Friday, August 31, 2012

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ခန့်အပ်


နိုင်ငံတော်သမ္မတရုံးမှအမိန့်အမှတ်(၂၈/၂၀၁၂) ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ဦးရဲထွဋ် ကိုခန့်အပ်လိုက်သည်။ ၄င်းသည် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမူးချုပ် မှ ဒုတိယ ၀န်ကြီးဖြစ်လာခြင်းဖြစ်သည်။
အပြည်အစုံဖတ်ရန်

ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ရောက်ရှိ


ABSDFဗဟိုဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်အပါအ၀င်ဦးညိုအုန်းမြင့်နှင့်  ဒေါက်တာ သောင်းထွန်းတို့ သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ယနေ့မွန်လွဲ(၂)နာရီခန့်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဒေါက်တာနိုင်အောင် အပါအ၀င်သုံးဦးသည် သမ္မတ၏ ဖိတ်ကြားချက်အပေါ် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးချက်အရ နိုင်ငံတော်သမ္မတ အပါအ၀င်အခြားတွေ့သင့်တွေ့ထိုက်သော ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ခရီးစဉ်နှင့်ပတ်သက်သော သဘောထားကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ချက်တွင် "မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ထောက်ခံအားပေးသူ ပုဂ္ဂိုလ်အရေအတွက် အများအပြားရဲ့ နိုင်ငံတော်အစိုးရရဲ့ အမည်မဲစာရင်း (Black List) ပယ်ဖျက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီအချက်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းပဲ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့အချိန် ဖြစ်တဲ့အလျှောက် အစိုရနဲ့ မတူညီတဲ့ မိမိရဲ့ သဘောထားကို ထုတ်ဖေါ်ပြောဆိုတာတွေကြောင့် ပြည်ပမှာရှိနေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အမည်းရောင် စာရင်းထဲ မရှိသင့်သလို အကျဉ်းထောင်ထဲတွေ ရောက်ရှိနေသူတွေ မရှိသင့်တော့ပါ။ "ကျွန်တော်အနေနဲက မြန်မာပြည်မှာ အမည်းစာရင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့တဲ့နေကို မျှော်လင့်နေပြီး အဲ့ဒီနေ့ မကြာခင်ရောက်ရှိလာမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်အခုလာတာဟာ တစ်ဦးချင်းဖိတ်လို့ တစ်သီးပုဂလအနေနဲက လာတာ ဖြစ်ပေမယ့် ကျွန်တော်ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီအရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးအမြင် မူသဘောထားဘောင်အတွင်းကသာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြောင်းလဲမှု ဖြစ်ဖို့အတွက် ပြည်တွင်းပြည်ပ အင်အားစုအားလုံးပါဝင်တဲ့ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး သဘောတူညီချက်တွေ ဖေါ်ထုတ်မယ့် တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေး ဖြစ်စဉ်တစ်ခုကို ၂၀၁၅ မတိုင်ခင်မှာ ပေါ်ပေါက်လာဖို့ လိုပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် မျှော်လင့်ချက် အလင်းရောင်တွေ မြင်စပြုလာတဲ့ ဒီအချိန်မှာ ပြည်သူပြည်သား အားလုံး တောင့်တတဲ့ ရေရည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး ဦးတည် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရတို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ နိင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို အကောင်အထည် ဖေါ်ဆောင်ရွက်သွားမယ်လို့ ရိုးသားစွာ ယုံကြည်မိပါတယ်။ အဲ့ဒီလိုဆွေးနွေးမှုကို အဓိပ္ပါယ်ရှိရှိ ယုံယုံကြည်ကြည်ဆောင်ရွက်ရအောင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တိုင်းရင်းသား နယ်မြေမှာ ထိုးစစ်တွေ ရပ်ပေးဖို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ပေးဖို့၊ စစ်မှန်တဲ့ မီဒီယာလွတ်လပ်ခွင့် ပြုဖို့၊ နယ်စပ်အခြေစိုက် ဒီမိုကရေစီ အင်အားစုများအနေဖြင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်တွင် ပါဝင်နိုင်ဖို့၊ ပြည်ပရောက်အင်အားစု နိုင်ငံရေးလွတ်လပ်ခွင့် ရှိစွာဖြင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို စိတ်ချလုံခြုံစွာ ဆောင်ရွက်နိုင်ဖို့ သမ္မတနှင့်တကွ အစိုးရအပါအ၀င် နိုင်ငံတော် အဖွဲ့အစည်းအားလုံးကို အလေးအနက် ဆန္ဒပြုပါတယ်။ " ဟု ပါရှိကြောင်း သိရသည်။

