Thursday, August 2, 2012

ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။
အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
အခုအခါမှာတော့ အခြေအနေ အေးဆေး ငြိမ်သက်သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
narinjara.com

 မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တက်ကာ မြစ်ချောင်းအနီး နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်

၂၀၁၂ ခုနှစ် မိုးလယ်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သံလွင်၊ စစ်တောင်း အပါအ၀င် မြစ်ငယ်များ၊ ချောင်းများတွင် မြစ်ရေမြင့်တက်ကာ မြစ်ချောင်းကမ်းတစ်လျောက်ရှိ နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်လာကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး ပထမကာလသည် မိုးဦးကာလ ဇွန်လ၊ ဒုတိယ ကာလသည် မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လများ၊ တတိယကာလသည် မိုးနှောင်းကာလ စက်တင် ဘာလနှင့် မိုးလွန်ကာလဖြစ်သော အောက်တိုဘာလတို့ဖြစ်ကာ လက်ရှိအချိန်သည် မြစ်ရေကြီးမှု ဒုတိယကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်

ရုရှားသမ္မတ ဗြိတိန်ရောက်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ဟာဗြိတိန်နိုင်ငံကိုရောက်ရှိနေပြီး ဗြိတိသျှဝန်ကြီးချူပ် ဒေးဗစ် ကင်မရွန်း နဲ့ဆီးရီးယားအရေးကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒါဟာ ၇ နှစ်အတွင်း မစ္စတာပူတင်အဖို့ ပထမဆုံး ဗြိတိန်နိုင်ငံကို လာရောက်ခြင်းဖြစ်ပါတယ်
သတင်းအပြည့်အစုံဖတ်ရန်

ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြု

ဇွန်လ ၈ ရက်နေ့က ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း သိရှိရပါသည်။ ထိုသို့ ပြန်လည် ထုတ်ဝေခွင့် ပြုကြောင်းကို သြဂုတ်လ ၁ရက်နေ့ ညနေပိုင်းက အသိပေးခဲ့ ခြင်းဖြစ်သည်ဟု လျှပ်တစ်ပြက်ဂျာနယ်၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
" သြဂုတ်၊ ၂၀၁၂ ညနေပိုင်းတွင် စာပေ စိစစ်ရေးမှူး ဒုတိယ ညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးတို့မှ ၂လ ပိတ်ပင် တားမြစ် ရပ်ဆိုင်းခဲ့သော လျှပ်တစ်ပြက် သတင်းဂျာနယ်အား ၉၊ သြဂုတ်၊ ၂၀၁၂ရက်နေ့တွင် ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အသိပေး ပြောကြားခဲ့သည်။ သည့်အတွက် လျှပ်တစ်ပြက် သတင်း ဂျာနယ်နှင့် ပတ်သက်၍ ကူညီခဲ့ ကြသူများ၊ ၀ိုင်းဝန်း ခဲ့ကြသူများ၊ စောင့်ရှောက်ခဲ့ ကြသူများ၊ ဖေးမပေးခဲ့ ကြသူများ၊ ရပ်တည် ပေးခဲ့ကြသူများ၊ အားပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူး ကျေးဇူးတင် ဂါရ၀ ပြုပါကြောင်း မှတ်တမ်း တင်အပ်ပါသည်"ဟု ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်

MJA ၏ သဘောထားကြေညာချက်မှ စာနယ်ဇင်းကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေးဖော်ပြထားသည့်အချက်ကို Eleven Media Group လက်မခံ။

သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော MJA ၏ သဘောထားကြေညာချက်မှ စာနယ်ဇင်းကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေးဖော်ပြထားသည့်အချက်ကို Eleven Media Group လက်မခံ။
သတင်းမီဒီယာများပိတ်ပင်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းများကို အကြောင်းပြုထုတ်ပြန်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း (MJA) ဖြစ်မြောက်ရေး ကော်မတီ၏ သဘောထား ကြေညာချက်မှ စာနယ်ဇင်း ကောင်စီဖွဲ့ရေးနှင့် မီဒီယာဥပဒေကို အလျင်အမြန် ရေးဆွဲပြဌာန်းရန် လမ်းကြောင်းပေး ဖော်ပြထားသည့် အချက်ကို Eleven Media Group က လက်မခံကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။
သတင်းအပြည့်အစုံဖတ်ရန်

အိုလံပစ် ၅ ရက်မြောက် စံချိန်သစ်တွေတင်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ငါးရက်မြောက်နေ့မှာ သမိုင်းဝင် မှတ်တမ်းအများအပြား ထွက်ပေါ်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်တဲ့ အမျိုးသားမီတာ ၂၀၀ ရင်ဘောင်ကူးပြိုင်ပွဲမှာ ဟန်ဂေရီ ရေကူးသမား ဒန်နီယယ်လ် ဂိုင်အူရ်တာ (Daniel Gyurta) က ၂ မိနစ် ၇.၂၈ စက္ကန့်နဲ့ ကမ္ဘာ့စံချိန် ချိုးခဲ့ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်

