Saturday, September 8, 2012

ပြည်သူများအနေဖြင့် မကျေနပ်ချက်များ တိုင်ကြားမှုများကို သမ္မတထံသို့ တိုက်ရိုက် တင်ပြနိင်



မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက် http://www.president-office.gov.mm/တွင် သမ္မတထံ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခုအား ထပ်မံဖြည့်စွက်ထားပြီး ယင်းကဏ္ဍအား အသုံးပြု၍ ပြည်သူများအနေဖြင့် မကျေနပ်ချက်များ တိုင်ကြားမှုများကို သမ္မတထံသို့ တိုက်ရိုက် တင်ပြနိင်တော့မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးသို့ အင်တာနက် စာမျက်နှာပေါ်မှနေပြီး မကျေနပ်ချက်များကို တိုင်ကြားနိုင်ရာတွင်ပေးပို့တိုင်ကြားသူ၏ အမည်၊ နေထိုင်ရာဒေသ၊ အီးမေးလ်လိပ်စာ၊
တိုင်ကြားလိုသည့် အကြောင်းအရာများကို သတ်မှတ်နေရာများတွင် ဖြည့်စွက်ရေးသားကာ
ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလိုသူများသည် အထက်ပါ အချက်အလက်များ အပြင် ဓာတ်ပုံများကိုလည်း ပူးတွဲပေးပို့နိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတော်သမ္မတရုံးအနေဖြင့် အင်တာနက်ပေါ်မှတစ်ဆင့် သမ္မတထံ တိုင်ကြားစာကဏ္ဍတစ်ခုကို ဖွင့်လှစ်လိုက်ခြင်းနှင့် ပတ်သက်ပြီးကွန်ပျူတာပညာရှင်အချို့က
ထိုဝက်ဘ်ဆိုက်သည်အချိန်ပြည့်အလုပ်လုပ်ရန် လိုအပ်ကြောင်းနှင့် တိုင်ကြားချက်များထဲမှ အများပြည်သူ
သိသင့်သည့် တိုင်ကြားမှုများနှင့် သမ္မတရုံးမှ ဖြေရှင်းပေးမှုများကိုလည်း လွှင့်တင်ပေးနိုင်မည်ဆိုပါက
ပိုမိုပြည့်စုံသည့် ပြည်သူနှင့် အစိုးရ အင်တာနက်ကြားခံပြီး တစ်ဆင့်ထိတွေ့နိုင်မည့် အောင်မြင်သောကဏ္ဍတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားကြသည်။

မြန်မာနိုင်ငံ အစိုးရဌာနအသီးသီးသည် လက်ရှိ အစိုးရအပြောင်းအလဲတွင် ၄င်းတို့ဌာနများက ကိုယ်ပိုင်ဝက်ဘ်ဆိုက်များ ရေးဆွဲကာ လွှင့်တင်လာကြသော်လည်း အများစုမှာ မည်သည့် အကြောင်းအရာမျှ အချိန်နှင့်တပြေးညီမရှိပဲ အပြသဘောအဆင့်တွင်သာ များပြားနေဆဲ ဖြစ်ကြောင်းအထက်ပါ ကွန်ပျူတာပညာရှင်အချို့က ဆိုကြသည်။
7 Day News 
သမ္မတရုံးဝက်ဆိုက်သို့

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံတွင် ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲကိုယနေ့ကျင်းပပြုလုပ်



ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံတွင် ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲကိုယနေ့ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အမှာ စကားပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးသည် လက်ရှိ အခြေ အနေ၌ ပြည်သူတို့၏ ယုံကြည်ထားမှု ၊ ပြည်သူအများ၏ အကြားရောက်ရှိနေသာ ဥပဒေ ကိစ္စရပ်များ ကော်မတီဥက္ကဌ အနေဖြင့် လုပ်ငန်းများကို စတင် လုပ်ဆောင် သည့်အခါ ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့သော ၊ ရင့်ကျက်မှုရှိသော ပုဂ္ဂိုလ် များထံမှသင်ယူ လိုသော ကိစ္စများရှိနေသောကြောင့် ယခုကဲ့သို့ တွေ့ဆုံပွဲကို ဖိတ်ခေါ်ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေး၊ ပြည်ထဲရေး အစရှိသည့် ဌာနများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ ပြည်သူများ ၄င်းတို့ ၏ အခွင့် အရေး ကို သိရှိ နားလည် ရန်နှင့် ထိုအခွင့်အရေးကို ကာကွယ်ခြင်းအားဖြင့် ဥပဒေကို မြင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သို့မှသာ တရားဥဒေ စိုးမိုးရေးအတွက် ပြည့်ဝစွာ လုပ်ကိုင် ဆောင်ရွှက်သွားနိုင်ဟု ထင်ကြောင်း ပြောကြားသွားသည်။

ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှအမှာစကားပြောကြားခဲ့ပြီး၊တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဥပဒေ ပညာရှင်များ တက်ရောက်ကြကြောင်းသိရသည်။

စက်တင်ဘာလ ၈ ရက်နေ့က ဟင်္သာတမြို့တွင် ၈လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသည့် ဟင်္သာတ မိသားစုများတွေ့ဆုံပွဲ ကျင်းပပြုလုပ်



ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် စက်တင်ဘာလ ၈ ရက်နေ့က ၈ လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသည့် ဟင်္သာတမိသားစုများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါတွေ.ဆုံပွဲကို ဟင်္သာတမြို.၊ ဘုရားကြီးရပ်ကွက်ရှိ ဆရာဦးကြည်သန်း(နိုင်ငံရေးအကျဉ်းသားဟောင်း)၏နေအိမ်တွင် စက်တင်ဘာလ ၈ ရက်နေ. နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ခုနှစ် ဟင်္သာတမြို.နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဇော်မြင့်နှင့် လုပ်ဖော်ကိုင်ဖက်များ၊ ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်မှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်းလူဦးရေ ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

“နှစ်ပေါင်းကြာပြီဖြစ်တဲ့ အာဏာရှင်အစိုးရကို တိုက်ပွဲဝင်ခဲ့ကြတဲ့ ဟင်္သာတမိသားစုတွေနဲ့ တွေ့ဖြစ်တဲ့ပွဲဖြစ်လို့ အရမ်းဝမ်းသာမိပါတယ်။ တချို့လူတွေလည်း တစ်နေရာရောက်၊ တချို့လူတွေကျတော့လည်း ကွယ်လွန်တာတွေရှိတဲ့အတွက် အဲဒီလူတွေကိုအမှတ်ရနေမိပါတယ်။ ကာလတစ်ခုကို ကြမ်းကြမ်းတမ်းတမ်းနဲ့ဖြတ်ပြီး အခုအခါမှာ နိုင်ငံရေးသဘောအရ စုစုစည်းစည်း လုပ်ကြတာတွေကို မြင်လည်းမြင်ချင်၊ တိုက်လည်းတိုက်တွန်းချင်တဲ့အတွက် ဟင်္သာတမိသားစုတွေရဲ့ ဖိတ်ကြားမှုကို တက်ဖြစ်ခဲ့တာပါ”ဟု ၁၉၉၀ ခုနှစ်၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဇော်မြင့်က ပြောကြားပါတယ်။

“၂၀၁၂ ခုနှစ် ၈ လပိုင်း၊ ၈ ရက်နေ့မှာ လုပ်ဖြစ်တဲ့ပွဲတုန်းကတည်းက ၁ လကြာအပြီးမှာ ထပ်လုပ်နိုင်ဖို့ ဟင်္သာတက ဆရာဦးကြည်သန်းနဲ့ တိုင်ပင်ဖြစ်ခဲ့ပါတယ်။ ဟင်္သာတမှာပြုလုပ်ဖြစ်တဲ့အဓိက ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ပွဲတုန်းက ဆုံးဖြတ်ခဲ့ကြတဲ့ (၁)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံဖို့ (၂) HRDP ရဲ့ ဆောင်ရွက်မှုတွေကို ၀ိုင်းဝန်းပေးဖို့၊ (၃) ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုဆောင်ရွက်မှုများကို ပံ့ပိုးဖို့ စတဲ့အချက် ၃ ချက်ကိုထပ်ပြီးအတည်ပြုတဲ့အနေနဲ.ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားခဲ့ပါသည်။