ABSDF မြောက်ပိုင်ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းမှုများအပေါ် "တရားဥပဒေစိုးမိုးမှု ပွင့်လင်ထင်သာမြင်သာမှု ဖြစ်တဲ့အခြေအနေရောက်ရင် အဲ့ဒီကိစ္စနှင့်ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ရေးကို ကျွန်တော်တို့ ရှာဖွေလုပ်ဆောင်ချင်ပါတယ်။ အဲ့ဒီအတွက် အပြည့်အ၀ ပူးပေါင်းပါဝင်မယ်လို့ ကျွန်တော်ပြောလိုပါတယ်။ နောက်ပြီးတော့ အဲ့ဒီအချိန်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံနေတယ်ဆိုတဲ့ ကိစ္စတွေအပေါ် ကျွန်တော်ဝမ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဒေါက်တာနိုင်အောင်သည် နိုင်ငံတော်သမ္မတရုံမှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Blacklist စာရင်းမှ ပျယ်ဖျက်ခံရသူများ စာရင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။
 

မြန်မာ အစိုးရ ခေါင်းဆောင်များအပေါ် ပြည်ဝင်ခွင့်ဗီဇာ အမေရိကန် ဖြေလျှော့


မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံသည့်အနေဖြင့် မြန်မာ အစိုးရ ခေါင်းဆောင်များအပေါ် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိတ်ပင်ကန့်သတ်ထားမှုကို အမေရိကန် သမ္မတ ဘာရက်ခ် အိုဘားမားက သြဂုတ်လ ၂၉ ရက်နေ့က ဖြေလျှော့ပေးခဲ့ပါသည်။

ထို့ကြောင့် လာမည့်လတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖွယ်ရှိသည့် သမ္မတ ဦးသိန်းစိန်အနေဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိသည့်အခါ လွတ်လွတ်လပ်လပ် သွားလာခွင့် ရမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက သမ္မတ ဦးသိန်းစိန်အနေဖြင့် ကုလသမဂ္ဂရုံးချုပ် ပတ်ဝန်းကျင်တစ်ဝိုက်သာ သွားလာနိုင်မည်ဖြစ်ပါသည်။

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်အကောင်အထည်ဖော်နေသည်နှင့်အမျှ သူနှင့် သူ့အစိုးရတို့ကို ပိုပြီးအနီးကပ် ထိတွေ့ဆက်ဆံသွားရန် အချက်ပြသည့်အနေဖြင့် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တွမ်မီဗိုင်တာက ပြောကြားခဲ့သည်။

Tuesday, August 28, 2012

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း


သြဂုတ်လ ၂၈ ရက် RFA ညပိုင်း အသံလွှင့်အစီအစဉ်

ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု



ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါသုံးဦးမှာ ၁။ ဦးကာယက်စ်(ခ)ခင်ရွှေ (WFP) ထောင်ဒဏ် (၂)နှစ် ၂။ ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (UNHCR) ထောင်ဒဏ် (၃)နှစ် ၃။ ဒေါ်ချိုလေးမာ(ခ)ချိုမာ (UNHCR/CSSEP) ထောင်ဒဏ် (၆)နှစ် ဖြစ်ကြပြီး ၎င်းတို့မှာ ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ကြသည်။

ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့် ၎င်းတို့အား မောင်တောမြို့နယ်တရားရုံးမှ သြဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။


ပြည်သစ် ညွှန့်ဝေ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ



ယခင်အစိုးရ လက်ထက် ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ပြည်ပ နိုင်ငံတွင် အခြေစိုက်ကာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ် လျှက်ရှိသည့် ပြည်သစ် ညွှန့်ဝေသည် ယနေ့ နံနက် ၈နာရီ ၅၀ မိနစ်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရသည်။

နိုင်ငံတော် သမ္မတကြီး ဖိတ်ခေါ်မှုအရ လာရောက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းများ လုပ်ဆောင်သွား ရန်ရှိကြောင်း ၄င်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

ယခင်အစိုးရ လက်ထက်၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ် အချို့နှင့် ပတ်သက်ပြီး ၄င်းအား တရားခံအဖြစ် ယခင်စစ်အစိုးရ လက်ထက် တာဝန်ရှိသူများက စွပ်စွဲထားခဲ့သလို အဝေးရောက် ပြစ်ဒဏ်များလည်း ချမှတ်ထားခဲ့သည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ကာလအတွင်း ဖြေရှင်းသွားမည်မဟုတ်ကြောင်း ၄င်းက ပေါ်ပြူလာနယူးစ်၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံတွင် ၂၈ ရက် ကြာနေထိုင်ခွင့်ရရှိထားပြီး နိုင်ငံတော်သမ္မတကြီးအပါအ၀င် သက်ဆိုင်ရာတာဝန်ရှိသူများ၊နိုင်ငံရေးအဖွဲ့အစည်းများ၊အလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံသွားမည်ဟု သိရသည်။

Popular Myanmar News Journal