရွာက လယ်သမားကြီး ဦးဝင်းကြိုင်က ပြောပါတယ် ။  "ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာမှာ ၁၄၄ ကို ၂၆ ရက်နေ့က ထုတ်ပါတယ်ခင်ဗျ။ သူတို့ ပိတ်ထားတဲ့ လယ်တွေ ကျွန်တော်တို့က လုပ်မလို့ လုပ်တဲ့အခါကျတော့ ၁၄၄အမိန့်ထုတ်တယ်။ တောထဲကို နေ့ လည်နေ့ခင်း မြစ်မချိုးရဘူး။ ဝါးမခုတ်ရဘူး။ အဲတာတွေ ပိတ်ပင်တားမြစ်တယ်ဗျ။ သူတို့က ပစ်မယ်၊ ခတ်မယ်ပေါ့။ အဲဒီလိုမျိုး။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်ခင်ဗျ" ကျောက်လှဲ ဘိန်းရွာ လယ်သမားတွေ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေ ဧက ၃၀၀ ကျော်ကို ခမရ ၁၄၈ က ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ သိမ်းယူခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက် ဒေသခံတောင်သူတွေကို တစ်ဧကကို စပါး ၁၄ တင်းနှုန်းနဲ့ သီးစားပြန်ချပေးခဲ့တဲ့ အတွက် လယ်သမားတွေက သီးစားခနဲ့  မိမိတို့ လယ်တွေမှာ ဆက်လက် လုပ်ကိုင်ခဲ့တယ်လို့  ဆိုပါတယ်။
ဒါပေမဲ့ ဒီနှစ် မိုးရာသီမှာတော့ တပ်က လုံးဝ လုပ်ကိုင်ခွင့် မပေးတော့ဘူးလို့ လယ်သမားတွေအရေး လိုက်ပါကူညီပေးနေတဲ့ သပိတ်ကျင်း NLD အဖွဲ့ ဝင် ကိုအေးသိန်းက ပြောပါတယ်။
"၂၆ ရက်နေ့က ကျွန်တော်တို့ ကျောက်လှဲဘိန်းရွာကို သွားကြပါတယ်။ အဲတာ တရားဥပဒေနဲ့အညီ တင်မယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်မယ်ဆိုပြီးတော့မှ လက်မှတ်တွေထိုးကြတယ်။ ၅ နာရီခွဲ အချိန်မှာ ခမရ ၁၄၈ ကနေပြီးတော့မှ ၁၄၄ အမိန့်ထုတ်လိုက်ပါတယ်။ လယ်တွေ၊ ယာတွေ၊ မြေတွေအသိမ်းခံလိုက်ရပြီးတော့မှ လယ်မဲ့ ယာမဲ့ ဖြစ်နေတဲ့ လယ်သမားကြီးတွေက အခု မြစ်ချိုးစားရတယ်ဗျာ။ ဝါးခုတ်စားရတယ်ဗျာ။ အဲဒီ ၁၄၄ အမိန့်ထဲမှာ နေ့လည်ခင်းကြီးတောင်မှ၊ မြင်သာထင်သာ ရှိတဲ့ အချိန်တောင်မှ ဝါးမခုတ်ရ၊ မြစ်မချိုးရဆိုတဲ့ အမိန့်ထုတ်လိုက်တဲ့ အခါမှာ တစ်ရွာလုံးက ထမင်းချက်ဖို့ တောင်ခက်သလိုနေပြီ အခုဟာက"
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နဲ့ အစိုးရ ၀န်ကြီးအဖွဲ့ နဲ့  ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်းထံကို တင်ပြမယ်လို့ ပြောပါတယ်။
မူရင်းလင့်

ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော်

ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီမှ တင်သွင်းသည့် ၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေးဥပဒေကြမ်းပါ အချက်ပေါင်း ၆၆ ချက်အား ပြင်ဆင်အတည်ပြုရန် တင်ပြထားသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အချက် ၄၃ ချက်အားပြင်ဆင်အတည်ပြုရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာ သောမတ် အိုဟေး ကွင်တားနား မြန်မာနိုင်ငံခရီးစဉ်


မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနား ကွင်တားနားနှင့်
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချိုတို့ ယနေ့ ညနေ ၄နာရီ မိနစ် ၄၀ အချိန်က ရန်ကုန်မြို့ရှိ UNDP ရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

တစ်နာရီခန့် ကြာအောင် တွေ့ဆုံခဲ့သော အဆိုပါတွေ့ဆုံမှုတွင် ၈၈ မျိုးဆက် ကျောင်းသားများမှ ရခိုင်ပြည်နယ် အရေး ကိစ္စ၊ ကချင်ပြည်နယ် အရေးကိစ္စ၊ လယ်ယာမြေ အသိမ်းခံရသော ကိစ္စများ၊ အလုပ်သမားရေးရာ ကိစ္စများနှင့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စများ အပါအ၀င် လက်ရှိနိုင်ငံရေး ဖြစ်စဉ်အတွင်း လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို ပြောဆို ဆွေးနွေးခဲ့သည်ဟု တွေ့ဆုံမှုတွင် ပါဝင်သော ကိုပြုံးချိုက ပြောပါသည်။ ကွင်တားနားဘက်မှ ယခု ဆွေးနွေးခဲ့သည့် အချက်အလက်များကို ရယူပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား တင်ပြမည်ဟု ပြောဆိုခဲ့ကြောင်း သိရပါသည်။

ကွင်တားနားသည် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့အား နှစ်ဖွဲ့ခွဲတွေ့ဆုံခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချိုတို့ ပါဝင်သည့် ပထမအဖွဲ့ကို ညနေ ၄ နာရီ မိနစ် ၄၀ အချိန်မှ ၅ နာရီ မိနစ် ၄၀ အချိန်အထိ တွေ့ဆုံခဲ့ကာ မနီလာသိန်းနှင့် မမီးမီးတို့ ကို ညနေ ၆ နာရီခန့် အချိန်တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနားနှင့် အဖွဲ့သည် ၃၁.၇.၂၀၁၂ ရက်နေ့ ၉ နာရီ မိနစ် ၃၀ အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့ပြီး စစ်တွေ လေဆိပ်မှတစ်ဆင့် မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာသွားကြောင်း သိရပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနားနှင့် အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က မောင်တောင်မြို့ တောင်ပိုင်းရှိ အလယ် သံကျော် ကျေးရွာသို့ ရဟတ်ယာဉ် သုံးစင်းဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။ အလယ်သံကျော်ရွာတွင် ဆွေယောဒူလာ အမည်ရှိသော ဘင်္ဂါလီတစ်ဦးနှင့် တွေ့ဆုံခဲ့ကာ အလယ်သံ ကျော်ရွာရှိ ကယ်ဆယ်ရေးစခန်းသို့ ဆက်လက် သွားရောက် ခဲ့ကြောင်း သိရပါသည်။ အလယ်သံကျော်ရွာ ကယ်ဆယ်ရေး စခန်းတွင် မောရ၀တီရွာမှ တိမ်းရှောင်လာသော ရခိုင်တိုင်းရင်းသားများ ရှိနေပါသည်။ ကွင်တားနားနှင့် အဖွဲ့သည် အလယ်သံကျော်ရွာမှ မောရ၀တီ ရွာသို့ ဆက်လက် သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မောင်တောမြို့သို့ သွားရောက်မည်ဟု သိရပါသည်။