ရှစ်လေးလုံးအထိမ်းအမှတ်ဝါဆိုသင်္ကန်းကပ်ပွဲကျင်းပမည်

၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီ (၂၄) နှစ်မြောက်အခမ်းအနားနှင့် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို ၈.၈.၂၀၁၂ ရက်နေ့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အမျိုးသားသင့်မြတ်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး ဟူသောဦးတည်ချက်များနှင့်ပြုလုပ်သွားမည်ဖြစ်ပြီ မည်သူမဆိုတက်ရောက် နိုင်ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်စစ်တွေသို့လာရောက်မည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။
“ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
သမ္မတကြီးသည် သြဂတ်စ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေအမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော နေရာများကို လုံခြုံရေး တင်းကျပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် စစ်တွေသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။


narinjara.com

နိုင်ငံအလိုက်အိုလံပစ်ဆုတံဆိပ်ရှိမှုများ

1တရုတျတရုတ်179430
2အမရေိကနျအမေရိကန်138930
3တောင်ကိုရီးယားေတာင္ကိုရီးယား62412
4ပြင်သစ်ျပင္သစ္53513
5မွောကျကိုရီးယားမြောက်ကိုရီးယား4015
6ဂျာမနီဂ်ာမနီ38213
7အီတလီအီတလီ35210
8ကာဇက်စတန်ကာဇက္စတန္3003
8တောင်အာဖရိကေတာင္အာဖရိက3003
10ဂျပန်ဂ်ပန္241117
သတင်းအပြည့်အစုံဖတ်ရန်

မအေးအေးအောင်ဂျူဒိုပြိုင်ပွဲရူံးနိမ့်

လန်ဒန် အိုလံပစ် ၂၀၁၂ မှာ ပြိုင်ပွဲ ၀င်နေတဲ့ မအေးအေးအောင်ဟာ အနုတ် ၇၈ ကီလိုတန်း ဂျူဒိုပြိုင်ပွဲ ရှုံးထွက်ပြိုင်ပွဲမှာ တရုတ်က အားကစားသမား Xiuli Yang နဲ့ ဒီကနေ့ သြဂုတ် ၂ က ကစားခဲ့ရပြီး ရှုံးနိမ့်သွားခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
အိုလံပစ်သတင်းများဖတ်ရန်

NLD နှင့် ကြံ့ခိုင်ရေးပါတီများအပါအ၀င် ၀ါဆိုသင်္ကန်း စုပေါင်းကပ်လှူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ NLD နှင့် အခြားနိုင်ငံရေး လူမှုရေးအဖွဲ့အစည်းများစုပေါင်းပါဝင်သည့် ပထမ ဆုံးအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို သန်လျင်မြို့၌၀ါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့ နေ့လည်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအလှူပွဲသို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော် ဘန္ဒန္တပညာတေဇက နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ဖိတ်ကြား၍ပြုလုပ်ခြင်းဖြစ်ပြီး ၄င်းပါတီနှစ်ခုအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ပြည်တွင်းမီဒီယာများနှင့် ဒကာ၊ဒါယိကာမများလည်းတက်ရောက်လှူဒါန်းခဲ့ကြသည်။ “ပါတီအနေနဲ့ကတော့ နှစ်စဉ်အဖွဲ့ချုပ်ရုံးမှာ လုပ်ပါတယ်။ အခုလိုစုပေါင်းလှူဒါန်းတာကတော့ ပထမဆုံးပါပဲ”ဟု သန်လျင်မြို့ NLDပါတီမှ ဦးစိုးဟန်က ပြောသည်။ အလှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့မှသံဃာတော်အပါး ၃၀ နှင့် ဗဟိုဝန်ဆောင်သံဃာတော် ၁၈ ပါးတို့အားဝါဆိုသင်္ကန်းကပ်လှူကြပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းတက်ရောက်လှူဒါန်းခဲ့သည်။ ၄င်းအပြင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဥာဏ်ထွန်း၊ ပြည်တွင်းမီဒီယာအဖွဲ့မှ ဦးဇေယျာမြတ်ခိုင်တို့မှလည်း ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြေငလျင်သတင်း


(မြန်မာစံတော်ချိန်၀၅း၀၀နာရီအချိန်ထုတ်ပြန်ချက်)
၂၀၁၂ ခုနှစ်သြဂုတ်လ(၂)ရက်နေ့မြန်မာစံတော်ချိန်(၀၄)နာရီ၊(၂၈)မိနစ်၊(၁၆)စက္ကန့်အချိန်တွင်
မန္တလေးမြေငလျင်စခန်းမှမြောက်ဘက်မိုင်(၂၉၀)မိုင်ခန့် (မြစ်ကြီးနားမြို့၏အနောက်မြောက်ဘက်
မိုင်(၉၀)ခန့်)ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး(၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်၊
"မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန"

