Friday, August 31, 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ပြုလုပ်မယ့် စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြု



                                   ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်


သြဂုတ် ၃၁
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေတိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုခဲ့ကြောင်း  ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ခွင့်ပြုပေးလိုက်ကြောင်းသိရပါတယ်။
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသားတင်ပြခဲ့ ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကခွင့်ပြုပါက သက်ဆိုင်ရာ ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပေးရန်သဘောတူထားကြောင်း ကိုယင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဲဒီတင်ပြချက်အပေါ် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုရှေ့ရှုပြီး ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက်ထုတ်လွှင့်ခွင့် ခွင့်ပြုပေးလိုက်ကြောင်း ကိုလည်းထပ်လောင်းဖော်ပြထားပါတယ်။

No comments:

Post a Comment