DVB 31.07.2012 - 4pm News

စကားဝါလမ်း သတင်းစာရှင်းလင်းပွဲ


                                                     ပြည်ထောင်စုဝန်ကြီးဦးခင်ရီ
စကားဝါလမ်း၊နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင်ယမန်နေ့ကပြုလုပ်သောရခိုင်အရေးနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတွင်မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး၏မေးခွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီ၏အဖြေကိုဖေါ်ပြလိုက်ပါသည်။အင်ဒိုနီးရှားသံအမတ်(မေး)။ ။ အခင်းဖြစ်ပွားရာမှာရရှိတဲ့သတင်းက တချို့နေရာတွေမှာလွှဲနေတယ် ဖြေရှင်းချက်ပေးနိုင်ရင်ကောင်းမယ် ။ မြန်မာဘက်ကသမ္မတဖြေတဲ့အထဲကတစ်ချက်က ရိုဟင်ဂျာကိုလူမျိုးမဟုတ်ဘူးဆိုပြီးပြောတယ် ။ရိုဟင်ဂျာတွေက လွတ်လပ်ရေးစရပြီးကတည်းက မြန်မာပြည်မှာနေထိုင်ခဲ့တယ်လိုသိရတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီးသိချင်တယ် ။လူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီ(ဖြေ) ။ ။ မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ်မှာ ပထမဆုံးဗြိတိသျှ မြန်မာ first world ဖြစ်တယ် ။ ရခိုင်ပြည်နယ်ဟာဗြိတိသျှကိုလိုနီလက်အောက်ကျရောက်သွားတယ် အဲ့ဒီတော့ လယ်ယာလုပ်ငန်းတွေအတွက် ကာယလုပ်သားတွေစသည်ဖြင့် လိုအပ်ချက်တွေကို အဲ့တုန်းကတစ်ဖက်နိုင်ငံမှာရှိတဲ့ ဘဂါင်္လီလူမျိုး ကျွန်တော်တို့နိုင်ငံကိုအတားအဆီးမဲ့ဝင်လာခဲ့ချိန်ဖြစ်တယ်။
ကျွန်တော်တို့ဆီမှာတောက်လျှောက်ဗြိတိသျှလက်ထက်ကရှိခဲ့တဲ့သန်းခေါင်စာရင်း ၁၉၇၃ ကကောက်ခဲ့တဲ့သန်းခေါင်စာရင်း ၁၉၈၃ ကကောက်ခဲ့တဲ့နောက်ဆုံးသန်းခေါင်စာရင်းအရရော ကျွန်တော်တို့မှာဘယ်တုန်းကမှ လူမျိုးခွဲခြားမှုထဲမှာရိုဟင်ဂျာဆိုတာ ကျွန်တော်တို့လူမျိုးစုထဲမှာတရားဝင်ဖော်ပြထားတာ ဘယ်နေရာမှာမှမရှိပါဘူး။ဘင်္ဂါလီလူမျိုးသာလျင်ဖော်ပြခြင်းရှိတယ် ၊ကျွန်တော်တို့မှာ လူမျိုးစုကြီး ၈ စုရှိပါတယ် ရှမ်း ၊ ကရင် ၊ ကချင် ၊ ကယား ၊ မွန် ၊ မြန်မာ ၊ ရခိုင် ၊ ချင်း + ethnic group ပေါင်း ၁၀၀ ကျော် ၊ ၁၃၅မျိုးပေါ့ အဲ့ဒီဟာသာလျှင်တရားဝင်လူမျိုးဖြစ်ပါတယ် ။ အဲ့ဒီထဲမှာရော ခုကျွန်တော်ပြောတဲ့ဗြိတိသျှလက်ထက်သန်းခေါင်စာရင်းမှာရော ၇၃ ၊၈၃ စာရင်းမှာဘယ်တုန်းကမှရိုဟင်ဂျာဆိုတာမရှိတဲ့အတွက်ကြောင့် ရိုဟင်ဂျာသည် ကျွန်တော်တို့လူမျိုး ၁၀၁ပါးမှာ ပါဝင်တဲ့လူမျိုးမဟုတ်ဘူး ။ကျွန်တော်တို့နိုင်ငံမှာမရှိပါဘူးလို့ဖြေကြားချင်တယ်။