စက်ဘီးဖြင့် ကမ္ဘာပါတ်နေသူ နီပေါနိုင်ငံသား မြန်မာပြည်သို့ ရောက်ရှိ

ရန်ကုန်၊သြဂုတ်၂
နီပေါ နိုင်ငံသားတစ်ဦး ဖြစ်သူ saurab သည်စက်ဘီးစီးပြီး ကမ္ဘာပါတ်နေကာ သဘာဝပါတ်ဝန်း ကျင် ကာကွယ် ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေ သူဖြစ်သည်။နိုင်ငံပေါင်း လေးဆယ့်ကိုး နိုင်ငံ ကို စက်ဘီးတစ်စီးဖြင့် ပတ်ခဲ့ပြီး ဖြစ်ပြီး မြန်မာနိုင်ငံ မှာ နိုင်ငံငါးဆယ်မြောက် ခရီးထွက်သည့် နိုင်ငံ ဖြစ်သည်။ ရှေ့ဆက်ပြီးလည်း ဂျာမနီနှင့် ဥရောပ နိုင်ငံများသို့ဆက်လက် ခရီးဆက်ဦးမည်ဖြစ်ပြီး သူ၏ခရီးစဉ် အတွက်ထောက်ပံပေးထားသူ မရှိကြောင်း ၊ လူမှုအဖွဲ့ အစည်း တစ်ခုဖြစ်သည့် Lion Club Cycle Association နှင့် နီပေါ နိုင်ငံသံရုံး၊ နီပေါနိုင်ငံ လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံသားများက ထောက်ပံ့ပေးကြောင်း၊ ခရီးစဉ် အစတွင်မူ ဆင့်ရှစ်ဆယ်သာ သူ့ထံတွင်ရှိကြောင်း မြန်မာနိုင်ငံအခြေစိုက်နီပေါသံရုံးမှတာဝန်ရှိသူ များမှတဆင့် မေးမြန်းသိရှိရသည်။"လူသားအားလုံး စက်ဘီးစီးခြင်းသည်ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ကြောင့် အိုဇုန်းလွှာ ပေါက်ခြင်းမှ ကာကွယ်ပေးနိုင်တယ် လူသားများလည်း ကျန်းမာရေး ကောင်းမွန်ပြီးအသက်ရှည်၊ အနာမဲ့စွာနေထိုင် နိုင်ပါတယ်။Traffic Jump လည်းမဖြစ်နိုင်တဲ့အပြင် ငွေပိုစုဆောင်းမိနိုင်ပါတယ်။ဒါ့ပြင် ကမ္ဘာကြီးရဲ့ဘယ်နေရာမှာနေနေ၊ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် တစ်ခုတည်းသော ကောင်းကင်အောက်မှာနေကြတဲ့အတွက် လူသားတိုင်းနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြ ရပါမယ် "ဟုနီပေါနိုင်ငံသား Saurab ကဆိုသည်။

 The Voice Weekly

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။
“ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို  အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ မင်းဂံရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေက ဟန့်တားတယ်။ အဲသလို ဟန့်တားနေစဉ် မွတ်ဆလင် လူအုပ်က တိုက်ခိုက်ဖို့ ၀ိုင်းလာတဲ့ အတွက် ဆိုင်ကယ်ကို ပစ်ထားပြီး ကိုယ်လွှတ်ထွက်ပြေးခဲ့ကြရပါတယ်” ဟု ပြောသည်။
စခန်းမှူး အပါအ၀င် ရဲတပ်သား ၄ ဦးမှာ  အနီးအနားရှိ စစ်သားများ ယာယီ စခန်းချနေသော မန်ဇီ ရွာ စခန်းသို့ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန်

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ဖွဲ့စည်း


သြဂုတ်လ(၁)ရက်နေ့ ညနေပိုင်းက တော်ဝင်နှင်းဆီစာသောက်ဆိုင်တွင် သတင်းမီဒီယာသမားများတွေ့ဆုံဆွေးနွေးကြပြီးနောက်
သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ထို့နောက် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ချက်တွင် အချက်(၇)ချက်ပါရှိပြီး၊ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ကြသည်။
(၁) ပိတ်ပင်ခံထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်၊ လျှပ်တစ်ပြက် တို့ကို ချက်ချင်း ပြန်လည်ထုတ်ဝေခွင့်ပေးရန်။
(၂) ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်။
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်။
(၄) သတင်းမီဒီယာများအပေါ် အရေးယူမှုများကို ထပ်မံဆောင်ရွက်ခြင်း မပြုရန်။
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုများကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲဆိုမှုများကို ချက်ချင်းရပ်ဆိုင်းရန်။
(၆) မီဒီယာသမားများ၏ သဘောဆန္ဒမပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။
(၇) လက်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ သတင်းမီဒီယာသမား တစ်ရာခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။