Thursday, August 16, 2012

ကချင်ဒုက္ခသည်တွေ အကူအညီထပ်မံရရှိ


သြဂုတ် ၁၆


တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ခုကို ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေဖြစ်တဲ့ အဖြူရောင်တွဲလက်များနဲ့ မန္တလေးရှိကလေးသူငယ်များကွန်ယက်အဖွဲ့က ဆေးနဲ့ ကျောင်းသုံးပစ္စည်းတွေ ဒီနေ့ သွားရောက်ကူညီကြပါတယ်။ အဲဒီစခန်းတွေမှာ အဓိကလိုအပ်နေတာကတော့ အစားအသောက်နဲ့ ကျောင်းသူကျောင်းသားတွေအတွက် စာရေးကရိယာ ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစခန်း တခုမှာရောက်ရှိနေတဲ့ အဖြူရောင်တွဲလက်များ အဖွဲ့ဝင်တစ်ယောက် ပြောပြတာက - "နာရေးကူညီမှုအသင်းက ၂ယောက်ပါတယ်။ နောက် မန္တလေးက အဖွဲ့ပါတယ် ကလေးချစ်သူများအဖွဲ့၊ အဲဒီအဖွဲ့မှာ ဆရာတော်တပါးပါတယ်။ ကူညီတာကတော့ ဆေးပစ္စည်း၊ ၀ှီးချဲတို့ ဒေါက်တို့ ညှပ်တို့ အဲဒါတွေတော့ ပါတယ်ခင်ဗျ။ အဖြူရောင်တွဲလက်များအနေနဲ့ကတော့ ပြီးခဲ့တဲ့ ၆ လကလည်းရောက်ထားတော့ ကျနော်တို့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ ။ဒီဘက်လုပ်တဲ့ဟာလေးတွေ၊ ပြန်ပေးတာတို့ ရှယ်တာပဲရှိတယ်ခင်ဗျ။ ကျန်တဲ့လူတာတို့ မပါသေးဘူးခင်ဗျ ကျန်တဲ့အဖွဲ့တွေကတော့ ကလေးတွေနဲ့ပတ်သက်တဲ့ ပညာရေးစာအုပ်စာတမ်းတွေ လှုတာ မန္တလေးအဖွဲ့တွေကတော့ ကျန်တဲ့အဖွဲ့တွေကတော့ ပိုက်ဆံတွေလှုကြတယ်။" ကေအိုင်အို ဒုက္ခသည်ကူညီစောင့်ရှောက်ရေးကော်မီတီ ဥက္ကဌ ဦးဒွဲပီစ က ဆေးဝါးနဲ့ အစားအစာ အကူအညီတွေလိုအပ်နေဆဲပဲလို့ပြောပါတယ်။ အခု ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေ ရောက်နေတဲ့ တရုတ်မြန်မာနယ်စပ်က ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ခုမှာ ဒုက္ခသည်ဦးရေ ၁ သောင်းကျော်ရှိပြီး ဆင်ဘို၊ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် မြို့နယ်အတွင်းက ရောက်လာသူတွေဖြစ်ကြပါတယ်။
By: RFA

No comments:

Post a Comment