၁၉၉၀ ခုနှစ် ဟင်္သာတမြို.နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ ရွေးချယ်ခံ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဇော်မြင့်သည် ၉၀ ရွေးကောက်ပွဲအပြီး ၈ နှစ်နှင့် ၉လကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ၈ လေးလုံးဟင်္သာတမိသားစုများနှင့် ပထမဦးဆုံး စုစုစည်းစည်း ပြန်လည်တွေ့ဆုံဖြစ်သောပွဲလည်းဖြစ်ကြောင်း သိရပါသည်။

Ref:EMG
Posted By Admin-KMO

မုံရွာမြို့ ချင်းတွင်းမြစ်ကျောက်ဆောင်ဆိပ် မြို့ပတ်လမ်းဇက်ဆိပ်အနီးတွင်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မကြာမီပျက်စီးသွားမည့် တောင်တန်းကြီးအား တမ်းတကြည့်ရှုခြင်းအခမ်းအနား ပြုလုပ်



မုံရွာမြို့ ချင်းတွင်းမြစ်ကျောက်ဆောင်ဆိပ် မြို့ပတ်လမ်းဇက်ဆိပ်အနီးတွင် စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီဝန်းကျင်မှစ၍ မုံရွာဒေသခံ ၁၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မကြာမီပျက်စီးသွားမည့် တောင်တန်းကြီးအား တမ်းတကြည့်ရှုခြင်းအခမ်းအနား ကို ပြုလုပ်ခဲ့သည်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှ နေ၀င်ချိန်တွင် လက်ပန်းတောင်းတောင်တန်းကြီးကို လွမ်းဆွတ်တမ်းတဖွယ်ရှုခင်းအဖြစ် စုပေါင်းကြည့်ရှုခြင်းဖြစ်ကြောင်း တောင်ကြည့်ပွဲ အခမ်းအနားတက်ရောက်လာကြသူများကပြောသည်။ ထိုအစီအစဉ်သို့ ချင်းတွင်းမြစ် အနောက်ဘက် လက်ပန်းတောင်းတောင်ခြေ ဒေသခံကျေးရွာသားများလာရောက်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာက တားမြစ်မှုကြောင့် ချင်းတွင်းမြစ်ကူးစက်လှေများအားလုံး ရပ်နားသွားသဖြင့် လာရောက်ပူးပေါင်းကြည့်ရှုနိုင်ခြင်းမရှိပေ။

စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲအချိန်မှ ညနေ ၆ နာရီခန့်အထိ သက်ဆိုင်ရာက ချင်းတွင်းမြစ်ကူးစက်လှေများ သွားလာခွင့်မပြုသောကြောင့် ခရီးသည်များ အခက်တွေ့ခဲ့သည်။


 7 Day News journal

မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိတံတားအမှတ် ၅၅၅ ပျက်စီး




မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိတံတားအမှတ် ၅၅၅ ပျက်စီးမှုမြင်ကွင်း

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကဒူ-မော်ဟန် ဘူတာအကြား မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိ တံတား အမှတ် ၅၅၅ ဗုံးထိမှန်၍ ပျက်စီးသွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဖြစ်ပွားမှုမှာ စက်တင်ဘာလ ၆ ရက် ညနေ ၆နာရီ ၃၅ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲခြင်းမရှိသေးသော ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြောင်းသိရသည်။

တံတာပျက်စီးမှုကြောင့် မော်ဟန် ဘူတာတွင် ၃၇ အဆန် ရထား ၊ ရပ်နားနေပြီး စက်တင်ဘာလ ၇ ရက် ညနေ ၃နာရီ အချိန် ခန့် တွင် ရထားများပြန်လည် သွားလာ နိုင်မည် ဟု မော်ဟန် ဘူတာ ရုံပိုင်ကြီး မှပြောကြားခဲ့ပါသည်။
EMG