Friday, March 9, 2012

ဖန်တစ်ရာတေနေတဲ့ အမေး


09/10/2010
တစ်ယောက်က နိဒါန်းစာမျက်နှာမှာ ကွန်မန့်ရေးသွားတယ်။ ရှင်တွေ ထပ်နေပေမယ့် မိန်းကလေးအစစ်က မေးတာဖြစ်ချင်မှ ဖြစ်မယ်၊ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ထားပါတော့။ သူ့ ကွန်မန့်ကို ပြန်ဖော်ပြလိုက်ပါတယ်။
နောက်ထပ် post အသစ်တွေကို ဖတ်ချင်ပါတယ်။ အခုတင်ထားတာတွေက ဖတ်ပြီးသွားပါပြီ။ ဗဟုသုတအများကြီး ရပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ်။
သိချင်တာလေးတခု ရှိပါတယ်။
အဲ့ဒါကတော့ အပျိုစစ်မစစ် ဘယ်လို သိနိုင်မလဲဆိုတာပါပဲ။ နောက်တခု ကြားဖူးတာက အပျိုတကယ်စစ်တယ်ဆိုရင် ပထမဆုံးအကြိမ်မှာ သွေးထွက်တယ်ဆိုတာ ဟုတ်ပါသလားရှင်။ အရမ်းနာတယ်ဆိုတာကော ဟုတ်ပါသလားရှင်။ အရမ်းသိချင်ပါတယ်ရှင်။
မေမွန်း
အင်း… အခုတင်ထားတာတွေတော့ ဖတ်ပြီးပြီလို့တော့ ပြောတာပဲ။ အဲဒီ့ အပျိုစစ်တဲ့ ပြဿနာကလည်း ကျွန်တော်တို့ အရှေ့တိုင်းမှာ အတော့်ကို ရေပန်းစားနေဆဲပါပဲလေ။ ဒါနဲ့ ပတ်သက်လို့ ရှေ့ပိုင်းမှာတော့ အတော် ပြောခဲ့ပြီးပါပြီ။
သူ့မေးခွန်းကို တိုက်ရိုက် ဖြေပါ့မယ်။  မိန်းကလေးသာ မေးတာဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အပျိုစစ်၊ မစစ် ကောင်းကောင်းသိတာပေါ့ဗျာ။ ရှင်းနေတာပဲ။ ကညာမြှေး ရှိခြင်း၊ မရှိခြင်းက တခြား၊ ယောက်ျားတစ်ယောက်နဲ့ ဓမ္မတာအတိုင်း လိင်ဆက်ဆံဖူးတယ်၊ မဆက်ဆံဖူးဘူးဆိုတာက တခြားပဲဟာ။ ဓမ္မတာနည်းအတိုင်း လိင်မဆက်ဆံဖူးဘူးဆိုရင်၊ တစ်တစ်ခွခွ ပြောရရင် ကိုယ့်ယောနိထဲ ဘယ်ငယ်ပါမှ မ၀င်ဖူးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အပျိုစစ်မှန်း သိနိုင်နေမှာပေါ့။ အရှင်းကြီးပဲဟာ။ ဘာလို့များ မိန်းကလေးက လေကုန်ခံပြီး လာမေးနေလဲ မသိဘူးနော်။
ယောက်ျားလေးတစ်ယောက်အနေနဲ့ မိန်းကလေးတစ်ယောက် အပျိုစစ်မစစ် ဘယ်လိုနည်းနဲ့မှ မသိနိုင်ပါဘူး။ အပျိုစစ်ရင် ကညာမြှေး ရှိနေဦးမယ်ဆိုတဲ့ အယူအဆကလည်း တကယ်မှ မခိုင်လုံပဲကိုး။ ကညာမြှေးပါးလျသူတွေဟာ အပျိုမဖြစ်ခင် ပဝေသဏီကတည်းက ကစားခုန်စား လုပ်ရင်း ကညာမြှေးစုတ်ပြဲနှင့်ပြီး ဖြစ်ချင်ဖြစ်နိုင်နေသေးတဲ့အချက်က ရှိနေသေးတာကိုး။
အပျိုတကယ်စစ်ရင် ပထမဆုံးအကြိမ်မှာ သွေးထွက်တယ်ဆိုတာလည်း ယုံတမ်းစကားပါပဲ။ အဖြေက ထွက်ချင်လည်း ထွက်မယ်၊ မထွက်ချင်လည်း မထွက်ဘူး။ သွေးထွက်တာက ကညာမြှေး စုတ်ပြဲသွားတဲ့အတွက် ဖြစ်နိုင်ပါတယ်။ အထက်မှာ ပြောခဲ့သလို ကစားခုန်စား လုပ်ရင်းကဖြစ်စေ၊ ယောနိထဲကို တစ်စုံတစ်ရာ (ဥပမာ – ဂွမ်းခြောက်တောင့် tampon) လိုဟာမျိုး ထည့်ရင်းက ဖြစ်စေ ကညာမြှေးစုတ်ပြီးသား အပျိုစင်တစ်ယောက်ဆိုရင်တော့လည်း စုတ်ပြဲစရာ ကညာမြှေး မရှိတော့တဲ့အတွက် ဘာသွေးမှ ထွက်မှာ မဟုတ်ပါဘူး။ သွေးမထွက်တဲ့အတွက် သည်မိန်းမ အပျိုမစစ်ဘူးလို့ ယူဆတဲ့ ယောက်ျားဟာ တကယ်တော့ စာမဖတ်တဲ့ ယောက်ျား၊ အပြာစာအုပ်တွေကိုသာ ပြဋ္ဌာန်းစာအုပ်မှတ်နေတဲ့ ယောက်ျားသာ ဖြစ်နိုင်ပါတယ်။
