နေပြည်တော်၊ သြဂုတ် ၂၃
ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏
၃/၂၀၁၂ ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို၂၂-၈-၂၀၁၂ ရက်နေ့ မွန်းလွဲ ၁၃းဝ၀ နာရီတွင် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာနနှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချူပ်များတက်ရောက်ကြသည်။
အစည်းအဝေးတွင်
ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးမှလက်ရှိအခြေအနေ ၌ ပြည်ပ ရောက် မြန်မာအလုပ်သမားများတွင်
ပညာတတ်များ၊ ကျွမ်းကျင် လုပ်သားများအနေဖြင့်၎င်းတို့၏အလုပ်သမားအခွင့်အရေးများအတွက်မည်ကဲ့သို့ဆောင်ရွက်ရမည်ကို
သိရှိသော်လည်းအထွေထွေ အလုပ်သမားများအနေဖြင့် မည်ကဲ့သို့တောင်းဆိုရမည်၊ ဆောင်ရွက်ရမည်ကို
သိရှိခြင်းမရှိသည် ကို တွေ့ရှိနေရပါကြောင်း၊ လွှတ်တော်တွင်လည်း အဆိုပါပြည်ပရောက်အလုပ်သမားများအရေးကို
အလေးထား ဆွေးနွေးလျက်ရှိကြောင်း၊ ထို့ပြင်၎င်းတို့အား နိုင်ငံတကာစံများ၊ အာဆီယံ၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေးအတွက် ဆောင်ရွက်
ထားရှိမည့်အစီအမံများကိုလည်းဆောလျင်စွာ ဆောင်ရွက်သွားရန်လိုအပ်နေကြောင်း၊ နိုင်ငံတကာ
စံ များအရ Labour Migration Policy ချမှတ်ဆောင်ရွက်ရာတွင် အလုပ်သမားဝန်ကြီး ဌာန တစ်ခုတည်းဖြင့်
ဆောင်ရွက်နိုင်မည် မဟုတ်ဘဲ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊
နိုင်ငံရေးပါတီများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊
ကျွမ်းကျင်သူပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုကဲ့သို့ရေးဆွဲ
ဆောင်ရွက်ရာတွင် ဥပဒေနှင့်ညီညွှတ်ခြင်း၊ ဖြစ်နိုင်ဖွယ်ရှိခြင်း၊ နိုင်ငံတကာသို့ ရှင်းလင်းဖော်ပြနိုင်ခြင်းနှင့်
အများထောက်ခံ အားပေးမှုရရှိနိုင်ခြင်းတို့ကို အခြေခံရမည် ဖြစ်ကြောင်း၊ မကြာမီ ထိုင်းနိုင်ငံတွင်(၁၂)
ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ကျင်းပသွားရန်
ရှိကြောင်း၊သက်ဆိုင်ရာဌာနများမှအဆုံးအဖြတ် ပေးနိုင်မည့် အဆင့်မြင့်အရာရှိကြီးများပါဝင်
တက်ရောက်စေလိုကြောင်း သို့မှသာ လက်ရှိဖြစ်ပေါ်နေသော အလုပ်သမားရေးရာ ကိစ္စရပ်များအား ထိထိရောက်ရောက်ဆွေးနွေး
အကောင်အထည် ဖော်နိုင် မည်ဖြစ်ကြောင်းပြောကြားပါသည်။
အစည်းအဝေးသို့တက်ရောက်လာသူများကထိုင်းနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများကိစ္စ၊
မြန်မာအလုပ်သမားအသစ်များ စေလွှတ်ရေးကိစ္စ အပါအဝင် ပြည်ပနိုင်ငံများသို့အလုပ်သမားစေလွှတ်ရေး
လုပ်ငန်းစဉ်များ အပေါ်ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်း ဆွေးနွေးကြသည်။ ပြည်ပရောက်မြန်မာအလုပ်သမားများအနက်
မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင်အလုပ်လုပ်ကိုင်နေသောအလုပ်သမားများက၎င်းတို့ မိသားစုများထံ သို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်
ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်တို့မှတဆင့်
၂၀၁၂ ခုနှစ် ဧပြီလမှ ဇူလိုင်လ အထိ ငွေလွှဲပေးခဲ့သောမိသားစုလွှဲပို့ငွေ စုစုပေါင်းမှာ ကျပ်သန်းပေါင်း
၁၈၃၄ သန်းကျော် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ (၃/၂၀၁၂)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အမှာစကားပြောကြားစဉ်