Tuesday, September 4, 2012

ပြည်ထောင်စုလွှတ်တော် စက်တင်ဘာလ ၄ရက်နေ့ အစည်းအဝေး



ယနေ့ (စက်တင်ဘာလ ၄ရက်) ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ပြောင်းလဲ ခန့်အပ်တာဝန်ပေးခြင်း ကိစ္စရပ်များ အပါအ၀င် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းခြင်း၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ဖျက်သိမ်းခြင်း၊ ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေကို အတိုးအလျော့ ပြုလုပ်ခြင်း အစရှိသော ကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတ ထံမှ ပေးပို့လာသည့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေကို တိုး/လျော့ခြင်း နှင့်ပတ်သက်၍ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမှ လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။ ဦးလှထွန်းက သမ္မတရုံးများ တိုးချဲ့ဖွဲ့စည်းရခြင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး တိုးမြှင့် လုပ်ဆောင်ရန် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အဆိုပါကိစ္စများနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေး ရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက သမ္မတရုံးဝန်ကြီးဌာနများကို ၆ ဌာနခွဲ၍ တိုးချဲ့ ဖွဲ့စည်းခြင်းမှာ နိုင်ငံတော် ဘတ်ဂျက်ကို ထိခိုက်စေနိုင်ကြောင်း ထို့ပြင် ဗဟိုချုပ်ကိုင်မှု ကိုပါ မြှင့်တင် ဆောင်ရွက်သကဲ့သို့ ဖြစ်နေကြောင်း ကန့်ကွက် ဆွေးနွေးခဲ့သည်။
REF: EMG

No comments:

Post a Comment