အရမ်းနာတယ်ဆိုတာလည်း ပထမဆုံး အကြိမ်မှ မဟုတ်ပါဘူး။ အရမ်းနာအောင် လုပ်ချင်ရင် လွယ်ပါတယ်။ ဘာမှ မပျိုးဘဲနဲ့ အေးသာရေ၊ ကောက်ရိုးပုံဟေ့ဆိုပြီး ဟိုစခန်းကို တန်းသွား၊ ဇွတ်အဓမ္မ လိင်ဆက်ဆံရင် အကြိမ်တစ်ရာ အတွေ့အကြုံရှိပြီးလည်း အရမ်းနာနေနိုင်ပါတယ်။
ညင်သာစွာ ပျိုးယူတတ်တဲ့ အမျိုးသားနဲ့သာဆိုရင်တော့ ပထမဆုံးအကြိမ်မှာ နာရင်တောင် နာတာကို သိပ်အလေးထားဖြစ်တော့မှာ မဟုတ်ပါဘူး။ အမှန်က သတ္တ၀ါတိုင်းကို သဘာဝတရားက လိင်ဆက်ဆံဖို့ အသင့်ဖြစ်အောင် ပြင်ဆင်ပေးလိုက်စမြဲပါ။ မိန်းကလေးဘက်က ထက်သန်လာတဲ့အခါ ယောနိက ငယ်ပါအတွက် အလိုက်သင့်ဖြစ်အောင် မူလအရွယ်အစားထက် ပိုပြီး ကြီးမားလာပါတယ်။ ချောဆီများကိုလည်း အဆင်သင့် ထုတ်လုပ်ပေးထားပါတယ်။ ဒါ့ကြောင့် ပထမဆုံးအကြိမ်ပင် ဖြစ်လင့်ကစား မနာမကျင်ဘဲ သာယာမှု သက်သက်ကို ရယူနိုင်ကြပါတယ်။ အဲဒါက အမျိုးသားရဲ့ အပျိုးအတွက် အချိန်ယူမှုနဲ့ ကျွမ်းကျင်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်။
ခြွင်းချက်အနေနဲ့ကတော့ အထက်က ပြောသလို ကညာမြှေးရှိနေသေးရင် တချက်တော့ စူးစူးဝါးဝါး နာနိုင်ပါတယ်။ ဒါပေမယ့် အများစုအတွက် နာတယ်ဆိုတာ သိပ် သိသိသာသာ မခံစားလိုက်ရပါဘူး။ စက္ကန့်ပိုင်းလောက်ကလေးပဲ ဖြစ်သွားတာပါ။ အနည်းစုမှာတော့ ကညာမြှေးက သိပ်ထူလွန်းနေပြီး အဲဒါကိုမှ မညှာမတာ ဆုတ်ဖြဲသလို ဖြစ်သွားရင်တော့ အရမ်းနာတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက မိန်းကလေး အနည်းစုမှာသာ ဖြစ်တတ်တာပါ။ ရာခိုင်နှုန်းနဲ့ ပြောရခက်ပေမယ့် အကြမ်းပြောရင် အယောက် ၅၀-၁၀၀ မှာ တစ်ယောက်လောက်ပဲ ဖြစ်နိုင်တာမျိုးပါ။
သည်လောက်ဆိုရင် အတော်ပြည့်စုံပြီ ထင်ပါတယ်။
ပို့(စ်)အသစ် မှန်မှန် မတင်နိုင်တာကို နားလည်သည်းခံပေးတော်မူကြပါ။ လိုအပ်တယ် ထင်လို့ ကိုယ့်ထမင်း ကိုယ်စားပြီး သည် ဘလော့(ဂ်)ကို ဖွင့်ပေးထားတာ မှန်ပေမယ့် ကျွန်တော့်အတွက်တော့ အချိန်ကုန်တယ်၊ မီတာကုန်တယ်၊ အညောင်းမိတယ်၊ အလုပ်ပျက်ပါတယ်။ သည်အထဲ ကော်နက်ရှင် မကောင်းရင် စိတ်ညစ်ရတာ၊ စိတ်တိုရတာက အမြတ်ထွက်ပါသေးတယ်။ သည်တော့ ကျွန်တော် အားမှ၊ အခြေအနေပေးမှ ပို့(စ်)အသစ် တင်နိုင်ပါလိမ့်မယ်။ နားလည် သည်းခံတော်မူကြပါခင်ဗျား
…http://nookycontent.wordpress.com/2010/10/09/261/ မှကူးယူဖော်ပြသည်

No comments:

Post a Comment