Tuesday, August 28, 2012

ဒီလှိုင်းဂျာနယ် ဖြန့်ချိရာရုံးခန်းရှေ့တွင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းအချို့ တွေ့ရှိ



                                                         တာမွေအ၀ိုင်းထိပ်တစ်နေရာ


ရန်ကုန်မြို့တာမွေ မြို့နယ် အ၀ိုင်းထိပ်အနီး အောင်ချမ်းသာအိမ်ရာရှိ ဒီလှိုင်းဂျာနယ် ဖြန့်ချိရာရုံးခန်းရှေ့တွင် ပေါက်ကွဲစေနိုင်သည့်
ပစ္စည်းအချို့ကို ယနေ့ သြဂုတ်လ ၂၈ ရက် နံနက် ၇ နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီခန့်တွင် Forward S.E.C. co,ltd ပိုင် ဆူဇူကီး R- ပစ်ကပ်ကားနောက်ခန်းပေါ်တွင် မသင်္ကာဖွယ်ရာ အထုတ်တစ်ခုကိုတွေ့ရှိသဖြင့် အဆိုပါ ကားပိုင်ရှင်မှ ရဲစခန်းသို့အကြောင်းကြားခဲ့ရာ ရဲစခန်းမှ တာဝန်ရှိသူများလာရောက်စစ်ဆေးရာတွင် ၄င်းအထုတ်ထဲတွင် ရေသန့်ဗူးခွံထဲတွင် သံတိုသံစများ၊ ဂဏာန်းပေါင်းစက် နှင့် ၀ါယာကြိုးများကို ဆက်သွယ်တပ်ဆင်ထားသည်ကိုတွေ့ရှိရကြောင်း၊
ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြစ်သဖြင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီတွင် အားလုံးပြီးစီးသွားကြောင်းသိရသည်။

အဆိုပါ ပစ္စည်းများထဲတွင် ယမ်းနှင့် ဒီတိုနေတာ ကိုတော့ တွေ့ရှိရခြင်းမရှိကြောင်း ၊ အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးကိုယ်တိုင်လာရောက်
စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal


No comments:

Post a Comment