Tuesday, September 18, 2012

ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အပြောင်းအလဲ ပြုလုပ်



ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းမှတစ်ဆင့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ထိုသို့ အပြောင်းအလဲ ပြုလုပ်ခဲ့မှုအရ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်တို့ကို ပညာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်စေခဲ့ပြီး အဆိုပါ ညွှန်ကြားရေးမှူးချုပ် နေရာများသို့ ကာကွယ်ရေးဝန်ကြီးဌာနများမှ ဗိုလ်မှူးကြီးများကို ခန့်အပ်လိုက်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးကိုလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနများသို့ ပြောင်းရွေ့တာဝန်ပေးလိုက်ပါသည်။
ထိုနည်းတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးကို ပညာရေး ၀န်ကြီးဌာနသို့ လည်းကောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကျောင်းအုပ်ကြီး အဖြစ်လည်း ကောင်း ပြောင်းရွေ့တာဝန်ပေးလိုက်သည်။

No comments:

Post a Comment